အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 1, 2020
နှစ်သစ်မှာလည်း " ဘဝကောင်းတစ်ခုကို ကောင်းမှုနဲ့ဆက်ထိန်း " ဘဝကောင်းတစ်ခုဟာ ကောင်းမှုနဲ့ တည်ဆောက်ထားတာ... ဟုတ်လား? ဒီလိုနားလည်ကြ။ အဲဒီကောင်းမှု အဆက်ပြတ်ရင် ဘဝပျက်တယ်။ ကောင်းမှုအဆက်ပြတ်ရင် ဒီလှပတဲ့ဘဝဟာ တဖြည်းဖြည်းချင်း အရုပ်ဆိုးလာတယ်။ အဲတော့ ဘဝကောင်းတစ်ခုကို ဘာနဲ့ ဆက်ထိန်းမလဲ... ကောင်းမှုနဲ့ ဆက်ထိန်းကြ။ ( ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး ) 🙏🙏🙏🙏🙏🙏🙏 Copy from ko zaw myo.. Credit
via အလင်းရောင် ဓမ္မ https://ift.tt/2QyrM72

တရားအားထုတ်နေသူ ယောဂီတိုင်းအတွက် ဆောင်ရန် ရှောင်ရန်များ ======================== တရားအားထုတ်တဲ့ ယောဂီသည် ၁။ စကားနည်းရမည်။ ၂။ အစားနည်းရမည်။ ၃။ အအိပ်နည်းရမည်။ ဆောင်ပုဒ် - စကား အစား အအိပ်များ နည်းပါးကြစေရာ။ ယောဂီသည် စကားကို တိုးတိုးဟြေရမည်။ စကား ကျယ်ကျယ်ဟြေခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။ စကားတိုးတိုး ဟြေခြင်းသည် ယဉ်ကျေးသော အမူအရာဖြစ်၏။ စကားဟြေလျှင် သမာဓိ ခါးကျိုးတတ်သည်။ ခွေးသည် ခါးကျိုးလျှင် ဒရွတ်ဆွဲ နေတတ်သည်။ အဲဒီ ဥပမာအတိုင်းပဲ။ စကားဟြေသော ယောဂီသည် သမာဓိ မတက်ဘဲ သမာဓိ ခါးကျိုးနေ၏။ ဒါကြောင့် တရားအားထုတ်နေတဲ့ ယောဂီသည် စကားဟြေ ခြင်းကို ရှောင်ကျဉ်ရမည်။ စကားနှင့် သမာဓိသည် ရန်သူ ဖြစ်၏။ ဘာသိတေ သမ္ပဇာနကာရီ ဟောတိ- ဟု ဟောတော်မူ၏။ အစား နည်းရမည်။ ယောဂီသည် အစားအသောက် နည်းရမည်။ ညနေစာ ရှောင်ရမည်။ ဝအောင်စားလျှင် ထိနမိဒ္ဓ နှိပ်စက်တတ်သည်။ ဆွမ်းစားသည့်အခါ လေးငါးလုတ်ချန်၍ လျော့စားရ၏။ တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း အစားလွန်လျှင် ဘေးဖြစ်တတ်သည်။ အမှတ်နှင့်စားလျှင် ကုသိုလ်ရ၍ တရားတက်ပြီ။ အအိပ် နည်းရမည်။ ယောဂီသည် ညဉ့်သုံးယံ တစ်ယံသာ အိပ်ရမည်။ ယောဂီ (၄)မျိုးရှိ၏။ ၁။ တရား မထူး၊ အစားကြူ ၊ ဘီလူး ယောဂီခေါ်။ ၂။ တရား မတက်၊ စကားပွက်၊ ဇရက် ယောဂီ ခေါ်။ ၃။ တရား မပွား၊ အအိပ်များ၊ နဂါး ယောဂီ ခေါ်။ ၄။ တရားနှင့်ဝေး အိမ်ပြန်ပြေး စာကလေးယောဂီ ခေါ်တဲ့။ တရားအာထုတ်တဲ့ ယောဂီတစ်ဦးမှာ ပြည့်စုံရမည့် အင်္ဂါ(၅)ပါး ရှိ၏။ ၁။ ဧကော - အဖော်မပါ တစ်ကိုယ်တည်း တစ်ယောက် တည်း နေတတ်အောင် ကျင့်ခြင်း။ ၂။ ဝူပကဋ္ဌော - ဆိတ်ငြိမ်ရာသို့ ကပ်ရောက်၍ ကျင့်ခြင်း။ ၃။ အပ္ပမတ္တော - မမေ့မလျော့သော သတိရှိခြင်း။ ၄။ အာတာပီ - ကိလေသာတို့ကို လောင်မြိုက်တတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိခြင်း။ ၅။ ပဟိတတ္တော - ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်သို့ စေလွှတ်သည့် စိတ်ရှိခြင်း။ ဤအင်္ဂါ(၅)ပါးနှင့်အညီ ရှိသေလေးစားစွာ အားထုတ်လျှင် တရားထူး တရားမြတ်ကို လျှင်မြန်စွာ ရရှိနိုင်ပါသည်။ ဝိမုတ္တိ ပရိပါစနိယတတရား(၅)ပါးလို့ ခေါ်တဲ့ နိဗ္ဗာန်ကို လွယ်လွယ်ကူကူ နှင့် ရောက်နိုင်သော "သဒ္မါ ဝီရိယ သတိ သမာဓိ ပညာ"တရား(၅)ပါး ရှိ၏။ သဒ်မါတရား ၁။ သဒ္မါတရား မရှိတဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ သဒ္မါတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သဒ္မါတရား ဖြစ်ပွားစေတတ်သော တရားတော်များကို နာယူ လေ့လာ မှတ်သာခြင်း။ ဤသို့ သဒ္မါတရားနှင့်စပ်၍ သုံးမျိုး။ ဝီရိယာတရား ၁။ ဝီရိယ မရှိ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ ဝီရိယတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ ဝီရိယတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ ဝီရိယနှင့်စပ်၍ သုံးမျိုး။ သတိတရား ၁။ သတိမေ့လျော့ ပေါ့ဆတဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ သတိတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သတိတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ သတိနှင့်စပ်၍ သုံးမျိုး။ သမာဓိတရား ၁။ သမာဓိမရှိဘဲ ဥဒ္ဓစ္စ စိတ်ပျံ့လွင့်သူကို ရှောင်ကြဉ်ခြင်း။ ၂။ သမာမိတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သမာမိတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ သမာဓိနှင့်စပ်၍ သုံးမျိုး။ ပညာတရား ၁။ ပညာမရှိတဲ့ ပုဂ္ဂိုလ်ကို ရှောက်ကြဉ်ခြင်း။ ၂။ ပညာတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ ပညာတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ ပညာနှင့်စပ်၍ သုံးမျိုး။ တရားအားထုတ်သူ ယောဂီ၏ ထားရှိရမည့် အမူအရာ (၅)မျိုး ရှိ၏။ စက္ခုမာဿ ယထာ အန္ဓော သောတဝါ ဗဓိရော ယထာ။ ပညဝါဿ ယထာ မူဂေါ ဗလဝါ ဒုဗ္ဗလောရိဝ။ အထ အတ်ထေ သမုပ်ပန်နေ. သယထေ မတသာယိကံ။ (ထေရ-ဋ္ဌ-၂-၁၄၈) ၁။ ယောဂီသည် မိမိ၏ မျက်စိကို ကန်းသူကဲ့သို့ ကျင့်သုံးရမည်။ ၂။ ယောဂီသည် မိမိ၏ နားကို နားထိုင်းသူကဲ့သို့ ကျင့်ရမည်။ ၃။ ယောဂီသည် မိမိတတ်သိသော ပညာကို လူ-အ ကဲ့သို့ ကျင့်သုံးရမည်။ ၄။ မိမိ၏ ခန္ဓာကိုယ် အမူအရာကို အားမရှိသူ လူမမာကဲ့သို့ ကျင့်သုံးရမည်။ ၅။ မိမိ၏ ကိုယ်ကို လူသေကဲ့သို့ မှတ်ယူကျင့်သုံးရမည်။ လူမမာနှင့် တူစွာကျင့် ပြုကျင့် ကိုယ်အမူအရာ။ လူမမာနှင့် တူစွာကျင့် ပြုကျင့် နှုတ်အမူအရာ။ လူမမာနှင့် တူစွာကျင့် ပြုကျင့် စိတ်အမူအရာ။ ကူမဲဆရာတော်(နတ်စမ်းတောရ) မော်လမြိုင် ဖားအောက်တောရ ရိပ်သာကြီး၏ ဩဝါဒစရိယ နာယက ဆရာတော် ရေးသားသော"ယောဂီ၏ ဆောင်ရန်နှင့် ရှောင်ရန်" ကျမ်းစာမှ ကောက်နှုတ်ပူဇော်ပါသည်။ မိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ၍ တရားကောင်းကျိုး အဖြာဖြာတို့ဖြင့် ပြည့်စုံပါစေ။ မေတ္တာဖြင့် ဓမ္မ page... Credit / ဓမ္မဒါနကုသိုလ်ပြုပြန်လည်မျှဝေသူ(Su Myat)
via အလင်းရောင် ဓမ္မ https://ift.tt/2SJWU6e

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2ZI9R1L

Tuesday, December 31, 2019
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအားလုံး 🙏🙏🙏🙏🙏🙏 ၂၀၂၀ နှစ်သစ်မှာ ကံကောင်းခြင်းတွေ သာယာပျော်ရွင်ခြင်းတွေ အေးချမ်းခြင်းတွေ လာတ်လာဘ ရွင်လန်းခြင်းတွေ ဘေးရန်ကင်းခြင်း အနာရောဂါကင်းခြင်း ပြောသမျ လုပ်သမျ ကြံဆောင်သမျအောင်မြင်ခြင်းတွေ ပြည့်စုံကြပါစေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2ML3upr

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး ____________________ နှစ်သစ် ကူးတိုင်းကူးတိုင်း လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က ပိုကောင်းလာလိမ့်မယ်လို့ စိတ်ထဲ မျှော်လင့်ကြတယ်။ သို့သော် .... သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တို့ ဆိုတဲ့ အရေးပါတဲ့အခြေအနေကောင်းတွေ မဖန်တီးနိုင်ဘူး ဆိုရင် လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာ မဟုတ်ဘူး။ * ပိုကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူ ။ နှစ်သစ်အခါ သမယမှာ ပိုပြီးကောင်းလာစေချင်လို့ရှိရင် * ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်.. * ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်.. * ပိုပြီး စွန့်လွတ်မှုတွေ ခိုင်မာလာအောင်... * ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင် .... လုပ်ဖို့လိုတယ်။ အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် .. မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။ ___________________ အေး - နှစ်သစ်ကူးတာသက်သက်နဲ့တော့ ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့ လောကမှာ "အသစ်အသစ်" ဆိုတာ ရှည်တဲ့ကာလအပိုင်းကလေးတစ်ခုကို ကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ် လို့ ဒီလို ပြောကြတာ။ #ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ ဒီလကုန်ရင် နောက်လရောက်တာလည်း လအသစ် ကူးနတောပါပဲ ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ ရက်အသစ် ကူးနေတာပါ ဒီနာရီကုန်လို့ နောင်နာရီဆိုတာလည်း အသစ်ကူးနေတာပါ နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။ နေ့စဉ်နဲ့အမျှ "အသစ်၊အသစ်"တွေချည်းပါပဲ အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး အသစ်၊အသစ်တွေ ပေါ်လာနေတယ် ဆိုတာ လောကရဲ့ မတည်မြဲတဲ့၊ ရပ်တည်မနေတဲ့ အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ်။ ___________________ တကယ်စဉ်းစားကြည့်မယ် ဆိုလို့ရှိရင် အသစ်ကို မျှော်တာဟာ * တဏှာလောဘရဲ့ သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ်။ အသစ်ကို မျှော်ခြင်းသည် တဏှာမကင်းသူတို့ရဲ့ အတွေး တစ်ခုမျှသာ ဖြစ်တယ်။ နေ့စဉ်နဲ့အမျှ ကြည့်လေ နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ် ပေါ့ အဲဒီလို နေ့တွေ၊ လတွေ အသစ်အသစ် ပြောင်းနေတဲ့ အချိန်ကိုတော့ အသစ်လို့ * မထင်ဘူး။ နဲနဲလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက် ကြာညောင်းလာတဲ့အခါ ကျတော့ နှစ်ဟောင်း ကုန်လို့ နှစ်သစ် ရောက်လာပြီ လို့ လူတွေက သတိထား မိလာတာပါ။ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးမယ် ဆိုလို့ရှိရင် ... စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့ သိလာနိုင်တယ်။ အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ် ဆိုရင် #တဏှာလောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာ ဖြစ်တယ်၊ ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အသစ်ကိုမျှော်တာကို ရုတ်သိမ်းလိုက်တယ်၊ တရားအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင် * အသစ်ရော၊ အဟောင်းရော * အတူတူပါပဲ။ အသစ် မမျှော်တော့ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ... "အယမန်တိမာ ဇာတိ၊ နတ်ထိ ဒါနိ ပုနဗ်ဘဝေါ" ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ ၊ နောက်ထပ် မရှိတော့ဘူး လို့ မိန့်တော်မူပါတယ်။ အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ ဖြစ်ပါတယ်။ အသစ်မျှော်နေသေးသမျှ သံသရာထဲမှာဒုက္ခတွေနဲ့ ဆုံကြ၊ ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် * တဏှာရဲ့မျှော်လင့်ချက်မျိုး မဖြစ်ပဲနဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလအခါသမယမှာ * မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ ဖြစ်လာအောင်.. * မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ ကြီးထွားလာအောင်.. * မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်.. * မဖြစ်သေးတဲ့ ပညာတရားတွေ အသစ်ဖြစ်လာအောင်.. ကြိုးစားခြင်းသည်သာလျှင် ... တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး အားလုံးသော တရားချစ်ခင် သူတော်စင် ပရိတ်သတ်တိ်ု့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးအခါသမယမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့ ဓမ္မလက်ဆောင် ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ
via အလင်းရောင် ဓမ္မ https://ift.tt/2MImAMQ
နှစ်သစ်ကိုဘယ်လိုကြိုဆိုကြမလဲ? ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★ ဒီနေ့ည...ကုန်ဆုံးပြီးတော့ ည ၁၂နာရီထိုးတာနဲ့ နှစ်သစ်ကူးပြီ။ နှစ်သစ်ကူးကို လူတွေကြိုဆိုကြမယ်၊ ကြိုဆိုဖို့ အသင့်ဖြစ်ကြပြီလား? နာရီကတော့ သူ့ဟာသူ သွားနေတယ် ဘယ်သူကြိုဆို မကြိုဆို သူက ဂရုမစိုက်ဘူး။ ★ ဒီနာရီ အချိန်ကသွားနေတယ်။ ၂၀၂၀ ခု သူ့ဟာသူရောက်လာမယ် ပြီးရင်း သူ့ဟာသူကုန်သွားပြီးတော့၂၀၂၁ သူ့ဟာသူရောက်လာမယ် နောက်နှစ်ဒီအချိန်။ ပြီးရင် ၂၀၂၂ ပြီးရင်၂၀၂၃။ ★ ဒီလိုပဲ သက္ကရာဇ်တစ်ခုပြီးတခု ပြောင်းသွားတယ် ပြောင်းသွားတဲ့အချိန်မှာ ပျော်ရွှင်သော နှစ်သစ်ကူးဖြစ်ပါစေ Happy New Year ဆိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းပေးတာလည်း မနည်းတော့ဘူး။ ဒီလိုပဲ နှစ်တိုင်းဆုတောင်းကြတယ်။ ★ တချို့ဆုတောင်းသံတွေ မကြားမှာစိုးလို့ မီးပုံတွေ မီးပန်းတွေ အကျယ်ကြီးဖောက်တယ်လေ။ အိပ်လို့တောင်မရဘူး။ ဒီည ပြင်ထားတယ် အိပ်လို့ရချင်မှရမယ်။ ★ တချို့ကျတော့ ရောက်လာမယ့်နှစ်သစ်ကို ကြိုဆိုရမှာ စိတ်ထဲမှာကြောက်လန့်နေလို့ အရက်တွေသောက်ပြီးကြိုဆို။ ဘယ်အချိန် ပထမဆုံး နှစ်သစ်ရဲ့ နေရောင်ခြည် ထွက်လာမှန်းမသိဘူး။ အရက်မူးပြီး အိပ်ပျော်နေလို့။ ★ တချို့ကျတော့ နှစ်သစ်ကူးရောက်တော့ရောက်လာတယ် ၂၀၂၀ ဂဏန်းကတော့ ရောက်လာတယ်။ ဒါပေမဲ့ စိတ်က ၂၀၁၉ မှာရှိနေသေးတယ် ၂၀၁၈မှာရှိသေးတယ် ၂၀၁၇မှာ ရှိနေသေးတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ဗုဒ္ဓတရားတော်ကို ယူပြီးတော့ ဘုန်းဘုန်းက ခေတ်နဲ့အညီ ပြောပြတာ။ ★ အနာဂတ်ကို ကောင်းကောင်းကြိုဆိုနိုင်ဖို့အတွက် ရောက်နေတဲ့ပစ္စုပ္ပန်ကို အပြည့်အ၀အသုံးချဖို့အတွက်ဆိုရင် အတိတ်ကာလနဲ့ ရင်ကြားစေ့ရမယ်၊ မိမိရဲ့ အတိတ်ကာလ။... ★ နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို အသိအမှတ်ပြုပါ၊ အဲဒါကို လက်ခံပါ။ အဲဒါကို လက်ခံတဲ့နေရာမှာ အဲဒီ နာကျင်မှုကို လက်ခံတဲ့နေရာမှာ စိတ်က ဘယ်လိုပြုမှုတတ်တုန်းဆိုတော့ စိတ်က နံပါတ်(၁) သူများကို အပြစ်တင်တတ်တယ်၊ အဲလိုမလုပ်ဘူးဆိုရင်... နံပါတ်(၂) မိမိကိုယ်ကို အပြစ်တင်တတ်တယ်။ ဒီနှစ်ခုပဲ ဒါပဲရှိတာ။ ★ သူများကို အပြစ်တင်တယ်ဆိုရင် ဒေါသဖြစ်တယ်၊ မိမိကိုယ်ကို အပြစ်တင်တယ်ဆိုရင် ၀မ်းနည်းတယ်။ ဒေါသဖြစ်တာလည်း ဒေါသပဲ၊ ၀မ်းနည်းတာလည်းပဲ ဒေါသပဲ အဘိဓမ္မာသဘောတရားအရ။ ★ သူက မပျော်ရွှင်မှုကြီးရဲ့ အရင်းအမြစ် ရေသောက်မြစ်၊ "အကုသလမူလ"လို့ခေါ်တဲ့ ဟေတုပစ္စယောဆိုတာ ဒါလေးပဲ။ Negative ဖြစ်တဲ့ စိတ်ရဲ့အရင်းအမြစ် စိတ်ရဲ့ရေသောက်မြစ်က မပျော်ရွှင်တဲ့အရင်းအမြစ်က ပျော်ရွှင်တဲ့ အပင် အသီးတွေကို မပေးနိုင်ဘူး။ ★ ဒါကြောင့် #နှစ်ဟောင်းက နာကျင်တဲ့ မပျော်ရွှင်တဲ့ စိတ်ပျက်တဲ့ ဒေါသဆိုတဲ့ “အကုသလမူလ” တွေ ဖြစ်ခဲ့တယ်ဆိုရင် အဲဒီ "အကုသလမူလ"က အကုသိုလ်ရဲ့ အရင်းအမြစ်က #နှစ်သစ်မှာ ပျော်ရွှင်တဲ့ အသီးတွေ အပွင့်တွေ မပေးနိုင်ပါဘူး။ ★ ဒါကြောင့် မိမိရဲ့ရင်ထဲမှာရှိနေတဲ့ shortcoming ဆိုတာ ချို့ယွင်းချက်တွေ disappointment စိတ်ပျက်မှုတွေ အလိုမကျမှုတွေ အဲဒီဟာတွေကို သူ့အရှိကို အရှိအတိုင်း လက်ခံလိုက်တာ။ 🍃 #အရှိကိုအရှိအတိုင်းလက်ခံလိုက်တဲ့အခါမှာ #လက်ခံတာက #သတိတရား၊ #သတိဆိုတာ #ကုသိုလ်တရား။ 🔺 ပထမဦးဆုံး စဖြစ်တာတော့ ဒါကတော့ အကုသိုလ်စဖြစ်တာ စိတ်ပျက်မှုဆိုတဲ့ အကုသိုလ် အားမရမှုဆိုတဲ့ အကုသိုလ် မကျေနပ်မှုဆိုတဲ့ အကုသိုလ်။ 🔺အဲဒီ အကုသိုလ်ကို ကိုယ်ကြည့်တာ မှန်မှန်ကန်ကန် right attitude သတိနဲ့လက်ခံလိုက်တယ်၊ နောက်ပြီးတော့ ဒီလိုဖြစ်တတ်တယ်၊ ငါတစ်ယောက်တည်းမကဘူး၊ တစ်ကမ္ဘာလုံးမှာ ဒီလိုပဲ စိတ်ပျက်မှုတွေကြုံတွေ့ရတယ် နောင်လည်းကြုံတွေ့ကြရမှာ၊ ရှေးတုန်းကလည်း ဒီလိုပဲ သူများတွေ ကြုံတွေ့ကြရဖူးပြီ။ ★ အဲဒီလို ငါတစ်ယေက်တည်းဆိုပြီးတော့ မလုပ်ဘဲနဲ့ "အဇ္ဈတ္တံ ဝါ" မိမိလည်းဒီလို နှစ်ဟောင်းမှာ နာကြင်မှုတွေ အလိုမပြည့်မှုတွေ စိတ်ပျက်မှုတွေ ရှိခဲ့တယ် သူများတွေလည်း ရှိခဲ့တယ် "ဗဟိဒ္ဓါ ဝါ" သူများလည်းရှိခဲ့တယ်။ ★ အဲဒီလို မျှမျှတတ balance view ကြည့်တယ်ဆိုရင် အဲ့စိတ်ပျက်မှုကိုကြည့်ပြီးတော့ ကုသိုလ်တောင်ဖြစ်သေးတယ်။ နာကျင်မှုကို အကြောင်းပြုပြီးတော့ ကုသိုလ်တောင်ဖြစ်သေးတယ်။ ★ ဒါကြောင့် နာကျင်မှုကနေ နာကြည်းမှုမဖြစ်အောင်၊ နာကျင်မှုကနေ ကြင်နာမှုဖြစ်အောင် အဲဒါလေး ဘုန်းဘုန်းက ဒီနေရာပြောချင်တယ်။ ★ ကြင်နာမှုဖြစ်သွားရင် သူက positive ဖြစ်သွားပြီ။ အဲဒါကြောင့် အတိတ်ဖြစ်တဲ့ #နှစ်ဟောင်းကို positive အမြင်နဲ့ ကြည့်နိုင်တယ်ဆိုရင်၊ ရောက်လာမယ့် #နှစ်သစ်ကိုလည်းပဲ positive အင်အားနဲ့ ကြိုဆိုနိုင်ပါတယ်။ ★ လူအများစုကတော့ စိတ်ပျက်တဲ့ဟာ အလိုမကျတဲ့ဟာ ဒီအတိုင်းပဲ ကြည့် ဒီဟာလေးကိုပဲ တဝဲ၀ဲလည်လည် စဉ်စား တခါတခါကျ သိစိတ်နဲ့ တခါတခါကျ မသိစိတ်နဲ့ အဲဒါတွေစဉ်းစား၊ စဉ်းစားပြီးတော့ တဝဲလည်လည်နေတယ်။ 🔺လည်နေတယ်ဆိုရင် အဲဒီ negative emotion က လေးလံတဲ့စိတ်ခံစားမှုက ဦးဏှောက်ကိုလည်းပဲ negative ဖြစ်စေတယ်။ ★ ဦးဏှောက်ထဲမှာ အင်အားကောင်းတဲ့ positive neurons တွေကို မဖြစ်စေဘူး။ ဦးဏှောက်က positive neurons မဖြစ်စေတဲ့အခါကြတော့ ဦးဏှောက်ကနေပြီးတော့ comment ပေးတယ် အမိန့်ပေးတယ်။ ★ တကိုယ်လုံးက nerve system အဲဒီ ရုပ်ပသာဒတွေလည်းပဲ သူက ကုသိုလ်ရဲ့အထောက်အပံ့ကို မရဘူး။ စိတ္တဇရုပ်လို့ခေါ်တာပေါ့ ကောင်းမွန်းတဲ့ စိတ္တဇရုပ်ကို မရဘူး ကုသိုလ်ကနေလာတဲ့ စိတ္တဇရုပ်ကို မရဘူး။ အကုသိုလ်ကနေလာတဲ့ စိတ္တဇရုပ်ပဲသူရတယ်။ အဲဒါကြောင့် အရေးကြီးပါတယ်။ ★ #နှစ်ဟောင်းမှာရှိတဲ့ #အလိုမပြည့်မှုတွေ၊ #စိတ်ဓာတ်ကျမှုတွေ၊ အငြင်းအခုံဖြစ်တာတွေ အဲဒီဟာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ ထွက်သက်၀င်သက်ကို ဖြေးဖြေးအေးအေး သက်သက်သာသာ ရှုရှိုက်ပြီးတော့ ပြန်လက်ခံ... ပြန်လက်ခံ... ★ အဆုတ်က အောက်စီဂျင် ကောင်းကောင်းရတယ်ဆိုရင် တကိုယ်လုံးမှာရှိတဲ့ သွေးလွှတ်ကြောကနေ သွေးတွေကလည်းပဲ အောက်စီဂျင်အပြည့်အ၀ရတဲ့ သွေးတွေနဲ့ တကိုယ်လုံးကို supply လုပ်တဲ့အခါကျတော့ ဖြည့်ဆည်းတဲ့အခါကျတော့ ဒီရုပ်တရားက ကျန်းမာတဲ့ရုပ်တရားဖြစ်မယ်။ 🧘🏻♂️🧘🏻♀️ဒါကြောင့် အာနာပါန ထွက်လေ၀င်လေနဲ့ နှစ်အဟောင်းကို နှုတ်ဆက်ပါ။ 🧘🏻♂️🧘🏻♀️ထွက်လေ၀င်လေအပြည့်နဲ့ သတိတရားနဲ့ နှစ်သစ်ကို ကြိုဆိုပါ။ ❌ မေ့မေ့လျော့လျော့နဲ့ ယစ်ယစ်မူးမူးနဲ့ နှစ်ဟောင်းကို နှုတ်မဆက်ပါနဲ့၊ နှစ်သစ်ကိုလည်းပဲ အဲဒီလို မကြိုဆိုပါနဲ့။ 🍃#နှစ်ဟောင်းကိုလည်း #မုဒိတာနဲ့ကြည့်နိုင်ပါစေ။ 🍃#နှစ်သစ်ကိုလည်း #မုဒိတာနဲ့ကြိုဆိုနိုင်ကြပါစေ။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ 🙏🙏🙏 “နှစ်ဟောင်းနှင့်နှစ်သစ် – Old and New Embrace the Year Mindfully and Positively (31-12-2016)” တရားတော် မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ (သက္ကရာဇ်များ update လုပ်ထားပါသည်။) photo credit #SSBU
via အလင်းရောင် ဓမ္မ https://ift.tt/2ZBst3J

`ဆင်းရဲမွဲတေမှု လျှော့ချရေး´ ⛲⛲⛲⛲⛲⛲⛲⛲⛲ (ကောင်းလိုက်တဲ့တရား ၊ ဖတ်ကြည့်ပါ) ❖ မြတ်စွာဘုရားက ပြောပြတယ်။ အပြစ်ကင်းတဲ့ တရားတွေနဲ့ပတ်သက်ပြီးတော့ ဆင်းရဲမွဲတေရင် မကောင်းဘူးတဲ့။ ❖ ကိုယ့်သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မအရည်အချင်းတွေ ရှိရမယ်။ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာဖြစ်ရမယ်။ ဘာတွေလဲဆိုလို့ရှိရင်.... ❖ သဒ္ဓါ ကံ- ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားခြင်းဆိုတဲ့ သဒ္ဓါ၊ ဒါ အမှန်တရားပဲလို့ ဆုံးဖြတ်နိုင်ခြင်းရှိတဲ့ သဒ္ဓါ၊ ဒီ သဒ္ဒါဆိုတာ မရှိရင် ဒါ မွဲတာပဲ။ ဆင်းရဲမွဲတေတာပဲ။ ❖ ဘယ်လောက်ပစ္စည်းတွေ ချမ်းသာချမ်းသာ မီလျှံနာ၊ ဘီလျှံနာ၊ ထရီလျှံနာကြီးပဲဖြစ်ဖြစ် ကုသိုလ်နဲ့ပတ်သက်ပြီးတော့ သဒ္ဓါတရားမရှိဘူးဆို ဒီကောင် အမွဲပဲ။ ❖ ဒီကနေ့ သူဌေး၊ မနက်ဖြန် လူမွဲ၊ နောက်တစ်ရက် ငရဲပဲ။ ဒီလိုသွားတာ။ ↔ နောက်တစ်ခုက ဘာတုန်းဆို " ဟီရ်ိနဲ့သြတ္တပ္ပ " ဟီရိဆိုတာ မရှိရင် မဟုတ်တာလုပ်ရမှာ မရှက်ဘူး။ မဟုတ်တာကို မရွံဘူး။ ↔ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် အကုသိုလ်အလုပ်တွေနဲ့ ပတ်သက်ပြီး