အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 1, 2019
ရေဘူးနှင့် ဖိနပ်မပါလျင် နွေအခါမှသိမယ် ဒါနနှင့် သီလမပါလျင် သေခါမှသိမယ် ဒါန နည်းတော့ မွဲတတ်တယ် သီလ နည်းတော့ ရောဂါတွယ် သမထ နည်းတော့ စိတ်ဆင်းရဲရမယ် ဝိပဿနာ နည်းတော့ နိဗ္ဗာန်နဲ့လွဲတတ်တယ် ဒါန မရှိလျင် ရိက္ခာမပါသော ခရီးသွားနှင့်တူ၏ ဒါန နည်းလျင် ရိက္ခာနည်းသော ခရီးသွားနှင့်တူ၏ သီလမရှိလျင် ခြေကျိုးသော ခရီးသွားနှင့်တူ၏ သီလနည်းလျင် ခြေမသန်သော ခရီးသွားနှင့်တူ၏ ဘာဝနာ မရှိလျင် မျက်စိမမြင်သော ခရီးသွားနှင့်တူ၏ ဘာဝနာ နည်းလျင် မျက်စိမွဲသော ခရီးသွားနှင့်တူ၏ ( ရှေးဆရာတော် ဘုရားကြီးများ အဆုံးအမ)
via အလင်းရောင် ဓမ္မ https://ift.tt/2WvQhnR
Newer Post
Older Post
Home