အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 25, 2019
အတူရှိနေတဲ့အခါတန်ဖိုးထားလိုက်တာပါ ❤ မာနမထားတတ်တာ မဟုတ်ဖူး မထားသင့်တဲ့သူတွေမို့ မထားခဲ့တာ ဒါပေမဲ့ အဲ့ဒီလူတွေကပဲ စိတ်ဒဏ်ရာတွေပေးသွားကြတယ် ။ ❤ သူတို့ ပြုမှု သမျှ လုပ်သမျှ အကုန်သိပါတယ် အားနာတတ်တဲ့ စိတ်ရယ် ! သနားတတ်တဲ့ နှလုံးသားရယ် ! စာနာ နားလည်ပေးတတ်တဲ့ အမူကျင့်တွေရယ် တဖက်သားအပေါ် နစ်နစ်နာနာ ခွန်းတုန့့်မပြန်တတ်တဲ့အကျင့်ရယ် ! ယုတ်ရင့်ကြမ်းကျုတ်တဲ့ စကားလုံးမထွက်တတ်တဲ့ နှုတ်ခမ်း တစ်စုံရယ်ကြောင့် အရာရာကို လိုက်လျောပြီး ဆက်ဆံပေးခဲ့တာ ။ ❤တခါတလေတော့ ဝမ်းနည်းမိတာတွေရှိတယ် ကိုယ့်ဖက်က အလျော့ပေးနေပါရက်နဲ့ရတာထက် ပိုပြီး ဘာလို့ လိုချင်တပ်မက်စိတ်တွေ နဲ့ရသထက် ရအောင် လုပ်နေတာလည်းဆိုပြီးလည်းတွေးမိတယ် ။ အတတ်နိုင်ဆုံး သည်းခံပြီး ဆက်ဆံနေတာတောင် အကောင်းမြင်မခံရတဲ့အခါ ငါ့ စေတနာ မေတ္တာတွေကို မမြင်နိုင်တာလားလို့လည်း စဉ်းစားခဲ့မိပါတယ် ။ ❤ တကယ်တော့ လူတစ်ဦးနဲ့ တစ်ဦး ဆုံတွေ့ရတဲ့ ကံတရားကို ကျေးဇူးတင်ဖို့ ကောင်းပါတယ် ။ ရှေးဘဝရဲ့ ရေစက်တွေရယ်၊ အတိတ်ဘဝက ဆုတောင်းတွေကြောင့်သာလူသန်းပေါင်းများစွာထဲကမှ ရွေးပြီး ဒီဘဝမှာပြန်ဆုံတွေ့ခွင့် ရခဲ့ကြတာ ။ ဒါကို တချို ့က မသိရှာကြဘူး တန်ဖိုး မထားတတ်ကြဘူး သာမှ ပေါင်းမယ်ဆိုတဲ့ အတွေးတွေ ပိုင်ဆိုင်ထားကြတယ် ။ ❤ ဒီဘဝမှာဆုတောင်းတွေပြည့်လို့ ဆုံခဲ့ကြပြီ လူတိုင်းမှာ ပြည့်စုံမှုဆိုတာ မရှိနိုင်ဘူးလေ ၊ သူ့ဖက် ကိုယ့်ဖက်အခက်ခဲတွေကြည့်ပြီး ဆက်ဆံရမှာပဲ ။ ကိုယ့်ကိုယ်ကိုလည်း အမြဲအပြစ်ကင်းသူလို့ သတ်မှတ်ထားလို့ မရပါဘူး ။ လူတိုင်းမှာ ဘဝကိုယ်စီ အတွေးကိုယ်စီ ခံစားချက်ကိုယ်စီရှိနေကြတာမို့ ကိုယ့်စိတ်နဲ့ တစ်ထပ်ထဲကျမှ ပေါင်းသင်းမယ်လို့ ယူဆထားရင် မှားပါတယ် ။ ❤ တွေဆုံခင်မင်လာပြီးရင် ဘယ်သူ့ကိုမှလည်း အမုန်းနဲ့လည်း