အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 25, 2019
သစ္စာဆို၍ မေတ္တာပွားနည်း 🙏🙏🙏🙏🙏🙏🙏 လောကမှာ သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ တကယ် ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ရှိရင် သစ္စာရဲ့စွမ်းအားဟာ ရှိတယ်။ မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်းနဲ့တော့ ရချင်မှ ရမှာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာစကားဟာ မှန်ကန်ဖို့လဲ လိုအပ်တယ်။ မှန်မှန်ကန်ကန်လည်း ဆိုရမယ်။ စိတ်စွမ်းအားတွေအားလုံး အသုံးချပြီးတော့ လုပ်ဖို့ လိုအပ်တယ်။ သစ္စာဆိုတာ မှန်တာကိုပြောတာ။ ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အမှားရှိချင်ရှိနေမယ်။ ဒါကြောင့်မို့ ... ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆိုပုံကို ရတန သုတ်ကနေယူပြီး နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင် လို့ ဒီမှာထည့်သွင်းထားတာ။ ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ်ကလေးတွေပဲ။ အလုပ်သွားပြီ၊ တစ်ခုခု လုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို သစ္စာလေးဆိုပေါ့။ သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အကုန်ပါတယ်။ ကြည့်လေ...။ ____________________ “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ဣဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။” ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။ “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ်ဂသေု ဝါ ယံ ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။ အဲဒီတော့ “ယံ ကိဉ်စိ ဝိတ်တံ”- လောကမှာ နှစ်သက်စရာကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာရှိတာတွေရော၊ လောကမှာ ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။ “ယံ ကိဉ္စိ”- ရှိသမျှ ရတနာတွေအားလုံး၊ “န နော သမံ အတ္ထိ တထာဂတေန”- မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။ လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရား တည်းဟူသော ရတနာကို မမီပါဘူး။ ဒီလို ဆိုလိုတယ်။ အဲဒါဟာ မှန်ကန်သောစကားတစ်ခုဖြစ်တယ်။ “ဣဒမ်ပိ ဗုဒ်ဓေ ရတနံ”- လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။ တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။ အဲဒီမှန်သောစကားကို ဆိုရသောကြောင့် ... သတ္တဝါတွေ ချမ်းသာကြပါစေ။ ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။ ___________________ အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ ကိုယ့်အတွက်တင်မကဘူး၊ အများသတ္တဝါတွေအတွက်ပါ သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။ အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွား မယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။ နံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာတွေကို လိုချင်တယ်၊ တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ ညနေပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ် ဆိုလို့ရှိရင် ဒီအတိုင်း လိုက်နာကြရမယ်။ 🙏🙏🙏 ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး {ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ} Credit: Young Buddha Association. ဓမ်မ ဒါန #mawthi . {ပဋ္ဌာန်းပူဇော်ကြသူများ} . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i .
via အလင်းရောင် ဓမ္မ https://ift.tt/2KRpa21
Newer Post
Older Post
Home