အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 27, 2019
သီလ ၄-မျိုး __________ သီလဆိုတာ ကိုယ်နှင့်နှုတ်ကို စောင့်စည်းတဲ့ ကျင့်စဉ်ပါပဲ။ သို့သော် သီလစင်ကြယ်ဖို့အတွက် စိတ်ကိုလည်း စောင့်စည်းနိုင်ရမယ်။ ဒါမှ ပိုပြီးတော့ စင်ကြယ်သွားတယ်။ ဒီနေရာမှာ သီလ ၄- မျိုးကို မှတ်ထားရမယ်။ ဆုတ်ယုတ်တဲ့သီလ ---------------- ၁။ ဟာနဘာဂိယ- ဆုတ်ယုတ်သောသီလ။ သီလခံယူပြီး စားချင်ရာစား၊ ပြောချင်ရာ ပြော၊ ဘာဣနြေ္ဒမှ မစောင့်ဘူးဆိုရင် ဆုတ်ယုတ်တဲ့ သီလပဲ။ စာထဲမှာတော့ ပြောတယ်။ နွားကျောင်းသားဥပုသ်တဲ့။ နွားကျောင်းသားဆိုတာ ဘာမှ မစောင့်စည်းဘူး။ ပြောချင်ရာ ပြောတယ်။ လုပ်ချင်ရာ လုပ်တယ်။ ဒီတိုင်းပဲ၊ တချို့ဥပုသ်သည်တွေဟာ ဥပုသ်သီလလေး ယူပြီးရင် ပြောချင်ရာ ပြောပြီး အချိန်ကုန်သွားတယ်။ ဒါ နွားကျောင်းသားဥပုသ်ပဲ။ အဲဒါကို ဆုတ်ယုတ်တဲ့သီလလို့ ခေါ်ပါတယ်။ ရပ်တန့်နေတဲ့သီလ ---------------- ၂။ ဌိတိဘာဂိယ- ရပ်တန့်နေသော သီလတဲ့။ သီလစောင့်ပြီး ဘာတရားမှ နှလုံးမသွင်းဘူး၊ ဘာကုသိုလ်မှ မလုပ်ဘူးဆိုရင် အဲဒါ ရပ်နေတဲ့သီလပဲ။ တိုးတက်မှု မရှိဘူးပေါ့။ သီလ ခံယူပြီးရင် တရားနာရမယ်၊ စာဖတ်ရမယ်။ ပုတီးစိပ်ရမယ်။ တရားဆွေးနွေးရမယ်။ ဒါမှမဟုတ်၊ ဗုဒ္ဓဝေယျာဝေစ္စ ဓမ္မဝေယျာဝေစ္စ သံဃဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ၊ တစ်ခုခု လုပ်သင့်တယ်။ ဒါမှ သီလဟာ ပိုပြီး စင်ကြယ်သွားတယ်။ ထူးကဲတဲ့သီလ ------------- ၃။ ဝိသေသ ဘာဂိယ- ထူးကဲသောသီလတဲ့။ ထူးကဲသော သီလဖြစ်ဖို့အတွက် သီလစောင့်ပြီး သမထအားထုတ်ရမယ်။ သမထဆိုတာ သမာဓိထူထောင်တဲ့ အလုပ်ပါပဲ။ ကောင်းတဲ့အာရုံတစ်ခုထဲမှာ စိတ်ကို နှစ်ပြီးတော့ ပွားများရင် သမထ။ မေတ္တာပို့တာတို့၊ ဂုဏ်တော်ပွားများတာတို့ ဒါ သမထပဲ။ သီလကို သမထ၀န်းရံလိုက်ရင် ထူးကဲတဲ့သီလ ဖြစ်သွားတယ်။ ကိလေသာသတ်တဲ့သီလ ------------------- ၄။ နောက်ဆုံးသီလကတော့ နိဗ္ဗေဓဘာဂိယ- ကိလေသာကို ပယ်သတ်နိုင်တဲ့ သီလတဲ့။ သီလခံယူပြီးရင် ဝိပဿနာ အားထုတ် ရမယ်။ ဝိပဿနာဆိုတာ ခန္ဓာဉာဏ်ရောက်တရား။ ခန္ဓာထဲ ဉာဏ်ရောက်မှတော့ ဘာကိလေသာမှ ဖြစ်ခွင့် မရှိတော့ဘူးပေါ့။ ဝိပဿနာအားထုတ်တဲ့အခါ နာရီ၀က်တတ်နိုင်ရင် နာရီ၀က်၊ တစ်နာရီတတ်နိုင်ရင် တစ်နာရီပေါ့။ ကိုယ်တတ်နိုင်သလောက် အားထုတ်ပါ။ အဲဒီလို အားထုတ်မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမှ ကိလေသာကို ပယ်သတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သီလကို ဝိပဿနာ၀န်းရံလိုက်ရင် အမြတ်ဆုံးသီလ ဖြစ်သွားတယ်။ ဒီတော့ မိမိတို့ စောင့်စည်းတဲ့ သီလ ပို၍ ပို၍ စင်ကြယ်ဖို့အတွက် စိတ်ကိုလည်း စောင့်စည်းသင့်လှပါတယ်။ ________________________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ သီလ ၄-မ်ိဳး __________ သီလဆိုတာ ကိုယ္ႏွင့္ႏႈတ္ကို ေစာင့္စည္းတဲ့ က်င့္စဥ္ပါပဲ။ သို႔ေသာ္ သီလစင္ၾကယ္ဖို႔အတြက္ စိတ္ကိုလည္း ေစာင့္စည္းနိုင္ရမယ္။ ဒါမွ ပိုၿပီးေတာ့ စင္ၾကယ္သြားတယ္။ ဒီေနရာမွာ သီလ ၄- မ်ိဳးကို မွတ္ထားရမယ္။ ဆုတ္ယုတ္တဲ့သီလ ---------------- ၁။ ဟာနဘာဂိယ- ဆုတ္ယုတ္ေသာသီလ။ သီလခံယူၿပီး စားခ်င္ရာစား၊ ေျပာခ်င္ရာ ေျပာ၊ ဘာဣေျနၵမွ မေစာင့္ဘူးဆိုရင္ ဆုတ္ယုတ္တဲ့ သီလပဲ။ စာထဲမွာေတာ့ ေျပာတယ္။ ႏြားေက်ာင္းသားဥပုသ္တဲ့။ ႏြားေက်ာင္းသားဆိုတာ ဘာမွ မေစာင့္စည္းဘူး။ ေျပာခ်င္ရာ ေျပာတယ္။ လုပ္ခ်င္ရာ လုပ္တယ္။ ဒီတိုင္းပဲ၊ တခ်ိဳ႕ဥပုသ္သည္ေတြဟာ ဥပုသ္သီလေလး ယူၿပီးရင္ ေျပာခ်င္ရာ ေျပာၿပီး အခ်ိန္ကုန္သြားတယ္။ ဒါ ႏြားေက်ာင္းသားဥပုသ္ပဲ။ အဲဒါကို ဆုတ္ယုတ္တဲ့သီလလို႔ ေခၚပါတယ္။ ရပ္တန့္ေနတဲ့သီလ ---------------- ၂။ ဌိတိဘာဂိယ- ရပ္တန့္ေနေသာ သီလတဲ့။ သီလေစာင့္ၿပီး ဘာတရားမွ ႏွလုံးမသြင္းဘူး၊ ဘာကုသိုလ္မွ မလုပ္ဘူးဆိုရင္ အဲဒါ ရပ္ေနတဲ့သီလပဲ။ တိုးတက္မႈ မရွိဘူးေပါ့။ သီလ ခံယူၿပီးရင္ တရားနာရမယ္၊ စာဖတ္ရမယ္။ ပုတီးစိပ္ရမယ္။ တရားေဆြးႏြေးရမယ္။ ဒါမွမဟုတ္၊ ဗုဒၶေဝယ်ာေဝစၥ ဓမၼေဝယ်ာေဝစၥ သံဃေဝယ်ာေဝစၥ မိဘေဝယ်ာေဝစၥ၊ တစ္ခုခု လုပ္သင့္တယ္။ ဒါမွ သီလဟာ ပိုၿပီး စင္ၾကယ္သြားတယ္။ ထူးကဲတဲ့သီလ ------------- ၃။ ဝိေသသ ဘာဂိယ- ထူးကဲေသာသီလတဲ့။ ထူးကဲေသာ သီလျဖစ္ဖို႔အတြက္ သီလေစာင့္ၿပီး သမထအားထုတ္ရမယ္။ သမထဆိုတာ သမာဓိထူေထာင္တဲ့ အလုပ္ပါပဲ။ ေကာင္းတဲ့အာ႐ုံတစ္ခုထဲမွာ စိတ္ကို ႏွစ္ၿပီးေတာ့ ပြားမ်ားရင္ သမထ။ ေမတၱာပို႔တာတို႔၊ ဂုဏ္ေတာ္ပြားမ်ားတာတို႔ ဒါ သမထပဲ။ သီလကို သမထ၀န္းရံလိုက္ရင္ ထူးကဲတဲ့သီလ ျဖစ္သြားတယ္။ ကိေလသာသတ္တဲ့သီလ ------------------- ၄။ ေနာက္ဆုံးသီလကေတာ့ နိေဗၺဓဘာဂိယ- ကိေလသာကို ပယ္သတ္နိုင္တဲ့ သီလတဲ့။ သီလခံယူၿပီးရင္ ဝိပႆနာ အားထုတ္ ရမယ္။ ဝိပႆနာဆိုတာ ခႏၶာဉာဏ္ေရာက္တရား။ ခႏၶာထဲ ဉာဏ္ေရာက္မွေတာ့ ဘာကိေလသာမွ ျဖစ္ခြင့္ မရွိေတာ့ဘူးေပါ့။ ဝိပႆနာအားထုတ္တဲ့အခါ နာရီ၀က္တတ္နိုင္ရင္ နာရီ၀က္၊ တစ္နာရီတတ္နိုင္ရင္ တစ္နာရီေပါ့။ ကိုယ္တတ္နိုင္သေလာက္ အားထုတ္ပါ။ အဲဒီလို အားထုတ္မွ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ ရမယ္။ မဂ္ဉာဏ္ဖိုလ္ဉာဏ္ရမွ ကိေလသာကို ပယ္သတ္နိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သီလကို ဝိပႆနာ၀န္းရံလိုက္ရင္ အျမတ္ဆုံးသီလ ျဖစ္သြားတယ္။ ဒီေတာ့ မိမိတို႔ ေစာင့္စည္းတဲ့ သီလ ပို၍ ပို၍ စင္ၾကယ္ဖို႔အတြက္ စိတ္ကိုလည္း ေစာင့္စည္းသင့္လွပါတယ္။ ________________________ သီတဂူ အရွင္ေဒဝိႏၵာဘိဝံသ
via အလင္းေရာင္ ဓမၼ https://ift.tt/2OMzV79
Newer Post
Older Post
Home