Sunday, October 13, 2019

တောင်းပန် ခွင့်လွှတ်... သီတင်းကျွတ် =========================== သီတင်းကျွတ်လပြည့်နေ့မှာ ထေရ်ကြီးထေရ်ငယ် အသွယ်သွယ်တို့ဟာ နီးရာစုပေါင်းပြီး ကျောင်းတစ်ကျောင်းမှာ ထုံးတမ်းဟောင်းစဉ်လာ ဓမ္မတာနှင့်အညီ ပဝါရဏာပွဲတော်ကြီးကို နွှဲပျော်ကြပါတေ့ာမယ် ဒီပဝါရဏာ ဆိုတာဟာ မြတ်စွာဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး လမ်းပြ အဆုံးမဖြစ်သလို အပြစ်ကင်းခြင်းအစ တောင်းပန်ကန်တော့ခြင်း ပြုကြလို့ သြဝါဒပေး ဆုံးမပေးသွားခြင်း တစ်မျိုးလို့လည်း နားလည်ခံယူမိပါတယ် ဒီပဝါရဏာပွဲတော်ကြီးဆီ တက်ရောက်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများဆီမှာ သော်လည်းကောင်း၊ မိမိတို့အချင်းချင်းအကြားမှာ သော်လည်းကောင်း ...ပုထုဇဉ်အလျောက် ပေါ်ပေါက်ခဲ့သည့် အမှားဟူသည့် အပြစ်ရှိက အပြန်အလှန် ဝန်ခံထောက်ပြ ဆိုဆုံးမဖို့ ဖိတ်မာန်ခွင့်ရတဲ့ပွဲမို့လည်း အရှင်တို့အတွက် လက်မလွတ်တမ်း ကြွလှမ်းရမည့် ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ် ဒီပွဲတော်ကြီးမှာ ဆုံးဆည်းပူဇော် ဖူးမျှော်ခွင့်သာတဲ့ ထေရ်သံဃာတို့ဟာ မိမိထက် သီလ သမာဓိ ပညာ သိက္ခာမြင့်မား ဆရာတော်ကြီးများမို့ မိမိတို့ရဲ့ ယုံမှားသံသယမှ အစ ကြား-မြင်.သိထား အပြစ်များ ရှိပါက သွန်သင်ညွန်ပြ ဆိုဆုံးမလို့ ခုရော နောင်ခါ သံသရာထိ အကျိုးရှိအောင် အပြန်အလှန် အကျိုးဆောင်ပေးကြတယ်လို့ ခံယူနားလည်မိပါတယ်။ လူရယ်လို့ ဖြစ်လာရင် ရဟန္တာမဖြစ်သေးသမျှ မောဟဆိုတဲ့ အမှားဦးစီးပီး အနည်းနဲ့အများ လက်ကိုင်ထားနေ ခေါင်းဆောင်ထားနေကြအုံးမှာက ပုထုဇဉ်လူသားတိုင်းပါပဲ။ အနာသိရင် ဆေးရှိတယ် ဆိုတဲ့စကားအရ အမှားကိုသိရင် ထိုအမှားကို ချေဖြတ်ပေးမယ့် ဆေးဆိုတာ ရှိတာမျိုးပါ ပဝါရဏာ ပြုခြင်းဟာလည်း အပြစ်ကို စင်အောင် မကုစားနိုင်သော်မှ ထပ်မမှားအောင် ကြိုးစား ရှောင်နိုင်အောင် သတိတော့ ဆောင်သွားနိုင်မယ်လို့ ထင်မိပါတယ် တချို့က မိမိမှားမှန်း သိပါလျက်နဲ့ မာနကို မချချင်တာနဲ့တင် အမှားကိုပဲ အမှန်လုပ်နေတတ် ကြပြန်တယ်။ ပိဋကတ်တော်တွေမှာ "အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ကရောဟိ၊ အာယတိ ံ သံဝရေယျ" ဆိုတဲ့ ပါဠိလေး ရှိတယ်။ "အပြစ်ကို အပြစ်လို့ မြင်ရင် သိရင် တရားသဘော အတိုင်း ပြုပါ (တောင်းပန်ပါ)၊ နောင်ခါ စောင့်စည်းပါ (ထပ်မလုပ်မိပါစေနဲ့)"တဲ့။ ဘယ်လောက် သဘာဝကျလိုက်သလဲ..?