အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 29, 2019
အချစ်နဲ့အမုန်းကြောင့်ပင်ပန်းနေပြီ တစ်ခါတုန်းက ပင်လယ်ကမ်းစပ် တစ်ခုမှာ ရှဥ့်ဇနီးမောင်နှံ နှစ်ကောင်နေကြတယ်။ သူတို့ကအရမ်းချစ်ကြသတဲ့။ တစ်ရက် ရှဥ့်မလေးက အုန်းပင်ပေါ်ကနေ ရေသောက်ဖို့အောက်ကို ဆင်းသွားတယ်။ အဲ့အချိန်မှာ မမျှော်လင့်ပဲ ရေလှိုင်းတစ်ခုက ကမ်းစပ်ကို ရိုက်ပြီး ရှဥ့်မလေးကို ရေထဲပါသွားစေခဲ့တယ် ။ ရှဥ့်မလေးက အကောင်သေးသေးလေးဆိုတော့ ရေတွေမွန်းပြီး သေရှာတာပေါ့ ။ ဒီလိုနဲ့ ရေဆင်းသောက်တဲ့ရှဥ့်မလေး ပြန်တတ်မလာ ချိန်ကြာတော့ ရှဥ့်ဖိုလေးက အတော်စိတ ်ပူရှာတာပေါ့။ ဆောက်တည်ရာမရ ကမ်းခြေမှာပြေးလွှားနေသတဲ့ ..။ သူ့ချစ်တဲ့ရှဥ့်မလေး ပင်လယ်လှိုင်းထဲပါသွားတာကို သူတွေးစမိတဲ့ အချိန် ရင်ကျိုးမရ သောကတွေနဲ့ သူကြံရှာသတဲ့။ သူ ရေထဲကို ပြေးဆင်းသွားတယ် .. ပြီးတော့ သူ့့အမှီးလေးကို ရေစိမ်လိုက်တယ် .. ပြီး ကုန်းပေါ်သူပြေး တယ်..အမှီးလေးကို ခါပြီး ရေတွေကုန်အောင်လုပ်တယ်... နောက်တစ်ခါ ရေထဲ ပြေးဆင်းသွားတယ်... သူ့အမှီးရေစိမ်လိုက်တယ်... ကုန်းပေါ်ပြေးတတ်သွားပြန်တယ် ... ရေတွေကို ခါချပြီး သူရေထဲ ပြန်ဆင်းသွားတယ်..... ဒီလိုနဲ့အချစ်ကြောင့် ပြေးလွှားပြီး သောကတွေနဲ့ ပူလောင်နေတဲ့ ရှဥ့်ကလေးရဲ့ အဖြစ်ကို ကမ်းစောင့်နတ်ကြီးက မြင်သတဲ့။ ကမ်းစောင့်နတ်ကြီးက သနားတာကြောင့် ကိုယ်ရောင်ဖန်ဆင်းပြီး ရှဉ်ကလေးကို မေးတယ်.... ရှဥ့်ကလေး မင်း ဘာလုပ်နေတာလဲ?။ ကျွန်တော်ချစ်တဲ့ ရှဥ့်မလေး ဒီပင်လယ်ထဲမှာရှိတယ် .. သူ့ကို ကယ်မလို့ ဒီရေတွေခန်းသွားအောင် ကျုပ် လုပ်နေတာလို့ ဖြေရှာတယ်.... ။ သြော်မင်း မှားနေပြီ မဖြစ်နိုင်ဘူးနော် ဒီရေတွေ မင်းကုန်အောင် မစွမ်းဆောင်နိုင်ဘူး မင်းအချစ်ကြောင့်မောပန်းနေပြီလို့ ကမ်းစောင့်နတ်ကြီးက ရှဥ့်ကလေးကို ပြောပြတယ်..