အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 31, 2019
တရားဘာလို့ ဟောရတယ် ================ ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင် ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ။အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရား ဟုဖြေ၏)။ ထိုအခါဘုရားကမေးပြန်သည်မှာ- ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲငုံထားတာမြင်ရင် မင်းရဲ့ သားလေး ကို ဒီအတိုင်းကြည့်နေမလား၊ အတင်းပါးစပ်ဟပြီးပုလင်းကွဲတွေထုတ်ပြစ် မလား၊ ကုမာရမင်းသားလေးဖြေဆိုသည်မှာ ပုလင်းကွဲများမျိူချလျှင် အူများပြတ်ကာ သေပွဲဝင်ရတော့မှာမို့သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာထုတ်ပစ်ရ ပါမည်ဘုရားဟုဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားက သွေးတွေထွက်မှပေါ့ဟုဆိုရာ ဖခင်ဖြစ်သူ ကုမာရမင်းသားသည် မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှသွေး ထွက်၍ မသေပါ။ ပုလင်းကွဲများမျိုချလိုက်ခဲ့လျှင် သေရတော့မည်ဖြစ်သဖြင့် မမျိုချခင်၊ ဗိုက်ထဲ မရောက်ခင်ရသလို အတင်းထုတ်ရပါမည်ဘုရားဟုပြောခဲ့သောအခါ မြတ်စွာဘုရား အရှင်၏ ပြန်လည်ဆုံးမ ပြောကြားသည်မှာ - အေး ငါဘုရားလည်း သတ္တဝါတွေကို အရမ်းသနားတော်မူသော်ကြောင့် အပယ်လေးပုံကို ရောက်ကြရမှာစိုးရိမ်လွန်းလို့၊သတ္တဝါတွေဟာအကုသိုလ် လောဘ၊ ဒေါသ၊ မောဟ၊ တွေကိုပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ အတင်းအန်ထုတ်ခိုင်းနေရတာပါ။ ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ဖြေခဲ့တယ်၊ကုမာရမင်းသားလေး သည် ဘုရားရှင်၏တရားကိုနားကြားကာမြတ်စွာ ဘုရား၏မေတ္တာ ဂရုဏာကိုနားလည် သဘောပေါက်ခဲ့ရလေသည်။ အဲသလိုဘဲဘုန်းဘုန်းတို့ကလည်းအပယ်ရောက်စေတတ်တဲ့အကုသိုလ်များကို ပါးစပ်ထဲ ငုံထားနေသော၊ ဗိုက်ထဲကိုမျိုချထားပြီးသောဒီဒကာဒကာမများကိုဘုရားကိုယ်စား မေတ္တာထား ကာ ရေမြေခြားသော်လည်း အရောက်လာပြီးတရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာ မဂ္ဂင်ဆေးတွေတိုက်ကျွေးနေရတာပါဘဲ။ ဘာဖြစ်လို့လဲ- သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာစိုးရိမ်လို့၊ဒကာ၊ဒကာမတွေရဲ့ သန္တာန်ထဲမှာ အကုသိုလ်တွေပြည့်နှက်နေတာကိုဘာနဲ့ဖျက်ဆီးပြစ်ရမလဲ။ ကုသိုလ်တွေနဲ့ဖျက်ဆီးရမယ်။ ကုသိုလ်၄ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊ ကုသိုလ်၄ မျိုးရှိ သော်လည်း ဒါနကုသိုလ်နှင့်လည်း မပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်း မကာကွယ်နိုင်၊ သမထကုသိုလ် ဖြင့်လည်း လမ်းမဆုံးနိုင်ပါဘူး၊ ဝိပဿနာဘာဝနာကုသိုလ်တခုတည်း ဖြင့်သာဖျက်ဆီးပြစ်နိုင်တာပါ။ ချိုမယောင်ခါး Post အားမျှဝေပါသည်။ ____________________________________ #Credit to Original Uploader. 