။ တကယ်တော့ "တောင်းပန်ခြင်း"ဆိုတာ နေရာတကာ မိမိက မှားနေလို့ မဟုတ်နိုင်ပါဘူး။ လူနှစ်ဦးကြားက သံယောဇဉ်ကို ပိုတန်ဖိုးထားတတ် လို့လည်း ဖြစ်နိုင်ပါတယ်။ ခွင့်လွှတ်ခြင်းဖြင့် ရှုံးဆိုတာမရှိနိုင်သလို အမုန်းဆိုတာမျိုးလဲ ကျန်ခဲ့မယ်မထင်ပါဘူး အပြန်အလှန် လွတ်လပ်ခွင့်ပေးခြင်းတစ်မျိုးလို့ နားလည်ပြီး မှားရင် ဝန်ခံပြီး ကျေအေးပါရန် တောင်းပန်တဲ့အခါ အပြစ်ကနေ အချစ်တောင် ဖြစ်လာအုံးမယ်ထင်ပါတယ် ချစ်တော့ အကျိုး မြတ်နိုးတော့ သဒ္ဓါဆိုတဲ့အတိုင်း ဒီကနေ အကြောင်းအကျိုး မှီပြီး ကောင်းကျိုးတွေ တည်လာမယ်လို့ ယုံကြည်မိပါတယ် စာပေမှာ လာတဲ့ 'အရှင်ဒေဝဒတ္တ'ရဲ့ တောင်းပန်ခြင်းလေးက 'အမတဓာတ်'ကို လက်မှတ်ဖြတ်ပေး လိုက်နိုင်သလို 'အဋ္ဌိဿရ'ပစ္စေကဗုဒ္ဓါ ဖြစ်ခွင့်ကိုလည်း ပေးစွမ်းနိုင်တာဟာ တကယ့်မှတ်သားစရာ သာဓက တစ်ခုမဟုတ်ပါလား 'တောင်းပန်ခြင်း'ရဲ့ အကျိုးကျေးဇူးကို ပြတဲ့ ထင်ရှားလှတဲ့ ဒီသမိုင်း သာဓကလေး တစ်ခုဟာ မှားပြီးရင်း မှားနေကြဦးမဲ့ ကိုယ်လိုပုထုဇဉ် လူသားများအဖို့ "အမှားအတွက် ဖြေဆေးတစ်ခွက်" ရှိကြောင်း သက်သေပြလို့ နေပါတယ်။ အဇာတသတ် မင်းမြတ်ရဲ့ ဘဝဇာတ်ကို ပြန်ကြည့်တေ့ာလည်း တောင်းပန်မှုဟာ အရေးပါ အရာရောက်ခဲ့တယ်မလား ဒီတော့ အမှားသိက ဝန်ခံ ဖိတ်မာန် တောင်းပန်တတ်ကြခြင်းဟာလည်း သူတော်ကောင်းတို့ရဲ့ အစဉ်အလာ ဓမ္မတာလို့ပဲ ခံယူသင့်ပါတယ် .. အမှားဆိုတာလည်း အမှန်တရားဆီကို လမ်းပြပေးတဲ့ ဆရာသမား တစ်ဦးသဖွယ် တန်ဖိုးရှိပါတယ် အမှားဆိုတာ ထပ်တလဲလဲ ပြန်တွေးပြီး နောင်တနဲ့ ပူဆွေးနေရမဲ့ အရာ မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ ဘဝလမ်းညွန်အဖြစ် စိတ်ဓာတ်အင်းအား တိုးပွားအောင် ကြိုးစားတွေးယူလို့ရတဲ့အရာသာ ဖြစ်ပါတယ် ရှင်ဒေဝဒတ်နဲ့ ပေါင်းခဲ့မိလို့ အကြောင်းမှားများစွာ ပြုခဲ့မိတဲ့ အဇာတသတ်မင်းသည်ပင် အကျိုးဆက်အားဖြင့် အပါယ်လားလို့ နေရပါတယ် ဆရာဇီဝကကို အမှီရလို့ ဘုရားထံမှောက် အရောက်သွားလျက် တောင်းပန်စကား လျှောက်ထားပြီး အမှားကို အချိန်မီ အမှန်ပြင်နိုင်ခဲ့လို့ နောင်အခါအတွင် ပစ္စေကာဗုဒ္ဓါ အရှင်တစ်ပါး အနေအားဖြင့် ဝင့်ကြွားနိုင်အုံးမှာမဟုတ်ပါလား ဒီလို အတိတ်ဖြစ်ရပ်များကို စဉ်းစားမိတော့ အမှားရှိက အမှန်သိအောင် နောင်တ တဖန် ပူပန်နေမည့်အစား အချင်းချင်းကြားက အလွဲအမှားလေးတွေကို တောင်းပန်လိုက်ခြင်းဟာ ကောင်းကျိုးများစွာ ဖြစ်ထွန်းလာမှာ မလွဲပါဘူးလို့ ယုံကြည်မိပါတယ် အရှင်ဒေဝဒတ်နှင့် အဇာတသတ်တို့ရဲ့ဇာတ်လမ်းကို ကြည့်မိတဲ့အခါ အမှားဆိုတာ ဘဝရဲ့ လမ်းပြကြယ်လည်း ဖြစ်နိုင်သေးတယ်ဆိုတာ တွေးသိနိုင်ပါတယ် အမှားကောင်းက မီးမောင်း ထိုးပြလို့ ဘဝလမ်းမှန်ပေါ်ရောက်၊ ပေါက်မြောက်သွားနိုင်တယ်ဆိုတာလဲ လက်ခံရမှာပါ ကိုယ်ရဲ့အမှားတို့ကို ကြီးမားသော အခွင့်ရေးအဖြစ် ရှုမြင်သုံးသပ် ဆုံးဖြတ်တတ်မယ်ဆိုရင်တော့ အရှုံးဇာတ်ကို ကခွင့်ရမယ် မထင်ပါဘူး ထို့အပြင် ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင် သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့် ကောင်းရေး’ အတွက် ဝေဖန်ရေးကို အားပေးခဲ့သလို အမှန်အတိုင်း ပြောဆိုနိုင်ရေးကိုလည်း အစဉ် တံခါးဖွင့်ပေးခဲ့တယ် ဆိုတာ လေ့လာသိရှိနိုင်ပါတယ် ချွတ်ချော် မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ်နေခြင်း၊ နှုတ်ဆိတ်နေရခြင်းမျိုးကို မြတ်စွာဘုရားက လိုလားတော်မူဟန်မတူပါဘူး။ မိမိမှာ ချွတ်ယွင်းချက် အပြစ် တစ်စုံ တစ်ရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်း မတွ ထောက်ပြနိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့ပါတယ်။ လောကတွင် “ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ” မရှိသလို အမြော်အမြင်ကြီးမား ပညာရှင်များရဲ့ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ ငါ့လှေ ငါထိုး ပဲခူးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်” ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီး ဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲဘူးဆိုတာ ယနေ့ကမ္ဘာမှာ သက်သေပြစရာ အများကြီးပါပဲ။ “ ငါတကော ကောနေသူများ” ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင် ဟန့်တားတော်မူခဲပြီး “အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင် သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွားချမ်းသာနိုင်ပါသည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန် ကင်း၍ ချမ်းသာခြင်း သုခ ရရှိနိုင်သည်” (ဝိနည်း ပါဠိတော်) ဟူ၍ မိန့်ကြားတော်မူခဲ့တယ် ဆိုတာ ပဝါရဏာပွဲတော်ကြီးက သက်သေပါပဲ ။ အချုပ်အားဖြင့်ဆိုပါမူ သီတင်းကျွတ်မှာ ကျင်းပသည့် သံဃပဝါရဏာ ပွဲတော်ဟူသည်... သံဃာတော်များသာမက လူသားများပင် လိုက်နာကျင့်သုံးပါက ကောင်းကျိုးတရား အလွန်များမည်သာ ဖြစ်ပါတယ် ဒါကို သိရှိ သတိပြုမိတဲ့ ရှေးမြန်မာ မိဘဘိုးဘွား ပညာရှိများဟာ သီတင်းကျွတ်ကာလ ရောက်တိုင်း အသက်ဂုဏ်ဝါ ကြီးသူများကို စွမ်းနိုင်ရာရာ အဖြာဖြာဖြင့် ပူဇော်ကန်တော့တဲ့အလေ့အထကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဤထုံးကို နှလုံးမူထားတဲ့ မိမိအနေဖြင့်လည်း အနန္တောအနန္တငါးပါး..ခင်ပွန်းကြီး(၁၀)ပါး အားလုံးတို့အပေါ်တွင် မဆင်မဆင်သောအားဖြင့် ကြံမှား ပြောမှား ပြုမှားများ ရှိခဲ့ဘူးသည်ကို ဝန်ခံကာ ထိုထိုအမှားဟူသမျှကိုလည်း ဝန်ချတောင်းပန် ပါတယ်။ ထို့အတူ အသက် ဂုဏ်ဝါ သိက္ခာကြီးမားသူ အားလုံးတို့အားလည်း နဖူးထက်တွင် လက်အုပ်တင်လို့ ဂုဏ်တော်ရည်မျှော် ပူဇော်ကန်တော့လိုက်ပါတယ်။ အာသီသ ဆန္ဒအနေဖြင့်မူ သီတင်းကျွတ်ကာလမှာ သံဃာတော်များ ပဝါရဏာပြုကြသလို အသိညာဏ်မြင့်မားပါတယ်ဆိုတဲ့ လူသားတို့အားလည်း မိမိနေရာ မြို့ပြဒေသ ရပ်ရွာ တိုင်းပြည် ကမ္ဘာမှာ... ကောင်းကျိုးများစွာ ဖြစ်ထွန်းလာအောင် သတိဆောင်လို့ အချင်းချင်းအကြားက အထင်အမြင်အလွဲအမှား သံသယများရှိပါက အပြန်အလှန် ဖိတ်မာန် ဝန်ချ တောင်းပန်ကြဖို့ကို တိုက်တွန်းလိုက်ပါရစေ။ သီးတင်းကျွတ်ကာလမှာ ကျေးဇူးများပြားလှတဲ့ မိဘဆရာတွေကို ပူဇော်ကန်တော့ရင်း ကောင်းကျိုးအမျိုးမျိုး ချမ်းသာတိုးအောင် ဆောင်ယူကြရမည့် ကာလလေးမှာ အတ္တ မာန တွေ ခဝါချလို့ ဂရုဂါရဝတွေ နဲ့ ဆရာမိဘတွေ ကန်တော့ ကြပြီး လောကကို အလှဆင်နိုင်ပါစေလို့ ဆန္ဒပြုရင်း တောင်းပန်ခွင့်လွှတ် သီတင်းကျွတ်ဆိုတဲ့ ပဝါရဏာ အတွေးလေးကို ရေးသားဖေါ်ပြလိုက်ရပါတယ်။ #crd တောငျးပနျ ခှငျ့လှှတျ... သီတငျးကြှတျ =========================== သီတငျးကြှတျလပွညျ့နေ့မှာ ထရျေကွီးထရျေငယျ အသှယျသှယျတို့ဟာ နီးရာစုပေါငျးပွီး ကြောငျးတဈကြောငျးမှာ ထုံးတမျးဟောငျးစဉျလာ ဓမ်မတာနှငျ့အညီ ပဝါရဏာပှဲတောျကွီးကို နှှဲပြောျကွပါတေ့ာမယျ ဒီပဝါရဏာ ဆိုတာဟာ မွတျစှာဗုဒ်ဓရဲ့ ငွိမျးခမြျးရေး လမျးပွ အဆုံးမဖွဈသလို အပွဈကငျးခွငျးအစ တောငျးပနျကနျတော့ခွငျး ပွုကွလို့ သွဝါဒပေး ဆုံးမပေးသှားခွငျး တဈမြိုးလို့လညျး နားလညျခံယူမိပါတယျ ဒီပဝါရဏာပှဲတောျကွီးဆီ တကျရောကျပွီး ထရျေကွီးဝါကွီး ဆရာတောျကွီးမြားဆီမှာ သောျလညျးကောငျး၊ မိမိတို့အခငြျးခငြျးအကွားမှာ သောျလညျးကောငျး ...ပုထုဇဉျအလြောကျ ပေါျပေါကျခဲ့သညျ့ အမှားဟူသညျ့ အပွဈရှိက အပွနျအလှနျ ဝနျခံထောကျပွ ဆိုဆုံးမဖို့ ဖိတျမာနျခှငျ့ရတဲ့ပှဲမို့လညျး အရှငျတို့အတှကျ လကျမလှတျတမျး ကွှလှမျးရမညျ့ ပှဲတောျ တဈခုလညျး ဖွဈပါတယျ ဒီပှဲတောျကွီးမှာ ဆုံးဆညျးပူဇောျ ဖူးမြှောျခှငျ့သာတဲ့ ထရျေသံဃာတို့ဟာ မိမိထကျ သီလ သမာဓိ ပညာ သိက်ခာမွငျ့မား ဆရာတောျကွီးမြားမို့ မိမိတို့ရဲ့ ယုံမှားသံသယမှ အစ ကွား-မွငျ.သိထား အပွဈမြား ရှိပါက သှနျသငျညှနျပွ ဆိုဆုံးမလို့ ခုရော နောငျခါ သံသရာထိ အကြိုးရှိအောငျ အပွနျအလှနျ အကြိုးဆောငျပေးကွတယျလို့ ခံယူနားလညျမိပါတယျ။ လူရယျလို့ ဖွဈလာရငျ ရဟန်တာမဖွဈသေးသမြှ မောဟဆိုတဲ့ အမှားဦးစီးပီး အနညျးနဲ့အမြား လကျကိုငျထားနေ ခေါငျးဆောငျထားနကွေအုံးမှာက ပုထုဇဉျလူသားတိုငျးပါပဲ။ အနာသိရငျ ဆေးရှိတယျ ဆိုတဲ့စကားအရ အမှားကိုသိရငျ ထိုအမှားကို ခြဖွေတျပေးမယျ့ ဆေးဆိုတာ ရှိတာမြိုးပါ ပဝါရဏာ ပွုခွငျးဟာလညျး အပွဈကို စငျအောငျ မကုစားနိုငျသောျမှ ထပျမမှားအောငျ ကွိုးစား ရှောငျနိုငျအောငျ သတိတော့ ဆောငျသှားနိုငျမယျလို့ ထငျမိပါတယျ တခြို့က မိမိမှားမှနျး သိပါလကြျနဲ့ မာနကို မခခြငြျတာနဲ့တငျ အမှားကိုပဲ အမှနျလုပျနတေတျ ကွပွနျတယျ။ ပိဋကတျတောျတှမှော "အစ်စယံ အစ်စယတော ဒိသှာ ယထာဓမ်မံ ကရောဟိ၊ အာယတိ ံ သံဝရယြေ" ဆိုတဲ့ ပါဠိလေး ရှိတယျ။ "အပွဈကို အပွဈလို့ မွငျရငျ သိရငျ တရားသဘော အတိုငျး ပွုပါ (တောငျးပနျပါ)၊ နောငျခါ စောငျ့စညျးပါ (ထပျမလုပျမိပါစနေဲ့)"တဲ့။ ဘယျလောကျ သဘာဝကလြိုကျသလဲ..?