အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 21, 2019
#အဆိုးဘက်ကိုချည်းမတွေးသင့်" 🕳🕳🕳🕳🕳🕳🕳🕳🕳🕳 လောကရဲ့သဘာဝဆိုတာ ကောင်းလည်းရှိတာပဲ။ အဆိုးလည်းရှိတာပဲ။ အကောင်းအဆိုး နှစ်မျိုးလုံးရှိလို့ အဆိုးဖြစ်လာတဲ့အခါ ဒါအဆိုးပါလို့ မြင်တတ်ဖို့လိုတယ်။ ဒါပေမယ့် အမြဲတမ်းအဆိုးချည်းပဲလို့ မြင်ရင်တော့ သဘာဝ မကျတော့ဘူး။ စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် ယုံကြည်မူနည်းနေတဲ့သူဟာ စဉ်းစားပုံ သူများနဲ့မတူဘူး။ ကြံကြံဖန်ဖန် အဆိုးတွေကို တွေးတတ်တယ်။ သူဟာသူ့အကြောင်းကိုသူ အဆိုးတွေးတတ်တယ်။ သူ့ပတ်ဝန်းကျင်အကြောင်းကိုလည်းဆိုးတွေးတတ်တယ်။ သူ့အနာဂတ်ကိုလည်း အဆိုးတွေးတတ်တယ်။ ကိစ္စတစ်ခုဟာ သူများအတွက် စိတ်ညစ်စရာ မဟုတ်ပေမယ့် သူ့အတွက်တော့ စိတ်ညစ်စရာ ဖြစ်နေတတ်တယ်။ အဆိုးမြင်တတ်တဲ့သူဟာ ဒီလို အဆိုးမြင်တာမှ သဘာဝကျတယ်လို့ ထင်တတ်တယ်။ အဆိုးမြင်တာမှ အမှန်အတိုင်း မြင်တာလို့ ထင်တတ်တယ်။ တစ်ခါတစ်လေ အကောင်းဖြစ်တာရှိတယ်။ အဆိုးဖြစ်တာလည်းရှိတယ်။ ရာသီဥတုလိုပေါ့။ အဆိုးဖြစ်ပြီးရင် အကောင်းပြန်ဖြစ်တာပဲ။ တစ်ခါတစ်လေ အကောင်းထဲက အဆိုး ထွက်လာတတ်သေးတယ်။ အဆိုးနဲ့ ကြုံလိုက်ရလို့ အကြံညဏ်တွေ ရပြီးတော့ ကောင်းတာကို လုပ်နိုင်တဲ့သူ ဖြစ်သွားတယ်။ အကောင်းအဆိုး နှစ်မျိုးလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီးရင့်ကျက်တဲ့သူဖြစ်မယ်။ အဆိုးနဲ့ လုံးဝမကြုံဘူးတဲ့သူဟာ ရင့်ကျက်လာဖို့ရာ မလွယ်ဘူး။ (လောကဓံဆိုးတွေဟာ ယူတတ်ရင် ကျေးဇူးတင်စရာတောင် ကောင်းတယ်) .......................................................... #ဆရာတော်ဦးဇောတိက🙏🙏🙏 ( မဟာမြိုင်တောရ)
via အလင်းရောင် ဓမ္မ https://ift.tt/32uKLnM
Newer Post
Older Post
Home