Friday, November 1, 2019

ရေဘူးနှင့် ဖိနပ်မပါလျင် ​​ နွေအခါမှသိမယ် ဒါနနှင့် သီလမပါလျင် သေခါမှသိမယ် ဒါန နည်းတော့ မွဲတတ်တယ် သီလ နည်းတော့ ရောဂါတွယ် သမထ နည်းတော့ စိတ်ဆင်းရဲရမယ် ဝိပဿနာ နည်းတော့ နိဗ္ဗာန်နဲ့လွဲတတ်တယ် ဒါန မရှိလျင် ရိက္ခာမပါသော ခရီးသွားနှင့်တူ၏ ဒါန နည်းလျင် ရိက္ခာနည်းသော ခရီးသွားနှင့်တူ၏ သီလမရှိလျင် ​ ခြေကျိုးသော ခရီးသွားနှင့်တူ၏ သီလနည်းလျင် ခြေမသန်သော ခရီးသွားနှင့်တူ၏ ဘာဝနာ မရှိလျင် မျက်စိမမြင်သော ခရီးသွားနှင့်တူ၏ ဘာဝနာ နည်းလျင် မျက်စိမွဲသော ခရီးသွားနှင့်တူ၏ ( ရှေးဆရာ​​တော် ဘုရားကြီးများ အဆုံးအမ)


via အလင်းရောင် ဓမ္မ https://ift.tt/2WvQhnR