။ ဒါပေမယ့် ရှဥ့်ကလေးက ချစ်စိတ်တွေကြောင့် မမူ့ဘူး ...ထပ်ပြီးပြေးလွှားနေပြန်တယ်။ ဒါနဲ့ကမ်းစောင့်နတ်ကြီးကသနားလို့ ပြောပြရှာတယ်... မင်းကသာ ဒီလိုလုပ်နေ ... မင်းချစ်တဲ့ ရှဥ့်မလေးက သေလို့ အခုဘ၀ပြောင်းသွားပြီ ဒီပင်လယ်ကြီးကို အစိုးရတဲ့ နဂါးမင်းကြီးရဲ့ နတ်မိဖုရားလေး ဖြစ်နေပြီ ကွ လို့ ပြောလိုက်သတဲ့။ ဒီအခါမှာ ရှဥ့်ဖိုလေးက မယုံဘူးတဲ့ ... အဲ့ဒါနဲ့ ကမ်းစောင့်နတ်ကြီးက တန်ခိုးနဲ့ ပင်လယ်ထဲပျော်နေတဲ့ သူ့ဇနီးနတ်မိဘုရားပုံကို ဖန်ဆင်းပြလိုက်တယ်.....။ ထိုအချိန်မှာ ရှဥ့်ဖိုကလေး အရမ်း ၀မ်းနည်းပြီး အရမ်းချစ်ရာကနေ အမုန်းကြီး မုန်းသွားရှာတယ်...။ ရှဥ့်ကလေး ဟာ ဒီအခါမှာတော့ အစောကနဲ့ပြောင်းပြန်အလုပ်ကို လုပ်တယ်။ ကမ်းပေါ်ကို ပြေးတတ်သွားပြီးတော့ သူ့လက်သေးသေးလေးနဲ့ သဲတွေကို ကျုံးယူလာတယ် ပြီးတော့ ပင်လယ်ထဲကို ပစ်ချတယ်... ကမ်းပေါ်ပြေးတတ်သွားပြန်တယ် .. သဲတွေ ကျုံးယူလာပီး ပင်လယ်ထဲကိုအဆက်မပျက် ပစ်ချနေပြန်တယ်။ ထို အချင်းရာကို မြင်တော့ ကမ်းစောင့်နတ်ကြီးက ဟိတ်ကောင် ရှဥ့်လေး မင်းဘာလုပ်ပြန်ပြီတုန်းလို့ မေးတယ်.... ရှဥ့်လေးက ဖြေတယ် .. သူတို့ ကို မမြင်ချင်လို့ ဒီပင်လယ်ကြီး ခမ်းသွားအောင် သဲတွေနဲ့ ဖို့နေတာလို့ ဖြေတယ်။ ၊။ ၊။ ဒီလိုပါပဲ အချစ် နဲ့ အမုန်းကြောင့် လူသားတွေလည်း ရှဥ့်ကလေးနည်းတူ ပြေးလွှားပြီး စိတ်ခံစားချက်နောက်လိုက်ရင်း မောပန်းနေကြရတာပါပဲ။ ဘယ်အရာမှ မတည်မြဲ အာမခံချက်မရှိတဲ့ ဘ၀ထဲမှာ အချစ်အမုန်းတွေ က သံသရာကို ရှည်စေခဲ့ပြီလေ။ ----------------------------------- ဦးဥတ္တမ ( သစ္စာရွေစည်ဆရာတော်) ၏ တရားတော်ထဲမှ ပုံပြင်လေးပါ ။ Crd အားလုံးဓမ္မအလင်းရလို့ လွတ်မြောက်ချမ်းသာကြပါစေ အခ်စ္နဲ႔အမုန္းေၾကာင့္ပင္ပန္းေနၿပီ တစ္ခါတုန္းက ပင္လယ္ကမ္းစပ္ တစ္ခုမွာ ရွဥ့္ဇနီးေမာင္နွံ နွစ္ေကာင္ေနၾကတယ္။ သူတုိ႕ကအရမ္းခ်စ္ၾကသတဲ့။ တစ္ရက္ ရွဥ့္မေလးက အုန္းပင္ေပၚကေန ေရေသာက္ဖို႕ေအာက္ကို ဆင္းသြားတယ္။ အဲ့အခ်ိန္မွာ မေမွ်ာ္လင့္ပဲ ေရလွိဳင္းတစ္ခုက ကမ္းစပ္ကုိ ရိုက္ျပီး ရွဥ့္မေလးကုိ ေရထဲပါသြားေစခဲ့တယ္ ။ ရွဥ့္မေလးက အေကာင္ေသးေသးေလးဆိုေတာ့ ေရေတြမြန္းျပီး ေသရွာတာေပါ့ ။ ဒီလိုနဲ႕ ေရဆင္းေသာက္တဲ့ရွဥ့္မေလး ျပန္တတ္မလာ ခ်ိန္ၾကာေတာ့ ရွဥ့္ဖိုေလးက အေတာ္စိတ ္ပူရွာတာေပါ့။ ေဆာက္တည္ရာမရ ကမ္းေျခမွာေျပးလႊားေနသတဲ့ ..။ သူ႕ခ်စ္တဲ့ရွဥ့္မေလး ပင္လယ္လွိဳင္းထဲပါသြားတာကုိ သူေတြးစမိတဲ့ အခ်ိန္ ရင္က်ိဳးမရ ေသာကေတြနဲ႕ သူၾကံရွာသတဲ့။ သူ ေရထဲကို ေျပးဆင္းသြားတယ္ .. ျပီးေတာ့ သူ့႕အမွီးေလးကုိ ေရစိမ္လုိက္တယ္ .. ျပီး ကုန္းေပၚသူေျပး တယ္..အမွီးေလးကို ခါျပီး ေရေတြကုန္ေအာင္လုပ္တယ္... ေနာက္တစ္ခါ ေရထဲ ေျပးဆင္းသြားတယ္... သူ႕အမွီးေရစိမ္လိုက္တယ္... ကုန္းေပၚေျပးတတ္သြားျပန္တယ္ ... ေရေတြကုိ ခါခ်ျပီး သူေရထဲ ျပန္ဆင္းသြားတယ္..... ဒီလိုနဲ႕အခ်စ္ေၾကာင့္ ေျပးလႊားျပီး ေသာကေတြနဲ႕ ပူေလာင္ေနတဲ့ ရွဥ့္ကေလးရဲ႕ အျဖစ္ကို ကမ္းေစာင့္နတ္ၾကီးက ျမင္သတဲ့။ ကမ္းေစာင့္နတ္ၾကီးက သနားတာေၾကာင့္ ကုိယ္ေရာင္ဖန္ဆင္းျပီး ရွဥ္ကေလးကုိ ေမးတယ္.... ရွဥ့္ကေလး မင္း ဘာလုပ္ေနတာလဲ?။ ကၽြန္ေတာ္ခ်စ္တဲ့ ရွဥ့္မေလး ဒီပင္လယ္ထဲမွာရွိတယ္ .. သူ႕ကုိ ကယ္မလို႕ ဒီေရေတြခန္းသြားေအာင္ က်ဳပ္ လုပ္ေနတာလို႕ ေျဖရွာတယ္.... ။ ေၾသာ္မင္း မွားေနျပီ မျဖစ္နုိင္ဘူးေနာ္ ဒီေရေတြ မင္းကုန္ေအာင္ မစြမ္းေဆာင္နုိင္ဘူး မင္းအခ်စ္ေၾကာင့္ေမာပန္းေနျပီလို႕ ကမ္းေစာင့္နတ္ၾကီးက ရွဥ့္ကေလးကို ေျပာျပတယ္..