အရှက်မဲ့တာ၊ မရွံမုန်းတာ။ ↔သြတ္တပ္ပဆိုတာ မရှိရင် အကုသိုလ်တွေကို မကြောက်တာ၊ ဒုစရိုက်တွေကို မကြောက်တာ။ အဲဒီတော့ အကုသိုလ်ကို မရှက်ဘူး၊ မကြောက်ဘူး၊ မရွံဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ... အကုသိုလ်ကို လုပ်တာပေါ့။ ↔အဲဒီတော့ ဟီရိသြတ္တပ္ပဆိုတာ သူ့မှာမရှိသည့်အတွက်ကြောင့် ဒီလူကလည်းပဲ မွဲတေခြင်းပဲ။ ✔နောက်တစ်ခုက အကုသိုလ်တွေ ဖယ်ရှားပြီးတော့ ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ တည်ဆောက်နိုင်တဲ့ ရအောင်လုပ်နိုင်တဲ့ " ဝီရိယ "ဆိုတာ ကိုယ့်မှာ မရှိဘူး။ မရှိသည့်အတွက်ကြောင့် ကုသိုလ်မရဘူး။ မရတော့ သူလည်း မွဲတာပဲ။ ↔နောက်တစ်ခုက " ပညာ " ပညာဆိုတဲ့ အသိပညာ မရှိသည့်အတွက်ကြောင့် ကုသိုလ်ရအောင် မလုပ်နိုင်ဘူး။ မလုပ်နိုင်သည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ် ကုသိုလ်မရတော့ မွဲပြန်တာပဲ။ ↔ဒါကြောင့်မို့လို့ ကုသိုလ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့`သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ ပညာ´ ဒီတရားတွေ ရှိရမယ်။ ↔ဒီတရားတွေ မရှိလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ .... ကုသိုလ်ဆိုတဲ့ ရတနာတွေ မရဘူး။ ဒီတရားတွေ မရှိလို့ရှိရင် ကုသိုလ် မရှိဘူး။ ✔ မြတ်စွာဘုရားက ဥစ္စာဓနဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာ ခံရတယ်။ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ ... သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ပညာ လို့ဆိုတဲ့ ကုသိုလ်တွေနဲ့ပတ်သက်လာတဲ့ ... ဒီမွဲတေမှုက ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောတာ။ တကယ့်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ ↔မြတ်စွာဘုရားက သမာပတ္တိသုတ်မှာဆိုရင် ဘယ်လိုဟောထားတုန်းဆိုလို့ရှိရင်.... သဒ္ဓါတရားရှိနေသမျှ ကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး။ ဟီရိဆိုတာ ရှိနေသမျှ ကာလပတ်လုံး သြတ္တပ္ပဆိုတာ ရှိနေသမျှ ကာလပတ်လုံး ဝီရိယဆိုတာ ရှိနေသမျှ ကာလပတ်လုံး ပညာဆိုတာ ရှိနေသမျှ ကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး။ ✔သဒ္ဓါ တရားမရှိရင် အဿဒ္ဓိယ. မယုံကြည်မှုဆိုတာ လွှမ်းမိုးလာတာနဲ့ တစ်ပြိုင်နက် အကုသိုလ်တွေ ဖြစ်လာပြီသာ မှတ်ပေတော့။ ✔ဟီရိမရှိရင် အဟီရိကဆိုတဲ့ .... အရှက်မဲ့မှုအကုသိုလ် လွှမ်းမိုးလာတယ်။ ✔သြတ္တပ္ပမရှိရင် အနေတ္တပ္ပဆိုတဲ့ ... အကြောက်အလန့်မရှိတဲ့ သဘာဝတရား လွှမ်းမိုးလာတယ်။ ✔ဝီရိယမရှိဘူးဆိုရင် ပျင်းရိမှုဆိုတာ လာတယ်။ ✔ပညာမရှိဘူးဆိုရင် ဒုပ္ပည ပညာကင်းမဲ့လာတယ်။ ❖ အဲဒါတွေ လာပြီဆိုလိုက်တာနဲ့ အကုသိုလ်တွေ ဖြစ်ပြီလို့သာ မှတ်လိုက်ပေတော့။ ↔အကုသိုလ်တွေ ဖြစ်ပြီဆိုကတည်းက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားပြီ။ မြတ်စွာဘုရားက ဒီလိုဟောတာ။ ❖ ဒါကြောင့်မို့ ဆင်းရဲမွဲတေမှုကို လျှော့ချ လျော့ပါးအောင် ဆောင်ရွက်ရမယ်။ ↔ဘုန်းကြီးတို့တစ်တွေ .... တစ်ခဏ ပစ္စည်းဥစ္စာ ဆင်းရဲမွဲတေတာကို အဓိက မထားလေနဲ့။ ↔ကိုယ့်သန္တာန်မှာ.... အခုပြောတဲ့ သဒ္ဓါတို့၊ ဟီရိတို့၊ သြတ္တပ္ပတို့၊ဝီရိယတို့၊ ပညာတို့ ဆိုတဲ့. ကုသိုလ်တရားတွေ ရှိရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုတယ်။ ↔မရှိဘူးဆိုတဲ့ အဖြေထွက်လာရင် ရှိအောင်လုပ်ဖို့ပဲ။ ရှိတယ်ဆိုတဲ့ အဖြေထွက်လာရင် ခိုင်မာအောင်ကြိုးစားဖို့ပဲ။ ဒီနှစ်ခုဟာ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေပဲ။ ↔ လောကမှာ .... ပကတိစည်းစိမ်ဥစ္စာဓန မရှိရင် ပြဿနာမျိုးစုံတက်လာရသလိုပဲ.. ❖ ကုသိုလ်တရားတွေနဲ့ ပတ်သက်ပြီး သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ပညာ လို့ဆိုတဲ့ ဒီတရားတွေ မရှိလို့ရှိရင်လည်း ဆင်းရဲမွဲတေမှုတစ်မျိုးပဲ။ ❖ ဒါကြောင့် တို့သန္တာန်မှာ ဆင်းရဲမွဲတေမှု မဖြစ်စေရအောင် ဒီတရားတွေကိုယ့်သန္တာန်မှာ ထူထောင်ပေးကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးဒီတရားတွေ ချမ်းသာကြွယ်ဝလာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ သာဓု....သာဓု......သာဓု။ 【ဆရာတော်ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ】 Credit : Win Soe ⛲ဓမ္မဒါန ပူဇော်ပါသည်⛲ ⛲စိုးဝင်းကျော်(ယိုးဆနွင်း)⛲
via အလင်းရောင် ဓမ္မ https://ift.tt/35f1SKJ

