အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 1, 2019
မြတ်စွာဘုရား သာသနာတော်မှာ မြတ်စွာဘုရားရှင်ရဲ့ လတ်ျာတော်ရံ ဖြစ်ပြီး ဉာဏ်ပညာ ဝင်းထိန်အောင် တောက်ပခဲ့တဲ့ သာသနာ့အာဇာနည် မထေရ်အရှင်မြတ်ကြီး ပညာအရာဧတဒဂ်ရ အရှင်သာရိပုတ္တရာမထေရ်ရဲ့ သက်တော်အကြောင်း ဗဟုသုတပါ။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ဖွား၊ အရှင်သာရိပုတ္တရာမထေရ်က မဟာသက္ကရာဇ် ၇၉ ဖွား၊ မြတ်စွာဘုရားထက် အရှင်မြတ်ဟာ သက်တော် ၁၁နှစ် ငယ်ပါတယ် ပရိနိဗ္ဗာန်ပြုရတဲ့အခါ ရှေးဘုရားရှင်တို့ရဲ့ လက်ဝဲတော်ရံ လတ်ျာတော်ရံ အဂ္ဂမဟာသာဝကြီးတွေနည်းတူ ဓမ္မတာအားဖြင့် လက်ဝဲရော လတ်ျာရော နှစ်ပါးစလုံး ဘုရားရှင်ထက်ဦးစွာအရင် ပရိနိဗ္ဗာန်ပြုကြရပါတယ်.... အရှင်သာရိပုတ္တရာမထေရ်အလောင်း ဥပတိဿလုလင်ဟာ သူငယ်ချင်းဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတလုလင်နဲ့အတူ တောင်ထိပ်မှာ ကျင်းပတဲ့ နက္ခတ်သဘင်ပွဲကြီးကို သွားကြည့်ကြတဲ့အချိန်မှာ အသက်က ၂၅နှစ်သာ ရှိသေးတယ်။ ဗြဟ္မာကြီးကိုးကွယ်တဲ့ ဗြဟ္မဏအယူရှိသူ မိခင်ကြီးကို ကျေးဇူးဆပ်ပြီး နိဗ္ဗာန်စံမည့်အကြောင်း မြတ်စွာဘုရားကို လျှောက်ထားတဲ့အချိန်ဟာ နိဗ္ဗာန်မဝင်စံမှီ ၇ ရက်အလိုက ဖြစ်ပါတယ်... နိဗ္ဗာန်ဝင်စံတော်မူရဖို့ ၇ ရက်ဖို့သာ လိုပါတော့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သောတာပန်ဖြစ်ရရုံလောက်သာ ပါရမီရှိတဲ့ မိခင်ကြီးကို လောကီနည်းနဲ့ ကျေးဇူးမဆပ်ဖြစ်ခဲ့ပေမယ့် မြတ်လှတဲ့ လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ် သောတာပန်တည်စေခဲ့ပြီးနောက် နိဗ္ဗာန်ဝင်စံတော်မူချိန်မှာ အရှင်သာရိပုတ္တရာမထေရ်ရဲ့ သက်တော်ဟာ (၆၉)နှစ် ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ Mg Thit Nyo ျမတ္စြာဘုရား သာသနာေတာ္မွာ ျမတ္စြာဘုရားရွင္ရဲ႕ လတ္်ာေတာ္ရံ ျဖစ္ၿပီး ဉာဏ္ပညာ ဝင္းထိန္ေအာင္ ေတာက္ပခဲ့တဲ့ သာသနာ့အာဇာနည္ မေထရ္အရွင္ျမတ္ႀကီး ပညာအရာဧတဒဂ္ရ အရွင္သာရိပုတၱရာမေထရ္ရဲ႕ သက္ေတာ္အေၾကာင္း ဗဟုသုတပါ။ ဗုဒၶျမတ္စြာဘုရားရွင္ဟာ မဟာသကၠရာဇ္ ၆၈ ဖြား၊ အရွင္သာရိပုတၱရာမေထရ္က မဟာသကၠရာဇ္ ၇၉ ဖြား၊ ျမတ္စြာဘုရားထက္ အရွင္ျမတ္ဟာ သက္ေတာ္ ၁၁ႏွစ္ ငယ္ပါတယ္ ပရိနိဗၺာန္ျပဳရတဲ့အခါ ေရွးဘုရားရွင္တို႔ရဲ႕ လက္ဝဲေတာ္ရံ လတ္်ာေတာ္ရံ အဂၢမဟာသာဝႀကီးေတြနည္းတူ ဓမၼတာအားျဖင့္ လက္ဝဲေရာ လတ္်ာေရာ ႏွစ္ပါးစလုံး ဘုရားရွင္ထက္ဦးစြာအရင္ ပရိနိဗၺာန္ျပဳၾကရပါတယ္.... အရွင္သာရိပုတၱရာမေထရ္အေလာင္း ဥပတိႆလုလင္ဟာ သူငယ္ခ်င္းျဖစ္တဲ့ အရွင္မဟာေမာဂၢလာန္အေလာင္း ေကာလိတလုလင္နဲ႕အတူ ေတာင္ထိပ္မွာ က်င္းပတဲ့ နကၡတ္သဘင္ပြဲႀကီးကို သြားၾကည့္ၾကတဲ့အခ်ိန္မွာ အသက္က ၂၅ႏွစ္သာ ရွိေသးတယ္။ ျဗဟၼာႀကီးကိုးကြယ္တဲ့ ျဗဟၼဏအယူရွိသူ မိခင္ႀကီးကို ေက်းဇူးဆပ္ၿပီး နိဗၺာန္စံမည့္အေၾကာင္း ျမတ္စြာဘုရားကို ေလွ်ာက္ထားတဲ့အခ်ိန္ဟာ နိဗၺာန္မဝင္စံမွီ ၇ ရက္အလိုက ျဖစ္ပါတယ္... နိဗၺာန္ဝင္စံေတာ္မူရဖို႔ ၇ ရက္ဖို႔သာ လိုပါေတာ့တယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ ေသာတာပန္ျဖစ္ရ႐ုံေလာက္သာ ပါရမီရွိတဲ့ မိခင္ႀကီးကို ေလာကီနည္းနဲ႕ ေက်းဇူးမဆပ္ျဖစ္ခဲ့ေပမယ့္ ျမတ္လွတဲ့ ေလာကုတၱရာနည္းနဲ႕ ေက်းဇူးဆပ္ ေသာတာပန္တည္ေစခဲ့ၿပီးေနာက္ နိဗၺာန္ဝင္စံေတာ္မူခ်ိန္မွာ အရွင္သာရိပုတၱရာမေထရ္ရဲ႕ သက္ေတာ္ဟာ (၆၉)ႏွစ္ ျဖစ္ပါတယ္။ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ Mg Thit Nyo
via အလင္းေရာင္ ဓမၼ https://ift.tt/36pot9y
Newer Post
Older Post
Home