Thursday, November 28, 2019

သမာဓိ မြန်မြန်တက်တဲ့နည်း ▬▬▬▬▬▬▬▬▬▬▬▬▬▬ . တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက်ပါ။ ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။ အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။ ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။ တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။ ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။ နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြဿ နာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။ အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။ ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။ ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။ တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။ ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။ ဒီနေရာမှာ သမထနဲ့ ဝိပဿ နာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူး နိမိတ်ထူး ခံစားချက်ထူး တွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။ ဝိပဿ နာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။ အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။ ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။ _____________________________________________________ အာနာပါနစတင်အားထုတ်သူ၏ ထိုင်ပုံနည်းစနစ် . တင်မလ္လင်ခွေဖြစ်စေ မိန်းမထိုင်ဖြစ်စေ အဆင်ပြေသလိုထိုင်နိုင်ပါတယ် ။ အထက်ပိုင်းကိုယ်ကိုဖြောင့်မတ်စွာထားဖို့လိုပါတယ်။တစ်ခါတစ်ရံ လေရှူသွင်းတာကို လိုက်တာများပါက နောက်သို့လန်တတ်ပါတယ်။ လေထုတ်မှုနောက်သို့လိုက်တာများပါက အရှေ့သို့ငိုက်တတ်ပါတယ်၊ ဒါမျိုးမဖြစ်စေရန်မတ်နေဖို့လိုအပ်ပါတယ် ။ တင်းပါးအောက်မှာ လက်နှစ်လုံးစာလောက် ခေါင်းအုံးလေးဖြစ်စေ သင့်တော်မည့် အဝတ်စောင် စသည်တို့အား ထား၍ထိုင်မည်ဆိုပါက အလိုအလျောက်ခါးမတ်လာပါလိမ့်မည်။ အာနာပါအားထုတ်သူသည် ခါးမတ်ဖို့ကအလွန်အရေးကြီးပါတယ်၊ ခါးမတ်မှ လေကိုမှန်မှန်ဖြောင့်ဖြောင့်ရှူသွင်းရှူထုတ် လုပ်နိုင်ပါမယ်၊ အဝတ်အစားတို့အားလည်းတင်းကျပ်မနေဖို့လိုအပ်ပါတယ် ၊ ပြေလျော့သော အဝတ်တို့ကိုဝတ်သင့်ပါတယ် ၊ ရာသီဥတုကိုလိုက်ပြီး အဝတ်အစားကို ဝတ်သင့်ပါတယ် ။ တင်မလ္လင်ခွေထိုင်တဲ့နေရာမှာ ခြေထောက်နှစ်ချောင်းအားထပ်၍ မထိုင်သင့်ပါဘူး ၊ ဘယ်ဖြစ်စေ ညာဖြစ်စေ ရှေ့သို့တစ်ချောင်းထားနောက်သို့တစ်ချောင်းထား၍ ထိုင်ပါက ကြာရှည်ထိုင်နိုင်ပါလိမ့်မယ် ။ လက်နှစ်ဖက်လည်း ဘယ်လက်ဖဝါးပေါ် ညာလက်ဖဝါးတင်၍ ထိုင်နိုင်ပါတယ် ၊ ဒါမှမဟုတ် အဆင်ပြေသလိုထားနိုင်ပါတယ်။ (လက်နှစ်ဖက် ထပ်ထားတဲ့နေရာမှာ လက်မနှစ်ခုအား ထိ၍အတင်းဖိတွန်းမထားရပါ) လက်သည်လိုရင်းမဟုတ်ပါ ခါးရှေ့သို့မငိုက်ရန်အထိန်းဖြစ်ပါတယ် ။ သင်ခန္ဓာကိုယ်သည် ကုလားထိုင်တစ်လုံးလိုဖြောင့်နေပါပြီ ။ရှေ့ခြေနှစ်ခြောင်း တင်ပါးနှစ်ခုတို့၏ လေးချောင်းထောင့်ထားသော ကုလားထိုင်ကဲ့သို့ မတ်နေပါပြီ ။ အာနာပါန စတင်အားထုတ်တော့မယ် ရှေ့ကဖြစ်သော ဝမ်းသာစရာ ဝမ်းနည်းစရာ အတွေးတွေမဝင်အောင် စောင့်ထိန်းမယ်ဆိုပြီး စိတ်ကိုမွေးမြူပါ။ တရားအားလိုခြင်သော ဆန္ဒအားမွေးမြူကာ မလျော့သောဝီရိယ အစဉ်မပြတ်သောသတိဖြင့် အားထုတ်ပါ ။ _____________________________________________________ အာနာပါနအားထုတ်စ ယောဂီများတွင် ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲလေးများ . အသံသည် သမာဓိ၏ဆူးငြောင့် ဖြစ်သည်ဟုဆိုသည့် အတိုင်း ပတ်ဝန်းကျင်၏ အသံတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ ဒါကိုစိတ်ထဲတွင် မကျေမနပ်မဖြစ်သင့်ပါ ၊ တောတောင်ထဲသည်ပင် ကျေးငှက် သားရဲ တိရစ္ဆာန်တို့၏ အသံပင်ရှိသေး၏ ။ မိမိစိတ်၌ မကျေမနပ်မှုကြောင့် ဒေါသစိတ်တို့ ဝင်ရောက်သဖြင့် ကမ္မဋ္ဌာန်း ဆုတ်ယုတ်တတ်၏ ။ ဒီအသံတို့အားလည်း ကြားရကောင်းမလားဟု မိမိကိုယ်လည်း အပြစ်မတင်သင့်ပါ ။ ဒီအချိန်သည် အသံများမကြားရလောက်အောင် ဖြစ်ပေါ်စေသော သမာဓိမျိုးကား မဟုတ်သေးပေ ။ ကြားသင့်သလောက်ကြားနိုင်သေး၏ ။ ငါသည် ခန္ဓီပါရမီ ဖြည့်သည်ဟူ၍ မိမိကိုယ်ကိုဆုံးမကာ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။ ယောဂီများတွင်ဖြစ်တတ်ခြင်းမှာ နှာသီးအတွင်းကိုလိုက်မိ၍ တင်းကျပ်မှုကိုခံရတတ်ပါတယ် ။ ထိုသို့ဖြစ်လာလျှင် အတွင်းသို့ မလိုက်မိစေရန် သတိကြီးစွာထား၍ နှာသီးဖျား(သို့) အထက်နှုတ်ခမ်း၌သာ ဝင်လေထွက်လေကိုသာမှတ်နေပါ ။ ပူမှု အေးမှု မာမှု တင်းမှု တို့အားနှလုံးမသွင်းရပါ ။ ဓာတ်ဘက်သို့ရောက်၍ ကမ္မဋ္ဌာန်းဆုတ်ယုတ်တတ်ပါတယ် ။ သမာဓိသည် အားကောင်းလာပါက တစ်ခါတစ်ရံ မျက်နှာပြင် ဒါမှမဟုတ် နှာသီးဖျားတို့၌ ပိုးရွတို့ သွားသကဲ့သို့ ဖြစ်တတ်ပါတယ် ။ ထိုသို့ဖြစ်ပေါ်လာပါက ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်း မပြုပါနှင့် ၊ စိတ်ရှည်သည်းခံစွာ ဝင်လေထွက်လေကိုသာမှတ်နေပါ မကြာမှီပင် ပျောက်သွားတတ်ပါတယ် ။ ____________________________________________________ အာနာပါနသမာဓိကို အောင်မြင်ပေါက်မြောက်ခြင်း . သမထပိုင်းရဲ့ အဆင့်လေးဆင့်( ၀င်လေ ထွက်လေ ရှစ်မျိုး) သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့အနက် ကြိုက်တဲ့ကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်နိုင်ပါ တယ်။ အာနာပါနကမ္မဋ္ဌာန်းကို အတိုချုပ်ပြီး သမာဓိထူထောင်ပုံပြောဖို့ ရည်ရွယ်ထားတယ်၊ ဒီတော့ ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို ညွှန်ကြားတဲ့အချိန်အခါမှာ နံပါတ်တစ် ဒီဃ - အရှည်၊ နံပါတ်နှစ် ရဿ - အတို၊ နံပါတ်သုံး သဗ္ဗကာယ- ပဋိသံဝေဒီ - အစအဆုံး အကုန်လုံး၊ နံပါတ်လေး ပဿမ ္ဘယံ - ငြိမ်းအောင် ကျင့်ပါဆိုပြီး အဆင့် လေးဆင့် ချမှတ်ပေးပါတယ်၊ အဲဒီ သမာဓိ ပိုင်း၊ လေးဆင့်စလုံးမှာ ယောဂါ၀စရပုဂ္ဂိုလ်က ဘယ်လိုအားထုတ်ရမလဲ၊သော သတော၀ အဿသတိ သတော၀ ပဿသတိ။ (မ-၁-၇၀။) အရှည်မှာလည်း သတိမြဲရမယ်၊ အတိုမှာလည်း သတိမြဲ ရမယ်၊ အစအဆုံး အကုန်လုံးမှာလည်း သတိမြဲနေရမယ်၊ ငြိမ်းအောင်ကျင့် တဲ့နေရာမှာလည်း သတိမြဲရမယ်လို့ ဒီလိုဆိုလိုတယ်၊ဒီတော့ အရှည်မှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အတိုကျတော့လည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အစအဆုံးအကုန်လုံး ထင်ထင်ရှားရှား သိရာမှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ ငြိမ်းအောင်ကျင့်တဲ့အပိုင်းမှာလည်း ၀င်သက် ထွက်သက် နှစ်မျိုးပဲ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိသွားသလဲ၊ - ရှစ်မျိုး၊ ဒါက သမထပိုင်းအတွက် ကွက်ပြီး ပြောတာပါ။ ဒီတော့ အရှည်၊ အတို၊ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပထမလေ့ကျင့်ရမှာဖြစ်တော့ ယောဂါ၀စရပုဂ္ဂိုလ်က အဲဒီ ၀င်လေ ထွက်လေကို ရှုပွားသုံးသပ်တဲ့အပိုင်းမှာ --- ထိမှုထင်ရှားရာမှာ စိတ်ထားပြီး လေကိုကြည့်ပါ ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿ၀ ဘာ၀နာ သမ္ပဇ္ဇတိ (ဝိသုဒ္ဓိ-၁-၂၇၁။) လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားတဲ့အတိုင်း --- ၀င်တဲ့လေ ထွက်တဲ့လေ ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီး တော့ စိတ်ကို ထားဖို့ လိုအပ်ပါတယ်။ ကြည့်ရမှာက ဘာကို ကြည့်ရမှာလဲ၊ ၀င်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ အဲဒီလေသည် အထဲ၀င်တော့ အထဲလည်း လိုက်မကြည့်နဲ့၊ အပြင် ထွက် တော့ အပြင်လည်း လိုက်မကြည့်နဲ့၊ ထိတဲ့နေရာက စောင့်ပြီး ဒီလေကလေး ကိုကြည့်ပါ၊ အဲဒီ လေကလေးမှာ စိတ်ကိုငြိမ်အောင် ကပ်ကြည့်၊ ကပ်လို့မှ မရဘူးဆိုရင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ ညွှန် ကြားထားပါတယ်။ ရေတွက်ခြင်းဂဏနာနည်း . ၀င်လေ ထွက်လေ နှစ်ခုပေါင်းကို .. တစ် ၀င်လေ ထွက်လေ .. နှစ် ၀င်လေ ထွက်လေ .. သုံး ၀င်လေ ထွက်လေ ..လေး ၀င်လေ ထွက်လေ .. ငါး ၀င်လေ ထွက်လေ .. ခြောက် ၀င်လေ ထွက်လေ .. ခုနစ် ၀င်လေ ထွက်လေ .. ရှစ် အဲဒီ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှမထွက်ရဘူးလို့ ဒီလို လေ့ကျင့်ရတယ်၊ လေ့ကျင့်ဖန် များလာပြီဆိုရင်တော့ တဖြည်းဖြည်း ငြိမ်သွား တတ်ပါတယ်။ တစ်ကနေ တစ်ဆယ်ထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။ ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆယ်အထိ ရေတွက်လည်း ရပါတယ်၊ ကိုယ်ကြိုက်သလို ယူလို့ရပါတယ်။ အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီ၀က်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ကျင့်ရတယ်၊ အရှည် အတို (အသက်ရှုအနှေး အမြန်) . အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။ အရှည်ဆိုတာက အသက်ရှူနှေးတာ၊ အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ၊ မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ၊ .. ၀င်လေ ထွက်လေ.. ဒါလောက်ပဲ မှတ်ပါ။ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည်လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊ ဣရိယာပုထ်အနေအထား . အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ေ့ရှ နောက် ဝဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊ ဆင်းရဲ နေတဲ့ ဝေဒနာကို အောင့်အီးသည်းခံရမယ်လို့တော့ မဆိုလိုဘူး၊ ငြိမ်သက်မှု သမာဓိကို မရဘူးဆိုရင်တော့ ဣရိယာပုထ် ပြင်နိုင်တယ်။ ဒါပေမဲ့လို့ မိမိက နာရီ၀က်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီ၀က်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီတော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ၀င်လေ ထွက်လေ၊ အရှည် အတို အာရုံမှာ ဘာ၀နာစိတ်က တစ်နာရီလောက် အနည်းဆုံး ကပ်အောင်တော့ လေ့ကျင့်ရပါတယ်၊ ထိုင်တိုင်း ထိုင်တိုင်း ကပ်ပြီဆိုရင်တော့ လေး၊ ငါး၊ ခြောက် ထိုင်အတွင်းမှာ၊ အချို့ ပါရမီရင့်ညောင်းရင်လည်း တစ်ထိုင် နှစ်ထိုင် အတွင်းလောက်မှာ နိမိတ် စပေါ်တတ်ပါတယ်။ ဆယ်ကြိမ်၊ တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်၊ သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။ အစ အဆုံး အကုန်းလုံးတောက်လျှောက်သိပါ . ၀င်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့၊ ၀င်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။ အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။ အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ - သဗ္ဗကာယ ပဋိသံဝေဒီ - လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။. အဲဒီအပိုင်းမှာလည်း ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံး - ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ်ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ၊ ၀င်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ၀င်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘဲ နေနိုင်ခဲ့ရင်တော့ မမှတ်နဲ့၊ လေပေါ်မှာ စိတ်က တောက်လျှောက် သိနေဖို့ လိုရင်းပဲ။ အလင်းရောင်နဲ့ နိမိတ် . အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာ၀နာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်၊ အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။ အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊ ဘာ၀နာသညာနှင့် နိမိတ်ပေါ်စအခြေအနေများ . ယောဂီပုဂ္ဂိုလ်တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာ၀နာသညာလို့ ခေါ်တယ်။ ထိုဘာ၀နာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။ အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါတယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။ အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါတယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။ အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။ အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း၊ အချို့ကလည်း အဝုိင်း - စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။.. နိမိတ်ပေါ်မှာ စိတ်ကပ်ရမယ့်အချိန် . အဲဒီလို ဖြူနေတဲ့အဖြူချောင်းကို တွေ့ပြီ ဆိုရင် တစ်ခါတစ်ရံ ယောဂီက အဲဒီ အဖြူချောင်းပေါ်မှာ တစ်ခါတစ်လေ ဘာ၀နာစိတ်ကလေးကို ငြိမ်၀ပ်စွာ တည်နေအောင် ကြိုးစားရင် ကြိုးစားလို့ ရပါတယ်၊ ဒါပေမဲ့ စပေါ်စမှာ သူက မခိုင်ဘူး၊ အများစုမှာ မခိုင်တဲ့အတွက် ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဒီနိမိတ်ချောင်းပေါ်မှာ ဘာ၀နာစိတ်ကို မကပ်ဘဲ မူလရှုမြဲ ဖြစ်တဲ့ ၀င်သက်လေ ထွက်သက်လေ အာရုံပေါ်မှာသာ ဘာ၀နာစိတ်ကို ငြိမ်၀ပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်၊ အဲဒီလို ကြိုးစားရင်းကနေပြီး တော့ ဒီနိမိတ်ပေါ်လာလို့ နိမိတ်ပေါ်မှာ ဘာ၀နာစိတ်က ကပ်နေပြီဆိုရင် လည်း မခွာချနဲ့၊ ကပ်မြဲသာ ကပ်ထားလိုက်တော့၊ အဲဒီ ဘာ၀နာစိတ်က ဒီ နိမိတ်အာရုံပေါ်မှာ ကပ်နေတဲ့ အချိန်အခါမှာ ပကတိ ၀င်လေ ထွက်လေကို ပြန်မကြည့်နဲ့၊ ပကတိ ၀င်လေ ထွက်လေကို ကြည့်လိုက်၊ နိမိတ်ကို ကြည့်လိုက် ခေါက်တုံ့ခေါက်ပြန် ပြုလုပ်နေခဲ့ရင် ဒီသမာဓိသည် ငြိမ်၀ပ်မှုမရှိတဲ့အတွက် စိတ်သည် အာရုံတစ်ခုအပေါ်မှာ ကျရောက်နေတာ မဟုတ်တဲ့အတွက်ကြောင့် သမာဓိ ပျက်သွားတတ်တယ်။ အကယ်၍ ဒီနိမိတ်ချောင်းက မခိုင်သေးဘူးဆိုရင်တော့ ပကတိ ၀င်လေ ထွက်လေကိုသာ ရှုနေပါ၊ ရှုနေရာကနေ နိမိတ်က ခိုင်ပြီး နာရီ၀က်လောက် တစ်နာရီလောက် မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနိမိတ်မှာ ပြောင်းကပ်ပါ၊ ထိုနိမိတ်သည် ဝေးနေခဲ့ရင်တော့ အကပ်မခံဘူး၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ ပေါ်မှ များသောအားဖြင့် အကပ်ခံတယ်။ ပေါ်တဲ့ အချိန်အခါမှာလည်း နိမိတ်ချောင်းက သိပ်ရှည်နေရင်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်လိုက်မကပ်နဲ့၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိနေတဲ့ နိမိတ်ပေါ်မှာသာ စိတ်ကလေးကို ကပ်သာထားလိုက်။ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် . အဲဒီလို ကပ်ထားလိုက်လို့ ဘာ၀နာစိတ်က ဒီအာနာပါနနိမိတ်အာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်လာပြီဆိုရင်တော့ တဖြည်းဖြည်း ဒီနိမိတ်သည် ဖြူရာကနေ ကြည်ပြီး တောက်လာတတ်ပါတယ်။ ဖြူနေတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်၊ ကြည်ပြီး အရောင်ထွက်လာတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်၊ အဲဒီ ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံမှာ ဘာ၀နာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်၀ပ်စွာ ကပ်ပြီးတည်နေအောင် ထိုင်တိုင်း ထိုင်တိုင်း ရအောင် လေ့ကျင့်ရတယ်၊ ထိုအချိန်အခါမှာ သွားရင်လည်းရှု၊ ရပ်လည်းရှု၊ ထိုင်လည်းရှု၊ အိပ်လည်းရှု လေ့ကျင့်ပေးရပါတယ်။ စျာန် နှင့် အဘိညာဏ် . အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်၀ပ်စွာ ကပ်ပြီး တည်နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ် ရပြီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှု ရှိနေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင်ခြင်လို့ရပြီ။ အားထုတ်စပုဂ္ဂိုလ်သည် စျာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ၀င်စားမှု များပါစေလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက (ဝိသုဒ္ဓိ-၁-၁၄၈။ မဟာဋီ-၁-၁၇၈။) သတ်မှတ်ပေးထားတယ်။ အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ်အပေါ်မှာ ဘာ၀နာစိတ်ကို ငြိမ်၀ပ်စွာကပ်ပြီး တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် တည်နေအောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို (စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟုခေါ်သတတ်) ဒီလို လယ်တီဆရာတော် ဘုရားက မိန့်ဆိုထားတယ်၊ အာရမ္မဏူပနိဇ္ဈာနစျာန်လို့ ခေါ်ပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို စျာန်လို့ ခေါ်တယ်။ မြေလျှိုး မိုးပျံနေတာကို စျာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့ လုပ်ငန်းကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။ အခုပြောနေတာက စျာန်ပိုင်းပဲ၊ အဲဒီတော့ စျာန်၀င်စားမှုများရမယ်၊ စျာန် အင်္ဂါကို ဆင်ခြင်တာ နည်းရမယ်။ ပထမစျာန်သမာဓိ . ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ အနည်းဆုံး လေး ငါး ဆယ်ထိုင်လောက် ဘာ၀နာစိတ်က အဓိဋ္ဌာန်တဲ့ အတိုင်း တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ် ၀ပ်စွာ ကပ်ပြီးတည်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ စျာန်အင်္ဂါကို ဆင်ခြင်နိုင်တယ်။ သို့သော် မှတ်ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်က ကပ်နေတယ်ဆိုရင် အဲဒီအချိန်မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။ ကြားနေသေးတယ်ဆိုရင်တော့ ဒီစျာန်သည် ဆက်တိုက် မရသေးဘူး၊ ကြိုးကြား ကြိုးကြား စျာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက် ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာ၀နာစိတ် ဒီနှစ်ခုပဲရှိတော့တယ်လို့လည်း သိနေပြီ၊ ဘာ၀နာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ မှာပဲ ငြိမ်၀ပ်စွာကပ်ပြီး တည်နေပြီ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာပဲ ဘာ၀နာစိတ်က နစ်မြုပ်နေပြီဆိုရင် တော့ ထိုအချိန်အခါမှာ စျာန်အင်္ဂါကို ဆင်ခြင်လို့ ရနိုင်ပါပြီ။ . ( ဖားအောက်ဆရာတော်ကြီးဟောကြားသောတရားတော်မှ ဦးတေဇိန္ဒက ကောက်နုတ်တင်ပြခြင်းဖြစ်သည်..........) သမာဓိ မွနျမွနျတကျတဲ့နညျး ▬▬▬▬▬▬▬▬▬▬▬▬▬▬ . တရားထိုငျတဲ့အခါ သမာဓိ မွနျမွနျတကျတဲ့နညျးလေး မသိသေးတဲ့သူတှအေတှကျပါ။ ဝငျလေ ထှကျလကေို သခြောစောငျ့ ဖမျးနရေပါတယျ။ ကိုယျခန်ဓာက ယားတယျဆိုလဲ ယားတဲ့ပေါျ ဖွဈပကြျ မမှတျဘဲ။ အာရုံက နှာသီးဖြားပေါျမှာ ရှိနပေေးပါ။ ဥပမာ- သီခငြျးသံတှေ ဘယျလောကျဆူညံပါစေ အာရုံက တဈခွားနရောရောကျနတေဲ့ သူတှအေနနေဲ့ ဘာစာသားတှေ ဆိုသှားတယျဆိုတာတှေ ကယြျလောငျနတောဘဲဆိုတာတှေ မသိနိုငျသလိုပါဘဲ။ တကယျ တရားထိုငျတဲ့အခါမှာ လူတောျတောျမြားမြားက ဘာကို ဘယျလို ထိုငျရမယျဆိုတာ မသိကွပါဘူး။ နားလညျသူတှကေို မေးမွနျးကွတာတှလေဲ နညျးပါတယျ။ ကွာကွာထိုငျပမေယျ့ သမာဓိမတကျ။ ဒုံရငျးက ဒုံရငျးဖွဈနကွေတာ။ မထိုငျတတျကွလို့ပါ။ နှာသီးဝမှာ ထားတယျဆိုရာမှာ စလုံးရေ စတဲ့ သူတှအေနနေဲ့ ပွူ နာ တဈရပျက အတှေးလေးတှေ ဝငျလာတာပါဘဲ။ အတှေးတှေ မဝငျရဘူးလို့ ပွောလို့မရပါဘူး။ ဒါပမေယျ့ သတိကပျလိုကျတဲ့အခါ အတှေးကို ဖကြျလိုကျပါ။ ငါ အတှေးဝငျသှားပါလားဆိုတဲ့အတှေးနဲ့အပွိုငျ ငါတရားထိုငျနပေါလားဆိုတာ သိပါ။ ပွီးရငျ နှာသီးဖြားမှာ ဆကျထားပါ။ အတှေးပေါျမှာ ဖွဈပကြျလေး ဖွဈသှားပါလားဆိုတဲ့ ဟာလေး နှလုံးသှငျးနိုငျရငျ ပိုကောငျးပါတယျ။ တရားနိမိတျတှေ ပေါျလာရငျလဲ ထူးဆနျးအံ့သွမှုတှေ ထဲမှာ မြောပါမသှားဘဲ။ ငါ တရားထိုငျနတေယျဆိုတဲ့ အတှေးလေးနဲ့ ဖွတျပဈရပါမယျ။ ဒီနရောမှာ သမထနဲ့ ဝိပူ နာခှဲဖို့ လိုပါလိမျ့မယျ။ သမာဓိ ထူထောငျတဲ့အထိက သမထနညျးနဲ့တူတူပါဘဲ။ သမာဓိ အားကောငျးလာပွီဆို အာရုံထူး နိမိတျထူး ခံစားခကြျထူး တှနေဲ့ တှေ့လာတဲ့အခါမှာ သမထက အာရုံတှပေေါျမှ နှဈသကျ မွောပါသှားပါတယျ။ ဝိပူ နာက ဘာအာရုံတှဘေဲလာလာ အပကြျဆိုတဲ့ ဘကျကို ရှေ့ရှုရမှာပါ။ ပြောျဝငျမသှားရပါဘူး။ အနတ်တမှာ လမျးဆုံးမှ ဝိပူနာပါ။ ဒီနညျးလေးက တနျဖိုးသိတဲ့သူတှအေတှကျ အရမျးအသုံးဝငျပါလိမျ့မယျ။ ဒီနညျးလမျးလေးကို ရှေးကမြျးစာ တဈအုပျထဲမှာ ဖတျရတာပါ ဖွတျလမျးနညျးလေးပါ။ _____________________________________________________ အာနာပါနစတငျအားထုတျသူ၏ ထိုငျပုံနညျးစနဈ . တငျမလ်လငျခှဖွေဈစေ မိနျးမထိုငျဖွဈစေ အဆငျပွသေလိုထိုငျနိုငျပါတယျ ။ အထကျပိုငျးကိုယျကိုဖွောငျ့မတျစှာထားဖို့လိုပါတယျ။တဈခါတဈရံ လရှေူသှငျးတာကို လိုကျတာမြားပါက နောကျသို့လနျတတျပါတယျ။ လထေုတျမှုနောကျသို့လိုကျတာမြားပါက အရှေ့သို့ငိုကျတတျပါတယျ၊ ဒါမြိုးမဖွဈစရေနျမတျနဖေို့လိုအပျပါတယျ ။ တငျးပါးအောကျမှာ လကျနှဈလုံးစာလောကျ ခေါငျးအုံးလေးဖွဈစေ သငျ့တောျမညျ့ အဝတျစောငျ စသညျတို့အား ထား၍ထိုငျမညျဆိုပါက အလိုအလြောကျခါးမတျလာပါလိမျ့မညျ။ အာနာပါအားထုတျသူသညျ ခါးမတျဖို့ကအလှနျအရေးကွီးပါတယျ၊ ခါးမတျမှ လကေိုမှနျမှနျဖွောငျ့ဖွောငျ့ရှူသှငျးရှူထုတျ လုပျနိုငျပါမယျ၊ အဝတျအစားတို့အားလညျးတငျးကပြျမနဖေို့လိုအပျပါတယျ ၊ ပွလြေော့သော အဝတျတို့ကိုဝတျသငျ့ပါတယျ ၊ ရာသီဥတုကိုလိုကျပွီး အဝတျအစားကို ဝတျသငျ့ပါတယျ ။ တငျမလ်လငျခှထေိုငျတဲ့နရောမှာ ခွထေောကျနှဈခြောငျးအားထပျ၍ မထိုငျသငျ့ပါဘူး ၊ ဘယျဖွဈစေ ညာဖွဈစေ ရှေ့သို့တဈခြောငျးထားနောကျသို့တဈခြောငျးထား၍ ထိုငျပါက ကွာရှညျထိုငျနိုငျပါလိမျ့မယျ ။ လကျနှဈဖကျလညျး ဘယျလကျဖဝါးပေါျ ညာလကျဖဝါးတငျ၍ ထိုငျနိုငျပါတယျ ၊ ဒါမှမဟုတျ အဆငျပွသေလိုထားနိုငျပါတယျ။ (လကျနှဈဖကျ ထပျထားတဲ့နရောမှာ လကျမနှဈခုအား ထိ၍အတငျးဖိတှနျးမထားရပါ) လကျသညျလိုရငျးမဟုတျပါ ခါးရှေ့သို့မငိုကျရနျအထိနျးဖွဈပါတယျ ။ သငျခန်ဓာကိုယျသညျ ကုလားထိုငျတဈလုံးလိုဖွောငျ့နပေါပွီ ။ရှေ့ခွနှေဈခွောငျး တငျပါးနှဈခုတို့၏ လေးခြောငျးထောငျ့ထားသော ကုလားထိုငျကဲ့သို့ မတျနပေါပွီ ။ အာနာပါန စတငျအားထုတျတော့မယျ ရှေ့ကဖွဈသော ဝမျးသာစရာ ဝမျးနညျးစရာ အတှေးတှမေဝငျအောငျ စောငျ့ထိနျးမယျဆိုပွီး စိတျကိုမှေးမွူပါ။ တရားအားလိုခွငျသော ဆန်ဒအားမှေးမွူကာ မလြော့သောဝီရိယ အစဉျမပွတျသောသတိဖွငျ့ အားထုတျပါ ။ _____________________________________________________ အာနာပါနအားထုတျစ ယောဂီမြားတှငျ ဖွဈလေ့ဖွဈထရှိသော အခကျအခဲလေးမြား . အသံသညျ သမာဓိ၏ဆူးငွောငျ့ ဖွဈသညျဟုဆိုသညျ့ အတိုငျး ပတျဝနျးကငြျ၏ အသံတို့ကွောငျ့ စိတျအနှောကျအယှကျဖွဈတတျပါတယျ။ ဒါကိုစိတျထဲတှငျ မကြမေနပျမဖွဈသငျ့ပါ ၊ တောတောငျထဲသညျပငျ ကြေးငှကျ သားရဲ တိရစ်ဆာနျတို့၏ အသံပငျရှိသေး၏ ။ မိမိစိတျ၌ မကြမေနပျမှုကွောငျ့ ဒေါသစိတျတို့ ဝငျရောကျသဖွငျ့ ကမ်မဋ်ဌာနျး ဆုတျယုတျတတျ၏ ။ ဒီအသံတို့အားလညျး ကွားရကောငျးမလားဟု မိမိကိုယျလညျး အပွဈမတငျသငျ့ပါ ။ ဒီအခြိနျသညျ အသံမြားမကွားရလောကျအောငျ ဖွဈပေါျစသေော သမာဓိမြိုးကား မဟုတျသေးပေ ။ ကွားသငျ့သလောကျကွားနိုငျသေး၏ ။ ငါသညျ ခန်ဓီပါရမီ ဖွညျ့သညျဟူ၍ မိမိကိုယျကိုဆုံးမကာ သတိကွီးစှာဖွငျ့ လကေိုသာမှတျနပေါ ။ ယောဂီမြားတှငျဖွဈတတျခွငျးမှာ နှာသီးအတှငျးကိုလိုကျမိ၍ တငျးကပြျမှုကိုခံရတတျပါတယျ ။ ထိုသို့ဖွဈလာလြှငျ အတှငျးသို့ မလိုကျမိစရေနျ သတိကွီးစှာထား၍ နှာသီးဖြား(သို့) အထကျနှုတျခမျး၌သာ ဝငျလထှေကျလကေိုသာမှတျနပေါ ။ ပူမှု အေးမှု မာမှု တငျးမှု တို့အားနှလုံးမသှငျးရပါ ။ ဓာတျဘကျသို့ရောကျ၍ ကမ်မဋ်ဌာနျးဆုတျယုတျတတျပါတယျ ။ သမာဓိသညျ အားကောငျးလာပါက တဈခါတဈရံ မကြျနှာပွငျ ဒါမှမဟုတျ နှာသီးဖြားတို့၌ ပိုးရှတို့ သှားသကဲ့သို့ ဖွဈတတျပါတယျ ။ ထိုသို့ဖွဈပေါျလာပါက ကမ်မဋ်ဌာနျးကိုရပျပွဈခွငျး မပွုပါနှငျ့ ၊ စိတျရှညျသညျးခံစှာ ဝငျလထှေကျလကေိုသာမှတျနပေါ မကွာမှီပငျ ပြောကျသှားတတျပါတယျ ။ ____________________________________________________ အာနာပါနသမာဓိကို အောငျမွငျပေါကျမွောကျခွငျး . သမထပိုငျးရဲ့ အဆင့ျလေးဆင့ျ( ၀ငျလေ ထှကျလေ ရှဈမြိုး) သမာဓိထူထောငျတဲ့အပိုငျးမှာ ကမ်မဋ်ဌာနျးလေးဆယျရှိတဲ့အနကျ ကွိုကျတဲ့ကမ်မဋ်ဌာနျးနှင့ျ သမာဓိကို ထူထောငျနိုငျပါ တယျ။ အာနာပါနကမ်မဋ်ဌာနျးကို အတိုခြုပျပွီး သမာဓိထူထောငျပုံပွောဖို့ ရညျရှယျထားတယျ၊ ဒီတော့ ဘုရားရှငျက ဒီအာနာပါနကမ်မဋ်ဌာနျးကို ညှှနျကွားတဲ့အခြိနျအခါမှာ နံပါတျတဈ ဒီဃ - အရှညျ၊ နံပါတျနှဈ ရူ - အတို၊ နံပါတျသုံး သဗ်ဗကာယ- ပဋိသံဝဒေီ - အစအဆုံး အကုနျလုံး၊ နံပါတျလေး ပူမ ်ဘယံ - ငွိမျးအောငျ ကငြ့ျပါဆိုပွီး အဆင့ျ လေးဆငျ့ ခမြှတျပေးပါတယျ၊ အဲဒီ သမာဓိ ပိုငျး၊ လေးဆင့ျစလုံးမှာ ယောဂါ၀စရပုဂ်ဂိုလျက ဘယျလိုအားထုတျရမလဲ၊သော သတော၀ အူသတိ သတော၀ ပူသတိ။ (မ-၁-၇၀။) အရှညျမှာလညျး သတိမွဲရမယျ၊ အတိုမှာလညျး သတိမွဲ ရမယျ၊ အစအဆုံး အကုနျလုံးမှာလညျး သတိမွဲနရေမယျ၊ ငွိမျးအောငျကငြ့ျ တဲ့နရောမှာလညျး သတိမွဲရမယျလို့ ဒီလိုဆိုလိုတယျ၊ဒီတော့ အရှညျမှာလညျး ၀ငျသကျ ထှကျသကျက နှဈမြိုး၊ အတိုကတြော့လညျး ၀ငျသကျ ထှကျသကျက နှဈမြိုး၊ အစအဆုံးအကုနျလုံး ထငျထငျရှားရှား သိရာမှာလညျး ၀ငျသကျ ထှကျသကျက နှဈမြိုး၊ ငွိမျးအောငျကငြ့ျတဲ့အပိုငျးမှာလညျး ၀ငျသကျ ထှကျသကျ နှဈမြိုးပဲ၊ ပေါငျးလိုကျတော့ ဘယျနှဈမြိုးရှိသှားသလဲ၊ - ရှဈမြိုး၊ ဒါက သမထပိုငျးအတှကျ ကှကျပွီး ပွောတာပါ။ ဒီတော့ အရှညျ၊ အတို၊ အစအဆုံး အကုနျလုံးကို ထငျထငျရှားရှား သိအောငျ ပထမလေ့ကငြ့ျရမှာဖွဈတော့ ယောဂါ၀စရပုဂ်ဂိုလျက အဲဒီ ၀ငျလေ ထှကျလကေို ရှုပှားသုံးသပျတဲ့အပိုငျးမှာ --- ထိမှုထငျရှားရာမှာ စိတျထားပွီး လကေိုကွည့ျပါ ဖုဋ်ဌဖုဋ်ဌောကာသေ ပန သတိံ ဌပတှော ဘာဝနေ်တေူ၀ ဘာ၀နာ သမ်ပဇ်ဇတိ (ဝိသုဒ်ဓိ-၁-၂၇၁။) လို့ ဝိသုဒ်ဓိမဂျအဋ်ဌကထာက ညှှနျကွားထားတဲ့အတိုငျး --- ၀ငျတဲ့လေ ထှကျတဲ့လေ ထိမှုထငျရှားတဲ့ တဈနရောကနေ စောင့ျပွီး တော့ စိတျကို ထားဖို့ လိုအပျပါတယျ။ ကွည့ျရမှာက ဘာကို ကွည့ျရမှာလဲ၊ ၀ငျသကျလေ ထှကျသကျလကေို ကွည့ျရမယျ။ အဲဒီလသေညျ အထဲ၀ငျတော့ အထဲလညျး လိုကျမကွည့ျနဲ့၊ အပွငျ ထှကျ တော့ အပွငျလညျး လိုကျမကွည့ျနဲ့၊ ထိတဲ့နရောက စောင့ျပွီး ဒီလကေလေး ကိုကွည့ျပါ၊ အဲဒီ လကေလေးမှာ စိတျကိုငွိမျအောငျ ကပျကွည့ျ၊ ကပျလို့မှ မရဘူးဆိုရငျတော့ အဋ်ဌကထာမြားက ရတှေကျတဲ့နညျးကို အသုံးပွုဖို့ ညှှနျ ကွားထားပါတယျ။ ရတှေကျခွငျးဂဏနာနညျး . ၀ငျလေ ထှကျလေ နှဈခုပေါငျးကို .. တဈ ၀ငျလေ ထှကျလေ .. နှဈ ၀ငျလေ ထှကျလေ .. သုံး ၀ငျလေ ထှကျလေ ..လေး ၀ငျလေ ထှကျလေ .. ငါး ၀ငျလေ ထှကျလေ .. ခွောကျ ၀ငျလေ ထှကျလေ .. ခုနဈ ၀ငျလေ ထှကျလေ .. ရှဈ အဲဒီ တဈကနေ ရှဈအထိ ငါ့စိတျ ဘယျမှမထှကျရဘူးလို့ ဒီလို လေ့ကငြ့ျရတယျ၊ လေ့ကငြ့ျဖနျ မြားလာပွီဆိုရငျတော့ တဖွညျးဖွညျး ငွိမျသှား တတျပါတယျ။ တဈကနေ တဈဆယျထိလညျး ရတှေကျနိုငျတယျ။ တဈကနေ ငါးထိလညျး ရတှေကျနိုငျတယျ။ ငါးအောကျ မလြော့စနေဲ့၊ တဈဆယျထကျ လညျး မပိုစနေဲ့ ဒီလို သတျမှတျခကြျ ရှိပါတယျ။ ရှဈအထိကတော့ မဂ်ဂငျရှဈပါး အကငြ့ျမွတျတရားကို ပူဇောျတဲ့အနနှေင့ျ ဆိုပွီး ဆရာသမားမြားက ဒီလို ညှှနျကွားပေးတဲ့အတှကျ ဘုနျးကွီးလညျး ဒီဌာနမှာ ရှဈအထိပဲ သငျပေးပါတယျ၊ ဘုရားဂုဏျတောျကိုးပါးကို ပူဇောျတဲ့ အနနေဲ့ ကိုးအထိ ရတှေကျလညျးရတယျ၊ ဉာဏျတောျအား ဆယျပါးနှင့ျ ပွည့ျစုံတောျမူတဲ့ ဘုရားရှငျအား ပူဇောျတဲ့အနတေဲ့ တဈဆယျအထိ ရတှေကျလညျး ရပါတယျ၊ ကိုယျကွိုကျသလို ယူလို့ရပါတယျ။ အဲဒီတော့ တဈကနေ ရှဈအထိ ရတှေကျပွီဆိုကွစို့၊ အဲဒီ တဈကနေ ရှဈအထိ စိတျကို ဘယျမှ မထှကျအောငျ လေ့ကငြ့ျရတယျ၊ လေ့ကငြ့ျတဲ့အခါ နာရီ၀ကျလောကျ သို့မဟုတျ တဈနာရီလောကျအထိတော့ ငွိမျအောငျ လေ့ကငြ့ျရတယျ၊ အရှညျ အတို (အသကျရှုအနှေး အမွနျ) . အောငျမွငျမှုရပွီဆိုရငျတော့ အရှညျ အတိုကို ကူးနိုငျတယျ။ အရှညျဆိုတာက အသကျရှူနှေးတာ၊ အတိုဆိုတာက အသကျရှူမွနျတာကို ဆိုလိုတယျ၊ နှေးလညျး နှေးတဲ့အတိုငျးသိ၊ မွနျလညျး မွနျတဲ့အတိုငျးသိ၊ နှေး အောငျ မွနျအောငျ ရှညျအောငျ တိုအောငျ သကျသကျ မကွိုးစားပါနှင့ျ၊ အရှညျ-အတိုလို့လညျး မမှတျနှင့ျ၊ အနှေး-အမွနျလို့လညျး မမှတျနှင့ျ၊ မမှတျဘဲ မနနေိုငျရငျတော့ ဘယျလိုသာမှတျရမလဲ၊ .. ၀ငျလေ ထှကျလေ.. ဒါလောကျပဲ မှတျပါ။ အဲဒီ လကေလေးအပေါျမှာ စိတျကလေး ငွိမျအောငျကပျထား၊ ရှညျလညျး ရှညျတဲ့အတိုငျးသိ၊ တိုလညျး တိုတဲ့အတိုငျးသိ၊ ဣရိယာပုထျအနအေထား . အဲဒီလို ရှုရတဲ့အပိုငျးမှာ အာနာပါနရဲ့ စညျးကမျးတဈခုကတော့ ေ့ရှ နောကျ ဝဲ ယာ ခန်ဓာကိုယျကို နညျးနညျးလေးမှ မလှုပျအောငျ ထိနျးရမယျဆိုတဲ့အခကြျပဲ၊ ဣရိယာပုထျ မပွငျကောငျးဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပမေဲ့ မခံနိုငျရငျတော့ ပွငျပါ၊ ဆငျးရဲ နတေဲ့ ဝဒေနာကို အောင့ျအီးသညျးခံရမယျလို့တော့ မဆိုလိုဘူး၊ ငွိမျသကျမှု သမာဓိကို မရဘူးဆိုရငျတော့ ဣရိယာပုထျ ပွငျနိုငျတယျ။ ဒါပမေဲ့လို့ မိမိက