သဒ္ဓါနှင့် စရဏ 🙏🙏🙏🙏 "သဒ္ဓါ"ဆိုတာ ယုံကြည်ချက် "စရဏ"ဆိုတာ အကျင့်ပါပဲ။ သဒ္ဓါနှင့် စရဏဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒါကြောင့် " သဒ္ဓါရှိရင် စရဏရှိသလို စရဏရှိရင်လည်း သဒ္ဓါဟာ ပိုအား ကောင်းသွားတယ်" လို့ မှတ်ရမယ်။ လူဆိုသည်မှာ သူယုံကြည်သည့်အတိုင်း တွေးခေါ်ပြီး သူတွေးခေါ်သည့်အတိုင်း ပြုလုပ်လေ့ ရှိတယ်တဲ့။ ဘာသာတရားတို့ အယူဝါဒတို့ဆိုတာ လူ့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ယုံကြည်မှု ဘာသာတရားပေါ်မှာ အခြေခံပြီး အလုပ်လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်မှု မှန်ကန်ဖို့ အရေးကြီးတယ်။ သဒ္ဓါရှိမှ အတွေးမှန်တယ်။ အတွေးမှန်မှ လုပ်ရပ်မှန်တယ်။ လုပ်ရပ်မှန်မှ ဒုက္ခငြိမ်းမယ်။ မယုံကြည်ခြင်းဟာ ဘဝပြဿနာ ••••••••••••••••••••••••••••••••• ဘုရားလက်ထက်က တောဒေယျ ပုဏ္ဏားကြီးကို ကြည့်လိုက်ပါ။ ပစ္စည်းတော့ ချမ်းသာတယ်။ ဒါပေမဲ့ သဒ္ဓါက အလွန်မွဲတယ်။ ဒီတော့ ဘာပြောလဲ။ " ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာ ကံနှင့်မဆိုင်ဘူး။ ကြိုက်တာ လုပ် ပျော်သလိုနေ ဘာကောင်းမှုမှ လုပ်စရာမလိုဘူး"တဲ့။ ဒီတော့ ပုဏ္ဏားကြီးဟာ ဘာကောင်းမှုမှ မလုပ်တော့ဘူး။ အဲဒါ ဘာကြောင့်လဲ။ သဒ္ဓါ မရှိလို့။ ဒါကြောင့် သေတော့ ခွေးဖြစ်သွားတယ်။ ဒါကြောင့် မယုံကြည်ခြင်းဟာ ဘာသာရေး ပြဿနာမဟုတ်ဘူး။ ဘဝပြဿနာပဲ။ ဘဝမှာ အရေးကြီးဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ မုသားမပါ လင်္ကာမချော •••••••••••••••••••••••• တချို့လူတွေ ဗုဒ္ဓဘာသာပဲ။ ဒါပေမဲ့ ဘာသာတရားကို အလေးအနက်မထားဘူး။ အလေးအနက် မထားခြင်းဟာ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် ပြောကြတယ်။ "မုသားမပါ လင်္ကာမချော၊ နောင်ခါလာ နောင်စျေး"တဲ့။ စဉ်းစားကြည့်ပါ။"မုသားမပါ လင်္ကာမချော"တဲ့။ လောကကြီးဟာ လိမ်မှ အဆင်ပြေတယ်၊ မလိမ်ရင် အဆင်မပြေဘူး။ ဒါကြောင့် လိမ်သင့်ရင် လိမ်ရမှာပဲတဲ့။ ဒီလို ဖြစ်သွားတယ်။ မြတ်စွာဘုရားက "မုသားစကားဆိုရင် ရီစရာတောင် မပြောရဘူး"လို့ မိန့်ခဲ့တယ်။ အဲဒါကို "မုသားမပါ လင်္ကာမချော" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဒါ"သဒ္ဓါ" မရှိလို့ပါ။ ပြီးတော့ "နောင်ခါလာနောင်စျေး" တဲ့။ ဒါလည်း ဘုရားစကားကို ပစ်ပယ်တာပဲ။ ဒီတော့ နောက်ပြဿနာ နောက်မှရှင်းမယ်။ ကြောက်စရာမလိုဘူး။ လုပ်ချင်ရာလုပ် ဒီလိုဖြစ်သွားတယ်။ တကယ်တော့ နောက်ပြဿနာကို နောက်မှ ရှင်းလို့ မရတော့ဘူး။ အခုထဲက စရှင်းထား ရမယ်။ "အခု ရေတွင်းတူး အခု ရေကြည် သောက်လို့မရဘူး" လေ။ ရေကြည်သောက်ချင်ရင် အခုကထဲက စတူးထားရမယ်လေ။ ဆိုလိုတာက နောက်ပြဿနာကို အခုကထဲက စရှင်းထားရမယ်။ အဲဒါကို "နောင်ခါလာ နောင်စျေး" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဘုရားစကားကို ပစ်ပယ်တယ် ဆိုမှတော့ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် သဒ္ဓါ မရှိရင် နောက်ကြောင်း ပြန်လှည့်ရမှာပဲ။ နောက်ကြောင်းပြန်လှည့် ဆိုတာ အပါယ်လေးဘုံကို ပြန်သွားရလိမ့် မယ်လို့ ဆိုလိုတယ်။ ယုံမှကျင့် ကျင့်မှယုံ •••••••••••••••••••• သဒ္ဓါနှင့် စရဏသည် အပြန်အလှန် အထောက်အကူ ပြုနေကြတယ်။ ဆိုလိုတာက " ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်"ပေါ့။ ဘုရားလက်ထက်က ဝေသာလီမြို့မှာ သီဟစစ်သူကြီး ဆိုတာ ရှိခဲ့ဖူးတယ်။ သူ့ဆရာက တိတ္ထိဆရာကြီး။ ဘုရားမြတ်စွာကို ဆန့်ကျင်ဘက် လုပ်နေတဲ့ တိတ္ထိဆရာကြီး။ စစ်သူကြီးဟာ ဘုရားရဲ့ဂုဏ်သတင်းတွေ ကြားရတော့ "ငါ တရားသွားနာမယ်" ဆိုပြီး ဘုရားထံ ရောက်သွားတယ်။ ဘုရားမြတ်စွာက နှုတ်ဆက်ပြီး အခြေခံတရား ကနေ သစ္စာတရားထိ ဟောလိုက်တယ်။ အဲဒီတရားတွေ နာယူပြီး "ကောင်းလိုက်တဲ့ တရား" ဆိုပြီး သဘောကျသွားတယ်။ အဲဒီနောက် ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ ဒါ စရဏပဲ။ အဲဒီလို အားထုတ်လိုက်သည့်အတွက် သောတာပန် ဖြစ်သွားတယ်။ "ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်" ဆိုတာ အဲဒါပါပဲ။ ယနေ့ခေတ်မှာလည်း ဝိပဿနာအားထုတ် လိုက်တဲ့အတွက် ဘာသာခြားကနေ ဗုဒ္ဓ ဘာသာ ဖြစ်လာတဲ့သူတွေ အများကြီးပဲ။ အဲဒါ စရဏကြောင့် သဒ္ဓါ ဖြစ်လာတာပါပဲ။ ဒီတော့ စရဏအားကောင်းဖို့ သဒ္ဓါ လိုအပ် သလို သဒ္ဓါအားကောင်းဖို့ အတွက်လည်း စရဏ လိုအပ်တယ်။ ဒါကြောင့် သဒ္ဓါနှင့် စရဏကို ဟန်ချက်ညီညီ အားထုတ်ရမယ်။ ဒါမှ ငြိမ်းချမ်းတဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် 🙏🙏🙏သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2QtB6ZW

