Saturday, November 30, 2019

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေး။ ။အရှင် ဘုရား၊ တပည့်တော် တို့၏ ဗုဒ္ဓဘာသာ ပန်းတိုင် သည် နိဗ္ဗာန် ဖြစ်ပါ သည်။ နိဗ္ဗာန် ကို မျက်မှောက် ပြုသွားကြ သူများမှာ လည်း များပြား လှပါ သည်။ ဤသို့ နိဗ္ဗာန် ကို မျက်မှောက် ပြုသွား သူများ များပြား လှသော် လည်း သုံးဆယ့် တဘုံ တွင် သတ္တဝါ များ ကုန်သည် ဟူ၍ မရှိပါ။ လူ့ဘုံ တွင် လည်း လူ့ဘုံ အလျောက်၊ နတ်ဘုံ တွင် လည်း နတ်ဘုံ အလျောက်၊ တိရစ္ဆာန် ဘုံတွင် လည်း တိရစ္ဆာန် ဘုံ အ လျောက် မွေးဖွား ဖြစ်တည် နေဆဲ ပင် ဖြစ် သည်။ ဘုရားရှင် တို့သည် လည်း တဆူ ပွင့်လျှင် တဆူ အလျောက် သတ္တဝါ တို့အား အသင်္ချေ အနန္တ ချွတ်သွား သည်သာ ဖြစ် သည်။ နိဗ္ဗာန် ဟူသည် လည်း မျက်မှောက် ပြုပြီး လျှင် သုံးဆယ့် တဘုံ သို့ ပြန်လှည့် ရိုး ထုံးစံ မရှိ တော့ ပါ။ ထို့ကြောင့် သုံးဆယ့် တဘုံမှ ဝေနေယျ သတ္တဝါ တို့ သည် တချိန် တွင် ကုန်သွား ရ မည် သာ ဖြစ်သည် ဟု ထင်ပါ သည်။ ဤမေးခွန်း ကို တပည့်တော် သည် ဗုဒ္ဓဘာသာ ကို မယုံကြည် ၍ မေးခြင်း မဟုတ် ပါ။ မရှင်းလင်း ၍ သာ မေးခြင်း ဖြစ်ပါ သည်။ ဥပမာ လေးနှင့် ဖြေလျှင် တပည့် တော် ပို၍ နားလည် မည် ထင်ပါသည် ဘုရား၊ အရှင် ဘုရား ၏ အဖြေ ကို တပည့်တော် စောင့်မျှော် နေပါ သည် ဘုရား။ (ကျော်မင်းထွန်း - ဒဂုံ အရှေ့ပိုင်း၊ ရန်ကုန်) ဖြေ။ ။ အာကာသစက္ကဝါဠဉ္စ၊ သတ္ထာ ဗုဒ္ဓဂုဏာပိစ။ အနန္တာနာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ဝိဇ္ဇတိ။ အဆုံး အပိုင်း အခြား မရှိသော အနန္တ တရား တို့သည် ကား - (၁) ကောင်းကင်။ (၂) စကြာ၀ဠာ။ (၃) သတ္တဝါ။ (၄) ဘုရား ဂုဏ်တော် - ဟူ၍ လေးပါး ရှိ၏။ ဤလေးပါး တို့ကို ဤရွေ့ ဤမျှ ဂဏန်း ချလျက် ရေတွက် ပိုင်းခြား ခြင်းငှါ မတတ် နိုင်ချေ။ ဟူသော အနန္တ လေးပါး အရ သတ္တဝါ တို့ သည်လည်း အဆုံး အပိုင်း အခြား မရှိ၊ မကုန် နိုင် မခန်း နိုင် ဖြစ်ချေ ၏။ ဤ လောက ၌ သတ္တဝါ ဟူသည် မကုန် နိုင်၊ မခန်း နိုင် ဖြစ် ၏။ သတ္တဝါ များတွင် လူဟူ သည် အနည်းဆုံး ဖြစ်၏။ လူထက် နတ်ဗြဟ္မာ များ၊ ထို့ထက် တိရစ္ဆာန်၊ ပြိတ္တာ နှင့် ငရဲသူ၊ ငရဲသား များ ကား အသ င်္ချေ အနန္တ ပိုမို များပြား လှ၏။ မျက်မြင် ပင် လူ့လောက ၌ လူဦး ရေ သန်းခြောက် ထောင်ခန့် သာ ရှိမည် ဟု ဆို၏။ ခြတောင်ပို့ တလုံးစာ ပင် မရှိသေး ချေ။ ယူဇနာ တသောင်း စတုရန်း ကျယ်သော အဝီစိ ငရဲကြီး ၌ ငရဲသူ သတ္တဝါ တို့သည် တောင်း ထဲတွင် နှမ်း အပြည့် ထည့်သိပ် ထား သကဲ့သို့ အပေါက် အကြား မရှိ ပြည့် နှက် နေ၏ - ဟုဆို၏။ အခြား ငရဲ ကြီးငယ် တို့မှာ လည်း ထို့ အတူ အပြည့် ရှိ၏။ လူ့ပြည် မှ လူအများ မှာ လည်း ထိုထို ဘုံဘ၀ တို့မှ အကုသိုလ် ကုန်လျှင် ရောက်လာ ကြ၊ တိုးပွား လာကြ ရ၏။ ဘုရား တဆူ ချွတ်၍ ကျွတ်သော သူဟူ သည်မှာ မုဆိုး ပိုက်ကွန် မှ လွတ်ထွက် သွားသော ငှက် သည် တကောင် တလေ မျှ သာ ဖြစ်၍ ပိုက်ကွန် တွင်း ၌ မိနေရစ် သော ငှက်သာ များပြား သကဲ့ သို့ ဖြစ်၏။ မကုန် နိုင် မခန်း နိုင်သော သတ္တဝါ အနန္တ ဟူသည် မှာ လူ့လောက ၌ အလျော့ မရှိ၊ အတိုး သာ ရှိ၏။ ဤသို့ အတိုး သာ ရှိသ ဖြင့် နိဗ္ဗာန် မျက် မှောက် ပြုသွား သော ဝေနေယျ သတ္တဝါ များ ကြောင့် သတ္တဝါ များ ကုန်ခန်း သွားလိမ့် မည် ဟု မကြံစည် အပ် ပါကြောင်း သိစေ လို ပါသည်။ ( ဘဒ္ဒန္တ တိလောက သာရ ( ရဝေထွန်း ) ဆရာတော် ကြီး ဖြေကြား သည် ) Credit ၃၁ ဘုံမွာ သတၱဝါ ေတြ ဘာေၾကာင့္ မကုန္နိုင္ တာလဲ ေမး။ ။အရွင္ ဘုရား၊ တပည့္ေတာ္ တို႔၏ ဗုဒၶဘာသာ ပန္းတိုင္ သည္ နိဗၺာန္ ျဖစ္ပါ သည္။ နိဗၺာန္ ကို မ်က္ေမွာက္ ျပဳသြားၾက သူမ်ားမွာ လည္း မ်ားျပား လွပါ သည္။ ဤသို႔ နိဗၺာန္ ကို မ်က္ေမွာက္ ျပဳသြား သူမ်ား မ်ားျပား လွေသာ္ လည္း သုံးဆယ့္ တဘုံ တြင္ သတၱဝါ မ်ား ကုန္သည္ ဟူ၍ မရွိပါ။ လူ႕ဘုံ တြင္ လည္း လူ႕ဘုံ အေလ်ာက္၊ နတ္ဘုံ တြင္ လည္း နတ္ဘုံ အေလ်ာက္၊ တိရစ္ဆာန္ ဘုံတြင္ လည္း တိရစ္ဆာန္ ဘုံ အ ေလ်ာက္ ေမြးဖြား ျဖစ္တည္ ေနဆဲ ပင္ ျဖစ္ သည္။ ဘုရားရွင္ တို႔သည္ လည္း တဆူ ပြင့္လွ်င္ တဆူ အေလ်ာက္ သတၱဝါ တို႔အား အသေခၤ် အနႏၱ ခြၽတ္သြား သည္သာ ျဖစ္ သည္။ နိဗၺာန္ ဟူသည္ လည္း မ်က္ေမွာက္ ျပဳၿပီး လွ်င္ သုံးဆယ့္ တဘုံ သို႔ ျပန္လွည့္ ရိုး ထုံးစံ မရွိ ေတာ့ ပါ။ ထို႔ေၾကာင့္ သုံးဆယ့္ တဘုံမွ ေဝေနယ် သတၱဝါ တို႔ သည္ တခ်ိန္ တြင္ ကုန္သြား ရ မည္ သာ ျဖစ္သည္ ဟု ထင္ပါ သည္။ ဤေမးခြန္း ကို တပည့္ေတာ္ သည္ ဗုဒၶဘာသာ ကို မယုံၾကည္ ၍ ေမးျခင္း မဟုတ္ ပါ။ မရွင္းလင္း ၍ သာ ေမးျခင္း ျဖစ္ပါ သည္။ ဥပမာ ေလးႏွင့္ ေျဖလွ်င္ တပည့္ ေတာ္ ပို၍ နားလည္ မည္ ထင္ပါသည္ ဘုရား၊ အရွင္ ဘုရား ၏ အေျဖ ကို တပည့္ေတာ္ ေစာင့္ေမွ်ာ္ ေနပါ သည္ ဘုရား။ (ေက်ာ္မင္းထြန္း - ဒဂုံ အေရွ႕ပိုင္း၊ ရန္ကုန္) ေျဖ။ ။ အာကာသစကၠဝါဠၪၥ၊ သတၳာ ဗုဒၶဂုဏာပိစ။ အနႏၱာနာမ စတၱာေရာ၊ ပရိစ္ေဆေဒါ န ဝိဇၨတိ။ အဆုံး အပိုင္း အျခား မရွိေသာ အနႏၱ တရား တို႔သည္ ကား - (၁) ေကာင္းကင္။ (၂) စၾကာ၀ဠာ။ (၃) သတၱဝါ။ (၄) ဘုရား ဂုဏ္ေတာ္ - ဟူ၍ ေလးပါး ရွိ၏။ ဤေလးပါး တို႔ကို ဤေ႐ြ႕ ဤမွ် ဂဏန္း ခ်လ်က္ ေရတြက္ ပိုင္းျခား ျခင္းငွါ မတတ္ နိုင္ေခ်။ ဟူေသာ အနႏၱ ေလးပါး အရ သတၱဝါ တို႔ သည္လည္း အဆုံး အပိုင္း အျခား မရွိ၊ မကုန္ နိုင္ မခန္း နိုင္ ျဖစ္ေခ် ၏။ ဤ ေလာက ၌ သတၱဝါ ဟူသည္ မကုန္ နိုင္၊ မခန္း နိုင္ ျဖစ္ ၏။ သတၱဝါ မ်ားတြင္ လူဟူ သည္ အနည္းဆုံး ျဖစ္၏။ လူထက္ နတ္ျဗဟၼာ မ်ား၊ ထို႔ထက္ တိရစ္ဆာန္၊ ၿပိတၱာ ႏွင့္ ငရဲသူ၊ ငရဲသား မ်ား ကား အသ ေခၤ် အနႏၱ ပိုမို မ်ားျပား လွ၏။ မ်က္ျမင္ ပင္ လူ႕ေလာက ၌ လူဦး ေရ သန္းေျခာက္ ေထာင္ခန့္ သာ ရွိမည္ ဟု ဆို၏။ ျခေတာင္ပို႔ တလုံးစာ ပင္ မရွိေသး ေခ်။ ယူဇနာ တေသာင္း စတုရန္း က်ယ္ေသာ အဝီစိ ငရဲႀကီး ၌ ငရဲသူ သတၱဝါ တို႔သည္ ေတာင္း ထဲတြင္ ႏွမ္း အျပည့္ ထည့္သိပ္ ထား သကဲ့သို႔ အေပါက္ အၾကား မရွိ ျပည့္ ႏွက္ ေန၏ - ဟုဆို၏။ အျခား ငရဲ ႀကီးငယ္ တို႔မွာ လည္း ထို႔ အတူ အျပည့္ ရွိ၏။ လူ႕ျပည္ မွ လူအမ်ား မွာ လည္း ထိုထို ဘုံဘ၀ တို႔မွ အကုသိုလ္ ကုန္လွ်င္ ေရာက္လာ ၾက၊ တိုးပြား လာၾက ရ၏။ ဘုရား တဆူ ခြၽတ္၍ ကြၽတ္ေသာ သူဟူ သည္မွာ မုဆိုး ပိုက္ကြန္ မွ လြတ္ထြက္ သြားေသာ ငွက္ သည္ တေကာင္ တေလ မွ် သာ ျဖစ္၍ ပိုက္ကြန္ တြင္း ၌ မိေနရစ္ ေသာ ငွက္သာ မ်ားျပား သကဲ့ သို႔ ျဖစ္၏။ မကုန္ နိုင္ မခန္း နိုင္ေသာ သတၱဝါ အနႏၱ ဟူသည္ မွာ လူ႕ေလာက ၌ အေလ်ာ့ မရွိ၊ အတိုး သာ ရွိ၏။ ဤသို႔ အတိုး သာ ရွိသ ျဖင့္ နိဗၺာန္ မ်က္ ေမွာက္ ျပဳသြား ေသာ ေဝေနယ် သတၱဝါ မ်ား ေၾကာင့္ သတၱဝါ မ်ား ကုန္ခန္း သြားလိမ့္ မည္ ဟု မႀကံစည္ အပ္ ပါေၾကာင္း သိေစ လို ပါသည္။ ( ဘဒၵႏၱ တိေလာက သာရ ( ရေဝထြန္း ) ဆရာေတာ္ ႀကီး ေျဖၾကား သည္ ) Credit


via အလင္းေရာင္ ဓမၼ https://ift.tt/33zgDqU