အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 28, 2019
ဆုတ်ကပ်ကာလ လူ့ဘဝတစ်သက်ဟာ ဘာမှမကြာဘူး။ သက်တမ်းစေ့အောင် နေ့ရမယ်လို့လည်း ဘယ်သူမှ အာမမခံနိုင်ဘူး။ အသက်ကို ဖျက်ဆီးပစ်မယ့် အန္တရာယ်တွေကသိပ်ပေါတာပဲ။ ပြီးတော့ လူ့ဘဝ အချိန်တွေကကို မြန်လွန်းပါတယ်။ တစ်ရက်ဆိုတာလည်း ဟိုလှည့် ဒီလှည့်နဲ့ပဲ ကုန်သွားတယ်။ တစ်ပတ်လည်း ဘာမှမကြာ၊ တစ်လဆိုတာလည်း ခဏလေး၊ တစ်နှစ်ဆိုတာလည်း မြန်လိုက်တာ၊ တစ်သက်လည်း ဘာမှကြာမှာမဟုတ်ဘူး။ လူ့တစ်သက်နည်းပါး တိုတောင်းလှပေမယ့် ဗုဒ္ဓဘာသာနဲ့ တွေ့ခွင့်ရနေတော့ ကုသိုလ်ပိုင်ခွင့်က သိပ်ကြီးကျယ်တယ်။ နေရမှကခဏလေး၊ ယူရမှာက အများကြီး၊ အချိန်နည်းတော့သတိ ဝီရိယကို အစွမ်းကုန်မြှင့်ကြိုးစားမှ မှီမှာပါ။ သေခြင်းတရားက နီးကပ်နေပြီဖြစ်လို့ အသေထက်ဦးအောင် ဘဝအနှစ် အမြန်ထုတ်ယူပါ။ အချိန်မရှိဘူး မြန်မြန်လုပ် ...လို့ တွန်းအားပေးပါတယ်။ စားဝတ်နေရေးနဲ့ တရားအလုပ် နှစ်မျိုးခွဲဖို့ အချိန်မလောက်တော့ဘူး။ စားဝတ်နေရေးကို တရားနဲ့ သတိထားပေါင်းလုပ်ပါတော့။ တိပိဋကဓရ ယော ဆရာတော်ကြီး မူရင်းဓမ္မဒါန ပြုသူအား ကျေးဇူးတင်လျှက် ပြန်လည်ရိုက်ကူး ပူဇော်ပါသည်။ Credit##အလင်းစေတမန် ဆုတ္ကပ္ကာလ လူ႕ဘဝတစ္သက္ဟာ ဘာမွမၾကာဘူး။ သက္တမ္းေစ့ေအာင္ ေန႕ရမယ္လို႔လည္း ဘယ္သူမွ အာမမခံနိုင္ဘူး။ အသက္ကို ဖ်က္ဆီးပစ္မယ့္ အႏၱရာယ္ေတြကသိပ္ေပါတာပဲ။ ၿပီးေတာ့ လူ႕ဘဝ အခ်ိန္ေတြကကို ျမန္လြန္းပါတယ္။ တစ္ရက္ဆိုတာလည္း ဟိုလွည့္ ဒီလွည့္နဲ႕ပဲ ကုန္သြားတယ္။ တစ္ပတ္လည္း ဘာမွမၾကာ၊ တစ္လဆိုတာလည္း ခဏေလး၊ တစ္ႏွစ္ဆိုတာလည္း ျမန္လိုက္တာ၊ တစ္သက္လည္း ဘာမွၾကာမွာမဟုတ္ဘူး။ လူ႕တစ္သက္နည္းပါး တိုေတာင္းလွေပမယ့္ ဗုဒၶဘာသာနဲ႕ ေတြ႕ခြင့္ရေနေတာ့ ကုသိုလ္ပိုင္ခြင့္က သိပ္ႀကီးက်ယ္တယ္။ ေနရမွကခဏေလး၊ ယူရမွာက အမ်ားႀကီး၊ အခ်ိန္နည္းေတာ့သတိ ဝီရိယကို အစြမ္းကုန္ျမႇင့္ႀကိဳးစားမွ မွီမွာပါ။ ေသျခင္းတရားက နီးကပ္ေနၿပီျဖစ္လို႔ အေသထက္ဦးေအာင္ ဘဝအႏွစ္ အျမန္ထုတ္ယူပါ။ အခ်ိန္မရွိဘူး ျမန္ျမန္လုပ္ ...လို႔ တြန္းအားေပးပါတယ္။ စားဝတ္ေနေရးနဲ႕ တရားအလုပ္ ႏွစ္မ်ိဳးခြဲဖို႔ အခ်ိန္မေလာက္ေတာ့ဘူး။ စားဝတ္ေနေရးကို တရားနဲ႕ သတိထားေပါင္းလုပ္ပါေတာ့။ တိပိဋကဓရ ေယာ ဆရာေတာ္ႀကီး မူရင္းဓမၼဒါန ျပဳသူအား ေက်းဇူးတင္လွ်က္ ျပန္လည္ရိုက္ကူး ပူေဇာ္ပါသည္။ Credit##အလင္းေစတမန္
via အလင္းေရာင္ ဓမၼ https://ift.tt/35GNf3B
Newer Post
Older Post
Home