Sunday, October 13, 2019

စိတ်ကောင်း စေတနာကောင်းတယ်ဆိုတာ အသက်ငယ်တာကြီးတာနဲ့ မဆိုင်ဘူး။ ကုသိုလ်စေတနာ ပြုလုပ်ချင်တဲ့စိတ်နဲ့သာ ဆိုင်တယ်။ မိမိမှာ အတိတ်ကံဆက်၊ ပါရမီဆက်တွေ ရှိခဲ့ကြမယ်ဆိုရင် ထိုသူတို့သည် ကုသိုလ်မပြုရရင် မနေနိူင်ကြဘူး။ မိမိ၏ဘဝကိုကုသိုလ်ရှိမှ ဘဝလုံခြုံသလို ခံစားရတယ်။ ကုသိုလ်မှမပြုလုပ်ရရင် ဒီပစ္စည်းတွေ ဘာမှတန်ဖိုးမရှိဘူး။ ကိုယ်သေရင် အားလုံးပစ်ထားခဲ့ရမယ်ဆိုတာ ကြိုသိထားနေတော့ မိမိကိုယ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဥစ္စာဓနတို့ကို တန်ဖိုးရှိသောနေရာမှာ အနုဂါမိဂကရွှေအိုး မြှုပ်ထားနေကြတယ်ပေါ့။ သစ္စာသိသူတိုင်း မဂ်ဖိုလ်ရောက်ကြောင်း ကုသိုလ်ဖြင့် အချိန်ကို တန်ဖိုးထားကြလေပြီပေါ့။ (မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ) 🙏🙏🙏 စိတ္ေကာင္း ေစတနာေကာင္းတယ္ဆိုတာ အသက္ငယ္တာႀကီးတာနဲ႕ မဆိုင္ဘူး။ ကုသိုလ္ေစတနာ ျပဳလုပ္ခ်င္တဲ့စိတ္နဲ႕သာ ဆိုင္တယ္။ မိမိမွာ အတိတ္ကံဆက္၊ ပါရမီဆက္ေတြ ရွိခဲ့ၾကမယ္ဆိုရင္ ထိုသူတို႔သည္ ကုသိုလ္မျပဳရရင္ မေနနိူင္ၾကဘူး။ မိမိ၏ဘဝကိုကုသိုလ္ရွိမွ ဘဝလုံၿခဳံသလို ခံစားရတယ္။ ကုသိုလ္မွမျပဳလုပ္ရရင္ ဒီပစၥည္းေတြ ဘာမွတန္ဖိုးမရွိဘူး။ ကိုယ္ေသရင္ အားလုံးပစ္ထားခဲ့ရမယ္ဆိုတာ ႀကိဳသိထားေနေတာ့ မိမိကိုယ္ကို အေၾကာင္းျပဳ၍ ျဖစ္ေပၚလာေသာ ဥစၥာဓနတို႔ကို တန္ဖိုးရွိေသာေနရာမွာ အႏုဂါမိဂကေ႐ႊအိုး ျမႇုပ္ထားေနၾကတယ္ေပါ့။ သစၥာသိသူတိုင္း မဂ္ဖိုလ္ေရာက္ေၾကာင္း ကုသိုလ္ျဖင့္ အခ်ိန္ကို တန္ဖိုးထားၾကေလၿပီေပါ့။ (ေျမာက္ဦးဆရာေတာ္ အရွင္ဝါယာမိႏၵ) 🙏🙏🙏 Cr#tzwin


via အလင္းေရာင္ ဓမၼ https://ift.tt/2B3ophc