အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 24, 2019
အရာရာဟာ ဧည့်သည်ပါ ********************* ဖတ်ကြည့်နော်… အသက်ရလာတော့ အရင်တုန်းက တသက်လုံး အတူတူနေသွားကြမယ် ဆိုတဲ့ မိသားစုဆိုတာလည်း ခွဲနေတဲ့လူက ခွဲနေ သေသွားတဲ့လူက သေနဲ့ လူတွေ ရေရှည်အတူတူနေဖို့ဆိုတာ ရေစက်ရှိသလောက်ပဲဆိုတာ သိလာတယ်။ ငါတို့ အတူတူနေကြမယ်ဆိုပြီး သူငယ်ချင်းတွေ အတူတူ တိုင်ပင်ခဲ့ကြဘူးတယ်။ အသက်ကြီးလာရင်… ခရီးတွေသွားကြမယ်။ Club တွေ ဆက်တက်ကြဦးမယ်။ ပရဟိတတွေ လုပ်ကြမယ်။ တူတူနေကြ တူတူခွီးကြမယ်လို့လည်း စီစဉ်ခဲ့ကြဘူးတယ်။ ဒါပေမဲ့… ကြာလာတဲ့အခါ လူအမျိုးမျိုးဟာ အကြောင်းအဖုံဖုံနဲ့ ရေရှည်မှာ အတူတူဆုံနေကြဖို့ ဆိုတာ သိပ်မသေချာတော့မှန်း သိလာတယ်။ ချစ်သူနဲ့ အတူတူနေသွားဖို့လည်း ကြိုးစားခဲ့ကြဘူးတယ်။ ဒါပေမဲ့… ကိုယ်တောင် မနက်ဖြန်ဆိုတာ နေရ မနေရ မသေချာတဲ့လောကမှာ… လူတစ်ယောက်နဲ့ တသက်လုံး နေရဖို့ဆိုတာ ရေစက်ကလည်း ရှိဦးမှ ကံကလည်း ပါဦးမှဆိုတာ ရိပ်မိလာတယ်။ ပြဿနာကြီးငယ်တွေနဲ့ မတူညီတဲ့ အယူအဆတွေနဲ့ လမ်းခွဲကြ ပြတ်ဆဲကြ ထပ်ရှာကြ ထပ်ကွဲကြနဲ့ ထာဝရလက်တွဲနိုင်ဖို့ဆိုတာ တော်ရုံရေစက်နဲ့မရမှန်း သဘောပေါက်လာမိတယ်။ အိမ်ထောင်သည်တွေတောင် ဒီလင်ဒီမယား တသက်လုံးလက်တွဲသွားကြဖို့ မသေချာတဲ့လောက။ မွေးထားတဲ့ သားသမီးဆိုတာကလည်း ကိုယ်နဲ့ အတူတူနေပေးဖို့ ကိုယ့်ကိုပြန်ပြီး လုပ်ကျွေးပြုစုဖို့ မကျိန်းသေတဲ့လောကမှာ… ကျွန်တော်တို့အတွက် သေချာခြင်းဆိုတာ တကယ်တော့ ရှိမနေခဲ့ပါဘူး။ ခုနောက်ပိုင်းမှာတော့… မိသားစုအပေါ် ချစ်သူအပေါ် သူငယ်ချင်းမိတ်ဆွေတွေအပေါ် အရမ်းမှီခိုနေတာတွေ အရမ်းဆွဲထားတာတွေ အလွန်အကျွံ တွယ်တာနေတာတွေကို ရသလောက် လျှော့လိုက်တယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကံရှိသလောက် ရေစက်ရှိသလောက်သာ နေခွင့်ရတာမို့ ဆုံနေတုန်း တွေ့နေတုန်းအချိန်မှာ အကောင်းဆုံးဖြစ်အာင်သာ နေပေးဖို့ စတင်ကြိုးစားနေတယ်။ မဆွဲထားတော့ဘူး။ မစွဲလန်းနိုင်အောင် ကြိုးစားနေတယ်။ အထူးသဖြင့်… ထာဝရ ဆိုတဲ့စကားကို မပြောမိအောင် သတိနဲ့နေနိုင်အောင် ကြိုးစားနေတယ်။ နေခွင့်ရတုန်းလေးတော့ ချစ်ပါရစေ ရယ်ပါရစေ ပြုံးပါရစေ ပျော်ပါရစေ....