Tuesday, November 26, 2019

❝ စေတနာကောင်းလျှင် ကံကောင်းသည် ❞ ကိုယ့်ရှိတာကို လှူတဲ့ ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့်… ဖြစ်လေရာ ဘ၀မှာ စည်းစိမ်ဥစ္စာ များပြားတယ်ဆိုတဲ့ အကျိုးကို ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့… ကံရဲ့ သဘောတရားကို တုန့်ပြန်မှုလို့ ခေါ်တယ်။ ကိုယ်လုပ်တဲ့ ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။ ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ ဒါနကောင်းမှုသည် … ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး တုန့်ပြန်ပေးတယ်။ သူတစ်ပါးကို … "လာပါ၊ လှူကြရအောင်၊ လှူပါ"လို့ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့… ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ်။ သူဟာ ကိုယ်နဲ့ မိတ်ဖက် ဖြစ်သွားတယ်။ တိုက်တွန်းလို့ လှူဖြစ်သွားတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ … ကိုယ်ရဲ့ မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားတယ်။ ဒါကြောင့် … သူများကို တိုက်တွန်းပေးခြင်းအားဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေ များတယ်။ အဲဒီနေရာမှာ … လှူရင် စည်းစိမ်ဥစ္စာကို ရတယ်။ တိုက်တွန်းလို့ရှိရင်… အပေါင်းအသင်းတွေ ရတယ်။ အဲဒီတော့ … အဲဒါကို ပြောင်းပြန် ပြန်ပြီးတော့ ကြည့်လိုက်တဲ့ အခါ - မလှူဘူးဆိုလို့ရှိရင် ဖြစ်လေရာ ဘ၀မှာ ပစ္စည်းဥစ္စာ ရရှိမှု မရှိဘူး။ မတိုက်တွန်းဘူး ဆိုရင် … မိတ်ဆွေ မရှိဘူး။ မိတ်ကောင်း ဆွေကောင်း မရဘူး။ အဲဒီ လေးချက်ကို မြတ်စွာဘုရားက ဟောတာ။ (၁) လှူသာလှူပြီး မတိုက်တွန်းဘူး ဆိုရင် ဖြစ်လေရာ ဘ၀မှာ… ချမ်းသာကြွယ်ဝသော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ်။ (၂) တိုက်တွန်းသာ တိုက်တွန်းပြီး ကိုယ်တိုင်မလှူဘူး ဆိုရင်… ဖြစ်လေရာဘ၀မှာ အပေါင်းအသင်း အခြံအရံ များသော်လည်း ပစ္စည်းဥစ္စာ ရှားပါးတယ်။ (၃) လှူလည်း မလှူဘူး၊ တိုက်လည်း မတိုက်တွန်းဘူး ဆိုတဲ့ ပုဂ္ဂိုလ်ဟာ… ဖြစ်လေရာ ဘ၀မှာ ဆင်းရဲတယ်။ တစ်ကိုယ်တည်းနေရတဲ့ ဘ၀မျိုး ရောက်တယ်။ (၄) လှူလည်း လှူတယ်၊ တိုက်လည်း တိုက်တွန်းတယ် ဆိုတဲ့ ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ ပုဂ္ဂိုလ်က - ဖြစ်လေရာဘ၀မှာ ပစ္စည်းဥစ္စာလည်းရတယ်။ မိတ်ဆွေ အပေါင်းအသင်းလည်း များတယ်ဆိုတဲ့ အကျိုးကိုရတယ်။ ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး (ဓမ္မလက်ဆောင်) မျှဝေပူဇော်ပါသည် ။ ❝ ေစတနာေကာင္းလွ်င္ ကံေကာင္းသည္ ❞ ကိုယ့္ရွိတာကို လႉတဲ့ ပုဂၢိုလ္ဟာ လႉျခင္းေၾကာင့္… ျဖစ္ေလရာ ဘ၀မွာ စည္းစိမ္ဥစၥာ မ်ားျပားတယ္ဆိုတဲ့ အက်ိဳးကို ရတယ္။ ဘာျဖစ္လို႔တုန္းဆိုေတာ့… ကံရဲ႕ သေဘာတရားကို တုန့္ျပန္မႈလို႔ ေခၚတယ္။ ကိုယ္လုပ္တဲ့ ကံဟာ ကိုယ့္ဆီ တုန့္ျပန္လာတာပဲ။ ကိုယ္လုပ္တဲ့ကံက သူတစ္ပါးကို ရေစတာျဖစ္လို႔ သူတစ္ပါးကို ရေစတဲ့ ဒါနေကာင္းမႈသည္ … ကိုယ့္ကို ျပန္ရေစတယ္ဆိုတဲ့ အက်ိဳး တုန့္ျပန္ေပးတယ္။ သူတစ္ပါးကို … "လာပါ၊ လႉၾကရေအာင္၊ လႉပါ"လို႔ တိုက္တြန္းတဲ့ ပုဂၢိုလ္က်ေတာ့… ကိုယ္က တိုက္တြန္းလို႔ အျခားသူတစ္ေယာက္ ကုသိုလ္ေကာင္းမႈ လုပ္ျဖစ္သြားတယ္။ သူဟာ ကိုယ္နဲ႕ မိတ္ဖက္ ျဖစ္သြားတယ္။ တိုက္တြန္းလို႔ လႉျဖစ္သြားေတာ့ ကုသိုလ္ေကာင္းမႈေတြ လုပ္ျဖစ္သြားတဲ့ ပုဂၢိုလ္တစ္ေယာက္ဟာ … ကိုယ္ရဲ႕ မိတ္ေဆြအေပါင္းအသင္း ျဖစ္သြားတယ္။ ဒါေၾကာင့္ … သူမ်ားကို တိုက္တြန္းေပးျခင္းအားျဖင့္ မိတ္ေဆြ အေပါင္းအသင္းေတြ မ်ားတယ္။ အဲဒီေနရာမွာ … လႉရင္ စည္းစိမ္ဥစၥာကို ရတယ္။ တိုက္တြန္းလို႔ရွိရင္… အေပါင္းအသင္းေတြ ရတယ္။ အဲဒီေတာ့ … အဲဒါကို ေျပာင္းျပန္ ျပန္ၿပီးေတာ့ ၾကည့္လိုက္တဲ့ အခါ - မလႉဘူးဆိုလို႔ရွိရင္ ျဖစ္ေလရာ ဘ၀မွာ ပစၥည္းဥစၥာ ရရွိမႈ မရွိဘူး။ မတိုက္တြန္းဘူး ဆိုရင္ … မိတ္ေဆြ မရွိဘူး။ မိတ္ေကာင္း ေဆြေကာင္း မရဘူး။ အဲဒီ ေလးခ်က္ကို ျမတ္စြာဘုရားက ေဟာတာ။ (၁) လႉသာလႉၿပီး မတိုက္တြန္းဘူး ဆိုရင္ ျဖစ္ေလရာ ဘ၀မွာ… ခ်မ္းသာႂကြယ္ဝေသာ္လည္း အေပါင္းအသင္း အၿခံအရံ နည္းတယ္။ (၂) တိုက္တြန္းသာ တိုက္တြန္းၿပီး ကိုယ္တိုင္မလႉဘူး ဆိုရင္… ျဖစ္ေလရာဘ၀မွာ အေပါင္းအသင္း အၿခံအရံ မ်ားေသာ္လည္း ပစၥည္းဥစၥာ ရွားပါးတယ္။ (၃) လႉလည္း မလႉဘူး၊ တိုက္လည္း မတိုက္တြန္းဘူး ဆိုတဲ့ ပုဂၢိုလ္ဟာ… ျဖစ္ေလရာ ဘ၀မွာ ဆင္းရဲတယ္။ တစ္ကိုယ္တည္းေနရတဲ့ ဘ၀မ်ိဳး ေရာက္တယ္။ (၄) လႉလည္း လႉတယ္၊ တိုက္လည္း တိုက္တြန္းတယ္ ဆိုတဲ့ ကုသိုလ္ႏွစ္မ်ိဳးလုံး စုံေအာင္လုပ္တဲ့ ပုဂၢိုလ္က - ျဖစ္ေလရာဘ၀မွာ ပစၥည္းဥစၥာလည္းရတယ္။ မိတ္ေဆြ အေပါင္းအသင္းလည္း မ်ားတယ္ဆိုတဲ့ အက်ိဳးကိုရတယ္။ ေက်းဇူးေတာ္ရွင္ ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး (ဓမၼလက္ေဆာင္) မွ်ေဝပူေဇာ္ပါသည္ ။


via အလင္းေရာင္ ဓမၼ https://ift.tt/2KUB4sd