အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 30, 2019
‼️အကျင့်ဆိုးတွေပြင်လိုက်တော့‼️ သူများအတင်းပြောတဲ့ပါးစပ်လောက် အောက်တန်းကျတဲ့ ပါးစပ်မရှိဘူး..။ သူများပျက်စီးကြောင်းကြံတဲ့ စိတ်ဓာတ်လောက် အောက်တန်းကျတဲ့စိတ်ဓာတ်မရှိဘူး..။ အဲ့ဒီစိတ်ထားမျိုးအတွေး အကျင့်မျိုးတွေ ကိုယ့်ဆီမှာ ရှိသေးလား? ရှိနေသလားဆိုတာ ကိုယ့်ဟာကိုယ် သုံးသပ်ကြည့် မြင့်မြတ်တဲ့ပုဂ္ဂိုလ်က မိမိအကျိုးစီးပွားကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်သလို အများအကျိုးစီးပွားကိုလည်း အမြဲရှေးရှုလေ့ရှိတယ်။ အများအကျိုးစီးပွား ပျက်ပြားမဲ့အလုပ်ကို ဘယ်တော့မှ မကြံသလို ပြောလည်းမပြောဘူး လုပ်လည်းမလုပ်ဘူး။ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေတယ် ရန်ဖြစ်နေတယ်ဆိုတာ စိတ်ဓာတ်ခွန်အား မရှိလို့။ အောက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေက သူတစ်ပါးကို ပြစ်တင်ဖို့ ရှုံ့ချဖို့ ကဲ့ရဲ့ဖို့ပဲ အမြဲတမ်း အာရုံစိုက်နေတယ်။ ကိုယ့်အပြစ်ကျ ကိုယ်မကြည့်ပဲ သူတစ်ပါးကိုချည်း အပြစ်ပြောပြီ ဝေဖန်ရှုံ့ချပြီဆိုကတည်းက အောက်တန်းစားပုဂ္ဂိုလ်လို့သာမှတ်..။ အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ကိုကိုယ်ဂရုစိုက်တယ်။ အမှန်တရားကို လမ်းညွှန်ပြတယ်။ လူ့ဘဝလေး ခဏရခိုက်မှာ ယုတ်မာတဲ့ အလုပ်ကတော့ဖြင့် လူတိုင်းလုပ်တတ်တယ်။ မြင့်မြတ်တဲ့အလုပ်က ဒီဘဝကလေး အခုမြတ်စွာဘုရား သာသနာပွင့်တဲ့ ခဏကလေးပဲ တို့ပြည့်ဝစွာ လုပ်နိုင်မှာ။ ဒီလိုမြတ်စွာဘုရားရဲ့သာသနာနဲ့ ခဏကြုံရတဲ့ ကံဟာ အလွန်ပဲ ဘုန်းကံထူးလှပါတယ်.. ဒါကြောင့် ကိုယ့်ရဲ့အရထူးတဲ့ ပြည့်စုံလာတဲ့ အကြောင်းကံကို မကောင်းတဲ့ အတွေး အကြံ အလုပ် အပြောတွေနဲ့တော့ မဖျက်ဆီးလိုက်ကြနဲ့..။ (✍🏻ဆရာတော်ဥူးသုမင်္ဂလ) 🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃 ဓနကြောင့် မာနတက်တဲ့နေ့ ဓန ပျောက်တဲ့နေ့.. အလှကြောင့် မာနတက်တဲ့နေ့ အလှ ပျောက်တဲ့နေ့.. နေရာကြောင့် မာနတက်တဲ့နေ့ နေရာ ပျောက်တဲ့နေ့.. ပညာကြောင့် မာနတက်တဲ့နေ့ ပညာ ပျောက်တဲ့နေ့.. အလုပ်ကြောင့် မာနတက်တဲ့နေ့ အလုပ် ပျောက်တဲ့နေ့.. သီလစောင့်မှ အူမတောင့်မယ်.. အူမတောင့်အောင် သီလစောင့်ကြပါ.. ငတ်သေရင် တစ်ဘဝပဲ.. သီလပျက်ရင် ဘဝများစွာ သေရမယ်.. အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့ မလုပ်ကျွေးပါနဲ့.. အများစားပြီး တစ်ယောက်ထဲ ခံရလိမ့်မယ်.. အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ပိုင်းခြားသိတာ ဉာဏ်.. တရားမသိရင် အသိတရားမရှိဘူး.. အသိတရားမရှိရင် တရားနဲ့လျော်စွာ မနေတတ်ဘူး.. တရားနဲ့လျော်စွာမနေတတ်ရင် အပြစ်မကင်းဘူး.. အပြစ်မကင်းရင် ဆင်းရဲမယ်.. မဆင်းရဲချင်ရင် တရားသိအောင်လုပ်.. ကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟ မပါတဲ့အလုပ်.. ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင်လုပ်ကြ.. ကာယကံ ဝစီကံ မနောကံ ပြုတိုင်းပြုတိုင်းမှာ တရားနဲ့လျော်အောင် ကျင့်ကြံနေထိုင်ပါ.. ချစ်ခြင်းမုန်းခြင်းကင်းအောင် ကျင့်ကြ.. မချစ်တတ် မမုန်းတတ်မှ သံသရာဝဋ်ဆင်းရဲက လွတ်ကင်းနိုင်မယ်.. ဘုရားကို ယုံသလား?တရားကို ယုံသလား? သံဃာကို ယုံသလား?ဘာကြောင့် ယုံသလဲ? ဘယ်လို ယုံတာလဲ? ဘယ်လောက်အထိ ယုံသလဲ? ကိုယ်တိုင်ပိုင်းခြားပြီး ဖြေကြည့်ကြ.. သာသနာနဲ့တွေ့ခိုက် မရှုံးစေနဲ့.. သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး.. ရထားတဲ့ ဘဝတန်ဖိုးကို ကောင်းကောင်းအသုံးချတတ်မှ လူ.. ပုထုဇဉ်ဆိုတာ အင်မတန်စပ်စုတယ်.. လျှာရှည်တယ် အငြိမ်မနေဘူး.. သူများအတင်းပြောတယ်.. ကိုယ့်အကြောင်း မကြည့်ဘူး.. သူများအကြောင်း ကြည့်တယ်.. အဲဒါ ပုထုဇဉ်အရူး.. ဘဝကူးကောင်းအောင် မလုပ်ပါနဲ့.. ဘဝပြတ်အောင် လုပ်ပါ.. ဒါနက သံသရာရှည်တာ မဟုတ်ဘူး.. ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာ.. (✍🏻ဆရာတော်ဥူးသုမင်္ဂလ)
via အလင်းရောင် ဓမ္မ https://ift.tt/2Y24aec
Newer Post
Older Post
Home