Thursday, October 31, 2019

စေတနာပါမှ ဒါနဖြစ်တယ် (ဓမ္မ ပုံပြင်) ⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်၀တဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။ ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံရောင်းချ တော့မယ်လို့ စိတ်ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကိုထွက်လာခဲ့တယ်။ အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမောအပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။ ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး ဝအောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအ၀ခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။ ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။ သဘောတူ၀ယ်မယ်ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။ အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်း ၀မ်းသာအားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကို ၀ယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ် ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။ ဒီလိုနဲ့တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသားကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။ ဒါတောင် ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။ အဲဒီအခါမှာကုသိုလ်၀ယ်မယ့်သူဋ္ဌေးကလည်း ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာတယ်။ အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ၀မ်းသာအားရပြောပြတယ်။ အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရအပြည့်အ၀ပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်၀ယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး သာနေလေတော့ ကုသိုလ်၀ယ်တဲ့သူဋ္ဌေးက ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက် ပစ္စည်းတစ်၀က်ချန်ထားပြီး မင်းကုသိုလ်တစ်၀က်အတွက် ငါ့ပစ္စည်းတစ်၀က်ကိုသာ ယူသွားပေ တော့လို့ဆိုပြီး ကုသိုလ်တစ်၀က်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်၀က်ဖိုး ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။ ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက် စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။ ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘ၀က လူသားတွေကိုတော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါ စေတနာ ဒါန၊ ၀တ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့ ပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံညောင်စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီးလောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီး လောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ အကျိုးတွေရတာလဲ ရှိတတ်ပါတယ်။ ကံအကျိုး ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။ စေတနာကောင်းရင် ကံအကျိုးပေးလည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။ သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကို သိမြင်ယုံကြည် လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးကကောင်းလို့ အခုကောင်းတယ်။ အခုကောင်း နောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။ မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။ ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကို အလင်းရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက် အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။ ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘ၀သံသရာမှာ ကျင်လည်နေကြရပြီဆိုရင် လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရားတွေပြည့်၀တဲ့ သဘာ၀အလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။ တော်၀င်နွယ် အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၀၂ခုနှစ် ဇွန်လ။ မေတ္တာဖြင့်မျှဝေပေးပါသည်။ #Argyi 4-10-2019 စတေနာပါမှ ဒါနဖွဈတယျ (ဓမ်မ ပုံပွငျ) ⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜ တဈခါတုနျးက ဗာရာဏသီပွညျမှာ အငျမတနျ ခမြျးသာကွှယျ၀တဲ့ သူဋ်ဌေးနှဈဦးရှိခဲ့ဖူးတယျ။ အဲဒီသူဋ်ဌေးနှဈဦးဟာ ငယျသူငယျခငြျးတှေ ဖွဈတာမို့ တဈဦးနဲ့တဈဦး အငျမတနျခစြျခငျကွသတဲ့။ ဒါပမေယ့ျ သူငယျခငြျးသူဋ်ဌေးနှဈယောကျဟာ တဈယောကျနဲ့ တဈယောကျ စရိုကျခငြျးမတူကွဘူး။ သူဋ်ဌေးတဈယောကျက ဂုဏျပကာသနတှကေို ခငျမငျပွီး အလှနျကွှားဝါခငြျတယျ။ စတေနာ သဒ်ဓါမပါဘဲ နာမညျကောငျးရအောငျဆိုပွီးအလှနျအကြှံ အလှူအတနျးလုပျတယျ။ ကနြျသူဋ်ဌေးတဈယောကျကတော့ လှူသငျ့သလောကျလှူ စားသငျ့သလောကျစားပွီး ရိုးရိုးအေးအေးပဲနထေိုငျပါတယျ။ ဒီလိုနဲ့နှဈအနညျးငယျကွာတဲ့အခါမှာ ဂုဏျလိုခငြျလို့ အလှူအတနျး အမြားကွီးလုပျတဲ့ သူဋ်ဌေးဟာ တဖွညျးဖွညျး ပစ်စညျးဥစ်စာတှဆေုံးပါးပွီး ဆငျးရဲသှားသတဲ့။ ဒါနဲ့ဆငျးရဲသှားတဲ့ သူဋ်ဌေးဟာ သူ့မှာ ဘာမြှရောငျးခသြုံးစှဲစရာ ပစ်စညျးမရှိတော့လို့ သူ ပွုလုပျထားတဲ့ကုသိုလျကောငျးမှုတှကေိုပဲ သူငယျခငြျးသူဋ်ဌေးထံရောငျးခြ တော့မယျလို့ စိတျကူးနဲ့ဇနီးဖွဈသူကိုပါ အတူခေါျပွီးတော့ သူငယျခငြျး သူဋ်ဌေးထံကိုထှကျလာခဲ့တယျ။ အဲဒီလိုခရီးထှကျလာရငျးလမျးခုလတျမှာ အမောအပနျးဖွကောပါလာတဲ့ ထမငျးထုပျကိုစားမယျ ဆိုပွီးဖွလေိုကျတယျ။ ထမငျးထုပျကလညျး ငယျငယျမို့ နှဈယောကျဝမြှေပွီးစားရတယျ။ အဲဒီအခိုကျမှာ ခှေးပိနျကလေးတဈကောငျဟာ ယိုငျတိယိုငျထိုးနဲ့ ဇရပျနားကပျလာသတဲ့။ အဲဒီအခါမှာ ထမငျးစားနတေဲ့ သူဋ်ဌေးဆငျးရဲက ရှငျမရယျ ကွည့ျစမျးပါဦး ခှေးပိနျကလေးဟာ အစာမစားရတာကွာလို့ လမျးကောငျးကောငျး မလြှောကျနိုငျတာနဲ့ တူပါရဲ့။ သနားစရာလေးကှာ။ အခုတို့စားနတေဲ့ထမငျးထုပျကို ခှေးက လေးကိုကြှေးလိုကျရအောငျလို့ ဇနီးဖွဈသူကို ပွောလိုကျတယျ။ ဇနီးဖွဈသူကလညျး သဘောတူကွညျဖွူစှာ သူတို့စားမယျ့ထမငျးထုပျကို ခှေးပိနျကလေး ဝအောငျစားပါစဆေိုတဲ့စတေနာနဲ့ အကုနျလုံး ခကြြှေးပါတယျ။ သူတို့နှဈယောကျကတော့ ဇရပျနဘေးက ရအေိုးစငျမှာ ရအေ၀ခပျသောကျပွီး ခရီးဆကျခဲ့ကွသတဲ့။ ဒီလိုနဲ့ သူငယျခငြျးသူဋ်ဌေးထံ သူတို့ဇနီးမောငျနှံ ရောကျသှားတဲ့အခါ သူငယျခငြျးသူဋ်ဌေးကိုဆငျးရဲသှားတဲ့သူဋ်ဌေးက ငါတို့ပွုထားတဲ့ ကုသိုလျကောငျးမှုတှေ ရောငျးခဖြို့ သူငယျခငြျးထံလာခဲ့တာပဲ။ သဘောတူ၀ယျမယျဆိုရငျ တဈဘ၀လုံးပွုထားတဲ့ ကုသိုလျအကုနျရောငျးခဲ့မှာလို့ ပွောပွသတဲ့။ အဲဒီအခါ သူငယျခငြျးသူဋ်ဌေးကလညျး ၀မျးသာအားရနဲ့ ရောငျးသမြှကုသိုလျကောငျးမှုကို ၀ယျယူပါ့မယျဗြာလို့ ဆိုလိုကျကာ ကုသိုလျကောငျးမှုမြားကို ခြိနျခှငျထဲမှာထညျ့ပွီးခြိနျခိုငျးပါတယျ။ အဲဒီအခါ စတေနာအရငျးမခံဘဲ ဂုဏျပကာသနတှကေို လိုခငြျတာနဲ့ပွုလုပျခဲ့တဲ့ ကုသိုလျတှဖွေဈတာမို့ လေးတယျလို့မရှိဘဲ ငှဘေကျကပဲအမွဲ အလေးသာနသေတဲ့။ ကြောငျးကုသိုလျ၊ ဇရပျ ကုသိုလျ၊ ရကေနျကုသိုလျ၊ ဘာကုသိုလျပဲ ထညျ့ထညျ့ ကုသိုလျဘကျက အလေးမသာဘဲ ငှဘေကျကဘဲအလေးသာနတေယျ။ ဒီလိုနဲ့တဈဘ၀လုံးပွုခဲ့တဲ့ ကုသိုလျကောငျးမှုတှခေပြွီး ခြိနျကွည့ျလိုကျတာ ကုသိုလျကောငျးမှုတှသော ကုနျသှားတယျ။ အလေးခြိနျကတော့တကျမလာဘူးတဲ့။ ခြိနျခှငျထဲမှာထညျ့ထားတဲ့ ငှသေားကလညျးမဖွဈစလောကျ (၁)ပိူာပဲရှိသတဲ့။ ဒါတောငျ ကုသိုလျကမနိုငျဘူးဖွဈနတေယျ။ အဲဒီအခါမှာကုသိုလျ၀ယျမယျ့သူဋ်ဌေးကလညျး ဟငျ သူငယျခငြျး မငျးကုသိုလျတှကေ ဒါအကုနျပဲလား၊ ကနြျနတောရှိရငျ စဉျးစားပါဦးလို့ ပွောပွတယျ။ ဆငျးရဲသှားတဲ့သူဋ်ဌေးလညျး ခေါငျးကုတျပွီး စဉျးစားလိုကျတာ နောကျဆုံးလမျးခရီးမှာ ခှေးပိနျကလေးတဈကောငျကို ထမငျးတဈနပျ အငတျခံပွီးတော့ ကြှေးခဲ့တဲ့ကုသိုလျကပေါျလာတယျ။ အဲဒါနဲ့သူဋ်ဌေးဆငျးရဲလညျး ဟာ သူငယျခငြျး။ တို့လငျမယား အခုမငျးဆီလာတုနျးက လမျးမှာ ခှေးပိနျကလေးကို ထမငျးကြှေးခဲ့တဲ့ ကုသိုလျကနြျသေးတယျ။ အဲဒီကုသိုလျကိုလညျး ထည့ျခြိနျလိုကျပါလို့ ၀မျးသာအားရပွောပွတယျ။ အဲဒီအခါ ငတျသလေုဆဲဆဲခှေးပိနျကလေးကို စတေနာရှိရှိနဲ့ ထမငျးကြှေးခဲ့တဲ့ကုသိုလျဟာ အနှဈသာရအပွည့ျအ၀ပါတာမို့ ကုသိုလျဘကျက အလေးသာလာတယျ။ ကုသိုလျ၀ယျတဲ့ သူဋ်ဌေးကလညျး သူပိုငျ ငှသေားတှမေက ရှှသေားတှပေါ ထပျဖွည့ျပမေယျ့ ကုသိုလျဘကျကပဲ အလေးသာနတေယျ။ နောကျဆုံးသူပိုငျသမြှဥစ်စာဓနတှေ အကုနျလုံးပုံထညျ့ပေးတာတောငျမှ ခှေးပိနျကလေးကို ထမငျးကြှေးခဲ့တဲ့ ကုသိုလျဘကျကပဲ အလေး သာနလေတေော့ ကုသိုလျ၀ယျတဲ့သူဋ်ဌေးက ကဲ သူငယျခငြျး ငါ့စညျးစိမျတော့ကုနျပွီ။ ငါ့အတှကျ ပစ်စညျးတဈ၀ကျခနြျထားပွီး မငျးကုသိုလျတဈ၀ကျအတှကျ ငါ့ပစ်စညျးတဈ၀ကျကိုသာ ယူသှားပေ တော့လို့ဆိုပွီး ကုသိုလျတဈ၀ကျဖိုးအဖွဈ သူ့ဥစ်စာဓန တဈ၀ကျဖိုး ဆငျးရဲသှားတဲ့ သူဋ်ဌေးကို ခှဲဝပေေးလိုကျပါတယျ။ ပွီးတော့ သူငယျခငြျး နောကျဆိုရငျ သဘောပေါကျ စတေနာရှိမှ လှူပါကှာ။ ဂုဏျပကာသနကို မမကျပါနဲ့။ ပြောျရုံသကျသကျ ပွုလုပျထားတဲ့ အရခွေုံကုသိုလျဆိုတာ ငှကေုနျတာကလှဲလို့ ဘာအကြိုးမြှ မဖွဈထှနျးပါဘူး။ အသိဉာဏျနဲ့ယှဉျပွီး ကုသိုလျပွုတတျရငျ ငှကေုနျနညျးပမေယျ့ တဈလုံးတဈခဲတညျး အကြိုးပေးပါတယျလို့ သတိပေးစကားလညျး ပွောကွားလိုကျပါသတဲ့။ ဒီပုံပွငျကလေးဟာ နညျးနညျးဒဏ်ဍာရီဆနျပမေယျ့ တကယျ့ဘ၀က လူသားတှကေိုတော့ ထငျဟပျပေါျလှငျစပေါတယျ။ ဒါနကောငျးမှုပွုတဲ့အခါ စတေနာ ဒါန၊ ၀တ်ထုဒါန နှဈမြိုးမှာ စတေနာဒါနကပိုပွီးတော့ ပဓာနကပြါတယျ။ ဒါကွောငျ့မို့ တဈခါတဈရံညောငျစေ့ကလေးလောကျလှူပွီးတော့ ညောငျပငျကွီးလောကျ အကြိုးတှရေတာရှိသလို ညောငျပငျကွီး လောကျလှူဒါနျးပွီး ညောငျစေ့ကလေးလောကျပဲ အကြိုးတှရေတာလဲ ရှိတတျပါတယျ။ ကံအကြိုး ပေးနရောမှာတော့ စတေနာဟာ အဓိကဇာတျကောငျပဲဖွဈပါတယျ။ စတေနာကောငျးရငျ ကံအကြိုးပေးလညျး ကောငျးတတျတာမို့ ကံကောငျးလိုသူတှဟော စတေနာကောငျးမှနျအောငျ ဂရုစိုကျကွရမှာပါ။ မြားသောအားဖွငျ့ စတေနာဆိုတာကလညျး သူ့အလိုလို ကောငျးမှနျခဲ့တာမို့ ကိုယျ့ဘကျက သဒ်ဓါ၊ မတေ်တာ ပညာအားတှေ မြားမြားစိုကျထုတျပွီး ပွုပွငျယူကွရမှာပါ။ သဒ်ဓါတရားဆိုတာ ကံ ကံရဲ့အကြိုးပေးနဲ့ရတနာသုံးပါးရဲ့ စှမျးရညျသတ်တိဂုဏျကြေးဇူးတှကေို သိမွငျယုံကွညျ လကျခံနိုငျတဲ့သဘောပါ။ သူကရှေးကကောငျးလို့ အခုကောငျးတယျ။ အခုကောငျး နောငျကောငျးပါလိမျ့မယျဆိုတဲ့အကွောငျး အကြိုးကှငျးဆကျကို လကျညှိုးထိုးညှှနျပွပေးပါလိမ့ျမယျ။ မတေ်တာတရားဆိုတာကောငျးကြိုးလိုလားတဲ့ ခစြျခငျကွငျနာမှုပါ။ သူကတော့ မုနျးငွိုးပဈမှားဒေါသအာဃာတတရားတှကေို ဖယျရှားပွီး အလှူခံပုဂ်ဂိုလျတှအေပေါျမှာ ခစြျကွငျနာမှုနဲ့အတူ နူးညံ့သိမျမှေ့ စိတျအားပွညျ့စပေါလိမျ့မယျ။ ပညာဆိုတာ အမှောငျပယျခှငျး စိတျဓါတျကို အလငျးရစခွေငျးပါပဲ။ သူကဒါနကုသိုလျရဲ့ဆနျ့ကငြျဘကျ အညဈအကွေးတှဖွေဈတဲ့အရာရာမှာတကျမကျတှယျတာလိုမှုလောဘနဲ့ကပျစေးနှဲနှမြောတှနျ့တိုမှု မစ်ဆရိယတရားတှကေို ပယျဖကြျခြိုးနှိမျပေးတတျပါတယျ။ ဒါကွောင့ျအလှူဒါနတဈခုပွုတဲ့အခါမှာ နာမညျကောငျးရရေး၊ ကွှားဝါရရေးထကျ သဒ်ဓါ၊ မတေ်တာ ပညာပွည့ျဝရေးကိုသာ အထူးဂရုပွုကွရမှာပါ။ ဘ၀သံသရာမှာ ကငြျလညျနကွေရပွီဆိုရငျ လောကပကာသနနောကျလိုကျပွီး ဟနျဆောငျပနျဆောငျ ပွုလုပျထားတဲ့ ဆေးဆိုးပနျးရိုကျ စိတျစတေနာတှထေကျ သဒ်ဓါ မတေ်တာ၊ ပညာတရားတှပွေည့ျ၀တဲ့ သဘာ၀အလှ စိတျစတေနာတှကေသာ တကယျ့အားကိုးရာအစဈဖွဈပါတယျ။ တောျ၀ငျနှယျ အပ်ပမာဒ ဓမ်မရသမဂ်ဂဇငျး ၂၀၀၂ခုနှဈ ဇှနျလ။ မတေ်တာဖွငျ့မြှဝပေေးပါသညျ။ #Argyi 4-10-2019


via အလင်းရောင် ဓမ္မ https://ift.tt/2N22qOf