Thursday, November 28, 2019

[#အလောင်းတော်ကာလတုန်းက] #ခေါင်းပါးစွာကျင့်ခဲ့သောအတ္တကိလမထဖြစ်ကြောင်း အရှင်သာရိပုတ္တရာမထေရ်ကြီးအား #ဘုရားရှင်ကိုယ်တိုင်ကပြန်လည်မိန့်ကြားတော်မူ] #သာရိပုတ္တရာ•••" #ငါဘုရားသည် #ခေါင်းပါးစွာကျင့်ခြင်း/#ခြိုးခြံစွာကျင့်ခြင်း/ #စက်ဆုပ်စွာကျင့်ခြင်း/ #ကင်းဆိတ်စွာကျင့်ခြင်း/ #တို့ကိုငါဘုရားကျင့်သုံးဖူးခဲ့သည်။" #ထိုလေးပါးတို့တွင်-- စားခြင်း/ဝတ်ခြင်း/နေထိုင်ခြင်းတို့၌အလွန် ခြိုးခြံခြင်းသည် ခြိုးခြံစွာကျင့်ခြင်းဖြစ်သည်။ မိမိကိုယ်၌လိမ်းကပ်နေသော- မြူအညစ်ကြေးတို့ကို နှစ်ပေါင်းများစွာ- ဆေးကြောသုတ်သင်ခြင်း မပြုဘဲနေခြင်း သည် ခေါင်းပါးစွာကျင့်ခြင်းဖြစ်သည်။ #ရေပေါက်ရေစက်မျှကိုပင် ထိခိုက်ပျက်စီးခြင်း မဖြစ်စေရန် စောင့်စည်း ၍ နေထိုင်သွားလာခြင်းသည် စက်ဆုပ်စွာ ကျင့်ခြင်းဖြစ်၏။ #နွားကျောင်းသား/မြက်ရိတ်သမား/ထင်း ခုတ်သမား စသူတို့နှင့်ပင် မတွေ့မြင်ရ အောင် ပုန်းရှောင်၍ တောထဲ၌နေခြင်း ည် ကင်းဆိတ်စွာ ကျင့်ခြင်းဖြစ်၏။ #သာရိပုတ္တရာ-ငါသည် ရာဂမကင်းသေးသူတိုင်း ကြက်သီးမွေးညှင်းထလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တောအုပ် အတွင်းသို့ သက်ဝင်၍ နေခဲ့၏။ ငါသည် -ဆောင်းရာသီအတွင်းဆီးနှင်းများ စွာ ကျသည့် တပို့တွဲလနှင့်တပေါင်းလကြား ရှစ်ညတို့၌ ညအချိန်တွင် ဟင်းလင်းပြင်အရပ်၌ နေခဲ့၏။ နေ့အချိန်တွင် တောအုပ်၌နေခဲ့၏။ #ငါသည်နွေရာသီ၏နောက်ဆုံးလ၌ နေ့အချိန်တွင် ဟင်းလင်းပြင်အရပ်၌နေခဲ့ ၏။ #ညအချိန်တွင် တောအုပ်ထဲ၌နေခဲ့၏။ #ထို့ပြင်ငါသည်- သုသာန်၌ သူသေကောင်အရိုးကိုခေါင်းအုံး ၍အိပ်ခဲ့၏။ ငါ၏ကိုယ်ပေါ်၌ တံတွေးထွေးခြင်း/ကျင် ငယ်ဖြင့်ပန်းခြင်း/မြေမှုန်ကျဲခြင်း စသည်တို့ ကိုပြုလုပ်သောနွားကျောင်းသား သူငယ် များအပေါ်၌ပင် မကောင်းသောစိတ်ကို မဖြစ်စေခဲ့ပေ။ #ဤကားငါ၏ လျစ်လျှူရှု၍နေခြင်းဖြစ်၏။ #သာရိပုတ္တရာ-ငါသည်- "အာဟာရဖြင့် " "စင်ကြယ်ခြင်းဖြစ်၏"ဟုအယူရှိသော ရဟန်းပုဏ္ဏားအချို့တို့သည် ဆီးသီး/ ဆီသီးမှုန့်/ဆီးသီးရည်တို့ကိုစားသုံး၍နေ ကြ၏။အချို့ကား-ဆန်/ဆန်မှုန့်/ဆန်ရည် တို့ကို စားသုံး၍ နေကြ၏။ #သာရိပုတ္တရာ ငါသည်- #ဆီးသီးတစ်လုံးမျှသာ စား၍နေခဲ့ဖူး၏။ #ဆန်တစ်စေ့မျှကိုလည်းစားနေခဲ့ဖူး၏။ #သာရိပုတ္တရာ-ငါသည်-ဤသို့ #ဆင်းရဲပင်ပန်းသောအကျင့်ဖြင့်လည်း ပကတိလူတို့၏ တရားထက် သာလွန်သော အရိယာတို့၏ ဥာဏ်အမြင် ထူးကိုလည်း #ငါမရခဲ့ပေ။ မြတ်စွာဘုရားမိန့်ကြားသောအခါ- ဘေးမှယပ်ခတ်ပေးနေသော- ရှင်နာဂသမာလက "အရှင်ဘုရား-ဤတရားကို နာရသဖြင့်- တပည့်တော်အားကြက်သီးမွေးညှင်း ထခြင်း သည်ပင်ဖြစ်ပေါ်လာပါသည်။ဤ တရားကားအဘယ်အမည်ရှိပါသနည်း" ထိုအခါ ဘုရားရှင်က "နာဂသမာလ-သင်ည် ဤတရားကို ကြက်သီးမွေးသီး ထစေသော တရားဖြစ်၍ "လောမဟံသန ပရိယာယ" မည်၏ ဟူ၍ မှတ်သားလော့"ဟု မိန့်ကြား တော်မူလေသည်။××××××××××××××××× (မဇ္စျိမနိကာယ်မူလပဏ္ဏာသမဟာသီဟနာဒသုတ်)မှ ထုတ်နုတ်ပူဇော်ပါသည်။ စု ဗူး(SuBuu)✍️ ^ ^ (စာအလွန်ရှည်မည်ဖြစ်၍ တစ်ဖြတ်မျှသာ ဦးဆုံး ထုတ်နုတ်မျှဝေသည်) [#အေလာင္းေတာ္ကာလတုန္းက] #ေခါင္းပါးစြာက်င့္ခဲ့ေသာအတၱကိလမထျဖစ္ေၾကာင္း အရွင္သာရိပုတၱရာမေထရ္ႀကီးအား #ဘုရားရွင္ကိုယ္တိုင္ကျပန္လည္မိန့္ၾကားေတာ္မူ] #သာရိပုတၱရာ•••" #ငါဘုရားသည္ #ေခါင္းပါးစြာက်င့္ျခင္း/#ၿခိဳးၿခံစြာက်င့္ျခင္း/ #စက္ဆုပ္စြာက်င့္ျခင္း/ #ကင္းဆိတ္စြာက်င့္ျခင္း/ #တို႔ကိုငါဘုရားက်င့္သုံးဖူးခဲ့သည္။" #ထိုေလးပါးတို႔တြင္-- စားျခင္း/ဝတ္ျခင္း/ေနထိုင္ျခင္းတို႔၌အလြန္ ၿခိဳးၿခံျခင္းသည္ ၿခိဳးၿခံစြာက်င့္ျခင္းျဖစ္သည္။ မိမိကိုယ္၌လိမ္းကပ္ေနေသာ- ျမဴအညစ္ေၾကးတို႔ကို ႏွစ္ေပါင္းမ်ားစြာ- ေဆးေၾကာသုတ္သင္ျခင္း မျပဳဘဲေနျခင္း သည္ ေခါင္းပါးစြာက်င့္ျခင္းျဖစ္သည္။ #ေရေပါက္ေရစက္မွ်ကိုပင္ ထိခိုက္ပ်က္စီးျခင္း မျဖစ္ေစရန္ ေစာင့္စည္း ၍ ေနထိုင္သြားလာျခင္းသည္ စက္ဆုပ္စြာ က်င့္ျခင္းျဖစ္၏။ #ႏြားေက်ာင္းသား/ျမက္ရိတ္သမား/ထင္း ခုတ္သမား စသူတို႔ႏွင့္ပင္ မေတြ႕ျမင္ရ ေအာင္ ပုန္းေရွာင္၍ ေတာထဲ၌ေနျခင္း ည္ ကင္းဆိတ္စြာ က်င့္ျခင္းျဖစ္၏။ #သာရိပုတၱရာ-ငါသည္ ရာဂမကင္းေသးသူတိုင္း ၾကက္သီးေမြးညွင္းထေလာက္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေတာအုပ္ အတြင္းသို႔ သက္ဝင္၍ ေနခဲ့၏။ ငါသည္ -ေဆာင္းရာသီအတြင္းဆီးႏွင္းမ်ား စြာ က်သည့္ တပို႔တြဲလႏွင့္တေပါင္းလၾကား ရွစ္ညတို႔၌ ညအခ်ိန္တြင္ ဟင္းလင္းျပင္အရပ္၌ ေနခဲ့၏။ ေန႕အခ်ိန္တြင္ ေတာအုပ္၌ေနခဲ့၏။ #ငါသည္ႏြေရာသီ၏ေနာက္ဆုံးလ၌ ေန႕အခ်ိန္တြင္ ဟင္းလင္းျပင္အရပ္၌ေနခဲ့ ၏။ #ညအခ်ိန္တြင္ ေတာအုပ္ထဲ၌ေနခဲ့၏။ #ထို႔ျပင္ငါသည္- သုသာန္၌ သူေသေကာင္အရိုးကိုေခါင္းအုံး ၍အိပ္ခဲ့၏။ ငါ၏ကိုယ္ေပၚ၌ တံေတြးေထြးျခင္း/က်င္ ငယ္ျဖင့္ပန္းျခင္း/ေျမမႈန္က်ဲျခင္း စသည္တို႔ ကိုျပဳလုပ္ေသာႏြားေက်ာင္းသား သူငယ္ မ်ားအေပၚ၌ပင္ မေကာင္းေသာစိတ္ကို မျဖစ္ေစခဲ့ေပ။ #ဤကားငါ၏ လ်စ္လ်ႉရႈ၍ေနျခင္းျဖစ္၏။ #သာရိပုတၱရာ-ငါသည္- "အာဟာရျဖင့္ " "စင္ၾကယ္ျခင္းျဖစ္၏"ဟုအယူရွိေသာ ရဟန္းပုဏၰားအခ်ိဳ႕တို႔သည္ ဆီးသီး/ ဆီသီးမႈန့္/ဆီးသီးရည္တို႔ကိုစားသုံး၍ေန ၾက၏။အခ်ိဳ႕ကား-ဆန္/ဆန္မႈန့္/ဆန္ရည္ တို႔ကို စားသုံး၍ ေနၾက၏။ #သာရိပုတၱရာ ငါသည္- #ဆီးသီးတစ္လုံးမွ်သာ စား၍ေနခဲ့ဖူး၏။ #ဆန္တစ္ေစ့မွ်ကိုလည္းစားေနခဲ့ဖူး၏။ #သာရိပုတၱရာ-ငါသည္-ဤသို႔ #ဆင္းရဲပင္ပန္းေသာအက်င့္ျဖင့္လည္း ပကတိလူတို႔၏ တရားထက္ သာလြန္ေသာ အရိယာတို႔၏ ဥာဏ္အျမင္ ထူးကိုလည္း #ငါမရခဲ့ေပ။ ျမတ္စြာဘုရားမိန့္ၾကားေသာအခါ- ေဘးမွယပ္ခတ္ေပးေနေသာ- ရွင္နာဂသမာလက "အရွင္ဘုရား-ဤတရားကို နာရသျဖင့္- တပည့္ေတာ္အားၾကက္သီးေမြးညွင္း ထျခင္း သည္ပင္ျဖစ္ေပၚလာပါသည္။ဤ တရားကားအဘယ္အမည္ရွိပါသနည္း" ထိုအခါ ဘုရားရွင္က "နာဂသမာလ-သင္ည္ ဤတရားကို ၾကက္သီးေမြးသီး ထေစေသာ တရားျဖစ္၍ "ေလာမဟံသန ပရိယာယ" မည္၏ ဟူ၍ မွတ္သားေလာ့"ဟု မိန့္ၾကား ေတာ္မူေလသည္။××××××××××××××××× (မဇၥ်ိမနိကာယ္မူလပဏၰာသမဟာသီဟနာဒသုတ္)မွ ထုတ္ႏုတ္ပူေဇာ္ပါသည္။ စု ဗူး(SuBuu)✍️ ^ ^ (စာအလြန္ရွည္မည္ျဖစ္၍ တစ္ျဖတ္မွ်သာ ဦးဆုံး ထုတ္ႏုတ္မွ်ေဝသည္)


via အလင္းေရာင္ ဓမၼ https://ift.tt/2sqqfro