☺ မရတော့တဲ့အချိန် ကိုယ်ထွက်လာခဲ့တဲ့အချိန် ( သို့မဟုတ် ) သူတို့ထွက်သွားကြတဲ့ အချိန်ရောက်ရင် လည်း😩 ဒါ…လောကသဘာဝ လို့ နှလုံးသွင်းနိုင်အောင်တော့ တော်တော်ကြိုးစားရဦးမယ်။ Credit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) အရာရာဟာ ဧည့္သည္ပါ ********************* ဖတ္ၾကည့္ေနာ္… အသက္ရလာေတာ့ အရင္တုန္းက တသက္လုံး အတူတူေနသြားၾကမယ္ ဆိုတဲ့ မိသားစုဆိုတာလည္း ခြဲေနတဲ့လူက ခြဲေန ေသသြားတဲ့လူက ေသနဲ႕ လူေတြ ေရရွည္အတူတူေနဖို႔ဆိုတာ ေရစက္ရွိသေလာက္ပဲဆိုတာ သိလာတယ္။ ငါတို႔ အတူတူေနၾကမယ္ဆိုၿပီး သူငယ္ခ်င္းေတြ အတူတူ တိုင္ပင္ခဲ့ၾကဘူးတယ္။ အသက္ႀကီးလာရင္… ခရီးေတြသြားၾကမယ္။ Club ေတြ ဆက္တက္ၾကဦးမယ္။ ပရဟိတေတြ လုပ္ၾကမယ္။ တူတူေနၾက တူတူခြီးၾကမယ္လို႔လည္း စီစဥ္ခဲ့ၾကဘူးတယ္။ ဒါေပမဲ့… ၾကာလာတဲ့အခါ လူအမ်ိဳးမ်ိဳးဟာ အေၾကာင္းအဖုံဖုံနဲ႕ ေရရွည္မွာ အတူတူဆုံေနၾကဖို႔ ဆိုတာ သိပ္မေသခ်ာေတာ့မွန္း သိလာတယ္။ ခ်စ္သူနဲ႕ အတူတူေနသြားဖို႔လည္း ႀကိဳးစားခဲ့ၾကဘူးတယ္။ ဒါေပမဲ့… ကိုယ္ေတာင္ မနက္ျဖန္ဆိုတာ ေနရ မေနရ မေသခ်ာတဲ့ေလာကမွာ… လူတစ္ေယာက္နဲ႕ တသက္လုံး ေနရဖို႔ဆိုတာ ေရစက္ကလည္း ရွိဦးမွ ကံကလည္း ပါဦးမွဆိုတာ ရိပ္မိလာတယ္။ ျပႆနာႀကီးငယ္ေတြနဲ႕ မတူညီတဲ့ အယူအဆေတြနဲ႕ လမ္းခြဲၾက ျပတ္ဆဲၾက ထပ္ရွာၾက ထပ္ကြဲၾကနဲ႕ ထာဝရလက္တြဲနိုင္ဖို႔ဆိုတာ ေတာ္႐ုံေရစက္နဲ႕မရမွန္း သေဘာေပါက္လာမိတယ္။ အိမ္ေထာင္သည္ေတြေတာင္ ဒီလင္ဒီမယား တသက္လုံးလက္တြဲသြားၾကဖို႔ မေသခ်ာတဲ့ေလာက။ ေမြးထားတဲ့ သားသမီးဆိုတာကလည္း ကိုယ္နဲ႕ အတူတူေနေပးဖို႔ ကိုယ့္ကိုျပန္ၿပီး လုပ္ေကြၽးျပဳစုဖို႔ မက်ိန္းေသတဲ့ေလာကမွာ… ကြၽန္ေတာ္တို႔အတြက္ ေသခ်ာျခင္းဆိုတာ တကယ္ေတာ့ ရွိမေနခဲ့ပါဘူး။ ခုေနာက္ပိုင္းမွာေတာ့… မိသားစုအေပၚ ခ်စ္သူအေပၚ သူငယ္ခ်င္းမိတ္ေဆြေတြအေပၚ အရမ္းမွီခိုေနတာေတြ အရမ္းဆြဲထားတာေတြ အလြန္အကြၽံ တြယ္တာေနတာေတြကို ရသေလာက္ ေလွ်ာ့လိုက္တယ္။ ဘယ္သူနဲ႕ျဖစ္ျဖစ္ ကံရွိသေလာက္ ေရစက္ရွိသေလာက္သာ ေနခြင့္ရတာမို႔ ဆုံေနတုန္း ေတြ႕ေနတုန္းအခ်ိန္မွာ အေကာင္းဆုံးျဖစ္အာင္သာ ေနေပးဖို႔ စတင္ႀကိဳးစားေနတယ္။ မဆြဲထားေတာ့ဘူး။ မစြဲလန္းနိုင္ေအာင္ ႀကိဳးစားေနတယ္။ အထူးသျဖင့္… ထာဝရ ဆိုတဲ့စကားကို မေျပာမိေအာင္ သတိနဲ႕ေနနိုင္ေအာင္ ႀကိဳးစားေနတယ္။ ေနခြင့္ရတုန္းေလးေတာ့ ခ်စ္ပါရေစ ရယ္ပါရေစ ၿပဳံးပါရေစ ေပ်ာ္ပါရေစ....☺ မရေတာ့တဲ့အခ်ိန္ ကိုယ္ထြက္လာခဲ့တဲ့အခ်ိန္ ( သို႔မဟုတ္ ) သူတို႔ထြက္သြားၾကတဲ့ အခ်ိန္ေရာက္ရင္ လည္း😩 ဒါ…ေလာကသဘာဝ လို႔ ႏွလုံးသြင္းနိုင္ေအာင္ေတာ့ ေတာ္ေတာ္ႀကိဳးစားရဦးမယ္။ Credit ေမတၱာျဖင့္… အရွင္ပုည( ဝကုန္း )
via အလင္းေရာင္ ဓမၼ https://ift.tt/31LT5OK
Newer Post
Older Post
Home