အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, November 24, 2019
သိလေမစွဲလန်းလေ ➖➖➖➖➖➖➖ လူအများစုဟာ အာရုံတွေနဲ့ အပန်းဖြေလေ့ ရှိပါတယ်။ အမြင်, အကြား, အနံ့ , အရသာ, အတွေ့အထိ ဆိုတဲ့ အာရုံတွေက လူတွေကို ဒုက္ခ မပေးပါဘူး။ အပြင် အာရုံတွေနဲ့ မိမိတို့ရဲ့ အာရုံခံ အင်္ဂါတွေ တိုက်လိုက်တိုင်း တိုက်လိုက်တိုင်း စိတ်တွေဖြစ်ကြတယ်။ စိတ်ဖြစ်တာနဲ့ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်ကတော့ ဖြစ်တာပါပဲ။ စိတ်တွေ ဖြစ်လိုက်တာနဲ့ အကျိုးပေမယ့် သတ္တိတွေပါ တစ်ပါတည်း တွဲဖြစ်ပါတယ်။ ဒီသတ္တိတွေက အခု ဘဝမှာဖြစ်စေ, နောင်ဘဝမှာဖြစ်စေ ဆိုင်ရာအကျိုးတွေ ပေးဦးမှာပါ။ အာရုံကိုသိတဲ့ သိစိတ် ဖြစ်လိုက်တာနဲ့ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း ဆိုတဲ့ ခံစားမှုက ချက်ချင်း ဖြစ်ပါတယ်။ မှတ်သားမှု အလိုလို ဖြစ်လာပါတယ်။ တစ်စုံတစ်ခု တုန့်ပြန်မှု ဖြစ်ချင်လာပါတယ်။ ခံစားမှု, မှတ်သားမှု ပြင်းထန်ရင် ပြင်းထန်သလောက် စွဲသွားတော့တာပါပဲ။ ဒီအစွဲက တော်တော်နဲ့ ဖျောက်လို့ မရပါဘူး။ အကြောင်း တိုက်ဆိုင်လာတိုင်း အဲဒီ အစွဲက ခံစားမှု ဝေဒနာအဖြစ် ပြန်ပြီး ခံစားပြန်ပါတယ်။ ခံစားလိုက် စွဲလိုက်။ စွဲလိုက် ခံစားလိုက်နဲ့ အာရုံကို ရှောင်လွှဲဖို့ နေနေသာသာ အာရုံမှာ စိတ်က နှစ်နေပါတော့တယ်။ ဘုရားက မစွဲဖို့ ပြောတယ်။ လူအများစုက မစွဲပါဘူးလို့ ပြောပေမယ့် စိတ်က အလိုအလျောက် စွဲနေပြီး ဖြစ်နေတယ်။ အာရုံတွေကို စိတ်က သိတယ်၊ စွဲတယ်။ အာရုံကို သိလိုက်တာနဲ့ နဲနဲလေးဖြစ်ဖြစ် စွဲတာကတော့ စွဲတာပါပဲ။ အာရုံ တံခါးပေါက်တွေကို ပိတ်ထားလို့ မရပါဘူး။ အာရုံကို သိတဲ့စိတ်နဲ့ စွဲတဲ့စိတ်ကို လေ့လာကြမယ်။ စိတ်က သိမ်မွေ့လွန်း, မြန်ဆန်လွန်းလို့ ချက်ချင်း မကြည့်နိူင်သေးရင် ကြမ်းတမ်းတဲ့ ကိုယ်ကာယကြီးကို ကြည့်ပါ။ ကိုယ်ကာယကြီးရဲ့ တစ်နေရာရာကို သတိလေးကပ်ပြီး ကြည့်လိုက်ပါ။ လှုပ်နေတာ, တိုးနေတာ, ပူနေတာ, အေးနေတာ စတဲ့ သဘာဝ တရားတွေ အဆက်မပြတ် ပြောင်းလဲ၊ ပျောက်ပျက်၊ ဖောက်ပြန်နေတာ တွေ့ပါမယ်။ ဒီသဘောတွေကို