အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 27, 2019
အားကိုးရာအစစ် ••••••••••••••••• ဘဝဆိုတာ အင်မတန် ပြင်းထန်တဲ့ တိုက်ပွဲပဲ။ နေရာတိုင်းမှာ အပြိုင်အဆိုင်တွေနဲ့ ရုန်းကန်ယူရတယ်။ ကြိုးစားယူရတယ်။ ဘယ်ဟာမှ အဆင်သင့်ဆိုတာ မရှိပါဘူး။ စီးပွားရှာတိုင်း ချမ်းသာတာ မဟုတ်ဘူး။ ပညာသင်တိုင်း ပညာတတ်တာမဟုတ်ဘူး။ စီးပွားရှာတိုင်း ချမ်းသာရင် ဆင်းရဲတဲ့သူကို ရှိမှာမဟုတ်ဘူး။ ပညာသင်တိုင်း ပညာတတ်ရင် ဘွဲ့မရတဲ့သူကို ရှိမှာမဟုတ်ဘူး။ ငါရှိတယ် ထင်နေသ၍ ငါလုပ်လို့ ငါရတယ် ထင်နေသ၍ ဆင်းရဲနေရအုံးမှာပဲ။ ငါ မပါတော့ရင် ချမ်းသာပြီမှတ်။ ငှက်က လေထဲပျံတယ်။ ငါးက ရေထဲကူးတယ်။ ခွေးဆို ဟောင်ရမယ်။ သတ်မှတ်ထားတဲ့ အရာတွေကို သိနေရတာ ဘာမှအဆန်းမဟုတ်ဘူး။ သံသရာတစ်လျှောက်လုံး မသိခဲ့ရတာကို သိရမှ တကယ်ကျေနပ်ဖို့ကောင်းမယ်။ အနတ္တတရား သိဖို့ ထုံးတမ်းစဉ်လာ အသိ တွေကို ငါသိတာတွေကို ချိုးဖျက်ရတယ်။ ထုံးတမ်းစဉ်လာကို မချိုးဖျက်နိုင်သ၍ အတ္တလို့ ထင်နေအုံးမှာပဲ။ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို လေးလေးနက်နက် သဘောပေါက်ပါစေ။ လောကကြီးမှာက အားကိုးမှားနေကြ ပါတယ်။ အနိစ္စ အနိစ္စချင်း အားကိုးနေ ကြတယ်။ သာမန် သူလိုကိုယ်လို အချင်းချင်းကိုပဲ အထင်ကြီးနေကြတယ်။ အားကိုးတယ်။ အဲ့ဒါကြောင့်လည်း ဘယ်တော့မှ မဆုံးနိုင်အောင် အားကိုးရှာရတဲ့ ပြဿနာ ဖြစ်နေရပါတယ်။ အမှန်တရား မသိတော့လည်း အရာရာ အားကိုးစရာ ဖြစ်နေတာပေါ့။ ရေနစ်တဲ့သူလိုပေါ့။ ကောက်ရိုးတစ်မျှင်လေး ကအစ အားကိုးစရာ ဖြစ်နေတော့တာပေါ့။ အားကိုးချင်နေတဲ့ စိတ်အတွက်က အရာရာ အားကိုးစရာချည်းပဲ။ ကြောက်နေတဲ့ စိတ်အတွက်က အရာရာ ကြောက်စရာချည်းပဲ။ သံသယဖြစ်နေတဲ့ စိတ်အတွက်က အရာရာ သံသဖြစ်စရာချည်းပဲ။ ဘုရား တရား သံဃာအပေါ်မှာတောင် သံသယဖြစ်နေတဲ့သူတွေ တစ်ပုံချည်းပဲ။ ကိုယ့်စိတ်က ကောင်းနေရင် တစ်လောကလုံး သာယာစရာတွေချည်းပဲ။ ကိုယ့်စိတ်က ဖောက်ပြန်နေရင် တစ်လောကလုံး မကျေနပ်စရာ တွေချည်းပဲ။ အမှန်က တရားခံက ကိုယ့်စိတ်ပဲ။ ကိုယ့် စိတ်က အမျိုးမျိုးသော လောကကြီးကို ဖန်ဆင်းနေတာပါပဲ။ ကိုယ့်စိတ်က တရားခံအစစ်ကို မသိတော့ စင်္ကြာဝဠာ အနန္တအားလုံးကို သတ္တဝါ အနန္တအားလုံးကို တရားခံလုပ်တော့တာပါပဲ။ တရားဆိုတာ ကိုယ်အားကိုးရင် အားကိုး သလောက် ကိုယ့်အတွက် ပစ္စုပ္ပန်အေးချမ်းမှု ရော သံသရာခရီးအတွက် အေးချမ်းမှုရော ရပါလိမ့်မယ်။ ကျန်တာကတော့ အားကိုးရာအစစ် မဟုတ် တဲ့အတွက် အခုလည်း ပူပန်ရပါလိမ့်မယ်။ သံသရာမှာလည်း ကိုယ်သေရင် ခံရမယ့် ဒုက္ခကလည်း မဆုံးနိုင်အောင် ဆင်းရဲ ရပါလိမ့်မယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ ဘုရားသာသနာ လေးရှိတုန်းမှာ ကိုယ်က ကျင့်ကြံအားထုတ် မယ်ဆိုရင်တော့ … ကိုယ့်အတွက် စိတ်ချရတဲ့ အသိဉာဏ် ဘယ်တော့မှ မရဖူးသေးတဲ့ ချမ်းသာ အစစ်ကို ရရှိနိုင်ပါတယ်။ သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ Via : Parallel
via အလင်းရောင် ဓမ္မ https://ift.tt/31IXO3S
Newer Post
Older Post
Home