အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 26, 2019
✔️မိမိကိုယ်ကို ဆုံးမခြင်း 🔸🔹🔸🔹🔸🔸🔹🔸🔹 🌷စိတ်ကောင်းထားရင် မိတ်ကောင်းမရှားပါ။ 🌷စိတ်ထားယုတ်ရင် မိတ်ကောင်းဆုတ်မယ်။ 🌷စိတ်ထားမကောင်းသူဟာ အေးချမ်းမှုအရိပ်ကို မပေးနိုင်တဲ့ ခြောက်သွေ့နေသည့်သစ်ပင်နဲ့တူပြီး 🌷စိတ်ထားကောင်းသူဟာ အေးချမ်းမှုအရိပ်ကို ပေးနေတဲ့ စိမ်းလန်းနေသည့်သစ်ပင်နဲ့တူတယ်။ 🌷စိတ်ထားကောင်းသူအတွက် လောကီကောင်းကျိုးကိုရရှိနိုင်သလို လောကုတ္တရာကောင်းကျိုးကိုလည်းရရှိနိုင်ပါတယ်။ 🌷စိတ်ထားယုတ်သူအတွက် လောကီကောင်းကျိုးလည်း ဆုတ်ယုတ်သလို လောကုတ္တရာကောင်းကျိုးလည်း ဆုတ်ယုတ်ပါတယ်။ ✔️ဒါ့ကြောင့် မိမိတို့အားလုံး စိတ်ထားယုတ်တွေကို ထုတ်ပြီး စိတ်ထားကောင်းလေးတွေ မွေးကြရအောင်ပါနော်…! ~ ~ 🙏မေတ္တာဖြင့်🙏 အရှင်စိတ္တိကရ(ရမ္မာမြေ) _______________
via အလင်းရောင် ဓမ္မ https://ift.tt/2QPyOWH
Newer Post
Older Post
Home