Monday, October 14, 2019

အတ္တာဟိ အတ္တနော နာထော ▬▬▬▬▬▬▬▬▬▬▬▬ မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။ "အတ္တာဟိ အတ္တနော နာထော" မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့ တခြားလူ ကိုးကွယ်ရာမဟုတ်ဘူး။ အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်။ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်နားလည်ရမယ်။ မိမိသည်သာ ကိုးကွယ်ရာဆိုတာ ကိုယ်ရဲ့ဆန္ဒ ကိုယ်ရဲ့လုံ့လဝီရိယ၊ ကိုယ်ရဲ့အသိဉာဏ်ကို တန်ဖိုးထားပြီး… ဆန္ဒဖြင့် မျှော်လင့်ပြီး လုံ့လဝီရိယဖြင့် မရရ အောင်ကြိုးစားပြီး အသိဉာဏ်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။ ဒါဟာ လက်တွေ့ အင်မတန်ကျတဲ့ ကျင့်စဉ် တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်တယ်။ အဲတော့ မေးစရာတစ်ခုရှိလာတယ်။ "အတ္တာ ဟိ အတ္တနော နာထော" မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟောထားတာ ဟုတ်ပြီ။ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ မိမိကိုယ်ကို အားကိုးခြင်း ဘုရားကို အားကိုးခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်ခြင်း မတူဘူး။ မြတ်စွာဘုရားကို အားကိုးတာ ဘယ်အဆင့် နဲ့ အားကိုးတာလဲဆိုတာ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။ မြတ်စွာဘုရားက ကယ်တင်တာလဲ မဟုတ်ဘူး၊ ‘မ’ မှာလဲ မဟုတ်ဘူး။ သို့သော် ဘုရားက လမ်းပြပေးတာ။ လောကမှာ သွားရမယ့် လမ်းကို မသိတာ အင်မတန်မှ ဒုက္ခရောက်တယ်။ ပြဿနာကြီး တစ်ခုပဲ။ အဲတော့ သွားရမယ့်လမ်းကို ပြနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးတာပေ့ါ။ မြတ်စွာဘုရားကို အားကိုးပါတယ်ဆိုတာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့် တာကို ခွဲခြားဟောပြီး … မလုပ်သင့်တာတွေကို ရှောင်ရမယ်။ လုပ်သင့် တာတွေကို လုပ်ရမယ်လို့ အတိုင်းအတာတစ်ခု အနေနဲ့ သတ္တဝါတွေကို ဆုံးမသြ၀ါဒပေးထား တယ်။ အဲဒီ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးဖို့ ကိုယ့်ဟာကိုလုပ်ရမယ်၊ ဒီလိုဆိုလိုတာပေ့ါ။ ဘုရားရဲ့ဘုန်းတန်ခိုးတွေကို မှီခိုပြီး မြတ်စွာ ဘုရားက အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ တမျှော်မျှော် တခေါ်ခေါ်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ ဘုရားက ဒါလုပ်။ ဒါမလုပ်နဲ့။ ဒါမလုပ်နဲ့ ဆိုတာ ကို ရှောင်ပြီးတော့ ဒါလုပ်ဆိုတာကို လုပ်ဖို့ ဒါကိုဟောတာ။ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုန်းကြီး