။ တကယျတော့ "တောငျးပနျခွငျး"ဆိုတာ နရောတကာ မိမိက မှားနလေို့ မဟုတျနိုငျပါဘူး။ လူနှဈဦးကွားက သံယောဇဉျကို ပိုတနျဖိုးထားတတျ လို့လညျး ဖွဈနိုငျပါတယျ။ ခှငျ့လှှတျခွငျးဖွငျ့ ရှုံးဆိုတာမရှိနိုငျသလို အမုနျးဆိုတာမြိုးလဲ ကနြျခဲ့မယျမထငျပါဘူး အပွနျအလှနျ လှတျလပျခှငျ့ပေးခွငျးတဈမြိုးလို့ နားလညျပွီး မှားရငျ ဝနျခံပွီး ကြအေေးပါရနျ တောငျးပနျတဲ့အခါ အပွဈကနေ အခစြျတောငျ ဖွဈလာအုံးမယျထငျပါတယျ ခစြျတော့ အကြိုး မွတျနိုးတော့ သဒ်ဓါဆိုတဲ့အတိုငျး ဒီကနေ အကွောငျးအကြိုး မှီပွီး ကောငျးကြိုးတှေ တညျလာမယျလို့ ယုံကွညျမိပါတယျ စာပမှော လာတဲ့ 'အရှငျဒဝေဒတ်တ'ရဲ့ တောငျးပနျခွငျးလေးက 'အမတဓာတျ'ကို လကျမှတျဖွတျပေး လိုကျနိုငျသလို 'အဋ်ဌိူရ'ပစ်စကေဗုဒ်ဓါ ဖွဈခှငျ့ကိုလညျး ပေးစှမျးနိုငျတာဟာ တကယျ့မှတျသားစရာ သာဓက တဈခုမဟုတျပါလား 'တောငျးပနျခွငျး'ရဲ့ အကြိုးကြေးဇူးကို ပွတဲ့ ထငျရှားလှတဲ့ ဒီသမိုငျး သာဓကလေး တဈခုဟာ မှားပွီးရငျး မှားနကွေဦးမဲ့ ကိုယျလိုပုထုဇဉျ လူသားမြားအဖို့ "အမှားအတှကျ ဖွဆေေးတဈခှကျ" ရှိကွောငျး သကျသပွေလို့ နပေါတယျ။ အဇာတသတျ မငျးမွတျရဲ့ ဘဝဇာတျကို ပွနျကွညျ့တေ့ာလညျး တောငျးပနျမှုဟာ အရေးပါ အရာရောကျခဲ့တယျမလား ဒီတော့ အမှားသိက ဝနျခံ ဖိတျမာနျ တောငျးပနျတတျကွခွငျးဟာလညျး သူတောျကောငျးတို့ရဲ့ အစဉျအလာ ဓမ်မတာလို့ပဲ ခံယူသငျ့ပါတယျ .. အမှားဆိုတာလညျး အမှနျတရားဆီကို လမျးပွပေးတဲ့ ဆရာသမား တဈဦးသဖှယျ တနျဖိုးရှိပါတယျ အမှားဆိုတာ ထပျတလဲလဲ ပွနျတှေးပွီး နောငျတနဲ့ ပူဆှေးနရေမဲ့ အရာ မဟုတျပါဘူး။ လိုအပျတဲ့အခါ ဘဝလမျးညှနျအဖွဈ စိတျဓာတျအငျးအား တိုးပှားအောငျ ကွိုးစားတှေးယူလို့ရတဲ့အရာသာ ဖွဈပါတယျ ရှငျဒဝေဒတျနဲ့ ပေါငျးခဲ့မိလို့ အကွောငျးမှားမြားစှာ ပွုခဲ့မိတဲ့ အဇာတသတျမငျးသညျပငျ အကြိုးဆကျအားဖွငျ့ အပါယျလားလို့ နရေပါတယျ ဆရာဇီဝကကို အမှီရလို့ ဘုရားထံမှောကျ အရောကျသှားလကြျ တောငျးပနျစကား လြှောကျထားပွီး အမှားကို အခြိနျမီ အမှနျပွငျနိုငျခဲ့လို့ နောငျအခါအတှငျ ပစ်စကောဗုဒ်ဓါ အရှငျတဈပါး အနအေားဖွငျ့ ဝငျ့ကွှားနိုငျအုံးမှာမဟုတျပါလား ဒီလို အတိတျဖွဈရပျမြားကို စဉျးစားမိတော့ အမှားရှိက အမှနျသိအောငျ နောငျတ တဖနျ ပူပနျနမေညျ့အစား အခငြျးခငြျးကွားက အလှဲအမှားလေးတှကေို တောငျးပနျလိုကျခွငျးဟာ ကောငျးကြိုးမြားစှာ ဖွဈထှနျးလာမှာ မလှဲပါဘူးလို့ ယုံကွညျမိပါတယျ အရှငျဒဝေဒတျနှငျ့ အဇာတသတျတို့ရဲ့ဇာတျလမျးကို ကွညျ့မိတဲ့အခါ အမှားဆိုတာ ဘဝရဲ့ လမျးပွကွယျလညျး ဖွဈနိုငျသေးတယျဆိုတာ တှေးသိနိုငျပါတယျ အမှားကောငျးက မီးမောငျး ထိုးပွလို့ ဘဝလမျးမှနျပေါျရောကျ၊ ပေါကျမွောကျသှားနိုငျတယျဆိုတာလဲ လကျခံရမှာပါ ကိုယျရဲ့အမှားတို့ကို ကွီးမားသော အခှငျ့ရေးအဖွဈ ရှုမွငျသုံးသပျ ဆုံးဖွတျတတျမယျဆိုရငျတော့ အရှုံးဇာတျကို ကခှငျ့ရမယျ မထငျပါဘူး ထို့အပွငျ ဗုဒ်ဓမွတျစှာသညျ ‘သာသနာတောျ စညျပငျ သနျ့ရှငျးရေး၊ ရဟနျးတောျမြား ကိုယျကငြျ့ ကောငျးရေး’ အတှကျ ဝဖေနျရေးကို အားပေးခဲ့သလို အမှနျအတိုငျး ပွောဆိုနိုငျရေးကိုလညျး အစဉျ တံခါးဖှငျ့ပေးခဲ့တယျ ဆိုတာ လေ့လာသိရှိနိုငျပါတယျ ခြှတျခြောျ မှားယှငျးနမှေုမြား မွငျနပေါလကြျ၊ သိနပေါလကြျ ပွောခှငျ့ ဆိုခှငျ့ မရှိ။ အ,အကွီးလို နှုတျပိတျနခွေငျး၊ နှုတျဆိတျနရေခွငျးမြိုးကို မွတျစှာဘုရားက လိုလားတောျမူဟနျမတူပါဘူး။ မိမိမှာ ခြှတျယှငျးခကြျ အပွဈ တဈစုံ တဈရာ ရှိနလြှေငျ အမှနျအတိုငျး အမွနျ ပွုပွငျနိုငျရေးကိုလညျးကောငျး၊ ခြှတျယှငျးခကြျ အမှားမြား တှေ့မွငျနရေလြှငျ စိတျသဘောထား ကွီးမားစှာဖွငျ့ မဆိုငျး မတှ ထောကျပွနိုငျရေးကိုလညျးကောငျး လမျးဖှငျ့ပေးတောျမူခဲ့ပါတယျ။ လောကတှငျ “ မမှားသော ရှေ့နေ၊ မသသေော ဆေးသမား ” မရှိသလို အမွောျအမွငျကွီးမား ပညာရှငျမြားရဲ့ ညှှနျပွခကြျ၊ ဝဖေနျခကြျ မရယူဘဲ “ ငါ့လှေ ငါထိုး ပဲခူးရောကျ,ရောကျ၊ ငါ့မွငျး ငါစိုငျး စဈကိုငျးရောကျ,ရောကျ” ဟု ငါထငျရာ ငါ့သဘော ငါတကော,ကောနပေါလြှငျ ပကြျစီး ဆုံးရှုံးခွငျး၊ နဈနာခွငျးမြားဖွငျ့ ရငျဆိုငျရမညျမှာ မလှဲဘူးဆိုတာ ယနေ့ကမ်ဘာမှာ သကျသပွေစရာ အမြားကွီးပါပဲ။ “ ငါတကော ကောနသေူမြား” ကို ဗုဒ်ဓမွတျစှာက ဆနျ့ကငြျ ဟနျ့တားတောျမူခဲပွီး “အပွဈမွငျလြှငျ အခငြျးခငြျး ပွောဆို ညှှနျပွခွငျး၊ အမှားမြားကို ပွုပွငျ သှားခွငျးဖွငျ့သာ ငါဘုရား၏ ပရိသတျသညျ ကွီးပှားခမြျးသာနိုငျပါသညျ။ ညီညှတျသော အစညျးအရုံးသာ အငွငျးအခုနျ ခိုကျရနျ ကငျး၍ ခမြျးသာခွငျး သုခ ရရှိနိုငျသညျ” (ဝိနညျး ပါဠိတောျ) ဟူ၍ မိနျ့ကွားတောျမူခဲ့တယျ ဆိုတာ ပဝါရဏာပှဲတောျကွီးက သကျသပေါပဲ ။ အခြုပျအားဖွငျ့ဆိုပါမူ သီတငျးကြှတျမှာ ကငြျးပသညျ့ သံဃပဝါရဏာ ပှဲတောျဟူသညျ... သံဃာတောျမြားသာမက လူသားမြားပငျ လိုကျနာကငြျ့သုံးပါက ကောငျးကြိုးတရား အလှနျမြားမညျသာ ဖွဈပါတယျ ဒါကို သိရှိ သတိပွုမိတဲ့ ရှေးမွနျမာ မိဘဘိုးဘှား ပညာရှိမြားဟာ သီတငျးကြှတျကာလ ရောကျတိုငျး အသကျဂုဏျဝါ ကွီးသူမြားကို စှမျးနိုငျရာရာ အဖွာဖွာဖွငျ့ ပူဇောျကနျတော့တဲ့အလေ့အထကို ကငြျ့သုံးခဲ့တာ ဖွဈပါတယျ။ ဤထုံးကို နှလုံးမူထားတဲ့ မိမိအနဖွေငျ့လညျး အနန်တောအနန်တငါးပါး..ခငျပှနျးကွီး(၁၀)ပါး အားလုံးတို့အပေါျတှငျ မဆငျမဆငျသောအားဖွငျ့ ကွံမှား ပွောမှား ပွုမှားမြား ရှိခဲ့ဘူးသညျကို ဝနျခံကာ ထိုထိုအမှားဟူသမြှကိုလညျး ဝနျခတြောငျးပနျ ပါတယျ။ ထို့အတူ အသကျ ဂုဏျဝါ သိက်ခာကွီးမားသူ အားလုံးတို့အားလညျး နဖူးထကျတှငျ လကျအုပျတငျလို့ ဂုဏျတောျရညျမြှောျ ပူဇောျကနျတော့လိုကျပါတယျ။ အာသီသ ဆန်ဒအနဖွေငျ့မူ သီတငျးကြှတျကာလမှာ သံဃာတောျမြား ပဝါရဏာပွုကွသလို အသိညာဏျမွငျ့မားပါတယျဆိုတဲ့ လူသားတို့အားလညျး မိမိနရော မွို့ပွဒသေ ရပျရှာ တိုငျးပွညျ ကမ်ဘာမှာ... ကောငျးကြိုးမြားစှာ ဖွဈထှနျးလာအောငျ သတိဆောငျလို့ အခငြျးခငြျးအကွားက အထငျအမွငျအလှဲအမှား သံသယမြားရှိပါက အပွနျအလှနျ ဖိတျမာနျ ဝနျခြ တောငျးပနျကွဖို့ကို တိုကျတှနျးလိုကျပါရစေ။ သီးတငျးကြှတျကာလမှာ ကြေးဇူးမြားပွားလှတဲ့ မိဘဆရာတှကေို ပူဇောျကနျတော့ရငျး ကောငျးကြိုးအမြိုးမြိုး ခမြျးသာတိုးအောငျ ဆောငျယူကွရမညျ့ ကာလလေးမှာ အတ်တ မာန တှေ ခဝါခလြို့ ဂရုဂါရဝတှေ နဲ့ ဆရာမိဘတှေ ကနျတော့ ကွပွီး လောကကို အလှဆငျနိုငျပါစလေို့ ဆန်ဒပွုရငျး တောငျးပနျခှငျ့လှှတျ သီတငျးကြှတျဆိုတဲ့ ပဝါရဏာ အတှေးလေးကို ရေးသားဖေါျပွလိုကျရပါတယျ။ #crd


via အလင်းရောင် ဓမ္မ https://ift.tt/319mKkN