စဉ်ဆက်မပြတ် ကြည့်နေမယ် ဆိုရင် ပေါ်လိုက် ပျောက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ကလွဲလို့ ဘာမှ မရှိပါဘူး။ ဘာမှ မထူးဆန်းတဲ့ ဒီသဘာဝတွေကို ဘာမှ မခံစားတော့ဘူး ဆိုရင် ဘာမှ မစွဲလန်းတော့ပါဘူး။ ဒါက ကာယကိုကြည့်ပြီး မစွဲလန်းဖို့ လေ့ကျင့်ခြင်း ဖြစ်ပါတယ်။ စိတ်ကို ကြည့်ပါ။ အာရုံကို သိတယ်၊ ခံစားတယ်၊ မှတ်သားတယ်၊ တုန့်ပြန်တယ်။ ဒါတွေဘဲ တစ်ချိန်လုံးလိုလို ဖြစ်နေတယ်။ အခိုက်အတန့် တစ်ခုမှာ ဖျတ်ကနဲပေါ်ပြီး ဖျတ်ကနဲ ပျောက်သွားပါတယ်။ ဘာမှ မထူးဆန်းပါဘူး။ သေသေချာချာ သိလေ မစွဲလန်းလေပါပဲ။ ဒီလို ကိုယ်နဲ့စိတ်မှာ သဘာဝအတိုင်း ပေါ်နေတာတွေကို သတိ ဉာဏ်နဲ့ သိနေတာဟာ သတိပဋ္ဌာန် ဖြစ်ပါတယ်။ ဝိပဿနာလည်း ဖြစ်ပါတယ်။ အခုလို ပွားများပေးရင် ကိုယ်နဲ့စိတ်ကို အမှန်အတိုင်း သိသွားပါတယ်။ ဒါဆို မစွဲလန်းတော့ပါဘူး။ အပြင် အာရုံတွေကိုလည်း မစွဲလန်းတော့ပါဘူး။ ရှောင်လွှဲလို့ မရတဲ့ အာရုံတွေကို မစွဲနဲ့ဆိုတဲ့ ဘုရား အဆုံးအမကို ကိုယ်တွေ့ လိုက်နာ ကျင့်သုံးချင်တယ် ဆိုရင် အခုလိုဘဲ ပွားများပေးရပါမယ်။ ဒေါက်တာသစ်လွင် Credit သိေလမစြဲလန္းေလ ➖➖➖➖➖➖➖ လူအမ်ားစုဟာ အာ႐ုံေတြနဲ႕ အပန္းေျဖေလ့ ရွိပါတယ္။ အျမင္, အၾကား, အနံ႕ , အရသာ, အေတြ႕အထိ ဆိုတဲ့ အာ႐ုံေတြက လူေတြကို ဒုကၡ မေပးပါဘူး။ အျပင္ အာ႐ုံေတြနဲ႕ မိမိတို႔ရဲ႕ အာ႐ုံခံ အဂၤါေတြ တိုက္လိုက္တိုင္း တိုက္လိုက္တိုင္း စိတ္ေတြျဖစ္ၾကတယ္။ စိတ္ျဖစ္တာနဲ႕ ကုသိုလ္စိတ္နဲ႕ အကုသိုလ္စိတ္ကေတာ့ ျဖစ္တာပါပဲ။ စိတ္ေတြ ျဖစ္လိုက္တာနဲ႕ အက်ိဳးေပမယ့္ သတၱိေတြပါ တစ္ပါတည္း တြဲျဖစ္ပါတယ္။ ဒီသတၱိေတြက အခု ဘဝမွာျဖစ္ေစ, ေနာင္ဘဝမွာျဖစ္ေစ ဆိုင္ရာအက်ိဳးေတြ ေပးဦးမွာပါ။ အာ႐ုံကိုသိတဲ့ သိစိတ္ ျဖစ္လိုက္တာနဲ႕ ႏွစ္သက္ျခင္း၊ မႏွစ္သက္ျခင္း ဆိုတဲ့ ခံစားမႈက ခ်က္ခ်င္း ျဖစ္ပါတယ္။ မွတ္သားမႈ အလိုလို ျဖစ္လာပါတယ္။ တစ္စုံတစ္ခု တုန့္ျပန္မႈ ျဖစ္ခ်င္လာပါတယ္။ ခံစားမႈ, မွတ္သားမႈ ျပင္းထန္ရင္ ျပင္းထန္သေလာက္ စြဲသြားေတာ့တာပါပဲ။ ဒီအစြဲက ေတာ္ေတာ္နဲ႕ ေဖ်ာက္လို႔ မရပါဘူး။ အေၾကာင္း တိုက္ဆိုင္လာတိုင္း အဲဒီ အစြဲက