တို့တစ်တွေ ကျင့်သုံးနေထိုင်တာ။ ဒါ "အတ္တာ ဟိ အတ္တနော နာထော" ပဲ။ မိမိသည်သာ ကိုးကွယ်ရာပဲ။ ဒီ့ထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် လူတွေဟာ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဘယ်သွားလဲဆိုရင် ဆရာ၀န်ဆီသွားကြတယ်။ ဆရာ၀န်ဆီ ဘာအတွက် သွားတာလဲဆိုရင် ဘာရောဂါလဲသိဖို့ ဘာကြောင့် ဒီရောဂါ ဖြစ်တာလဲ။ ဒီရောဂါဖြစ်လာလို့ရှိရင် ဘယ်ဆေးသောက် ဘယ်လိုနေရင်ပျောက်မလဲ။ ဒါသိဖို့ သွားတာ။ အဲတော့ ဆရာ၀န်က ရောဂါပျောက်အာင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး။ လုပ်မပေးနိုင်ဘူးဆိုတာ အင်မတန်ထင်ရှားတယ်။ ဘာပြုလို့လဲ ဆိုရင် ဆရာ၀န်က ဆေးထိုးပေးရင် ပေးတယ်၊ သောက်ဆေး ပေးရင်ပေးမယ်။ လူနာကိုယ်တိုင်က ဆေးသောက်ရမယ်။ အဲဒီကတည်းက ကိုယ်တိုင်လုပ်ရတဲ့ဟာ။ ဆရာ၀န်ဆီ သွားတာဟာ ဒီရောဂါတွက် ဘာဆေးသောက်ရမလဲဆိုတာ သိဖို့သွားတာ။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ဆေးသောက်မှ ရောဂါပျောက်မယ်။ ဒီလို ဆိုလို တာ။ ဒါ လက်တွေ့ပဲ။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော််ဘုရားကြီး။ ‘မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ #သုတရသဓမ္မစာပေ Crd အတ်တာဟိ အတ်တနော နာထော ▬▬▬▬▬▬▬▬▬▬▬▬ မွတျစှာဘုရားရဲ့ စကားတဈခှနျးဟာ အလှနျတနျဖိုးရှိတယျ။ "အတ်တာဟိ အတ်တနော နာထော" မိမိသာလြှငျ မိမိ၏ ကိုးကှယျရာလို့ တခွားလူ ကိုးကှယျရာမဟုတျဘူး။ အရာခပျသိမျးမှာ ကိုယျ့ကိုယျကို အားကိုးရမယျ။ ကိုယ့ျအစှမျးအစကို ကိုယျယုံကွညျပွီးတော့ ကိုယျတိုငျလုပျကိုငျ ဆောငျရှကျရမယျဆိုတာ သဘောပေါကျနားလညျရမယျ။ မိမိသညျသာ ကိုးကှယျရာဆိုတာ ကိုယျရဲ့ဆန်ဒ ကိုယျရဲ့လုံ့လဝီရိယ၊ ကိုယျရဲ့အသိဉာဏျကို တနျဖိုးထားပွီး… ဆန်ဒဖွငျ့ မြှောျလငျ့ပွီး လုံ့လဝီရိယဖွငျ့ မရရ အောငျကွိုးစားပွီး အသိဉာဏျဖွငျ့ မှနျကနျတဲ့ နညျးလမျးတှကေို ရှာဖှအေားထုတျရမယျ။ ဒါဟာ လကျတှေ့ အငျမတနျကတြဲ့ ကငြျ့စဉျ တဈခုကို မွတျစှာဘုရားက ဖောျထုတျတယျ။ အဲတော့ မေးစရာတဈခုရှိလာတယျ။ "အတ်တာ ဟိ အတ်တနော နာထော" မိမိသညျသာလြှငျ မိမိ၏ ကိုးကိုယျရာလို့ မွတျစှာဘုရားက ဒီအတိုငျးဟောထားတာ ဟုတျပွီ။ ဗုဒ်ဓ သရဏံ ဂစ်ဆာမိ ဘုရားကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ ဓမ်မံ သရဏံ ဂစ်ဆာမိ တရားကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ သံဃံ သရဏံ ဂစ်ဆာမိ သံဃာကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ ဆိုတဲ့စကားနဲ့ မဆနျ့ကငြျနဘေူးလားလို့ မေးကောငျးမေးကွလိမျ့မယျ။ မိမိကိုယျကို အားကိုးခွငျး ဘုရားကို အားကိုးခွငျးဆိုတာ အတိုငျးအတာ အကနျ့အသတျခွငျး မတူဘူး။ မွတျစှာဘုရားကို အားကိုးတာ ဘယျအဆငျ့ နဲ့ အားကိုးတာလဲဆိုတာ အမှနျတရားကို သိဖို့အတှကျ အားကိုးတာ။ မွတျစှာဘုရားက ကယျတငျတာလဲ မဟုတျဘူး၊ ‘မ’ မှာလဲ မဟုတျဘူး။ သို့သောျ ဘုရားက လမျးပွပေးတာ။ လောကမှာ သှားရမယျ့ လမျးကို မသိတာ အငျမတနျမှ ဒုက်ခရောကျတယျ။ ပွူနာကွီး တဈခုပဲ။ အဲတော့ သှားရမယျ့လမျးကို ပွနိုငျတဲ့ ပုဂ်ဂိုလျဟာ အငျမတနျမှ အရေးကွီးတာပေ့ါ။ မွတျစှာဘုရားကို အားကိုးပါတယျဆိုတာ မွတျစှာဘုရားက လုပျသငျ့တာနဲ့ မလုပျသငျ့ တာကို ခှဲခွားဟောပွီး … မလုပျသငျ့တာတှကေို ရှောငျရမယျ။ လုပျသငျ့ တာတှကေို လုပျရမယျလို့ အတိုငျးအတာတဈခု အနနေဲ့ သတ်တဝါတှကေို ဆုံးမသွဝါဒပေးထား တယျ။ အဲဒီ ဆုံးမသွဝါဒကို လိုကျနာကငြျ့သုံးဖို့ ကိုယျ့ဟာကိုလုပျရမယျ၊ ဒီလိုဆိုလိုတာပေ့ါ။ ဘုရားရဲ့ဘုနျးတနျခိုးတှကေို မှီခိုပွီး မွတျစှာ ဘုရားက အရာရာကို ဆုံးဖွတျပေးလိမ့ျမယျလို့ တမြှောျမြှောျ တခေါျခေါျနရေမယျ့ ကိစ်စမြိုး မဟုတျဘူး။ ဘုရားက ဒါလုပျ။ ဒါမလုပျနဲ့။ ဒါမလုပျနဲ့ ဆိုတာ ကို ရှောငျပွီးတော့ ဒါလုပျဆိုတာကို လုပျဖို့ ဒါကိုဟောတာ။ မွတျစှာဘုရားရဲ့ အဆုံးအမအတိုငျး ဘုနျးကွီး တို့တဈတှေ ကငြျ့သုံးနထေိုငျတာ။ ဒါ "အတ်တာ ဟိ အတ်တနော နာထော" ပဲ။ မိမိသညျသာ ကိုးကှယျရာပဲ။ ဒီ့ထကျရှငျးတဲ့ ဥပမာတဈခု ပွောရမယျဆိုရငျ လူတှဟော နမေကောငျးထိုငျမသာဖွဈတဲ့အခါ ဘယျသှားလဲဆိုရငျ ဆရာ၀နျဆီသှားကွတယျ။ ဆရာ၀နျဆီ ဘာအတှကျ သှားတာလဲဆိုရငျ ဘာရောဂါလဲသိဖို့ ဘာကွောငျ့ ဒီရောဂါ ဖွဈတာလဲ။ ဒီရောဂါဖွဈလာလို့ရှိရငျ ဘယျဆေးသောကျ ဘယျလိုနရေငျပြောကျမလဲ။ ဒါသိဖို့ သှားတာ။ အဲတော့ ဆရာ၀နျက ရောဂါပြောကျအာငျ လုပျပေးနိုငျသလားဆိုရငျ မလုပျပေးနိုငျဘူး။ လုပျမပေးနိုငျဘူးဆိုတာ အငျမတနျထငျရှားတယျ။ ဘာပွုလို့လဲ ဆိုရငျ ဆရာ၀နျက ဆေးထိုးပေးရငျ ပေးတယျ၊ သောကျဆေး ပေးရငျပေးမယျ။ လူနာကိုယျတိုငျက ဆေးသောကျရမယျ။ အဲဒီကတညျးက ကိုယျတိုငျလုပျရတဲ့ဟာ။ ဆရာ၀နျဆီ သှားတာဟာ ဒီရောဂါတှကျ ဘာဆေးသောကျရမလဲဆိုတာ သိဖို့သှားတာ။ ဆရာ၀နျညှှနျကွားတဲ့အတိုငျး လိုကျနာပွီးတော့ ဆေးသောကျမှ ရောဂါပြောကျမယျ။ ဒီလို ဆိုလို တာ။ ဒါ လကျတှေ့ပဲ။ ကြေးဇူးတောျရှငျပါမောက်ခခြုပျ ဆရာတောျျဘုရားကွီး။ ‘မွတျဗုဒ်ဓ၏အဆုံးအမနှငျ့အညီနထေိုငျခွငျး’ တရားတောျမှ ကောကျနှုတျခကြျဖွဈပါသညျ။ #သုတရသဓမ်မစာပေ Crd


via အလင်းရောင် ဓမ္မ https://ift.tt/2pjwUlx