လမ်းမခွဲချင်ဘူး၊ အသာရမှလည်း မပေါင်းခဲ့ဘူး အပျော်သဘောလည်း မတွဲခဲ့ဖူးဘူး ကိုယ့်ကြောင့်လည်း တဖက်သားကို မပင်ပန်းစေချင်ဘူး ကိုယ့်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုဘူး စိတ်ဆင်းရဲစရာလည်း မပေးချင်ဘူး ❤ ဘာကြောင့်လည်း ဆိုရင် " ကွေးသောလက် မဆန့်မှီ ဆန့်သောလက်မကွေးမှီ " ဆိုတဲ့စကားပုံလိုပဲ လူ့အသက်ဆိုတာ ကိုယ်ပိုင်အရာ မဟုတ်လို့ ရှိနေချိန်လေးကို တန်ဖိုးထားခြင်းမျှသာပါ ။ ❤ ဒါပေမဲ့ ကိုယ်လည်းတရားပေါက်နေတဲ့ သူတော်ကောင်း မဟုတ်တော့တခါတလေ ကိုယ်ယုံကြည်ရသူတွေ !ကိုယ်အချစ်ဆုံးဆိုသူတွေရဲ့ ဆန့်ကျင်ဖက်တုန့့်ပြန်မှုတွေကိုအတော်လေး ခံစားခဲ့ရတယ် ။ " သူမှ မသိတတ်တာလေ နေပါစေ" လို့ပဲ ခွင့်လွှတ်ပေးလိုက်တယ် စိတ်ထဲတော့ မကောင်းဘူး ။ ❤ လူတွေအပေါ် ရိုးသားစွာခင်မင်နိုင်ပေမဲ့ အပြည့်ဝမယုံရဲတော့ဘူး ဖြူစင်စွာ ဆက်ဆံနိုင်ပေမဲ့ အများကြီးမလိုက်လျောရဲတော့ဘူး အသက်မက ချစ်ပေမဲ့ တစ်ဘဝစာအဖြင့်လည်း မမျှော်လင့်ရဲတော့ဘူး ကိုယ်ထင်သလို ဖြစ်မလာရင် အရင်ဆုံးခံစားရတာကကိုယ်လေ ။ ❤ သူစိမ်းတရံစာတွေရဲ့ ဥပေက္ခာထက် ကိုယ်ချစ်ရသူတွေပေးတဲ့ ဥပေက္ခာက ပိုခံစားရခက်တယ် သူစိမ်းတွေမုန်းတာထက် ကိုယ်တန်ဖိုးထားရသူတွေ မုန်းသွားတာက ပိုနာကျင်ရတယ် ။ ❤ ဒါကြောင့် အတိတ်ဘဝကံကြောင့် ဆုံလာသူတိုင်းကို အမုန်းနဲ့ မဆုံးမသတ်ချင်သလို နာကျင်စွာလည်း လမ်းမခွဲချင်လို့့ သူတို့ပြုသမျှ သိနေပေမဲ့ မသိသလိုဟန်ဆောင်ပြီး တချို ့လူတွေရဲ့ ဆက်ဆံရေးကို နာကျင်နေလည်း ပြုံးပြုံးလေးနဲ့ နေလိုက်ပါတယ် ။ ↔ မနာတတ်တာလည်း မဟုတ်ဘူး ↔ အမှတ်မထားတတ်တာလည်း မဟုတ်ဘူး ↔ မာန မရှိတာလည်း မဟုတ်ဘူး ↔ အတူရှိနေကြချိန်တွေကို တန်ဖိုးထားလိုက်တာပါ .. ↔ တန်ဖိုးသိသူကသာတန်ဖိုးထားတတ်ကြစမြဲ မဟုတ်လား ?? ။ Credit to MayNoe
via အလင်းရောင် ဓမ္မ https://ift.tt/2QK8Zrb
Newer Post
Older Post
Home