Saturday, November 30, 2019

အဆင်မပြေမူလေးကို ဒုက္ခလို့ ထင်နေတယ်ဆိုလို့ရှိရင်သေခြင်းတည်းဟူသော ဒုက္ခကြီးကို မြင်အောင် ကြည့်ကြည့်လိုက်စမ်းပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬ ပျက်စီးမူတွေ ကြုံလို့ ဒုက္ခရောက်ရတယ်လို့ ထင်စရာ ရှိတယ်။ သို့သော် တကယ်လေးလေးနက်နက် တွေးမယ်ဆိုရင်တော့ ပျက်စီးမူကြုံတိုင် ဒုက္ခရောက်တာ မဟုတ်ဘူးဆိုတာကို ထောက်ထားပြီးတော့ စွဲမက်မူ မကင်းလို့သာလျှင် ဒုက္ခဖြစ်ရတယ်ဆိုတဲ့ အဖြေမှန်ကို ရအောင် ရှာတတ်ဖို့ လို့တယ်။ ဘာလို့ဆိုတော့ ဦးဇင်းတို့တစ်တွေ ပျက်စီးမူကြုံတိုင်း ဒုက္ခကြုံတာမှ မဟုတ်ဘဲကိုး။ ဘဝရဲ့ ဘေးတွေက အိုခြင်း နာခြင်း သေခြင်း။ အဲဒါကမှ တကယ်ကြီးကျယ်တဲ့ဘေးတွေဗျ။ တစ်ချို့ဘေးတွေက ဘေးတွေလို့ ထင်ကောင်း ထင်လိမ့်မယ်။ အဲဒါတွေလည်း ဘေးမဟုတ်ဘူးလို့ မဆိုလိုပါဘူး။ အဲဒါလည်း ဘေးတွေပါပဲ တကယ်ကတော့လေ။သို့သော် အဲဒီဘေးတွေကို ဘာကြောင့် ကြီးတယ်လို့ ထင်နေသလဲဆိုရင် သေခြင်းတည်းဟူသောဘေးကြီးကို မမြင်သေးလို့။ ဆိုကြပါစို့… တော်ရုံတန်ရုံ အဆင်မပြေမူလေးတွေ ဖြစ်လာတယ်။ အဲဒီအဆင်မပြေမူလေးကို ဒုက္ခလို့ ထင်နေတယ်ဆိုလို့ရှိရင် သေခြင်းတည်းဟူသော ဒုက္ခကြီးကို မြင်အောင် ကြည့်ကြည့်လိုက်စမ်း။ ဒါ ဦးဇင်းက အကြံပေးကြည့်ကြည့်တာနော်။ သစ္စာရွှေစည်ဆရာတော် သစ္စာရွေစည်စာကြည့်တိုက်မှ ကူးယူဖော်ပြသည်


via အလင်းရောင် ဓမ္မ https://ift.tt/2L8hQPP