အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 13, 2019
နေဖို့ ထက် , သေဖို့လည်း လုပ်ကြပါ <><><><><><><><><><><><><> လူ့ဘဝ သက်တမ်း တိုတိုလေးမှာ တာတို အပြေးသမားလို ကျင့်ရတယ် မာရသွန်ကို သွားမတုနဲ့ … တာစထွက် ကတည်းက ခေါင်းတစ်လုံး သာနေရမယ် … ကိလေသာ အပူမီးတွေကြားက လွတ်ချင်ရင် အပူခံ , အဟပ်ခံပြီး ထိုးဖောက် ထွက်ရမှာဘဲ … လင်စာ , မယားစာ , သားစာ , သမီးစာရှာရင်း လင်စိတ် , မယားစိတ် , သားစိတ် , သမီးစိတ်တွေနဲ့ နေသမျှ တော့ ကိုယ့်စိတ်နဲ့ ကိုယ် နေရတယ်လို့ မထင်ပါနဲ့ … ကိုယ့်စိတ်ကိုယ်နေတယ် ဆိုတာ မြင်ရင် မြင်မှန်းသိ , ကြားရင် ကြားမှန်းသိ , စားရင် စားမှန်းသိ … ကိုယ်ဘာလုပ်လို့ လုပ်နေတယ် ဆိုတာ သိသိနေတဲ့ စိတ်ကလေးကို ခေါ်တာ … မြင်ရင် မြင်တာနဲ့ မပြီးဘဲ ဒါ ငါ့မယားပဲ ဆိုရင် သွားပြီ … အဲဒါ ကိုယ့်စိတ်က သူ့အာရုံနဲ့ နေတာ သူ့ဘက်က ဆွဲအားကြီးနေပြီ ကိုယ့်စိတ်က သူ့နောက် ပါသွားပြီ … သူ့အာရုံ လွှမ်းမိုးပါ များနေရင် ကိုယ့်စိတ်တန်ခိုး စိတ်သတ္တိ စိတ်အကြည်ဆိုတာ မရှိနိုင်တော့ဘူး … စိတ်မကြည် စိတ်မတည်မှတော့ ဟုတ်တိုင်းမှန်ရာကို မသိနိုင်တော့ဘူး … ဒီတော့ ဘာအာရုံ ခံစားခံစား ခံစားမှုနောက်က သတိလေးကပ်ပါ နေပါစေ … သတိသာ ရှိပါစေ သိစရာ ရှိတာ အလိုလို သိလာပါလိမ့်မယ် … ဘာလုပ်လုပ် သတိသာပါနေမယ် ဆိုရင် ကိလေသာလဲ မဝင်တော့ဘူး … သိစရာရှိတာလည်း သိလာလိမ့်မယ် … ကိုယ့်စိတ် ကိုယ်လည်း ပိုင်နေမယ် တစ်ချက်ခုတ် သုံးချက်ပြတ်တယ် … ဒါပေမယ့် တို့ တကာ တကာမတွေ သတိမရှိလို့ မသိမှုနဲ့ သံသရာ လည်နေကြတယ် … မောဟတွေ , အဝိဇ္ဇာတွေ ဖုံးလွှမ်းပြီးတော့ မေ့မေ့ကြီးနဲ့ နေနေကြတယ် … လူတွေ မေ့တတ်ရန်ကောလို့ နတ်သားတစ်ပါးက မှတ်ချက်ချယူရတဲ့ အထိပါပဲ … ပန်းတို့ကို လှပရာ ရွေးချယ် သီကုန်းသကဲ့သို့ အာရုံငါးပါး၌ တပ်စွဲသုံးဆောင်လျှက် ရှိသူတို့သည် ကာမဂုဏ်၌ မရောင့်ရဲသောကြောင့်သာ ကိလေသာ သူသတ်၏ အလိုသို့ အစဉ်လိုက်ပါရ၏ … မေ့လျော့ ပေါ့ဆနေခဲ့ရင် အပ္ပမာဒ သတိတရား ကင်းမဲ့ပြီး နေကြရင် ကိလေသာဆိုတဲ့ သူသတ်သမားက နေ့စဉ်နှင်အမျှ သုတ်သင်နေတာနော် … ဘယ်သူ ဘယ်နှစ်ယောက် ပါသွားပြီလဲ … အဲဒီတော့ လူ့သက်တမ်း တိုတိုလေးမှာ နေဖို့ချည်း လုပ်မနေပါနဲ့ သေဖို့လည်းလုပ်ကြပါ … သေခြင်းတရားကို ရင်ဆိုင်နိုင်တာ ဘာဝနာ တစ်ခုပဲရှိတယ် … လောဘ , ဒေါသ , မောဟတွေနဲ့ ရှာထားတဲ့ ရွှေတွေ , ငွေတွေနဲ့ ယမမင်းကို လာဘ်ထိုးလို့ မရဘူးဗျ … ဘုရားဟောခဲ့တာ အသေတတ်ဖို့ ပါပဲဗျာ … မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး credit : ပန်းကြာဝက်မူံ Post. :တရားကို ုမြတ်နိုးသူ Share: ဦး လေး ရွှင်လန်းချမ်းမြေ့တရားတွေ့ ငြိမ်းအေးကြပါစေ ။ နေဖို့ ထက် , သေဖို့လည်း လုပ်ကြပါ <><><><><><><><><><><><><> လူ့ဘဝ သက်တမ်း တိုတိုလေးမှာ တာတို အပြေးသမားလို ကျင့်ရတယ် မာရသွန်ကို သွားမတုနဲ့ … တာစထွက် ကတည်းက ခေါင်းတစ်လုံး သာနေရမယ် … ကိလေသာ အပူမီးတွေကြားက လွတ်ချင်ရင် အပူခံ , အဟပ်ခံပြီး ထိုးဖောက် ထွက်ရမှာဘဲ … လင်စာ , မယားစာ , သားစာ , သမီးစာရှာရင်း လင်စိတ် , မယားစိတ် , သားစိတ် , သမီးစိတ်တွေနဲ့ နေသမျှ တော့ ကိုယ့်စိတ်နဲ့ ကိုယ် နေရတယ်လို့ မထင်ပါနဲ့ … ကိုယ့်စိတ်ကိုယ်နေတယ် ဆိုတာ မြင်ရင် မြင်မှန်းသိ , ကြားရင် ကြားမှန်းသိ , စားရင် စားမှန်းသိ … ကိုယ်ဘာလုပ်လို့ လုပ်နေတယ် ဆိုတာ သိသိနေတဲ့ စိတ်ကလေးကို ခေါ်တာ … မြင်ရင် မြင်တာနဲ့ မပြီးဘဲ ဒါ ငါ့မယားပဲ ဆိုရင် သွားပြီ … အဲဒါ ကိုယ့်စိတ်က သူ့အာရုံနဲ့ နေတာ သူ့ဘက်က ဆွဲအားကြီးနေပြီ ကိုယ့်စိတ်က သူ့နောက် ပါသွားပြီ … သူ့အာရုံ လွှမ်းမိုးပါ များနေရင် ကိုယ့်စိတ်တန်ခိုး စိတ်သတ္တိ စိတ်အကြည်ဆိုတာ မရှိနိုင်တော့ဘူး … စိတ်မကြည် စိတ်မတည်မှတော့ ဟုတ်တိုင်းမှန်ရာကို မသိနိုင်တော့ဘူး … ဒီတော့ ဘာအာရုံ ခံစားခံစား ခံစားမှုနောက်က သတိလေးကပ်ပါ နေပါစေ … သတိသာ ရှိပါစေ သိစရာ ရှိတာ အလိုလို သိလာပါလိမ့်မယ် … ဘာလုပ်လုပ် သတိသာပါနေမယ် ဆိုရင် ကိလေသာလဲ မဝင်တော့ဘူး … သိစရာရှိတာလည်း သိလာလိမ့်မယ် … ကိုယ့်စိတ် ကိုယ်လည်း ပိုင်နေမယ် တစ်ချက်ခုတ် သုံးချက်ပြတ်တယ် … ဒါပေမယ့် တို့ တကာ တကာမတွေ သတိမရှိလို့ မသိမှုနဲ့ သံသရာ လည်နေကြတယ် … မောဟတွေ , အဝိဇ္ဇာတွေ ဖုံးလွှမ်းပြီးတော့ မေ့မေ့ကြီးနဲ့ နေနေကြတယ် … လူတွေ မေ့တတ်ရန်ကောလို့ နတ်သားတစ်ပါးက မှတ်ချက်ချယူရတဲ့ အထိပါပဲ … ပန်းတို့ကို လှပရာ ရွေးချယ် သီကုန်းသကဲ့သို့ အာရုံငါးပါး၌ တပ်စွဲသုံးဆောင်လျှက် ရှိသူတို့သည် ကာမဂုဏ်၌ မရောင့်ရဲသောကြောင့်သာ ကိလေသာ သူသတ်၏ အလိုသို့ အစဉ်လိုက်ပါရ၏ … မေ့လျော့ ပေါ့ဆနေခဲ့ရင် အပ္ပမာဒ သတိတရား ကင်းမဲ့ပြီး နေကြရင် ကိလေသာဆိုတဲ့ သူသတ်သမားက နေ့စဉ်နှင်အမျှ သုတ်သင်နေတာနော် … ဘယ်သူ ဘယ်နှစ်ယောက် ပါသွားပြီလဲ … အဲဒီတော့ လူ့သက်တမ်း တိုတိုလေးမှာ နေဖို့ချည်း လုပ်မနေပါနဲ့ သေဖို့လည်းလုပ်ကြပါ … သေခြင်းတရားကို ရင်ဆိုင်နိုင်တာ ဘာဝနာ တစ်ခုပဲရှိတယ် … လောဘ , ဒေါသ , မောဟတွေနဲ့ ရှာထားတဲ့ ရွှေတွေ , ငွေတွေနဲ့ ယမမင်းကို လာဘ်ထိုးလို့ မရဘူးဗျ … ဘုရားဟောခဲ့တာ အသေတတ်ဖို့ ပါပဲဗျာ … မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး credit : ပန်းကြာဝက်မူံ Post. :တရားကိုမြတ်နိုးသူ Share: ဦး လေး ရွှင်လန်းချမ်းမြေ့တရားတွေ့ ငြိမ်းအေးကြပါစေ ။
via အလင်းရောင် ဓမ္မ https://ift.tt/33oqyA4
Newer Post
Older Post
Home