Tuesday, October 29, 2019

^>🌼#ဝစီဗေဒကံများ_မမျက်လိုက်နဲ ☘️☘️☘️☘️☘️☘️☘️☘️ . အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ . အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။ . လက်ဖက်ရည်ဆိုင် ထိုင်ရောင်းနေတဲ့ ပုဂ္ဂိုလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ဘယ်လောက်ရမလဲ ဒါပဲတွက်ပြီးတော့ နေတာ။ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။ . ဘာကြောင့် မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။ . စာတတ်တဲ့ ပုဂ္ဂိုလ်တွေက ... စာနဲ့နှိုင်းတယ်။ စာနဲ့မနှိုင်းနဲ့... ခန္ဓာနဲ့နှိုင်း။ . ထိုင်နေတုန်း ... ခန္ဓာထဲကြည့်။ သဘောတွေ တွေ့လိမ့်မယ်။ . စာနဲ့... သွားမဟပ်လိုက်နဲ့။ စာက ... ပညတ်။ ခန္ဓာက ... ပရမတ်။ . ပရမတ် သဘောတရားကို မြင်အောင်ကြည့်။ . ကိုယ်သိရမှာက ... ခန္ဓာကိုကြည့် ... သဘောသိမယ်။ . ဘုရား အသိကို ... အဂ္ဂသာဝက ... မဟာသာဝက က မသိနိုင်ဘူး။ . အဂ္ဂသာဝက အသိကို ... ပကတိသာဝ က ... မသိဘူး။ . ပကတိသာဝက အသိကို ... အနာဂါမ် က ... သိပါမလား။ . အနာဂါမ် အသိကို ... သကဒါဂါမ်က ... သိပါ့မလား။ . သကဒါဂါမ် အသိကို ... သောတာပန် က ... သိပါ့မလား။ . သောတာပန် အသိကို ... အန္ဓပုထုဇဉ် က ... သိပါ့မလား။ . အဲ ... အခုပုဂ္ဂိုလ်တွေ က သောတာပန်လည်း မဟုတ်၊ ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ထောက်လိုက်ကြတာ။ . ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေး ကြည့်ပြီး ပေတံနဲ့ထောက်လို့ဘယ်ရမလဲ။ ခန္ဓာကို ကြည့်ပြီး ထောက်။ . ခန္ဓာအသိနဲ့ထောက်လိုက်ရင် သိပ်ကောင်းတယ်။ မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ထောက်လို့ရမလား။ . ဦးဇင်း ... ဝစီဗေဒကံ ထိုက်လို့ အခုထက်ထိ စာကို ... ပါဠိ လို မရွတ်တတ်ဘူး။ . ဒါကြောင့်မို့... အခုလာရောက်တဲ့ ဒကာ ဒကာမတွေ ကိုယ်လည်း မသိဘဲ နဲ့ သူများ များ ... ပေတံနဲ့မထောက်လိုက်နဲ့။ . ဝစီဗေဒကံ များ ... မမျက်လိုက်နဲ့။ စာမတတ်တဲ့ကောင်ပဲ ... သွားမလုပ်လိုက်နဲ့။ . နောက်များ ... ကိုယ်စာမတတ်ဘဲ ဖြစ်လိမ့်ဦးမယ်။ . ဝစီဗေဒကံ ... မျက်တိုင်းရှတယ်။ အဲဒီတော့ ... မမျက်ကြနဲ့။ . ဝိပဿနာဟာ ... အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွား နတ်ပြည် သွားတာပဲ။ . မကျင့်ဘဲနဲ့... နာရုံပဲနာပြီးများ ... မနေကြနဲ့။ ကျင့်ကြ။ . ကျင့်ရင် အပါယ် ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲ ပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့လည်း သိထားတာပဲလို့ မလုပ်နဲ့။ သေတော့ ... လူးလှိမ့်သေရမယ် သာ မှတ်။ . ကျေးဇူးတော်ရှင် မူလသဲအင်းဂူဆရာတော်ဘုရားကြီး အရှင်ဥက္ကဋ္ဌ . ဓမ္မဒါန မေတ္တာဖြင့် သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏ တရားတော်များ . https://ift.tt/345c4W6 ### Credit ဦးမြင့်ခိုင် 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #ကောင်းကျိူးလိုရာပြည့်ကြပါစေ #Copy


via အလင်းရောင် ဓမ္မ https://ift.tt/2osrCnR