❝ သိက္ခာရှိတယ်ဆိုတာ ❞ 🌻🌻🌻🌻🌻🌻🌻 ※ လူတစ်ယောက်က - သာသနာ့ဘောင်မှာ ရဟန်းပြုချင်တယ်ဆိုတော့ ပထမဆုံး ကိုရင် ဝတ်တယ်။ သာမဏေ ဖြစ်တော့(၁၀)ပါးသောသီလကိုထမ်းတယ်။ လူ့ဘဝထက် ပိုပြီး မြင့်မြတ်သွားတယ်။ အဲဒီကနေ နောက်တစ်နေ့ { သိမ် }တက်ပြီးတော့ သာသနာ့ဘောင်မှာ ရဟန်းဝတ်လိုက်တော့ (၂၂၇)သွယ် သိက္ခာပုဒ်ထမ်းတော့ ဘဝပိုမြင့်သွားတယ်။ ※ ဘဝတွေ ••• မြင့်မြင့်ပြီး မြတ်မြတ်သွားတာ စိန်ဘယက်ကြီးနဲ့လား ၊ ကားကြီးနဲ့လား၊ တိုက်ကြီးနဲ့လား၊ သီလနဲ့ သရဏဂုဏ်နဲ့လား။ (သီလ၊ သရဏဂုံ နဲ့ပါဘုရား၊) ※ နောက်တော့ ••• အဲဒီပုဂ္ဂိုလ်က အချိန်တန်လို့ လူပြန်ထွက်ချင်တော့ ဘာလုပ်ရလဲဆိုရင် လူ့ဘဝမှာ (၂၂၇)သွယ် သိက္ခာပုဒ် မရှိတော့ မြင့်မြတ်တဲ့ ဘဝကနေ သိက္ခာချပစ်လိုက်ရတယ်။ ※ (၂၂၇)သွယ်ကနေ - (၂၁၇) သွယ်နှုတ်တော့ သာမဏေ ဘဝကို ရောက်ပြီး (၁၀) ပါးပဲကျန်တော့တယ်။ သာမဏေ ဘဝကနေ လူထွက်တော့မယ်ဆိုတော့ နောက်ထပ် ၅ပါးထပ်နှုတ်တယ်။ ၅ပါးကျန်တယ်။ လူ့ဘဝမှာ သီလ မရှိရင် နောက်ထပ် ၅ပါးထပ်နှုတ်လိုက် ဘယ်ဘဝရောက်သွားလဲ ။ (.............) ကိုယ့်ဟာကိုယ်သာ တွက်ကြည့်ပေတော့ ။ ※ အဲဒီတော့ ••• ► မြင့်တယ်မြတ်တယ် - သိက္ခာရှိတယ်ဆိုတာ ဘာကိုသတ်မှတ်တာလဲ။ (သီလနဲ့ သရဏဂုဏ်ပါဘုရား) ► ပိုက်ဆံမရှိတာပါသလား ? ၊ ► လုပ်ငန်းကြီးတွေ မရှိတာပါသလား ? ၊ (မပါပါဘူးဘုရား၊) ► သိက္ခာမရှိတဲ့ အထဲမှာ အဲဒါတွေ မပါဘူး။ ► စက်ရုံကြီးတွေ တိုက်ကြီးတွေ မရှိရင်နေပါစေ - ► သရဏဂုဏ် (၃)ပါးနဲ့ (၅)ပါးသီလလုံရင် သိက္ခာမရှိဘူးလား ။ (ရှိပါတယ်ဘုရား) ► အဲဒါနဲ့ သတ်မှတ်ရမှာ။ ► အဲဒါက ဘဝတိုင်းမှာ ယူလို့ရရဲ့လား။ (မရပါဘုရား) ※ အဲဒါကြောင့် ••• အခုလို လူဖြစ်တဲ့ အချိန် သာသနာပွင့်တဲ့ အချိန်မှာ ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကံကို များများစိုက်ပျိုးပါ။ အဲဒါကို မလုပ်ဘူးဆိုရင်တော့ ဆုံးရှုံးသွားပါလိမ့်မယ်။ ☆#ဆရာတော်ဘုရားကြီး အသျှင်စန္ဒိမာ(အောင်လံ) တိုက်ခွဲအမှတ် (၃၂) ၊ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ စက်ရုံရပ် ၊ အောင်လံမြို့။ ဖုန်း - ၀၆၉ ၂၁၈၄၂ ❁ အပ္ပမာဒေန သမ္မာဒေထ ✍ ✹ရွှင်လန်း✹အေးချမ်း✹ပါစေ✹ Credit - original uploader April Thin
via အလင်းရောင် ဓမ္မ https://ift.tt/2F4IS7e

via အလင်းရောင် ဓမ္မ https://ift.tt/39p3FQQ

Monday, December 30, 2019
သင်ကမနေ့ကလူမဟုတ်တော့ဘူး 🙏🙏🙏🙏🙏🙏🙏🙏🙏 တစ်ခါက မြတ်စွာဘုရား ..တရားဟောနေစဉ် ဘာသာခြားတစ်ယောက်က..လာပြီးတံတွေးထွေးတော့ မြတ်စွာဘုရားက..တံတွေးကိုသုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။ အရှင်အာနန္ဒာကတော့ .. ကိုယ့်ဆရာသမားကို တော်တော်ကို စော်ကားနေပါလား။ ဒီလိုလူမျူ ိးကို အပြစ်ပေးသင့်တယ်။ မဟုတ်ရင်တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်လာတယ်။ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ဘာပြောလည်းဆိုတော့ ....."ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်းကောင်းကောင်းမသိလို့ပါ၊ သူများပြောတာတွေနားယောင်ပြီး ဒီလိုပြု မူပြောဆိုခြင်းသာဖြစ်တယ်၊ အာနန္ဒာကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ်ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်။ နောက် ဒီပုဂ္ဂိုလ်က..ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်ဖြစ်တယ်။ အဲ့တော့ဘယ်လိုလုပ် ငါ့ကို တံတွေးထွေးလို့ရမှာလဲ။ ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ် သူ့အထင်အမြင်ပေါ်ကိုသာ တံတွေးထွေးနေခြင်းဖြစ်တယ် " လို့.... ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြား ပုဂ္ဂိုလ်ကို သင်ဘာများပြောစရာရှိလဲပေါ့။ ဘာကြောင့်လည်းဆိုတော့ တံတွေးထွေးတယ်ဆိုတာလည်း စကားပြောနည်းတစ်မျူ ိးပဲ။ တစ်ခုခုပြောချင်နေပုံရတယ်၊ ဘာများလဲလို့ မေးလိုက်တယ်။ ထိုပုဂ္ဂိုလ်ကလည်း ... _______________________ #မြတ်ဗုဒ္ဓရဲ့မေတ္တာရှေ့ထားပြီး _______________________ ပြောဆို ပြု မူပုံကို မြင်တော့ "ဪ ဒီနေရာမှာ ...တခြားသူဆိုရင် ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ၊ ပြန်ရန်လိုမှာ၊ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့ တွေးရင်နဲ့ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်တော့လည်း ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူးပေါ့။ ဒါနဲ့....နောက်ဆုံး မြတ်စွာဘုရားကို တောင်းပန်ဖို့လာတယ်။ "အင်မတန်မှ မေတ္တာ ဂရုဏာကြီးမားတော်မူသော မြတ်စွာဘုရားကျွန်တော်မျူ ိးအား ခွင့်လွတ်တော်မူပါ" ဆိုပြီး တောင်းပန်လျှောက်ထားတော့၊ !!မြတ်ဗုဒ္ဓက .. ."သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့ကလာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီး ဒေါသတွေနဲ့ ငါ့အားရန်လို၍ လာခဲ့တဲ့သူ၊ ယနေ့ သင်ဟာ အမြင်မှန်ရပြီး ငါ့အား ရန်လိုမှု မရှိပဲလာတဲ့ ပုဂ္ဂိုလ်၊ သင်ဟာ လူအသစ်ပဲ၊ နောက်လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ ဒီ ၂၄နာရီ အတွင်း အများကြီး ဖြစ်ပျက်ခဲ့ပြီးပါပြီ။ မနေ့က သင်ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း အခု....ငါမဟုတ်တော့ဘူး၊ ဒါကြောင့် ဘာပြဿ နာအငြိုးအတေးမှမရှိတဲ့ သင်လူအသစ်အား ...ခွင့်လွှတ်စရာ၊ ခွင့်မလွှတ်စရာ ...အကြောင်းကိုမရှိပါဘူး ..."လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။"!! #COCONUTCRAB The eXistence မှ ဘာသာပြန်ပူဇော်သည်။ အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2F66GaS
