Monday, October 21, 2019

စိတ်ဆိုးတာက ဒေါသအသေးစား၊ စိတ်ကောက်တာက ဒေါသအလတ်စား၊ စိတ်နာတာက ဒေါသအကြီးစား။ ဘယ်ဒေါသမှ မကောင်းဘူး။ အဆိုးဆုံးက စိတ်နာတာပဲ။ စိတ်ဆိုးတာက ခဏလေးပြေတယ်။ စိတ်ကောက်တာက ချော့ရင်ပြေတယ်။ စိတ်နာတာကျတော့ ပြေဖို့မလွယ်သလို သံသရာနဲ့ချီပြီးတော့ကို ဒီအနာက မပျောက်ဘဲ ဖြစ်တတ်တယ်။ ကိုယ်ကသူများကို စိတ်နာရရင်လည်း မကောင်းဘူး၊ သူများက ကိုယ့်ကို စိတ်နာသွားရင်လည်း မကောင်းဘူး။ ဘယ်သူက ဘယ်သူကြောင့်ပဲ နာနာ စိတ်အနာဟာ ပူလောင်မှုနဲ့ နာကျင်မှုကိုပဲ ဖြစ်စေတယ်။ စိတ်နာပစ်လိုက်လို့ ငြိမ်းချမ်းသွားမှာတော့ မဟုတ်ဘူး။ သံသရာရှည်ဖို့ပဲ ရှိတယ်။ ဒါကြောင့် လောကအနာတွေထဲမှာ စိတ်နာတာက အဆိုးဆုံးပဲ ဖြစ်တဲ့အတွက် စိတ်နာအောင်လည်း မလုပ်နဲ့။ စိတ်လည်း မနာမိစေနဲ့။ ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။ -【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】


via အလင်းရောင် ဓမ္မ https://ift.tt/2W78XKI