။ ဒါေပမယ့္ ရွဥ့္ကေလးက ခ်စ္စိတ္ေတြေၾကာင့္ မမူ႕ဘူး ...ထပ္ျပီးေျပးလႊားေနျပန္တယ္။ ဒါနဲ႕ကမ္းေစာင့္နတ္ၾကီးကသနားလို႕ ေျပာျပရွာတယ္... မင္းကသာ ဒီလိုလုပ္ေန ... မင္းခ်စ္တဲ့ ရွဥ့္မေလးက ေသလို႕ အခုဘ၀ေျပာင္းသြားျပီ ဒီပင္လယ္ၾကီးကို အစိုးရတဲ့ နဂါးမင္းၾကီးရဲ႕ နတ္မိဖုရားေလး ျဖစ္ေနျပီ ကြ လို႕ ေျပာလိုက္သတဲ့။ ဒီအခါမွာ ရွဥ့္ဖိုေလးက မယံုဘူးတဲ့ ... အဲ့ဒါနဲ႕ ကမ္းေစာင့္နတ္ၾကီးက တန္ခိုးနဲ႕ ပင္လယ္ထဲေပ်ာ္ေနတဲ့ သူ႕ဇနီးနတ္မိဘုရားပံုကို ဖန္ဆင္းျပလိုက္တယ္.....။ ထိုအခ်ိန္မွာ ရွဥ့္ဖိုကေလး အရမ္း ၀မ္းနည္းျပီး အရမ္းခ်စ္ရာကေန အမုန္းၾကီး မုန္းသြားရွာတယ္...။ ရွဥ့္ကေလး ဟာ ဒီအခါမွာေတာ့ အေစာကနဲ႕ေျပာင္းျပန္အလုပ္ကုိ လုပ္တယ္။ ကမ္းေပၚကို ေျပးတတ္သြားျပီးေတာ့ သူ႕လက္ေသးေသးေလးနဲ႕ သဲေတြကို က်ံဳးယူလာတယ္ ျပီးေတာ့ ပင္လယ္ထဲကို ပစ္ခ်တယ္... ကမ္းေပၚေျပးတတ္သြားျပန္တယ္ .. သဲေတြ က်ံဳးယူလာပီး ပင္လယ္ထဲကိုအဆက္မပ်က္ ပစ္ခ်ေနျပန္တယ္။ ထို အခ်င္းရာကုိ ျမင္ေတာ့ ကမ္းေစာင့္နတ္ၾကီးက ဟိတ္ေကာင္ ရွဥ့္ေလး မင္းဘာလုပ္ျပန္ျပီတုန္းလို႕ ေမးတယ္.... ရွဥ့္ေလးက ေျဖတယ္ .. သူတို႕ ကုိ မျမင္ခ်င္လို႕ ဒီပင္လယ္ၾကီး ခမ္းသြားေအာင္ သဲေတြနဲ႕ ဖို႕ေနတာလုိ႕ ေျဖတယ္။ ၊။ ၊။ ဒီလိုပါပဲ အခ်စ္ နဲ႕ အမုန္းေၾကာင့္ လူသားေတြလည္း ရွဥ့္ကေလးနည္းတူ ေျပးလႊားျပီး စိတ္ခံစားခ်က္ေနာက္လိုက္ရင္း ေမာပန္းေနၾကရတာပါပဲ။ ဘယ္အရာမွ မတည္ျမဲ အာမခံခ်က္မရွိတဲ့ ဘ၀ထဲမွာ အခ်စ္အမုန္းေတြ က သံသရာကုိ ရွည္ေစခဲ့ျပီေလ။ ----------------------------------- ဦးဥတၱမ ( သစၥာေရြစည္ဆရာေတာ္) ၏ တရားေတာ္ထဲမွ ပံုျပင္ေလးပါ ။ Crd အားလံုးဓမၼအလင္းရလို႔ လြတ္ေျမာက္ခ်မ္းသာၾကပါေစ
via အလင္းေရာင္ ဓမၼ https://ift.tt/348ROmz
Newer Post
Older Post
Home