သင်ကမနေ့ကလူမှမဟုတ်တော့ဘူး 🙏🙏🙏🙏🙏🙏🙏🙏🙏 တစ်ခါက မြတ်စွာဘုရား ..တရားဟောနေစဉ် ဘာသာခြားတစ်ယောက်က..လာပြီးတံတွေးထွေးတော့ မြတ်စွာဘုရားက..တံတွေးကိုသုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။ အရှင်အာနန္ဒာကတော့ .. ကိုယ့်ဆရာသမားကို တော်တော်ကို စော်ကားနေပါလား။ ဒီလိုလူမျူ ိးကို အပြစ်ပေးသင့်တယ်။ မဟုတ်ရင်တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်လာတယ်။ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ဘာပြောလည်းဆိုတော့ ....."ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်းကောင်းကောင်းမသိလို့ပါ၊ သူများပြောတာတွေနားယောင်ပြီး ဒီလိုပြု မူပြောဆိုခြင်းသာဖြစ်တယ်၊ အာနန္ဒာကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ်ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်။ နောက် ဒီပုဂ္ဂိုလ်က..ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်ဖြစ်တယ်။ အဲ့တော့ဘယ်လိုလုပ် ငါ့ကို တံတွေးထွေးလို့ရမှာလဲ။ ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ် သူ့အထင်အမြင်ပေါ်ကိုသာ တံတွေးထွေးနေခြင်းဖြစ်တယ် " လို့.... ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြား ပုဂ္ဂိုလ်ကို သင်ဘာများပြောစရာရှိလဲပေါ့။ ဘာကြောင့်လည်းဆိုတော့ တံတွေးထွေးတယ်ဆိုတာလည်း စကားပြောနည်းတစ်မျူ ိးပဲ။ တစ်ခုခုပြောချင်နေပုံရတယ်၊ ဘာများလဲလို့ မေးလိုက်တယ်။ ထိုပုဂ္ဂိုလ်ကလည်း ... _______________________ #မြတ်ဗုဒ္ဓရဲ့မေတ္တာရှေ့ထားပြီး _______________________ ပြောဆို ပြု မူပုံကို မြင်တော့ "ဪ ဒီနေရာမှာ ...တခြားသူဆိုရင် ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ၊ ပြန်ရန်လိုမှာ၊ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့ တွေးရင်နဲ့ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်တော့လည်း ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူးပေါ့။ ဒါနဲ့....နောက်ဆုံး မြတ်စွာဘုရားကို တောင်းပန်ဖို့လာတယ်။ "အင်မတန်မှ မေတ္တာ ဂရုဏာကြီးမားတော်မူသော မြတ်စွာဘုရားကျွန်တော်မျူ ိးအား ခွင့်လွတ်တော်မူပါ" ဆိုပြီး တောင်းပန်လျှောက်ထားတော့၊ !!မြတ်ဗုဒ္ဓက .. ."သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့ကလာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီး ဒေါသတွေနဲ့ ငါ့အားရန်လို၍ လာခဲ့တဲ့သူ၊ ယနေ့ သင်ဟာ အမြင်မှန်ရပြီး ငါ့အား ရန်လိုမှု မရှိပဲလာတဲ့ ပုဂ္ဂိုလ်၊ သင်ဟာ လူအသစ်ပဲ၊ နောက်လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ ဒီ ၂၄နာရီ အတွင်း အများကြီး ဖြစ်ပျက်ခဲ့ပြီးပါပြီ။ မနေ့က သင်ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း အခု....ငါမဟုတ်တော့ဘူး၊ ဒါကြောင့် ဘာပြဿ နာအငြိုးအတေးမှမရှိတဲ့ သင်လူအသစ်အား ...ခွင့်လွှတ်စရာ၊ ခွင့်မလွှတ်စရာ ...အကြောင်းကိုမရှိပါဘူး ..."လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။"!! #COCONUTCRAB The eXistence မှ ဘာသာပြန်ပူဇော်သည်။ အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2F66GaS
❖ ကိုယ့်စိတ် ကောင်းခဲ့ရင် … အကျိုးပေးကောင်းမယ် ကိုယ့်စိတ် ဆိုးခဲ့ရင်… အကျိုးပေးဆိုးမယ်။ ❖ ငါအဆင်မပြေတာ စိတ်ညစ်ရတာ ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်ပုံချမနေပါနဲ့။ ❖ ငါအခုကောင်းနေတာပဲ ငါ့ကျမှဘာလို့ အဆင်မပြေဖြစ်ရတာလဲ ဒုက္ခတွေ့ရတာလဲလို့ ညည်းမနေပါနဲ့။ ❖ ဘဝဆိုတာ ဒီတစ်ဘဝတည်း ဖြစ်တည်နေတာမဟုတ်ဘူး၊ အကြောင်းတရားမဲ့ပြီး ဘယ်အကျိုးတရားမှ မဖြစ်ဘူး… ကိုယ့်ကြောင့်ချည်းပဲဆိုတာ သိပါ။ ✿ (ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ) ✿
via အလင်းရောင် ဓမ္မ https://ift.tt/2Q9v01L

အ ဆင် တန် ဆာ 👑👑👑👑👑 ■ လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ် ပေးကမ်းစွန့်ကျဲခြင်းဖြစ်သည်။ ■ နား၏ အဆင်တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားနှင့်ပညာရှိစကား ကြားနာခြင်းဖြစ်သည်။ ■ ပါးစပ်၏ အဆင်တန်ဆာသည် ဆိုးဆေးတို့မဟုတ် မှန်ကန်သော သစ္စာစကားပြောကြားခြင်းသာဖြစ်သည်။ ■ ကိုယ်၏ အဆင်တန်ဆာသည် ဘယက် ဒွာဒရာ မဟုတ် မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းသာဖြစ်သည်။ (သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ) . . {ပဋ္ဌာန်းပူဇော်ကြသူများ} . https://ift.tt/30yjhw5 https://ift.tt/2vV1p2i
via အလင်းရောင် ဓမ္မ https://ift.tt/369TT34
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)