နာရီ၀ကျအဓိဋ်ဌာနျပွီးတော့ ငွိမျအောငျရှုရမယျလို့ အဓိဋ်ဌာနျပွီးထိုငျခဲ့ရငျ နာရီ၀ကျတော့ မလှုပျရှားဘဲ ထိုငျနိုငျရငျ ပိုကောငျးတယျ၊ တဈနာရီအဓိဋ်ဌာနျရငျလညျး တဈနာရီထိုငျနိုငျရငျတော့ ပိုကောငျးတယျ၊ အဲဒီတော့ ဒီအရှညျ အတိုပေါျမှာ စိတျကလေးငွိမျအောငျ ကပျထားလိုကျတဲ့အခြိနျ အခါမှာ ဒီအပိုငျးမှာ ထိုငျတိုငျး ထိုငျတိုငျး ၀ငျလေ ထှကျလေ၊ အရှညျ အတို အာရုံမှာ ဘာ၀နာစိတျက တဈနာရီလောကျ အနညျးဆုံး ကပျအောငျတော့ လေ့ကငြ့ျရပါတယျ၊ ထိုငျတိုငျး ထိုငျတိုငျး ကပျပွီဆိုရငျတော့ လေး၊ ငါး၊ ခွောကျ ထိုငျအတှငျးမှာ၊ အခြို့ ပါရမီရင့ျညောငျးရငျလညျး တဈထိုငျ နှဈထိုငျ အတှငျးလောကျမှာ နိမိတျ စပေါျတတျပါတယျ။ ဆယျကွိမျ၊ တဈဆယ့ျငါးကွိမျလောကျ၊ နှဈရကျ၊ သုံးရကျလောကျ ဒီ အရှညျအတိုမှာ ရှုနလေို့မှ နိမိတျက မပေါျရငျတော့ အစအဆုံးကငြ့ျစဉျကို ကူးကွည့ျပါ။ အစ အဆုံး အကုနျးလုံးတောကျလြှောကျသိပါ . ၀ငျလေ-ထှကျလကေ ရှညျရငျလညျး ထိုလရေဲ့ အစ အဆုံး အကုနျလုံးကို တောကျလြှောကျသိဖို့၊ ၀ငျလေ-ထှကျလကေ တိုရငျလညျး ထို လရေဲ့ အစအဆုံး အကုနျလုံးကို တောကျလြှောကျသိဖို့ ကွိုးစားပါ။ အထဲ လညျး လိုကျမကွည့ျရဘူး၊ အပွငျလညျး လိုကျမကွည့ျရဘူး၊ ထိတဲ့နရောက လေးမှာ စပွီး ထိတဲ့နရောမှာ ဆုံးသှားတဲ့အထိ ထိတဲ့နရောကလေးက စောင့ျ နပွေီး အစ အဆုံး တောကျလြှောကျသိအောငျ ရှုရပါတယျ။ အဲဒီလို အစ အဆုံးကို တောကျလြှောကျသိအောငျရှုတော့ - သဗ်ဗကာယ ပဋိသံဝဒေီ - လို့ ခေါျပါတယျ၊ အစ အဆုံး အကုနျလုံးကို ထငျထငျရှားရှား သိအောငျ ရှုတာပဲ။. အဲဒီအပိုငျးမှာလညျး ဒါက အစ၊ ဒါက အလယျ၊ ဒါက အဆုံး - ဒီလို မမှတျနဲ့၊ မှတျရငျတော့ ဉာဏျက မလိုကျနိုငျတော့ မောလာတတျတယျ၊ မမှတျဘဲ မနနေိုငျရငျ ဘယျလိုသာမှတျမလဲ၊ ၀ငျလေ ထှကျလေ ဒီလောကျပဲမှတျပါ၊ ၀ငျသကျလေ ထှကျသကျလလေို့ မှတျခငြျလညျး မှတျရတယျ၊ အဲဒီတော့ ဒီ လအောရုံပေါျမှာ စိတျက ကပျနဖေို့လိုတယျ၊ မမှတျဘဲ မနတေတျသူကိုသာ မှတျခိုငျးတာပါ၊ မမှတျဘဲ နနေိုငျခဲ့ရငျတော့ မမှတျနဲ့၊ လပေေါျမှာ စိတျက တောကျလြှောကျ သိနဖေို့ လိုရငျးပဲ။ အလငျးရောငျနဲ့ နိမိတျ . အဲဒီလကေလေးမှာ တောကျလြှောကျ သိနတေော့ လကေလေးမှာ ဘာ၀နာစိတျက ငွိမျသကျစှာ ကပျပွီးတညျလာပွီ ဆိုရငျတော့ အရှညျအတိုအပိုငျးမှာပဲဖွဈဖွဈ၊ အခု အစအဆုံးအပိုငျးမှာပဲ ဖွဈဖွဈ မြားသောအားဖွင့ျ အလငျးရောငျတှေ စပွီးပေါျတတျပါတယျ၊ အဲဒီ အလငျးရောငျတှကေိုတော့ သှားပွီးမကွည့ျရဘူး။ အလငျးရောငျနှင့ျ နိမိတျသညျ တခွားစီဖွဈတယျ၊ နိမိတျဆိုတာကတော့ အဲဒီ အာနာပါန လကွေောငျးလေးပဲ၊ မြားသောအားဖွင့ျ လကွေောငျးလို့ ပွောတာကတော့ အခြောငျးစပေါျတတျလို့သာ ပွောတာပါ၊ ဘာ၀နာသညာနှင့ျ နိမိတျပေါျစအခွအေနမြေား . ယောဂီပုဂ်ဂိုလျတို့ရဲ့ နိမိတျမပေါျမီမှာ ဖွဈပေါျနတေဲ့ အမှတျသညာကို ဘာ၀နာသညာလို့ ခေါျတယျ။ ထိုဘာ၀နာသညာကှဲပွားမှုကို အခွခေံပွီးတော့ နိမိတျတှကေ ပုံသဏ်ဌာနျ အမြိုးမြိုး ပွောငျးလဲတတျပါတယျ၊ ဒါကွောင့ျ ဒီအပိုငျးမှာ ယောဂီတို့ကို စိတျ မကစားဖို့ကိုတော့ သတိပေးထားရပါတယျ၊ လပေေါျမှာ စိတျငွိမျအောငျကပျ ပါလို့သာ ဒီလောကျပဲ သတိပေးရတယျ။ အဲဒီလို သတိပေးလိုကျတဲ့ အခြိနျ အခါမှာ လငျးရောငျခွညျတှကေ သိပျအားကောငျးလာတော့ မကြျလုံးက ဒီလငျးရောငျခွညျရဲ့ ဒဏျကို မခံနိုငျတဲ့အတှကျ မကြျရညျတှေ ကတြတျပါတယျ၊ အောင့ျအီးသညျးခံပွီးတော့ မကြျလုံးဘကျကို အာရုံ မရောကျစဘေဲ လပေေါျမှာသာ စိတျကလေးက ငွိမျအောငျကပျနပေါ။ အဲဒီလို လပေေါျမှာ စိတျကလေးက ငွိမျအောငျ ကပျထားလိုကျပွီဆိုလို့ရှိရငျ တဖွညျးဖွညျး ဒီလငျး ရောငျခွညျစှမျးအငျ အကူအညီနှင့ျ ဒီလကွေောငျးကလေးကို စတှေ့တတျပါတယျ၊ အမြားအားဖွင့ျတော့ မီးခိုးရောငျကို စတှေ့တတျပါတယျ။ အဲဒီကနေ သမာဓိက ငွိမျသထကျ ငွိမျလာပွီဆိုလို့ရှိရငျ ဝါဂှမျးဆိုငျလို ဖွူနတေဲ့ အဖွူကို တှေ့တတျပါတယျ။ အဲဒီဝါဂှမျးဆိုငျလို ဖွူနတေဲ့ အဖွူ ကလညျး အခြို့လညျး အခြောငျး၊ အခြို့ကလညျး အဝိုငျး - စသညျဖွင့ျ ပုံသဏ်ဌာနျအမြိုးမြိုး ရှိတတျပါတယျ။.. နိမိတျပေါျမှာ စိတျကပျရမယ့ျအခြိနျ . အဲဒီလို ဖွူနတေဲ့အဖွူခြောငျးကို တှေ့ပွီ ဆိုရငျ တဈခါတဈရံ ယောဂီက အဲဒီ အဖွူခြောငျးပေါျမှာ တဈခါတဈလေ ဘာ၀နာစိတျကလေးကို ငွိမျ၀ပျစှာ တညျနအေောငျ ကွိုးစားရငျ ကွိုးစားလို့ ရပါတယျ၊ ဒါပမေဲ့ စပေါျစမှာ သူက မခိုငျဘူး၊ အမြားစုမှာ မခိုငျတဲ့အတှကျ ပေါျလိုကျ ပြောကျလိုကျ ပေါျလိုကျ ပြောကျလိုကျ ဖွဈတတျပါတယျ။ အဲဒီအခါမှာ ဒီနိမိတျခြောငျးပေါျမှာ ဘာ၀နာစိတျကို မကပျဘဲ မူလရှုမွဲ ဖွဈတဲ့ ၀ငျသကျလေ ထှကျသကျလေ အာရုံပေါျမှာသာ ဘာ၀နာစိတျကို ငွိမျ၀ပျစှာ ကပျပွီးတညျနအေောငျ ကွိုးစားရတယျ၊ အဲဒီလို ကွိုးစားရငျးကနပွေီး တော့ ဒီနိမိတျပေါျလာလို့ နိမိတျပေါျမှာ ဘာ၀နာစိတျက ကပျနပွေီဆိုရငျ လညျး မခှာခနြဲ့၊ ကပျမွဲသာ ကပျထားလိုကျတော့၊ အဲဒီ ဘာ၀နာစိတျက ဒီ နိမိတျအာရုံပေါျမှာ ကပျနတေဲ့ အခြိနျအခါမှာ ပကတိ ၀ငျလေ ထှကျလကေို ပွနျမကွည့ျနဲ့၊ ပကတိ ၀ငျလေ ထှကျလကေို ကွည့ျလိုကျ၊ နိမိတျကို ကွည့ျလိုကျ ခေါကျတုံ့ခေါကျပွနျ ပွုလုပျနခေဲ့ရငျ ဒီသမာဓိသညျ ငွိမျ၀ပျမှုမရှိတဲ့အတှကျ စိတျသညျ အာရုံတဈခုအပေါျမှာ ကရြောကျနတော မဟုတျတဲ့အတှကျကွောင့ျ သမာဓိ ပကြျသှားတတျတယျ။ အကယျ၍ ဒီနိမိတျခြောငျးက မခိုငျသေးဘူးဆိုရငျတော့ ပကတိ ၀ငျလေ ထှကျလကေိုသာ ရှုနပေါ၊ ရှုနရောကနေ နိမိတျက ခိုငျပွီး နာရီ၀ကျလောကျ တဈနာရီလောကျ မပြောကျတော့ဘူးဆိုရငျတော့ အဲဒီနိမိတျမှာ ပွောငျးကပျပါ၊ ထိုနိမိတျသညျ ဝေးနခေဲ့ရငျတော့ အကပျမခံဘူး၊ နှာသီးဖြားနှင့ျ အနီးကပျဆုံး နရောမှာ ပေါျမှ မြားသောအားဖွင့ျ အကပျခံတယျ။ ပေါျတဲ့ အခြိနျအခါမှာလညျး နိမိတျခြောငျးက သိပျရှညျနရေငျလညျး ရှညျတဲ့အတိုငျး တောကျလြှောကျလိုကျမကပျနဲ့၊ နှာသီးဖြားနှင့ျ အနီးကပျဆုံး နရောမှာ တညျရှိနတေဲ့ နိမိတျပေါျမှာသာ စိတျကလေးကို ကပျသာထားလိုကျ။ ဥဂ်ဂဟနိမိတျ၊ ပဋိဘာဂနိမိတျ . အဲဒီလို ကပျထားလိုကျလို့ ဘာ၀နာစိတျက ဒီအာနာပါနနိမိတျအာရုံမှာ တဈနာရီ နှဈနာရီ စသညျဖွင့ျ ငွိမျပွီး ကပျလာပွီဆိုရငျတော့ တဖွညျးဖွညျး ဒီနိမိတျသညျ ဖွူရာကနေ ကွညျပွီး တောကျလာတတျပါတယျ။ ဖွူနတေဲ့နိမိတျကိုတော့ ဥဂ်ဂဟနိမိတျလို့ ခေါျပါတယျ၊ ကွညျပွီး အရောငျထှကျလာတဲ့ နိမိတျကိုတော့ ပဋိဘာဂနိမိတျလို့ ခေါျပါတယျ၊ အဲဒီ ပဋိဘာဂနိမိတျဆိုတဲ့ အာရုံမှာ ဘာ၀နာစိတျကို တဈနာရီ နှဈနာရီ စသညျဖွင့ျ ငွိမျ၀ပျစှာ ကပျပွီးတညျနအေောငျ ထိုငျတိုငျး ထိုငျတိုငျး ရအောငျ လေ့ကငြ့ျရတယျ၊ ထိုအခြိနျအခါမှာ သှားရငျလညျးရှု၊ ရပျလညျးရှု၊ ထိုငျလညျးရှု၊ အိပျလညျးရှု လေ့ကငြ့ျပေးရပါတယျ။ စြာနျ နှင့ျ အဘိညာဏျ . အဲဒီလို လေ့ကငြ့ျလိုကျတဲ့အခြိနျအခါမှာ သမာဓိက ငွိမျ၀ပျစှာ ကပျပွီး တညျနပွေီး တဈနာရီအဓိဋ်ဌာနျရငျ တဈနာရီ၊ တဈမိနဈအဓိဋ်ဌာနျရငျ တဈမိနဈ ရပွီ၊ နှဈနာရီအဓိဋ်ဌာနျရငျ နှဈနာရီ ရပွီ၊ အဓိဋ်ဌာနျတဲ့အတိုငျး အောငျမွငျမှု ရှိနပွေီဆိုရငျတော့ ထိုအခြိနျအခါမှာ ထိုယောဂီပုဂ်ဂိုလျက စြာနျအငျ်ဂါကို ဆငျခွငျလို့ရပွီ။ အားထုတျစပုဂ်ဂိုလျသညျ စြာနျအငျ်ဂါ ဆငျခွငျမှု နညျးပါစေ၊ ၀ငျစားမှု မြားပါစလေို့ ဝိသုဒ်ဓိမဂျအဋ်ဌကထာက (ဝိသုဒ်ဓိ-၁-၁၄၈။ မဟာဋီ-၁-၁၇၈။) သတျမှတျပေးထားတယျ။ အားထုတျစပုဂ်ဂိုလျ အခုလို နိမိတျရစပုဂ်ဂိုလျက နိမိတျအပေါျမှာ ဘာ၀နာစိတျကို ငွိမျ၀ပျစှာကပျပွီး တဈနာရီ၊ နှဈနာရီ စသညျဖွင့ျ တညျနအေောငျ လေ့ကငြ့ျပေးရတယျ၊ အဲဒီလို လေ့ကငြ့ျတဲ့လုပျငနျးကို (စိုကျစိုကျစူးစူး အထူးမွဲမွံ ရှုအားသနျ စြာနျဟုခေါျသတတျ) ဒီလို လယျတီဆရာတောျ ဘုရားက မိနျ့ဆိုထားတယျ၊ အာရမ်မဏူပနိဇ်ဈာနစြာနျလို့ ခေါျပါတယျ။ အလှနျ ကွညျလငျတောကျပနတေဲ့ အာနာပါနပဋိဘာဂနိမိတျအာရုံကို စိုကျစိုကျစူးစူးနှင့ျ မွဲမွဲမွံမွံ တညျတံ့နအေောငျ စိတျကလေးကို တညျပွီးကပျနေ အောငျ ရှုနတေဲ့လုပျငနျးဖွဈလို့ ဒါကို စြာနျလို့ ခေါျတယျ။ မွလြှေိုး မိုးပြံနတောကို စြာနျလို့ခေါျတာ မဟုတျဘူး၊ မွလြှေိုး မိုးပြံတဲ့ လုပျငနျးကတော့ အဘိညာဏျနှင့ျ ဆိုငျတယျ၊ အဲဒါက အဘိညာဏျပိုငျး။ အခုပွောနတောက စြာနျပိုငျးပဲ၊ အဲဒီတော့ စြာနျ၀ငျစားမှုမြားရမယျ၊ စြာနျ အငျ်ဂါကို ဆငျခွငျတာ နညျးရမယျ။ ပထမစြာနျသမာဓိ . ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတျအာရုံမှာ အနညျးဆုံး လေး ငါး ဆယျထိုငျလောကျ ဘာ၀နာစိတျက အဓိဋ်ဌာနျတဲ့ အတိုငျး တဈနာရီအဓိဋ်ဌာနျရငျ တဈနာရီ၊ နှဈနာရီအဓိဋ်ဌာနျရငျ နှဈနာရီ ငွိမျ ၀ပျစှာ ကပျပွီးတညျနပွေီဆိုရငျတော့ ထိုပုဂ်ဂိုလျဟာ စြာနျအငျ်ဂါကို ဆငျခွငျနိုငျတယျ။ သို့သောျ မှတျကြောကျတဈခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတျမှာ တဈနာရီ အဓိဋ်ဌာနျပွီး တဈနာရီထိုငျလိုကျလို့ တဈနာရီလုံး စိတျက ကပျနတေယျဆိုရငျ အဲဒီအခြိနျမှာ မိမိက ဘေးအသံတှကေို ကွား-မကွား နညျးနညျး အကဲခတျကွည့ျပါ။ ကွားနသေေးတယျဆိုရငျတော့ ဒီစြာနျသညျ ဆကျတိုကျ မရသေးဘူး၊ ကွိုးကွား ကွိုးကွား စြာနျက လြှောလြှောနတေဲ့သဘော ရှိတယျ၊ ဆကျတိုကျ ရပွီ၊ ဘာသံမှလညျး မကွားတော့ဘူး၊ အလှနျ ကွညျလငျတောကျပနတေဲ့ အာနာပါနပဋိဘာဂနိမိတျကလေးနှင့ျ မိမိရဲ့ဘာ၀နာစိတျ ဒီနှဈခုပဲရှိတော့တယျလို့လညျး သိနပွေီ၊ ဘာ၀နာစိတျကလညျး အာနာပါနပဋိဘာဂနိမိတျအာရုံ မှာပဲ ငွိမျ၀ပျစှာကပျပွီး တညျနပွေီ၊ အာနာပါနပဋိဘာဂနိမိတျအာရုံထဲမှာပဲ ဘာ၀နာစိတျက နဈမွုပျနပွေီဆိုရငျ တော့ ထိုအခြိနျအခါမှာ စြာနျအငျ်ဂါကို ဆငျခွငျလို့ ရနိုငျပါပွီ။ . ( ဖားအောကျဆရာတောျကွီးဟောကွားသောတရားတောျမှ ဦးတဇေိန်ဒက ကောကျနုတျတငျပွခွငျးဖွဈသညျ..........)


via အလင်းရောင် ဓမ္မ https://ift.tt/2QYRvr6