ခံစားမႈ ေဝဒနာအျဖစ္ ျပန္ၿပီး ခံစားျပန္ပါတယ္။ ခံစားလိုက္ စြဲလိုက္။ စြဲလိုက္ ခံစားလိုက္နဲ႕ အာ႐ုံကို ေရွာင္လႊဲဖို႔ ေနေနသာသာ အာ႐ုံမွာ စိတ္က ႏွစ္ေနပါေတာ့တယ္။ ဘုရားက မစြဲဖို႔ ေျပာတယ္။ လူအမ်ားစုက မစြဲပါဘူးလို႔ ေျပာေပမယ့္ စိတ္က အလိုအေလ်ာက္ စြဲေနၿပီး ျဖစ္ေနတယ္။ အာ႐ုံေတြကို စိတ္က သိတယ္၊ စြဲတယ္။ အာ႐ုံကို သိလိုက္တာနဲ႕ နဲနဲေလးျဖစ္ျဖစ္ စြဲတာကေတာ့ စြဲတာပါပဲ။ အာ႐ုံ တံခါးေပါက္ေတြကို ပိတ္ထားလို႔ မရပါဘူး။ အာ႐ုံကို သိတဲ့စိတ္နဲ႕ စြဲတဲ့စိတ္ကို ေလ့လာၾကမယ္။ စိတ္က သိမ္ေမြ႕လြန္း, ျမန္ဆန္လြန္းလို႔ ခ်က္ခ်င္း မၾကည့္နိူင္ေသးရင္ ၾကမ္းတမ္းတဲ့ ကိုယ္ကာယႀကီးကို ၾကည့္ပါ။ ကိုယ္ကာယႀကီးရဲ႕ တစ္ေနရာရာကို သတိေလးကပ္ၿပီး ၾကည့္လိုက္ပါ။ လႈပ္ေနတာ, တိုးေနတာ, ပူေနတာ, ေအးေနတာ စတဲ့ သဘာဝ တရားေတြ အဆက္မျပတ္ ေျပာင္းလဲ၊ ေပ်ာက္ပ်က္၊ ေဖာက္ျပန္ေနတာ ေတြ႕ပါမယ္။ ဒီသေဘာေတြကို စဥ္ဆက္မျပတ္ ၾကည့္ေနမယ္ ဆိုရင္ ေပၚလိုက္ ေပ်ာက္လိုက္၊ ျဖစ္လိုက္ ပ်က္လိုက္ကလြဲလို႔ ဘာမွ မရွိပါဘူး။ ဘာမွ မထူးဆန္းတဲ့ ဒီသဘာဝေတြကို ဘာမွ မခံစားေတာ့ဘူး ဆိုရင္ ဘာမွ မစြဲလန္းေတာ့ပါဘူး။ ဒါက ကာယကိုၾကည့္ၿပီး မစြဲလန္းဖို႔ ေလ့က်င့္ျခင္း ျဖစ္ပါတယ္။ စိတ္ကို ၾကည့္ပါ။ အာ႐ုံကို သိတယ္၊ ခံစားတယ္၊ မွတ္သားတယ္၊ တုန့္ျပန္တယ္။ ဒါေတြဘဲ တစ္ခ်ိန္လုံးလိုလို ျဖစ္ေနတယ္။ အခိုက္အတန့္ တစ္ခုမွာ ဖ်တ္ကနဲေပၚၿပီး ဖ်တ္ကနဲ ေပ်ာက္သြားပါတယ္။ ဘာမွ မထူးဆန္းပါဘူး။ ေသေသခ်ာခ်ာ သိေလ မစြဲလန္းေလပါပဲ။ ဒီလို ကိုယ္နဲ႕စိတ္မွာ သဘာဝအတိုင္း ေပၚေနတာေတြကို သတိ ဉာဏ္နဲ႕ သိေနတာဟာ သတိပ႒ာန္ ျဖစ္ပါတယ္။ ဝိပႆနာလည္း ျဖစ္ပါတယ္။ အခုလို ပြားမ်ားေပးရင္ ကိုယ္နဲ႕စိတ္ကို အမွန္အတိုင္း သိသြားပါတယ္။ ဒါဆို မစြဲလန္းေတာ့ပါဘူး။ အျပင္ အာ႐ုံေတြကိုလည္း မစြဲလန္းေတာ့ပါဘူး။ ေရွာင္လႊဲလို႔ မရတဲ့ အာ႐ုံေတြကို မစြဲနဲ႕ဆိုတဲ့ ဘုရား အဆုံးအမကို ကိုယ္ေတြ႕ လိုက္နာ က်င့္သုံးခ်င္တယ္ ဆိုရင္ အခုလိုဘဲ ပြားမ်ားေပးရပါမယ္။ ေဒါက္တာသစ္လြင္ Credit
via အလင္းေရာင္ ဓမၼ https://ift.tt/2DdEulA
Newer Post
Older Post
Home