အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 28, 2019
🙏 ဘုရားရှိခိုး စိတ်လွင့်သူ ရှိမခိုးသူနဲ့ တူ,မတူ 🙏 အရှင်ဘုရား.... တပည့်တော်မသည် ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်ဘုရား။ တပည့်တော်မ ည၊ မနက် ဘုရားရှိခိုးလျှင် ဖြစ်စေ၊ အားလပ် သည့် အချိန်၌ ဂုဏ်တော် ကိုးပါးတို့ကို ရွတ်ဆိုနေလျှင် ဖြစ် စေ ပါးစပ်က ရွတ်ဆိုနေပေမယ့် စိတ်ကတော့ အပြင်ထွက် နေပါသည် ဘုရား။ အဲဒါ ရှိမခိုးတဲ့ သူတွေနှင့် တူနေပါသ လားဘုရား။ ဘာမျှ အကျိုးအာနိသင်မရ ဖြစ်နေပါသလား ဘုရား။ ဖြေရှင်းပေးတော်မူပါဘုရား။ ဥမ္မာကြည်( သံဖြူဇရပ်) 🙏🙏🙏🙏🙏 ဘုရားလက်ထက်က မိစ္ဆာဒိဌိသူငယ်ကလေး ခြေထောက်ကို ဘီလူး ဆွဲသဖြင့် အိပ်ရာမှ ယောင်ယမ်း၍ " နမော ဗုဒ္ဓါယ" ဟု ရွတ်ဆိုသဖြင့် ဘီလူး မစားဝံ့ဘဲ စားစရာများ ပူဇော် သွားရပုံ၊ အလမ္ပာယ်ပုဏ္ဏား နဂါးနှင့်တွေ့၍ အဓိပ္ပာယ် မသိ သော်လည်း သူတစ်ပါး ရွတ်ဆိုသံ ကြားဖူး၍ " နမော ဗုဒ္ဓါယ" ရွတ်ဆိုသဖြင့် နဂါးက ရွှေရတနာ ပန်းခိုင်ဖြင့် ပူဇော် သွားပုံ တို့ကို သာဓကပြု၍ ပါးစပ်က ဂုဏ်တော်တို့ကို အသံထုတ်၍ ရွတ်ဆို ပူဇော်နေက ရတနာသုံးပါး၌ စိတ် ညွတ် နေမှု၊ အသံထုတ်၍ ကြည်ညိုပူဇော်နေမှု၊ နေ့စဉ် နိဗဒ္ဓ နိစ္စဓူဝ ပူဇော်နေမှု တို့ကြောင့် ရှိမခိုး၊ ဝတ်မပြုသူတို့ထက် များစွာ သာလွန်နေပါသည်။ သို့သော် စိတ်အပြင်မထွက်အောင် အာရုံပြု၍ ဘုရားရှိခိုး စာတို့ကို မိမိနားလည်သော ( ပါဠိဘာသာဖြစ်က) အနက် ပါဆိုမှု၊ မြန်မာဘာသာ ဘုရားရှိခိုး ဖြင့် ရွတ်ဆိုမှု၊ နေ့စဉ် ဆိုနေကျ အစဉ်ကို ပြောင်း၍ ဆိုမှု၊ စိတ်ပျံ့လွင့်သွားက ထပ်ခါထပ်ခါ ပြန်လည် ရွတ်ဆိုမှု၊ ဖြည်းဖြည်း အသံထုတ်၍ စဉ်းစား ရွတ်ဆိုမှု တို့ကို လေ့ကျင့် ပြုလုပ်က အသံနှင့် စိတ် အာရုံ ညီမျှလာနိုင်ပါသည်။ ထို့ထက် စိတ်ကို နိုင်နင်းရန် ဝိပဿနာ ဘာဝနာ ပွားမှုကို အလေ့အကျက် ပြုပေးရန် လိုအပ်ပါသည်။ အနည်းဆုံး မည်သည့် ရိပ်သာနည်းဖြင့်မဆို ၁၀ ရက် စခန်းခန့် ဝင် ရောက် ကျင့်သုံးကြည့်လျှင် စိတ်လွင့်မှုများကို ထိန်းသိမ်းနိုင် ပါလိမ့်မည်။ လက်တွေ့ ကျင့်သုံးကြည့်စေလိုပါသည်။ ဆရာတော်ဦးတိလောကသာရ (ရဝေထွန်း) ၏#ဘာသာရေးပြဿနာများ စာအုပ်မှကူးယူ၍ဓမ္မဒါနပြုပါသည်။ 🙏 ဘုရားရှိခိုး စိတျလှင့ျသူ ရှိမခိုးသူနဲ့ တူ,မတူ 🙏 အရှငျဘုရား.... တပည့ျတောျမသညျ ဝနျထမျးတဈဦး ဖွဈပါသညျဘုရား။ တပည့ျတောျမ ည၊ မနကျ ဘုရားရှိခိုးလြှငျ ဖွဈစေ၊ အားလပျ သည့ျ အခြိနျ၌ ဂုဏျတောျ ကိုးပါးတို့ကို ရှတျဆိုနလြှေငျ ဖွဈ စေ ပါးစပျက ရှတျဆိုနပေမေယ့ျ စိတျကတော့ အပွငျထှကျ နပေါသညျ ဘုရား။ အဲဒါ ရှိမခိုးတဲ့ သူတှနှေင့ျ တူနပေါသ လားဘုရား။ ဘာမြှ အကြိုးအာနိသငျမရ ဖွဈနပေါသလား ဘုရား။ ဖွရှေငျးပေးတောျမူပါဘုရား။ ဥမ်မာကွညျ( သံဖွူဇရပျ) 🙏🙏🙏🙏🙏 ဘုရားလကျထကျက မိစ်ဆာဒိဌိသူငယျကလေး ခွထေောကျကို ဘီလူး ဆှဲသဖွင့ျ အိပျရာမှ ယောငျယမျး၍ " နမော ဗုဒ်ဓါယ" ဟု ရှတျဆိုသဖွင့ျ ဘီလူး မစားဝံ့ဘဲ စားစရာမြား ပူဇောျ သှားရပုံ၊ အလမ်ပာယျပုဏ်ဏား နဂါးနှင့ျတှေ့၍ အဓိပ်ပာယျ မသိ သောျလညျး သူတဈပါး ရှတျဆိုသံ ကွားဖူး၍ " နမော ဗုဒ်ဓါယ" ရှတျဆိုသဖွင့ျ နဂါးက ရှှရေတနာ ပနျးခိုငျဖွင့ျ ပူဇောျ သှားပုံ တို့ကို သာဓကပွု၍ ပါးစပျက ဂုဏျတောျတို့ကို အသံထုတျ၍ ရှတျဆို ပူဇောျနကေ ရတနာသုံးပါး၌ စိတျ ညှတျ နမှေု၊ အသံထုတျ၍ ကွညျညိုပူဇောျနမှေု၊ နေ့စဉျ နိဗဒ်ဓ နိစ်စဓူဝ ပူဇောျနမှေု တို့ကွောင့ျ ရှိမခိုး၊ ဝတျမပွုသူတို့ထကျ မြားစှာ သာလှနျနပေါသညျ။ သို့သောျ စိတျအပွငျမထှကျအောငျ အာရုံပွု၍ ဘုရားရှိခိုး စာတို့ကို မိမိနားလညျသော ( ပါဠိဘာသာဖွဈက) အနကျ ပါဆိုမှု၊ မွနျမာဘာသာ ဘုရားရှိခိုး ဖွင့ျ ရှတျဆိုမှု၊ နေ့စဉျ ဆိုနကြေ အစဉျကို ပွောငျး၍ ဆိုမှု၊ စိတျပြံ့လှင့ျသှားက ထပျခါထပျခါ ပွနျလညျ ရှတျဆိုမှု၊ ဖွညျးဖွညျး အသံထုတျ၍ စဉျးစား ရှတျဆိုမှု တို့ကို လေ့ကငြ့ျ ပွုလုပျက အသံနှင့ျ စိတျ အာရုံ ညီမြှလာနိုငျပါသညျ။ ထို့ထကျ စိတျကို နိုငျနငျးရနျ ဝိပူနာ ဘာဝနာ ပှားမှုကို အလေ့အကကြျ ပွုပေးရနျ လိုအပျပါသညျ။ အနညျးဆုံး မညျသည့ျ ရိပျသာနညျးဖွင့ျမဆို ၁၀ ရကျ စခနျးခန့ျ ဝငျ ရောကျ ကငြ့ျသုံးကွည့ျလြှငျ စိတျလှင့ျမှုမြားကို ထိနျးသိမျးနိုငျ ပါလိမ့ျမညျ။ လကျတှေ့ ကငြ့ျသုံးကွည့ျစလေိုပါသညျ။ ဆရာတောျဦးတိလောကသာရ (ရဝထှေနျး) ၏#ဘာသာရေးပွူနာမြား စာအုပျမှကူးယူ၍ဓမ်မဒါနပွုပါသညျ။
via အလင်းရောင် ဓမ္မ https://ift.tt/2R4xhvY
Newer Post
Older Post
Home