အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 30, 2019
ဘဝဆိုတာ ▬▬▬▬▬ ★ များသောအားဖြင့် ဗုဒ္ဓရဲ့ အဆုံးအမကို မရကြတဲ့ အနောက်တိုင်းတို့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြောလေ့ဆိုလေ့ရှိကြတယ်။ နောင်ဘဝကိုလည်း မယုံကြည်ဘူး၊ အတိတ်ဘဝရှိတယ်ဆိုတာလည်း မယုံကြည်ဘူး။ မယုံကြည့်သည့် အတွက်ကြောင့် ဒီဘဝကို အဆုံးသတ်ရမှာ ကိုတော့ သိတယ်။ ★ ဘဝတစ်ခု အဆုံးသတ်ရမှာကို သိတယ်။ သိသည့်အတွက်ကြောင့် ဘဝတစ်ခု အဆုံးမသတ်ခင် ဘာလုပ်ရမလဲ ဆိုရင် ပျော်ပျော်နေဖိ့ုပဲ တိုက်တွန်းတယ်။ ဒါကြောင့်မိ့ု သူတို့ရဲ့ လက်သုံးစကား တစ်ခုဟာ “Life is too Short, Enjoy Yourself” ဆိုတာ သူတိ့ု ပြာနေကြစကားတစ်ခုပဲ။ ★ ဘဝဆိုတာ သိပ်တိုတယ်။ ပျော်ပျော်နေပါလိ့ု ပြောတာ။ သို့သော် အဲဒါ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ မဟုတ်ဘူး။ ဘဝဆိုတာ တိုတယ်ဆိုတာ မှန်တယ်။ ပျော်ပျော်နေရမှာလား ဆိုတဲ့ အဖြေကိုတော့ ထုတ်လိ့ုမရဘူး။ ★ တကယ်ထုတ်သင့်တဲ့ အဖြေက ဘဝဆိုတာ အလွန်တိုတောင်းတယ်။ ဒါ့ကြောင့်မိ့ု သတိရှိရှိ၊ ပညာရှိရှိနဲ့ ရင်ဆိုင်နိုင်ဖိ့ု ကြိုးစားပါလိ့ုပဲ ပြောရမှာဖြစ်တယ်ပေါ့။ ★ ဘဝရဲ့ အခက်အခဲ တွေကို သတိမကွာ အသိပညာဖြင့်ရင်ဆိုင်လိုက်မှ မှန်ကန်တဲ့ ရင်ဆိုင်မှုဖြစ်တယ်။ အဲဒါမျိုးကို ရင်ဆိုင်ဖိ့ု မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘဝရဲ့ အခြေနေအရပ်ရပ်ကို သွန်သင်ပြသ ဆုံးမတာသာဖြစ်တယ်။ ★ ခန္ဓာကိုယ်ရလာတာဟာ ဒုက္ခကြီးကို ရလာတာသာဖြစ်တယ် ဆိုတာ အင်မတန်မှ သေချာတယ်ပေါ့။ မျက်စိရလာသည့် အတွက်ကြောင့် အကောင်း မရှိဘူးလားလိ့ု၊ မြတ်စွာဘုရားက နေရာတိုင်းမှာ ခွဲခြားပြီးတော့ ပြောလေ့ရှိတယ်။ ★ အကောင်းချည်းလည်း မပြောဘူး၊ အဆိုးချည်းလည်း မပြောဘူး။ အကောင်းနဲ့ အဆိုး နှစ်ခုရှိတာကို ထုတ်ဖော်ပြီးတော့ ရှင်းပြတယ်။ ဘဝဆိုတာ အကောင်းချည်းပဲလားဆိုတော့ အကောင်းချည်းပဲလည်း မဟုတ်ဘူး၊ ဒါဖြင့် ဘဝဆိုတာ စိတ်ပျက်စရာချည်းပဲလားဆိုတော့ စိတ်ပျက်စရာချည်းလည်း မဟုတ်ဘူး။ ★ ဘဝမှာ အကောင်းဆိုတာ ဘာလဲ။ အကောင်းကို မြတ်စွာဘုရားက “အဿာဒ” ဆိုတဲ့ စကားလုံးလေးကို သုံးပြတယ်။ “အဿာဒ” ဆိုတာ ကျေနပ်စရာ။ ကျေနပ်စရာ အခြေအနေ။ ★ ဘဝမှာ ကျေနပ်စရာရှိလိ့ု လူတွေဟာ ဘဝမှာ ပျော်လေ့ရှိတာပေါ့။ ပျော်ကြတယ်လေ၊ ဘဝရလာပြီဆိုလို့ရှိရင် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်တယ်။ အပေါင်းအသင်းတွေနဲ့ လူ့ဘဝမှာ ကြင်ဖက်တွေနဲ့ ပျော်ကြတယ်၊ သားတွေ သမီးတွေနဲ့ ပျော်ကြတယ်။ ★ ဟော.. ဘဝကို အကြောင်းပြုပြီးတော့ရလာတဲ့ ပျော်ရွှင်မှုတွေ၊ ပီတိ၊ သုခ၊ သောမနဿ လို့ဆိုတဲ့ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုတွေ မရှိဘူးလားလို့ဆိုတော့ ရှိပါတယ်။ ★ ဒါဖြင့် ဒီပျော်စရာသက်သက်လားလို့ဆိုတဲ့ အခါကျတော့ ဘဝကြီးဟာ တည်မြဲမှု မရှိဘူး၊ ထာဝရ ပြောင်းလွဲပြီးတော့ နေတယ်။ နုပျိုရာက အိုမင်းလာတယ်၊ ကျန်းမာရာကနေပြီးတော့ မကျန်းမမာတွေ ဖြစ်လာတယ်။ ★ အသက်ရှင်ရာကနေ သေဆုံးလာတယ်ဆိုတာတွေ လူ့ဘဝမှာ မခွဲချင်ဘဲနဲ့ ခွဲရတာတေ၊ွ မိဘတွေနဲ့ ခွဲရတယ်၊ မိသားစုနဲ့ ခွဲရတယ်။ မဖြစ်ချင်တာတွေ ဖြစ်လာခြင်းဟာ ဘဝရဲ့ “အာဒီနဝ” လိ့ု ခေါ်တဲ့ အပြစ်တွေပဲ ဖြစ်တယ်။ ★ အဲတော့ ဘဝဟာ ကျေနပ်စရာချည်းလည်း မဟုတ်ဘူး၊ အပြစ်ချည်းလည်း မဟုတ်ဘူး။ အကောင်းနဲ့ အဆိုး ရောနေတယ်ဆိုတဲ့ သဘာဝကို ဆင်ခြင်သုံးသပ်နိုင်ရမယ်လိ့ု ဒီလိုပြောတာ။ ★ အကောင်းချည်း မြင်တဲ့လူကလည်း ဘဝပေါ်မှာ တွယ်တာမှုတွေများမှာပဲ။ အဆိုးချည်းမြင်တဲ့လူကလည်းပဲ အကောင်းဆိုတာ မရှိဘူး၊ ရှိရဲ့သားနဲ့ မရှိအောင် neglect လုပ်ထားရာ ရောက်တယ်ပေါ့။ ★ အဲဒါကြောင့်မိ့ု အကောင်းကိုလည်း သိရမယ်၊ အဆိုးကိုလည်း သိရမယ်။ ဒါဖြင့် ဒီလိုအကောင်းအဆိုး ရောထွေးနေတဲ့ ဘဝကြီးကနေ လွတ်မြောက်ဖိ့ုအတွက် ဘာလုပ်ရမှာလဲ။ ★ ထွက်ပေါက်ကတော့ ဘာလဲလို့ဆိုရင် ဘဝပေါ်မှာ တွယ်တာနေတဲ့ တွယ်တာမှုကို ဖယ်ရှားခြင်းဟာ ထွက်ပေါက်ပဲ ဖြစ်တယ်။ လောကလူတွေဟာ တွယ်တာမှု ရှိတဲ့နေရာမှာ သောက လာနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ★ မိသားစုပဲကြည့် ကြင်ဖော်ကြင်ဖက်ရွေးကြတဲ့ လောကမှာလူတွေ ပထမဆုံး မသိခင်က၊ တစ်ဦးတစ်ဦး မသိခင်က တွယ်တာမှု မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အချိန်မှာ သူနဲ့ပတ်သက်ပြီး သောကဆိုတာ မရှိသေးဘူး။ ★ ပစ္စည်းဥစ္စာလည်း ထို့အတူပဲ ကိုယ်ပိုင်ဆိုင်မှု မရှိသေးသမျှကာလပတ်လုံး အဲ့ဒီ ပစ္စည်းဥစ္စာအပေါ်မှာ စိုးရိမ်သောကဆိုတာ မဖြစ်ဘူး။ ကိုယ်နဲ့ ပတ်သက်လာပြီဆိုတာနဲ့ တပြိုင်နက် သောကဆိုတာ ဝင်လာတာပေါ့။ ★ ဒါကြောင့်မိ့ု “Where there is an attachment, there is a worry” ဆိုတာ အဲဒါကိုပြောတာ။ attachment ရှိတဲ့နေရာမှာ worry လာတယ်ဆိုတာ... ဒါ သေချာပေါက်ပဲ။ ★ လူတွေရဲ့ရင်ထဲမှာ တွယ်တာမှု ကင်းစင်မှုမရှိလို့ရှိရင် သောကဟာ ဝင်ရောက်နေအုံးမှာပဲ ဖြစ်တယ်။ တွယ်တာမှု ကင်းစင်တဲ့လူရဲ့ နှလုံးသားကသာလျှင် အေးချမ်းတဲ့ နှလုံးသားဖြစ်နိုင်တယ်။ ★ တွယ်တာမှုတွေ ရှိနေသမျှ သောကတွေလာနေအုံးမှာပဲ ဆိုတာ.. ဒါ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေပဲ။ ဘဝဆိုတာ ထာဝရ အဆင်ပြေ နေမှာချည်းလည်း မဟုတ်ဘူး၊ ထာဝရ အဆင်မပြဘူးလည်း မဟုတ်ဘူး။ အဲ့တော့ ဘာလုပ်ရမလ။ဲ ကိုယ်ရလာတဲ့ ဘဝလေးကို တန်ဖိုးရှိရှိ အသုံးချနိုင်မှုသာလျှင် အဓိကဖြစ်တယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏 “ဗုဒ္ဓဧ။်သမီးတော်များ၏ ရင်တွင်းစကား တရားတော်အပိုင်း(၁၁)” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ #mp3_link https://ift.tt/369aapc ဆရာတော်ဘုရား တရားတော်များနာယူရန်⤵️ https://ift.tt/2KxSUjF #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2Y2bgiQ
Newer Post
Older Post
Home