Tuesday, October 29, 2019

ချမ်းသာချင်ရင် •••••••••••••••• အရှုပ်တွေကြားမှာ တဏှာ အလုပ်တွေ များနေတာ။ ရှုပ်တာတွေ ရှင်းရင်းနဲ့ ရှုပ်ခဲ့တာတွေ ပြန်ရှင်းနေရတာနဲ့ဘဲ အလုပ်တွေ ရှုပ်နေပြန်တယ်။ အဆုံးမရှိတဲ့ အရှုပ်တွေကို အအား မရှိအောင် ရှင်းနေရတာ လောက။ အရှုပ်တွေ လုပ်နေလို့ အလုပ်တွေ ရှုပ်နေရတာ။ အပိုတွေ လုပ်နေလို့ အလုပ်တွေ ပိုနေရတာ။ မခိုင်မြဲတာ အစွဲနာနေလို့ ခိုင်မြဲတာ မသိတာ။ ချမ်းသာမဟုတ်တာကို အစွဲနာနေလို့ ချမ်းသာစစ် မသိတာ။ မရှိတာတွေကို အစွဲနာနေလို့ တကယ်ရှိတာ မသိတာ။ တငါငါနဲ့ အစွဲနာနေလို့ ငါမဟုတ်တာ မသိတာ။ ဖြစ်ချင်မှုနဲ့ မပေါင်းနဲ့။ အခုဖြစ် အခုပျက်က လွဲလျှင် ဖြစ်ချင်စရာ ဘာမှမရှိတာကို သိတဲ့ ဉာဏ်နဲ့သာ အမြဲနေနိုင်အောင် ကြိုးစား။ ဖြစ်ချင်စိတ် မရှိရင်ချမ်းသာပြီ။ သံသယနဲ့ မပေါင်းနဲ့။ အခုဖြစ် အခုပျက်က လွဲရင် သံသယဖြစ်စရာ ဘာမှမရှိတာကို သိတဲ့ဉာဏ်နဲ့သာ အမြဲနေနိုင်အောင် ကြိုးစား။ ဒီအမှန်တရားအပေါ်မှာ သံသယစိတ် လုံးဝမရှိရင် ချမ်းသာပြီ။ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရ ခ်မ္းသာခ်င္ရင္ •••••••••••••••• အရႈပ္ေတြၾကားမွာ တဏွာ အလုပ္ေတြ မ်ားေနတာ။ ရႈပ္တာေတြ ရွင္းရင္းနဲ႕ ရႈပ္ခဲ့တာေတြ ျပန္ရွင္းေနရတာနဲ႕ဘဲ အလုပ္ေတြ ရႈပ္ေနျပန္တယ္။ အဆုံးမရွိတဲ့ အရႈပ္ေတြကို အအား မရွိေအာင္ ရွင္းေနရတာ ေလာက။ အရႈပ္ေတြ လုပ္ေနလို႔ အလုပ္ေတြ ရႈပ္ေနရတာ။ အပိုေတြ လုပ္ေနလို႔ အလုပ္ေတြ ပိုေနရတာ။ မခိုင္ၿမဲတာ အစြဲနာေနလို႔ ခိုင္ၿမဲတာ မသိတာ။ ခ်မ္းသာမဟုတ္တာကို အစြဲနာေနလို႔ ခ်မ္းသာစစ္ မသိတာ။ မရွိတာေတြကို အစြဲနာေနလို႔ တကယ္ရွိတာ မသိတာ။ တငါငါနဲ႕ အစြဲနာေနလို႔ ငါမဟုတ္တာ မသိတာ။ ျဖစ္ခ်င္မႈနဲ႕ မေပါင္းနဲ႕။ အခုျဖစ္ အခုပ်က္က လြဲလွ်င္ ျဖစ္ခ်င္စရာ ဘာမွမရွိတာကို သိတဲ့ ဉာဏ္နဲ႕သာ အၿမဲေနနိုင္ေအာင္ ႀကိဳးစား။ ျဖစ္ခ်င္စိတ္ မရွိရင္ခ်မ္းသာၿပီ။ သံသယနဲ႕ မေပါင္းနဲ႕။ အခုျဖစ္ အခုပ်က္က လြဲရင္ သံသယျဖစ္စရာ ဘာမွမရွိတာကို သိတဲ့ဉာဏ္နဲ႕သာ အၿမဲေနနိုင္ေအာင္ ႀကိဳးစား။ ဒီအမွန္တရားအေပၚမွာ သံသယစိတ္ လုံးဝမရွိရင္ ခ်မ္းသာၿပီ။ သဘာဝတရားရိပ္သာဆရာေတာ္ အရွင္ဥတၱမသာရ


via အလင္းေရာင္ ဓမၼ https://ift.tt/2MS7GEe