Tuesday, October 22, 2019

ဘယ်မှာလဲ နိဗ္ဗာန် ရှိရင်ပြပါဆိုလာရင် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကို မေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။`ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´`ရှိပါတယ်´၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ္တ့လား ဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ဝိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ ခန္ဓာရဲ့ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ဝိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။ ၀ါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရားနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။ ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လဲ မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မခွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။မဂ်၀င်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်သာရှုလို့ရှိရင် ကိလေသာဝေးပြီး မီးထွက်ကိုထွက်ရမယ်လို့ ယုံကြည်ထားလိုက်ပါ။_ #မင်းကွန်းဆရာတော်ဘုရားကြီး Credit - မူရင်းရေးသားပူဇော်သူ Credit - ဝိပဿနာ အခြေခံညဏ်21-10-19 ဘယျမှာလဲ နိဗ်ဗာနျ ~~~~~~~~~~ မိလိန်ဒမငျးကွီးက `အရှငျဘုရား- နိဗ်ဗာနျဟာ ရှိနှငျ့တယျဆိုရငျလဲ ရှေးကလူတှေ တှေ့ဖို့ကောငျးတယျ၊ ရှိဆဲဆိုရငျလဲ အခုလူတှေ တှေ့ဖို့ကောငျးတယျ၊ စောငျ့နတေယျဆိုရငျလဲ တပညျ့တောျတို့ ဘယျအခြိနျသှားသှား ရတာပဲဆိုပွီး နလေို့ရတယျ၊ ဒီတော့ နိဗ်ဗာနျဟာ ဘယျလိုရှိပါသလဲဘုရား´လို့ အရှငျနာဂသိနျကို မေးလိုကျတယျ။ ဒီတော့ အရှငျနာဂသိနျက `ဘယျကာလမှာမှ မရှိဘူး´တဲ့။ အတိတျမှာလဲ မရှိဘူး၊ ပစ်စုပ်ပနျမှာလဲ မရှိဘူး၊ အနာဂတျမှာလဲ မရှိဘူး။`ဒါဖွငျ့ နိဗ်ဗာနျမရှိဘူးလို့ ယူရမှာလားဘုရား´`ရှိပါတယျ´၊ ဥပမာအားဖွငျ့ ဝါးလုံးနှဈလုံးပှတျရာမှာ မပှတျခငျက ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယျတမျး ပှတျလိုကျတော့ မီးထှကျလာတာဟာ ဘယျကမီးလဲဆိုရငျ ဝါးထဲကပဲ ထှကျတဲ့ မီးလို့ဆိုရမယျ။ မီးဟာ အရငျ ရှိနှငျ့တာလားဆိုရငျလဲ မဟုတျဘူး၊ ပှတျဆဲရှိတာလားဆိုရငျလဲ မဟုတျဘူး၊ ရှိလတံ်တ့လား ဆိုရငျလဲ မဟုတျဘူး။ ဒီအတိုငျးပဲ နိဗ်ဗာနျဟာ ကာလသုံးပါးမှ လှတျတယျ၊ ဘယျကာလမှာမှ မရှိဘူး။ နိဗ်ဗာနျဟာ မရှိဘူးလားဆိုရငျ အနိစ်စ ဒုက်ခ အနတ်တ ဒီတရားသုံးပါးနဲ့ ဝိပူနာဉာဏျနဲ့ ပှတျပေးလိုကျရငျ ဝါးနှဈလုံးပှတျတော့ မီးထှကျသလို နိဗ်ဗာနျ ထှကျလာတယျတဲ့။ဒါဖွငျ့ ဘယျကာလမှာ ရှိသလဲဆိုရငျ ဘယျကာလမှာမှ မရှိဘူး။ ပှတျတဲ့ပုဂ်ဂိုလျမှာတော့ ရှိတယျ။ ဝိပူနာအလုပျ လုပျတဲ့ ပုဂ်ဂိုလျမှာ နိဗ်ဗာနျရှိတယျ၊ မလုပျတဲ့ပုဂ်ဂိုလျမှာ မရှိဘူးလို့ မှတျလိုကျပါ။ ဒီအတိုငျးပဲ ခန်ဓာရဲ့ဖွဈပကြျနဲ့ ကိုယျ့ဉာဏျ မဂျနဲ့ ကွပျကွပျပှတျပေးပါ။ ဝဒေနာက်ခန်ဓာဖွဈဖွဈ၊ ဝိညာဏက်ခန်ဓာဖွဈဖွဈ ဉာဏျနဲ့သာ ပှတျပေး။ အနိစ်စဉာဏျနဲ့ ပှတျပေး၊ ဒုက်ခဉာဏျနဲ့ပှတျပေး၊ အနတ်တဉာဏျနဲ့ ပှတျပေး။ ဒီလိုပှတျပေးလိုကျရငျ မီးနဲ့ တူတဲ့နိဗ်ဗာနျဟာ အနိစ်စအဆုံးမှာ နိစ်စနိဗ်ဗာနျ၊ ဒုက်ခအဆုံးမှာ သုခနိဗ်ဗာနျ၊ အနတ်တအဆုံးမှာ အတ်တနိဗ်ဗာနျဆိုတာ ပေါျလာမှာပဲတဲ့။ ဝါးနှဈလုံးပှတျရာမှာ မပှတျခငျက ဘယျဝါးမှာမှ မီးရှိနတောမဟုတျပါဘူး၊ ပှတျတိုကျခွငျး လုံ့လပယောဂကွောငျ့သာလြှငျ မီးထှကျလာရသလို ခန်ဓာကို အနိစ်စတရားနဲ့ ရှု၊ မဂ်ဂတရားနဲ့ ပှတျတိုကျပေးလိုကျပါ။ မီးနဲ့တူတဲ့ နိဗ်ဗာနျပေါျလာလိမျ့မယျ။ ဒါဖွငျ့ နိဗ်ဗာနျဟာ အားထုတျတဲ့ပုဂ်ဂိုလျမှာ ရထိုကျတယျ၊ အားမထုတျတဲ့ပုဂ်ဂိုလျမှာ မရထိုကျဘူး။ နိဗ်ဗာနျမရှိဘူးလားမေးရငျတော့ ရှိတယျ။ ဘယျလိုနညျးနဲ့ နိဗ်ဗာနျပေါျလာအောငျ လုပျရပါလိမျ့မလဲဆိုရငျတော့ ခန်ဓာနဲ့ ဉာဏျနဲ့ တိုကျပေးရမယျ။ ဖွဈပကြျနဲ့ မဂျ တိုကျပေးရမယျ။ မနောထဲက ဉာဏျနဲ့ ခန်ဓာနဲ့ တိုကျပေးရမယျ။ ၀စီကံနဲ့ ဆုတောငျးတာဟာဖွငျ့ ဝေးသောအကွောငျးသာ ဖွဈပါလိမျ့မယျ။ မနောကံနဲ့ ပှတျတိုကျပေးလိုကျရငျတော့ အငျမတနျနီးသောအကွောငျးဖွဈလို့ အားစိုကျလိုကျရငျ မီးပှငျ့လာတာပဲ။ ဒါဖွငျ့ နိဗ်ဗာနျဟာ လူတိုငျးမှာ ရှိသလားဆိုရငျလဲ မရှိပါဘူး။ အနိစ်စနဲ့ မဂ်ဂတိုကျနတေဲ့ ပုဂ်ဂိုလျမှာတော့ ရှိတယျ။ မတိုကျတဲ့ပုဂ်ဂိုလျမှာတော့ မရှိဘူး။ နိဗ်ဗာနျဟာ ခန်ဓာနဲ့ ဉာဏျနဲ့ တိုကျယူရပါတယျ။ ခန်ဓာက ဖွဈပကြျ၊ ဉာဏျက မဂျ မခှဲစနေဲ့။ ခန်ဓာဖွဈပကြျ ဉာဏျမဂျနဲ့ မခှဲကွလို့ရှိရငျဖွငျ့ ခန်ဓာဖွဈပကြျလဲ ဆုံးပါရော မီးပှငျ့တာအမှနျပါပဲ။ဝါးနှဈလုံးပှတျတိုကျလိုကျတော့ ပှတျဖနျမြားသဖွငျ့ မီးထှကျရသလို အနိစ်စနဲ့ မဂ်ဂ ကွပျကွပျတိုကျပေးပါ။ အနိစ်စနဲ့ မဂ်ဂမတိုကျရငျ ကိလသောရှိနလေို့ မီးနဲ့ တူတဲ့နိဗ်ဗာနျက ထှကျမလာဘူး။ တိုကျဖနျမြားတော့ ကိလသောက ပါးပါး ပါးပါး သှားလို့ ကိလသောဝေးတဲ့အခြိနျ နိဗ်ဗာနျတညျးဟူသောမီးဟာ ထှကျလာရတယျ။ ဘာကွောငျ့ နိဗ်ဗာနျမထှကျတာလဲဆိုရငျတော့ ကိလသောမဝေးသေး ပှတျတိုကျမှုနှေးသေးလို့ပဲ။ ဒါကွောငျ့ အနိစ်စနဲ့ မဂ်ဂမတိုကျရငျ ရကို မရဘူးလို့သာ မှတျလိုကျပါ။ ဘာကွောငျ့လဲဆိုရငျ ကိလသောကို မဂျကမှ ဖွတျနိုငျတာ။ ရှေ့က အနိစ်စ၊ မွငျတာက မဂ်ဂ။မဂျ၀ငျတော့ ပဋိစ်စသမုပ်ပါဒျ ရှေ့ဆကျလို့မရတော့ဘူး။ ရှုစရာသာပေါျလာလို့ ရှုပျထှေးတဲ့ ကိလသော လာခှငျ့မရတော့ဘဲ ဝေးသှားတယျ။ ကိလသောဝေးတဲ့အခါ ဖွဈပကြျအဆုံးမှာ တိုကျဖနျမြားတော့ မီးထှကျလာရသလို နိဗ်ဗာနျဟာ ပေါျထှကျလာတာပဲတဲ့။ ကွပျကွပျသာရှုလို့ရှိရငျ ကိလသောဝေးပွီး မီးထှကျကိုထှကျရမယျလို့ ယုံကွညျထားလိုကျပါ။_ #မငျးကှနျးဆရာတောျဘုရားကွီး Credit - မူရငျးရေးသားပူဇောျသူ Credit - ဝိပူနာ အခွခေံညဏျ


via အလင်းရောင် ဓမ္မ https://ift.tt/2MCpzGY