💝💝💝💝💝💝💝💝💝💝 ပြန်လည်မျှဝေသူ။ ©KoNyanHtun… 👍👍👍👍👍👍👍👍👍👍👍 တရားဘာလို႔ ေဟာရတယ္ ================ ဘုရားလက္ထက္တုံးက -ကုမာရမင္းသားေလးက ဘုရားကိုေမးတယ္၊ သူတပါးနားေထာင္ ခ်င္မွန္းမသိ နားမေထာင္ခ်င္မွန္းမသိပါဘဲ။အဘယ္ေၾကာင့္အတင္းတရားေတြေဟာေျပာေနရ သနည္း ဟု ေမးလတ္ေသာ္ ျမတ္စြာဘုရားေျဖၾကားသည္မွာ ကုမာရ- သင့္မွာသားသမီးရွိသလား ၊ ( တြားသြားအ႐ြယ္-သားငယ္ေလးရွိပါသည္ဘုရား ဟုေျဖ၏)။ ထိုအခါဘုရားကေမးျပန္သည္မွာ- ထိုသားေလး ပုလင္းကြဲေတြကို ပါးစပ္ထဲငုံထားတာျမင္ရင္ မင္းရဲ႕ သားေလး ကို ဒီအတိုင္းၾကည့္ေနမလား၊ အတင္းပါးစပ္ဟၿပီးပုလင္းကြဲေတြထုတ္ျပစ္ မလား၊ ကုမာရမင္းသားေလးေျဖဆိုသည္မွာ ပုလင္းကြဲမ်ားမ်ိဴခ်လွ်င္ အူမ်ားျပတ္ကာ ေသပြဲဝင္ရေတာ့မွာမို႔သားေတာ္ ပါးစပ္ထဲ ငုံထားေသာ ပုလင္းကြဲမ်ားကို အတင္းပါးစပ္ဟကာထုတ္ပစ္ရ ပါမည္ဘုရားဟုဆိုေလသည္။ ထိုအခါ ျမတ္စြာဘုရားက ေသြးေတြထြက္မွေပါ့ဟုဆိုရာ ဖခင္ျဖစ္သူ ကုမာရမင္းသားသည္ ျမတ္စြာဘုရား၊ တပည့္ေတာ္ ၏သားသည္ ပါးစပ္မွေသြး ထြက္၍ မေသပါ။ ပုလင္းကြဲမ်ားမ်ိဳခ်လိဳက္ခဲ့လွ်င္ ေသရေတာ့မည္ျဖစ္သျဖင့္ မမ်ိဳခ်ခင္၊ ဗိုက္ထဲ မေရာက္ခင္ရသလို အတင္းထုတ္ရပါမည္ဘုရားဟုေျပာခဲ့ေသာအခါ ျမတ္စြာဘုရား အရွင္၏ ျပန္လည္ဆုံးမ ေျပာၾကားသည္မွာ - ေအး ငါဘုရားလည္း သတၱဝါေတြကို အရမ္းသနားေတာ္မူေသာ္ေၾကာင့္ အပယ္ေလးပုံကို ေရာက္ၾကရမွာစိုးရိမ္လြန္းလို႔၊သတၱဝါေတြဟာအကုသိုလ္ ေလာဘ၊ ေဒါသ၊ ေမာဟ၊ ေတြကိုပါးစပ္ထဲမွာ ငုံထားၿပီးၿပီ။ ဒါ့ေၾကာင့္ ငါဘုရား မဂၢင္ေဆးတိုက္ေႂကြးကာ အတင္းအန္ထုတ္ခိုင္းေနရတာပါ။ ငါဘုရားသည္ မဂၢင္ဆိုတဲ့ အန္ေဆးႀကီးေကြၽးေနတာပါလို႔ေျဖခဲ့တယ္၊ကုမာရမင္းသားေလး သည္ ဘုရားရွင္၏တရားကိုနားၾကားကာျမတ္စြာ ဘုရား၏ေမတၱာ ဂ႐ုဏာကိုနားလည္ သေဘာေပါက္ခဲ့ရေလသည္။ အဲသလိုဘဲဘုန္းဘုန္းတို႔ကလည္းအပယ္ေရာက္ေစတတ္တဲ့အကုသိုလ္မ်ားကို ပါးစပ္ထဲ ငုံထားေနေသာ၊ ဗိုက္ထဲကိုမ်ိဳခ်ထားၿပီးေသာဒီဒကာဒကာမမ်ားကိုဘုရားကိုယ္စား ေမတၱာထား ကာ ေရေျမျခားေသာ္လည္း အေရာက္လာၿပီးတရားေတြ ျပေပး၊ ေဟာေျပာေပး၊ဘာဝနာ မဂၢင္ေဆးေတြတိုက္ေကြၽးေနရတာပါဘဲ။ ဘာျဖစ္လို႔လဲ- ေသရင္ မေကာင္းတဲ့ဘဝေတြ ေရာက္သြားမွာစိုးရိမ္လို႔၊ဒကာ၊ဒကာမေတြရဲ႕ သႏၱာန္ထဲမွာ အကုသိုလ္ေတြျပည့္ႏွက္ေနတာကိုဘာနဲ႕ဖ်က္ဆီးျပစ္ရမလဲ။ ကုသိုလ္ေတြနဲ႕ဖ်က္ဆီးရမယ္။ ကုသိုလ္၄ မ်ိဳးရွိတယ္၊ ဒါန၊ သီလ၊ သမထ၊ ဝိပႆနာ ၊ ကုသိုလ္၄ မ်ိဳးရွိ ေသာ္လည္း ဒါနကုသိုလ္ႏွင့္လည္း မပယ္နိုင္၊သီလကုသိုလ္ျဖင့္ လည္း မကာကြယ္နိုင္၊ သမထကုသိုလ္ ျဖင့္လည္း လမ္းမဆုံးနိုင္ပါဘူး၊ ဝိပႆနာဘာဝနာကုသိုလ္တခုတည္း ျဖင့္သာဖ်က္ဆီးျပစ္နိုင္တာပါ။ ခ်ိဳမေယာင္ခါး Post အားမွ်ေဝပါသည္။ ____________________________________ #Credit to Original Uploader. 💝💝💝💝💝💝💝💝💝💝 ျပန္လည္မွ်ေဝသူ။ ©KoNyanHtun… 👍👍👍👍👍👍👍👍👍👍👍
via အလင္းေရာင္ ဓမၼ https://ift.tt/2N1Ofst
Newer Post
Older Post
Home