အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 2, 2019
🙏 အစကောင်းမှ အနှောင်းသေချာ 🙏 •••••••••••••••••••••••••••••••••••••• • ဒါန သီလ ဘာဝနာသုံးဆင့်မှာ ဗုဒ္ဓဘာသာဝင်အများစုလုပ်နေကြတာ လုပ်နိုင်ကြတာ ဒါန။ • ဒါနသည် အစကောင်းမှ အနှောင်းသေချာတဲ့ ဘာပဲလှူ လှူ နိဗ္ဗာန်ကိုရည်စူးပြီးလှူ သော်လည်း အကျိုးပေးတာက နတ်ပြည်ခြောက်ထပ်နဲ့ လူ့ဘုံ။ • ကာမသုဂတိ ခုနှစ်ဘုံဆိုတော့ ကာမဘုံက မလွတ်သေးဘူး။ • ကာမဘုံမှာ ကျင်လည်နေရသမျှ 'အထက်ကိုနေပါဦး အောက်ကိုလုံအောင်ဖုံး' ဆိုတဲ့စကားလိုပဲ။ • အပါယ်ဘေးဆိုးကြီးက မလွတ်သေးပါဘူး။ • ကာမဘုံသားတို့ရဲ့ ဒါနခန်းကိုကြည့်ရင်. . . ၁။ လှူ တဲ့ကာလ ငါစွဲကြီးနဲ့ လှူ နေရင် အလှူ အကျိုးပေးချိန်မှာလည်း ငါစွဲကြီးသူပဲ ဖြစ်လာတတ်ပါတယ်။ မိမိကိုယ်ကို အထင်ကြီး နေမယ်။ ဘာလုပ်လုပ် ငါကအသားစီးရမှဆိုတဲ့ စိတ်ယုတ်မာတွေ ဝင်လာတတ်တယ်။ ၂။ လှူ တဲ့ကာလ ပစ္စည်းစွဲအားကြီးနေရင် အလှူ အကျိုးပေးချိန်မှာ အာရုံငါးပါးအပေါ်မှာ စွဲမက်မှုအားကြီးနေတတ်တယ်။ ဘာတွေ့တွေ့ အာရုံတို့အပေါ်မှာသာ ပျော်မွေ့နေတတ်တယ်။ ၃။ လှူ တဲ့ကာလ အလှူ ခံပုဂ္ဂို လ်အပေါ် စိတ်ညွှန်နေမယ်ဆိုရင်လည်း နောင်တစ်ချိန် အလှူ အကျိုးပေးတဲ့ကာလ ကိုယ့်စိတ်က သူ့ဘက်ယိုင်နေတတ်တယ်။ သူတစ်ပါးတို့အပေါ် ခင်မင်မှုအားကြီး နေတတ်တယ်။ ဒါကြောင့် အစကောင်း အနှောင်းသေချာအောင် လှူ တဲ့ကာလကလေးမှာ ငါစွဲ ပုဂ္ဂို လ်စွဲ ပစ္စည်းစွဲ အစွဲလွှတ်လှူတတ်အောင် သတိကလေးကပ်ပြီး လှူတတ်ကြပါစေ။ 🙏🙏 မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး 🙏🙏 [၁၉၉၈ ခုနှစ်၊ သုဝဏ္ဏသျှမ်တောင် သြဝါဒ] •••••••••••••••••••••••••••••••••••••••••• ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ Credit to original uploader. 🙏 အစေကာင္းမွ အႏွောင္းေသခ်ာ 🙏 •••••••••••••••••••••••••••••••••••••• • ဒါန သီလ ဘာဝနာသုံးဆင့္မွာ ဗုဒၶဘာသာဝင္အမ်ားစုလုပ္ေနၾကတာ လုပ္နိုင္ၾကတာ ဒါန။ • ဒါနသည္ အစေကာင္းမွ အႏွောင္းေသခ်ာတဲ့ ဘာပဲလႉ လႉ နိဗၺာန္ကိုရည္စူးၿပီးလႉ ေသာ္လည္း အက်ိဳးေပးတာက နတ္ျပည္ေျခာက္ထပ္နဲ႕ လူ႕ဘုံ။ • ကာမသုဂတိ ခုႏွစ္ဘုံဆိုေတာ့ ကာမဘုံက မလြတ္ေသးဘူး။ • ကာမဘုံမွာ က်င္လည္ေနရသမွ် 'အထက္ကိုေနပါဦး ေအာက္ကိုလုံေအာင္ဖုံး' ဆိုတဲ့စကားလိုပဲ။ • အပါယ္ေဘးဆိုးႀကီးက မလြတ္ေသးပါဘူး။ • ကာမဘုံသားတို႔ရဲ႕ ဒါနခန္းကိုၾကည့္ရင္. . . ၁။ လႉ တဲ့ကာလ ငါစြဲႀကီးနဲ႕ လႉ ေနရင္ အလႉ အက်ိဳးေပးခ်ိန္မွာလည္း ငါစြဲႀကီးသူပဲ ျဖစ္လာတတ္ပါတယ္။ မိမိကိုယ္ကို အထင္ႀကီး ေနမယ္။ ဘာလုပ္လုပ္ ငါကအသားစီးရမွဆိုတဲ့ စိတ္ယုတ္မာေတြ ဝင္လာတတ္တယ္။ ၂။ လႉ တဲ့ကာလ ပစၥည္းစြဲအားႀကီးေနရင္ အလႉ အက်ိဳးေပးခ်ိန္မွာ အာ႐ုံငါးပါးအေပၚမွာ စြဲမက္မႈအားႀကီးေနတတ္တယ္။ ဘာေတြ႕ေတြ႕ အာ႐ုံတို႔အေပၚမွာသာ ေပ်ာ္ေမြ႕ေနတတ္တယ္။ ၃။ လႉ တဲ့ကာလ အလႉ ခံပုဂၢို လ္အေပၚ စိတ္ၫႊန္ေနမယ္ဆိုရင္လည္း ေနာင္တစ္ခ်ိန္ အလႉ အက်ိဳးေပးတဲ့ကာလ ကိုယ့္စိတ္က သူ႕ဘက္ယိုင္ေနတတ္တယ္။ သူတစ္ပါးတို႔အေပၚ ခင္မင္မႈအားႀကီး ေနတတ္တယ္။ ဒါေၾကာင့္ အစေကာင္း အႏွောင္းေသခ်ာေအာင္ လႉ တဲ့ကာလကေလးမွာ ငါစြဲ ပုဂၢို လ္စြဲ ပစၥည္းစြဲ အစြဲလႊတ္လႉတတ္ေအာင္ သတိကေလးကပ္ၿပီး လႉတတ္ၾကပါေစ။ 🙏🙏 မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး 🙏🙏 [၁၉၉၈ ခုႏွစ္၊ သုဝဏၰသွ်မ္ေတာင္ ၾသဝါဒ] •••••••••••••••••••••••••••••••••••••••••• ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါ၏။ Credit to original uploader.
via အလင္းေရာင္ ဓမၼ https://ift.tt/326rl7U
Newer Post
Older Post
Home