အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 27, 2019
" ကုသိုလ်ကိုမမေ့ရဘူး " ကုသိုလ်ကိုမမေ့ရဘူး။ “ကုသိုလ်ကောင်းမှု” ကို အမြဲ ကြိုးစားအားထုတ်ရမယ်။ “အပ္ပမာဒတရား”သည် ဘာကြောင့် အရေးပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင် တိုက်တွန်းနှိုးဆော်ပေးတတ်တဲ့သဘာဝတရား ဖြစ်လို့ပါပဲ။ တချို့က ပြောကြတယ်မဟုတ်လား။ တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ “အကုသိုလ်ကံ”တွေကိုရှင်းသွားစေပြီးတော့ “ကုသိုလ်ကံတွေ” ဖြစ်လာတယ်။ ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ “လောဘ၊ ဒေါသ” စတဲ့အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး၊ အလောဘ ၊အဒေါသ စတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ကျန်းမာလာတယ်။ “ကုသိုလ်တရား”ဟာ ကျန်းမာမှု ကို ဖြစ်စေတယ်။ လောဘ ၊ဒေါသ၊မောဟတရားတွေ ဖြစ်လာပြီဆိုရင် အားလုံးဟာ အလွဲလွဲ အချော်အချော်နဲ့ စိတ်ကို ပူလောင်စေတယ်။ ထိုစိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူလောင်စေတာပါပဲ။ စိတ်ပူရင် ရုပ်ပူသွားတာပေါ့။ ကုသိုလ်စိတ်ဓာတ်တွေ ဖြစ်လာပြီဆိုရင် စိတ်နှလုံး ဖြူစင်အေးချမ်းလာသည့်အတွက် ကျန်းမာမှု က ပိုကောင်းလာတာ ဖြစ်တယ်။ ဒါကြောင့် “ကုသိုလ်ကောင်းမှု မမေ့နဲ့” လို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။ မြတ်စွာဘုရားက သံသရာတွင်း အကျိုးတွေကို ဆုတောင်းခိုင်းတာ မဟုတ်ပါဘူး။ သို့သော် “ဒါလုပ်ရင်ဒါရမယ်”ဆိုတာကိုတော့ဟောရတာဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှည်ဖို့ ၊ ကျန်းမာဖို့ ၊ အသားအရေစိုပြေဖို့ ၊ကောင်းတာတွေနဲ့ချည်းပဲ ကြုံဖို့ ၊လူ့လောကမှာ အဆင့်အတန်းမြင့်ဖို့ ဆိုတဲ့ နှစ်သက်ပျော်မွေ့စရာ ကောင်းတဲ့လူတိုင်းကြိုက်တဲ့ ဒီအကျိုးတရားတွေ ရချင်ပြီဆိုရင် ပညာရှိတွေက “ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း” ဆိုတဲ့ “အပ္ပမာဒတရား” ကို ထောက်ပြကြတယ်။ အဲဒါကိုပဲ ချီးမွမ်းကြတယ်။ ချီးမွမ်းတယ်ဆိုတာ အပ္ပမာဒ ရှိအောင် လုပ်ရမယ်လို့ ပြောတာပဲ။ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ Credit>>>>>>>> " ကုသိုလ္ကိုမေမ့ရဘူး " ကုသိုလ္ကိုမေမ့ရဘူး။ “ကုသိုလ္ေကာင္းမႈ” ကို အၿမဲ ႀကိဳးစားအားထုတ္ရမယ္။ “အပၸမာဒတရား”သည္ ဘာေၾကာင့္ အေရးပါသလဲဆိုရင္ ကုသိုလ္ကို ျပဳမိေအာင္ တိုက္တြန္းႏွိုးေဆာ္ေပးတတ္တဲ့သဘာဝတရား ျဖစ္လို႔ပါပဲ။ တခ်ိဳ႕က ေျပာၾကတယ္မဟုတ္လား။ တရားအားထုတ္လိုက္တာ ေရာဂါေပ်ာက္သြားတယ္။ ကံေကာင္းေအာင္ လုပ္ေပးလိုက္တာ ျဖစ္တယ္။ ေရာဂါေဝဒနာကို ျဖစ္ေစတတ္တဲ့ “အကုသိုလ္ကံ”ေတြကိုရွင္းသြားေစၿပီးေတာ့ “ကုသိုလ္ကံေတြ” ျဖစ္လာတယ္။ ပစၥဳပၸန္မွာျဖစ္တဲ့ မိမိစိတ္မွာလည္းပဲ “ေလာဘ၊ ေဒါသ” စတဲ့အကုသိုလ္အညစ္အေၾကးေတြ ကင္းစင္သြားၿပီး၊ အေလာဘ ၊အေဒါသ စတဲ့ ၿငိမ္းေအးတဲ့ ကုသိုလ္တရားေတြက ထုတ္လုပ္ေပးတဲ့ ႐ုပ္တရားဟာ သန့္စင္လာတယ္။က်န္းမာလာတယ္။ “ကုသိုလ္တရား”ဟာ က်န္းမာမႈ ကို ျဖစ္ေစတယ္။ ေလာဘ ၊ေဒါသ၊ေမာဟတရားေတြ ျဖစ္လာၿပီဆိုရင္ အားလုံးဟာ အလြဲလြဲ အေခ်ာ္အေခ်ာ္နဲ႕ စိတ္ကို ပူေလာင္ေစတယ္။ ထိုစိတ္ပူေလာင္မႈေၾကာင့္ ကိုယ့္ရဲ႕ ႐ုပ္ကိုလည္း ပူေလာင္ေစတာပါပဲ။ စိတ္ပူရင္ ႐ုပ္ပူသြားတာေပါ့။ ကုသိုလ္စိတ္ဓာတ္ေတြ ျဖစ္လာၿပီဆိုရင္ စိတ္ႏွလုံး ျဖဴစင္ေအးခ်မ္းလာသည့္အတြက္ က်န္းမာမႈ က ပိုေကာင္းလာတာ ျဖစ္တယ္။ ဒါေၾကာင့္ “ကုသိုလ္ေကာင္းမႈ မေမ့နဲ႕” လို႔ ျမတ္စြာဘုရားက ေဟာတာျဖစ္တယ္။ ျမတ္စြာဘုရားက သံသရာတြင္း အက်ိဳးေတြကို ဆုေတာင္းခိုင္းတာ မဟုတ္ပါဘူး။ သို႔ေသာ္ “ဒါလုပ္ရင္ဒါရမယ္”ဆိုတာကိုေတာ့ေဟာရတာျဖစ္ပါတယ္။ ဒါေၾကာင့္ အသက္ရွည္ဖို႔ ၊ က်န္းမာဖို႔ ၊ အသားအေရစိုေျပဖို႔ ၊ေကာင္းတာေတြနဲ႕ခ်ည္းပဲ ႀကဳံဖို႔ ၊လူ႕ေလာကမွာ အဆင့္အတန္းျမင့္ဖို႔ ဆိုတဲ့ ႏွစ္သက္ေပ်ာ္ေမြ႕စရာ ေကာင္းတဲ့လူတိုင္းႀကိဳက္တဲ့ ဒီအက်ိဳးတရားေတြ ရခ်င္ၿပီဆိုရင္ ပညာရွိေတြက “ကုသိုလ္ေကာင္းမႈ၌ မေမ့မေလ်ာ့ျခင္း” ဆိုတဲ့ “အပၸမာဒတရား” ကို ေထာက္ျပၾကတယ္။ အဲဒါကိုပဲ ခ်ီးမြမ္းၾကတယ္။ ခ်ီးမြမ္းတယ္ဆိုတာ အပၸမာဒ ရွိေအာင္ လုပ္ရမယ္လို႔ ေျပာတာပဲ။ ပါေမာကၡခ်ဳပ္ ဆရာေတာ္ ေဒါက္တာအရွင္ နႏၵမာလာဘိဝံသ Credit>>>>>>>>
via အလင္းေရာင္ ဓမၼ https://ift.tt/33o7fXj
Newer Post
Older Post
Home