Monday, October 21, 2019

🙏 မသိရာဆီ ပြန်သွားရလိမ့်မယ် 🙏 •••••••••••••••••••••••••••••••••••• • လူ့ဘဝ တစ်ကြိမ်တစ်ခါရရှိဖို့ တိရစ္ဆာန်ဘဝပေါင်း တစ်ရာလောက် ကျင်လည်ရင်းနှီးခဲ့ရတယ်။ • တိရစ္ဆာန်ဘဝက ပါလာတဲ့အရှိန်အဟုန် သတ္တိစရိုက် ဥာဉ်တွေမပြယ်တတ်သေးတော့ လူတွေဟာ မေ့မေ့မျောမျောကြီးနဲ့ အာရုံခံစားပါလေရော။ • တစ်ခါ တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့လျော့အောင်ပြု စားထားသလို ရှိတဲ့အတွက် မေ့ကျင့်ရလာကြတယ်။ • နေတော့လည်း မေ့လျော့တွေဝေ သေတော့လည်း ဒီလိုပဲ မေ့လျော့တွေဝေ မောဟနဲ့သေမယ်ဆိုရင် လာရာလမ်းကိုပြန်ရမယ်။ • လာရာလမ်းဆိုတာကတော့ မောဟဘုံလို့ ခေါ်တဲ့ "တိရစ္ဆာန်ဘဝ" တွေဆီပဲပေါ့။ • မသိရာကစခဲ့ပြီး မသိရာမှာဆုံးခဲ့ရင် မသိရာဆီပြန်သွားပြီး မသိရာက ပြန်စရလိမ့်မယ်။ 🙏🙏 မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး 🙏🙏 •••••••••••••••••••••••••••••••••••••••••• ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ Credit to original uploader.


via အလင်းရောင် ဓမ္မ https://ift.tt/32yekVH