အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 2, 2019
ငါက သူတို့ထက် သာသွားပြီလား။ ••••••••••••••••••••••••••••••• သူတို့ဆင်းရဲတယ်။ ငါက ချမ်းသာတယ်ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သူတို့ ပညာမတတ်ဘူး။ ငါက ပညာတတ်တယ် ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သူတို့ကမျက်နှာမွဲတွေ ငါက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီးနဲ့ ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သူတို့ ရုပ်ဆိုးတယ်။ ငါက ရုပ်ချောတယ် ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သူတို့အသိတရားနည်းတယ်။ ငါက အသိတရား ပိုများတယ် ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သူတို့ ကျန်းမာရေးမကောင်းဘူး။ ငါက ကျန်းမာရေးပိုကောင်းတယ် ဆိုပါတော့။ ငါက သူတို့ထက် သာသွားပြီလား။ သီလမပါတဲ့ ချမ်းသာ သမာဓိမပါတဲ့ ရုပ်ရည် ဆင်ခြင်တုံတရားမပါတဲ့ အသိုင်းအဝိုင်းနဲ့တော့ … သေရင် အကျင့်တရားမရှိသူတို့ သွားရာကိုသာ သွားရမှာဆိုတော့ ဘယ်နေရာ သာလို့လဲ။ တစ်ခဏပဲ ကြည့်တတ်လို့ကတော့ တစ်သံသရာလုံးဆိုတဲ့ အကျိုးဆက်ကို မလိုချင်လည်း ယူရတော့မှာ သတိရော ၀င်ရဲ့လား။ မနာလိုတာ အလွယ်ဆုံးအလုပ် အောက်လမ်းသွား အလုပ်။ လူတိုင်းလုပ်နိုင်တဲ့အလုပ်။ သူများအတွက် ၀မ်းသာပေးနိုင်တဲ့ ခက်ခဲတဲ့ မုဒိတာကိုလုပ်နိုင်မှ သူများထက်သာတာ။ ဆဲတာဆိုတာ အပုပ်ချတာ စော်ကားတာ အလွယ်ဆုံးအလုပ်။ အောက်လမ်းသွားအလုပ်။ ရန်သူဖြစ်ပါစေ မေတ္တာထားနိုင်တာကမှ ခက်ခဲတဲ့ သူတော်ကောင်းအလုပ်ဖြစ်ပြီး သူများထက် သာတာ အမှန်ပါပဲ။ သေတောင်မှ အားကိုးရတဲ့ ကုသိုလ်စစ် တွေရှိမှ သူများထက် သာတယ်ပြောပါနော်။ ခဏလေးစံရတဲ့ အနေအထားလေးမှာ ဘဝတွေမေ့ ကာလတွေမေ့ ထာ၀ရတွေထင်ပြီး ကာယကံတွေ ၀စီကံတွေ မနောကံတွေ စင်ကြယ်အောင် သတိမထားမိရင် သူမသာ ကိုယ်မသာ အပါယ်သားတွေပဲ ဖြစ်တော့မှာပေါ့။ အားလုံး အချိန်မီသတိ၀င်၍ မိမိကိုယ်ကို အပါယ်မသွားအောင် စောင့်ရှောက်နိုင်ကြပါစေ။ အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။ ငါက သူတို႔ထက္ သာသြားၿပီလား။ ••••••••••••••••••••••••••••••• သူတို႔ဆင္းရဲတယ္။ ငါက ခ်မ္းသာတယ္ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သူတို႔ ပညာမတတ္ဘူး။ ငါက ပညာတတ္တယ္ ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သူတို႔ကမ်က္ႏွာမြဲေတြ ငါက ေဆြႀကီးမ်ိဳးႀကီး အသိုင္းအဝိုင္းႀကီးနဲ႕ ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သူတို႔ ႐ုပ္ဆိုးတယ္။ ငါက ႐ုပ္ေခ်ာတယ္ ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သူတို႔အသိတရားနည္းတယ္။ ငါက အသိတရား ပိုမ်ားတယ္ ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သူတို႔ က်န္းမာေရးမေကာင္းဘူး။ ငါက က်န္းမာေရးပိုေကာင္းတယ္ ဆိုပါေတာ့။ ငါက သူတို႔ထက္ သာသြားၿပီလား။ သီလမပါတဲ့ ခ်မ္းသာ သမာဓိမပါတဲ့ ႐ုပ္ရည္ ဆင္ျခင္တုံတရားမပါတဲ့ အသိုင္းအဝိုင္းနဲ႕ေတာ့ … ေသရင္ အက်င့္တရားမရွိသူတို႔ သြားရာကိုသာ သြားရမွာဆိုေတာ့ ဘယ္ေနရာ သာလို႔လဲ။ တစ္ခဏပဲ ၾကည့္တတ္လို႔ကေတာ့ တစ္သံသရာလုံးဆိုတဲ့ အက်ိဳးဆက္ကို မလိုခ်င္လည္း ယူရေတာ့မွာ သတိေရာ ၀င္ရဲ႕လား။ မနာလိုတာ အလြယ္ဆုံးအလုပ္ ေအာက္လမ္းသြား အလုပ္။ လူတိုင္းလုပ္နိုင္တဲ့အလုပ္။ သူမ်ားအတြက္ ၀မ္းသာေပးနိုင္တဲ့ ခက္ခဲတဲ့ မုဒိတာကိုလုပ္နိုင္မွ သူမ်ားထက္သာတာ။ ဆဲတာဆိုတာ အပုပ္ခ်တာ ေစာ္ကားတာ အလြယ္ဆုံးအလုပ္။ ေအာက္လမ္းသြားအလုပ္။ ရန္သူျဖစ္ပါေစ ေမတၱာထားနိုင္တာကမွ ခက္ခဲတဲ့ သူေတာ္ေကာင္းအလုပ္ျဖစ္ၿပီး သူမ်ားထက္ သာတာ အမွန္ပါပဲ။ ေသေတာင္မွ အားကိုးရတဲ့ ကုသိုလ္စစ္ ေတြရွိမွ သူမ်ားထက္ သာတယ္ေျပာပါေနာ္။ ခဏေလးစံရတဲ့ အေနအထားေလးမွာ ဘဝေတြေမ့ ကာလေတြေမ့ ထာ၀ရေတြထင္ၿပီး ကာယကံေတြ ၀စီကံေတြ မေနာကံေတြ စင္ၾကယ္ေအာင္ သတိမထားမိရင္ သူမသာ ကိုယ္မသာ အပါယ္သားေတြပဲ ျဖစ္ေတာ့မွာေပါ့။ အားလုံး အခ်ိန္မီသတိ၀င္၍ မိမိကိုယ္ကို အပါယ္မသြားေအာင္ ေစာင့္ေရွာက္နိုင္ၾကပါေစ။ အရွင္သုစိတၱ (ေမာ္ကြၽန္း) ဆရာေတာ္။
via အလင္းေရာင္ ဓမၼ https://ift.tt/2C3kqS2
Newer Post
Older Post
Home