အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 2, 2019
ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ 🌹☘🌹🍀🌹☘🌹🍀🌹 ရှာသလောက် မလောက်တာ မဟုတ်ဘူး။ ကိုယ့်လောဘနဲ့ကိုယ် မပြည့်ဖြစ်နေတာ။ ဘယ်သူနဲ့မှ မတည့်တာမဟုတ်ဘူး။ ကိုယ့်ဒေါသနဲ့ကိုယ် ရန်ဖြစ်နေတာ။ အယောင်ယောင် အမှားမှား ဖြစ်နေတာမဟုတ်ဘူး။ ကိုယ့်မောဟနဲ့ကိုယ် အမှန်ပျောက်နေတာ။ အောက်ခြေလွတ်သွားတာ မဟုတ်ဘူး။ ကိုယ့်မာနနဲ့ကိုယ် မာန်တက်နေတာ။ ဝမ်းသာမပေးနိုင်တာ မဟုတ်ဘူး။ ကိုယ့်ဣဿာနဲ့ကိုယ် မနာလိုဖြစ်နေတာ။ အရင်းစစ်တော့ "ဘယ်လိုအဆင်မပြေဘူး၊ ဘယ်လိုခံစားရတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ်" ဆိုတာဟာ ဘယ်သူ့ဘယ်သူကြောင့်မှ မဟုတ်ဘူး။ ကိုယ့်ကိလေသာတွေက ကိုယ့်ကိုအပူရစတောပဲ။ "လောဘလျှော့ရင် အလိုပြည့်မယ်၊ ဒေါသလျှော့ရင် အားလုံးနဲ့တည့်မယ်၊ မောဟလျှော့ရင် အမှားနည်းမယ်၊ မာနလျှော့ရင် အောက်ခြေမလွတ်တော့ဘူး၊ မနာလိုစိတ်လျှော့ရင် ဝမ်းသာရမယ်" ဒါသဘာဝပဲ။ လက်တွေ့လျှော့ရင် လက်တွေ့ပေါ့မှာပဲပေါ့။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ.🌹🙏🌹 🐯KAK🐯မျှဝေပူဇော်ပါသည်။🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ppC9kh
Newer Post
Older Post
Home