အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 25, 2019
#ဘုရားပေးခဲ့သောဥပမာ(ကုသိုလ် နှင့် အကုသိုလ်) ══════════ ✴ အကုသိုလ် • • • ❖ ၁။ အဆိပ်ပါသောမိုးခါးရည်နှင့် အကုသိုလ်ကို ဥပမာပေးထားသည်။ဥပမာပေးထားပုံမှာ အဆိပ်ပါသောမိုးခါးရည်သည် သောက်ဆဲမှာပင် အဝင်အရမ်းဆိုးပြီး အရမ်းခါးသလို သောက်ပြီးလို့ အဆိပ်ဆေးစွမ်းပြလာလျှင်လည်း ဒုက္ခဆင်းရဲရကာ သေပွဲဝင်ရသည်။ ထိုသို့ပင်.. လူတစ်ယောက်သည်အကုသိုလ်(မကောင်းမှု) အလုပ်ကို ပင်ပန်းဆင်းရဲကြီးစွာ (စေတနာမပါလို့ပဲလုပ်လုပ်၊မပျော်မရွှင်ပဲလုပ်လုပ်၊ စိတ်မပါလို့ပဲ လုပ်လုပ်) အကုသိုလ် အလုပ်ကိုလုပ်လျှင် မျက်မှောက်တွင်လည်း မိုးခါးရည်ကိုသောက်ရာ အလွန်ခါးသကဲ့သို့ ဆင်းရဲဒုက္ခရောက်ရပြီး အဆိပ်အစွမ်းပြချိန် ရောက်သောအခါ ဆင်းရဲဒုက္ခကြီးစွာ သေပွဲဝင်ရသကဲ့သို့ အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါ ဆင်းရဲဒုက္ခများရသည်။ ❖ ၂။အဆိပ်ပါသောအချိုရည်နှင့်ထပ်ပြီး မြတ်စွာဘုရားက အကုသိုလ်ကို ဥပမာပေးထားပြန်သည်။ ဥပမာပေးထားပုံမှာ အဆိပ်ပါသော အချိုရည်သည် သောက်ဆဲခဏတွင် ချိုမြိန်စွာသောက်လို့ကောင်းသည် ၊ သို့သော် အဆိပ်ပါသောကြောင့် ထိုအဆိပ် ဆေးစွမ်းပြလာချိန်တွင် ထိုအချိုရေကို သောက်သော သူသည် ဆင်းရဲဒုက္ခရောက်ရကာ သေပွဲဝင်ရသည်။ ထိုသို့ပင် လူတစ်ယောက်သည် အကုသိုလ်(မကောင်းမှု) အလုပ်ကို ချမ်းသာစွာ (စေတနာပါပါလုပ်လုပ်၊ ပျော်ရွှင်ဝမ်းမြောက်စွာ လုပ်လုပ် စိတ်ဝင်တစားလုပ်လုပ်)မျက်မှောက်တွင် အချိုရည်ကို သောက်ရ၍ ချိုမြိန်သောအရသာ ချမ်းသာကို ခဏပင်ခံစားရသော်လည်း အချိုရည်ထဲတွင်ပါသော အဆိပ်ဆေးအစွမ်းပြလာသောအခါ ဆင်းရဲ ဒုက္ခကြီးစွာ သေပွဲဝင်ရသကဲ့သို့ အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါ ဆင်းရဲဒုက္ခများရသည်။ ✴ ကုသိုလ် • • • ❖ ၁။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက ဆကျလကျ၍ ကုသိုလျကို ဆေးခါးကြီးနှင့် ဥပမာပေးသည်။ ဥပမာပေးပုံမှာ ဆေးခါးကြီးသည် အလွန်တရာမှခါးသော ရောဂါပျောက်စေတတ်သော ဆေးဖြစ်သည်။ ရောဂါဖြစ်နေသော လူတစ်ယောက်အဖို့ ခံစားနေရသော ရောဂါဝေဒနာများကို သက်သာ ပျောက်ကင်းစေရန် အလွန်အဝင်ဆိုးပြီး အလွန်ခါးလွန်းသည့် ဆေးခါးကြီးကို သောက်သုံးရမည်ဖြစ်သည်။ သို့မှသာ ခံစားနေရသော ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်သည်။ ထိုသို့ပင် ကုသိုလ်အလုပ်ကို ပင်ပန်းဆင်းရဲကြီးစွာ(စေတနာမပါလို့ပဲလုပ်လုပ်၊ မပျော်မရွှင်ပဲလုပ်လုပ်၊ စိတ်မပါလက်မပါပဲလုပ်လုပ်......) ကောင်းမှုအလုပ်ကို ပြုလျှင် မျက်မှောက်တွင် အလွန်တရာ မှခါးသော ဆေးခါးကြီးကို သောက်ရသော်လည်း ဆေးခါးကြီးဆေးစွမ်းပြချိန် တွင်ခံစားနေရသော ရောဂါဝေဒနာများ သက်သာပျောက်ကင်းသွား သကဲ့သို့ ကုသိုလ်အကျိုးပေးချိန်တန်လာသောအခါ ပြုလုပ်ထားသော ကောင်းမှုကုသိုလ် အလျောက် ချမ်းသာသုခများရကြသည်။ ❖ ၂။နောက်တမျိုးဥပမာတစ်ခုက အနံ့အရသာနဲ့ ပြည့်စုံသော စတုမတူနဲ့ ဥပမာပေးထားပါတယ်။ စတုမတူဆိုတာ အလွန်တရာမှ စားရတာအရသာရှိပြီး အဟာရဓာတ်စာ ဆေးတစ်မျိုးဖြစ်သည်။ ထိုအရာကိုစားလျှင် စားဆဲခဏမှာပင် အရသာရှိသကဲ့သို့ စားပြီးလျှင်လည်း ကျန်းမာခြင်းကို ပေးစွမ်းနိုင်သည့် အဟာရ ရရှိစေမှာဖြစ်သည်။ ထိုကဲ့သို့ပင်.. ကုသိုလ်အလုပ်ကို ချမ်းသာစွာ (စေတနာပါပါလုပ်လုပ်၊ ပျော်ရွှင်ဝမ်းမြောက်စွာလုပ်လုပ် ၊ စိတ်ဝင်တစားလုပ်လုပ်.....)ကောင်းမှုကုသိုလ် အမှုကို ပြုလျှင် စတုမတူကိုစားတုန်းတွင်လည်း အရသာရှိပြီးစားလို့ကောင်းသလို စားပြီးလျှင်လည်း ကျန်းမာခြင်း အဟာရကိုပေးစွမ်း သကဲ့သို့ ကုသိုလ်ကိုပြုဆဲ မျက်မှောက်တွင်လည်း ချမ်းသာပြီး နောင်တွင်လည်း ကုသိုလ်အကျိုးပေးချိန်တန်လာသောအခါတွင်လည်း ကိုယ်တိုင် ပျော်ရွှင်စွာပြု ထားသော ကုသိုလ် အကျိုးပေးအလျောက် ချမ်းသာသုခကို ခံစားရမှာဖြစ်သည်။ ❖ အချုပ်အားဖြင့်ဆိုရသော် မကောင်းမှု (အကုသိုလ်) အလုပ်တွေကို ပျော်ရွှင်စွာ လုပ်သည်ဖြစ်စေ/ မပျော်မရွှင် လုပ်သည်ဖြစ်စေ၊ အတင်းအကြပ်လုပ်ခိုင်းလို့လုပ်သည်ဖြစ်စေ/ ကိုယ်ကိုတိုင် စေတနာပါ၍လုပ်သည်ဖြစ်စေ၊ ဝါသနာပါ၍ လုပ်သည်ဖြစ်စေ/ ဝါသနာမပါ၍ လုပ်သည်ဖြစ်စေ၊ စိတ်ဝင်တစား လုပ်သည်ဖြစ်စေ/ စိတ်မဝင်မစား လုပ်သည်ဖြစ်စေ၊ အကုသိုလ်အလုပ်တွေကို ပြုလုပ်နေသူများသည် နောင်တွင် မကောင်းကျိုးပေးကာ ဆင်းရဲဒုက္ခရောက်ရသည်။ ❖ ကောင်းမှု(ကုသိုလ်)အလုပ်တွေကို ပျော်ရွှင်စွာ လုပ်သည်ဖြစ်စေ/ မပျော်မရွှင် လုပ်သည်ဖြစ်စေ၊ အတင်းအကြပ်လုပ်ခိုင်းလို့လုပ်သည်ဖြစ်စေ/ ကိုယ်ကိုတိုင် စေတနာပါ၍ လုပ်သည်ဖြစ်စေ၊ ဝါသနာပါ၍ လုပ်သည်ဖြစ်စေ/ ဝါသနာမပါ၍ လုပ်သည်ဖြစ်စေ၊ စိတ်ဝင်တစား လုပ်သည်ဖြစ်စေ/ စိတ်မဝင်မစား လုပ်သည်ဖြစ်စေ၊ ကုသိုလ်အလုပ်တွေကို ပြုလုပ်နေသူများသည် နောင်တွင်ကောင်းကျိုးပေးကာ ချမ်းသာသုခများကို ခံစားရမှာ ဖြစ်သည့်အတွက် စာဖတ် သူများလည်း မကောင်းမှုကို မလုပ်ဖြစ်အောင် သတိတရားများဖြင့် နှလုံးသွင်းကာ ရှောင်ကြဉ်ပြီး ကုသိုလ်တရားများကို မလုပ်မဖြစ် ပြုလုပ်ကြကာ ချမ်းသာသုခ ရရှိကြပါစေလို့ ဆုတောင်းမေတ္တာဖြင့် တိုက်တွန်းရင်း............... (#သီတဂူဆရာတော်ဘုရားကြီး) (ဒေါက်တာအရှင်ပညိဿရ ဟောကြားတော်မူသော တရားတစ်ပုဒ်ကိုအမှီပြုရေးသားပြီးဓမ္မဒါနအဖြစ်မျှဝေပါသည်) Mg Chan Nyein Win (မှတစ်ဆင့်ကူးယူဓမ္မဒါနတင်ပြပါသည်) ❖ ကောင်းကျိုးမှန်သမျှ လိုရာပြည့်စုံကြပါစေဗျာ။ Win Soe ★ _/\\_ သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ၊_/\\_ ★
via အလင်းရောင် ဓမ္မ https://ift.tt/35vSzql
Newer Post
Older Post
Home