Saturday, November 2, 2019

“ကုသိုလ်၊ကံ မပါလို့ရှိရင် " ဘုရားသော်မှကယ်လို့မရ ••••••••••••••••••••••••• ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာ အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက် ဒုက္ခရောက် နေလို့ရှိရင် ... အကုသိုလ်ကံတွေက ကြီးမားလွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။ မကယ်နိုင်ဘူး။ ❖“ကုသိုလ်” မပါရင်လည်း မြတ်စွာဘုရားက မ,မစနိုင်ဘူး။ လောကမှာ ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။ တကယ်ကတော့ ဘုရားသခင် မ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။ကိုယ်လုပ်ခဲ့တဲ့ကံက မ,တာ။ တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင် ဒါလည်း မှားယွင်းတဲ့အမြင်တစ်ခုပဲနော်။ ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး။ ကံတရားပဲ ဖြစ်တယ်။ ❖ကြည့်လေ - မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊ တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို “ဧဟိ ဘိက္ခု-ချစ်သား ရဟန်း လာခဲ့”လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါမှာ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး လှူပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။ လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။ အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ဒါဖြစ်နိုင်ပါ့မလား။မဖြစ်နိုင်ပါဘူး။ ❖ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။ ❖ပုံဝတ္ထုလေးတစ်ခု ရှိတယ်။ သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်။ မ,ချင်တော့ ဘယ်လို လုပ်တုန်းဆို အဲဒီလူက ဒီလမ်းကနေ အမြဲတမ်း သွားတယ်။သွားတိုင်းသွားတိုင် သူက အပေါ်မော့်ပြီး သွားလေ့ရှိတယ်။ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး အဲဒီပစ္စည်းလေးကို အပေါ်မှာ ချိတ်ထားတယ်။အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ။ ငုံ့သွားတယ်။ ❖ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး နောက်ရက်ကျတော့ အောက်ချထားပေးတယ်။ အဲဒီကျတော့ မော့သွားပြန်ရော။ ❖ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။ကူညီချင်လို့ မရဘူး။ ကံက မပေးရင် ဘာမှ မရဘူး။ ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။ ❖“မာဃလုလင်” ရဲ့ ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။ မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ ခေါ်တယ်။သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်း အလှပြင်ပြီး နေတာ။ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။ မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ် ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။ ဘာလုပ်တုန်းဆိုရင် နည်းလမ်း ပေးတယ်။ ဗျိုင်းဆိုတာမျိုးကလည်းပဲ ငါး သတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။ ပါဏာတိပါတကံ ကျူးလွန် တဲ့အကောင်မျိုး။ “ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။ သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။ ဒီအတိုင်း ခေါ်လို့မရဘူး။ဘာလုပ်ရလဲ၊ သီလကျင့်ရတယ်။ သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက လွတ်ပြီး လူ့ဘဝရောက်လာတယ်။ လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။ နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတာတဲ့။ သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက် သွားတာလေ။ အဲဒီတော့ ဘာလုပ်ရမတုန်းဆို “ကုသိုလ်” ပဲ လုပ်ရတယ်။ -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】 Posted by► https://ift.tt/1tab2NY “ကုသိုလ္၊ကံ မပါလို႔ရွိရင္ " ဘုရားေသာ္မွကယ္လို႔မရ ••••••••••••••••••••••••• ဘုန္းႀကီးတစ္ခု ေျပာျပခ်င္တယ္။ ျမတ္စြာဘုရား သခင္ကိုယ္ေတာ္ျမတ္ႀကီးဟာ အနႏၱတန္ခိုးရွင္ျဖစ္ေပမယ့္လို႔ လူတစ္ေယာက္ ဒုကၡေရာက္ ေနလို႔ရွိရင္ ... အကုသိုလ္ကံေတြက ႀကီးမားလႊမ္းမိုးလာတဲ့ ပုဂၢိုလ္ကို ျမတ္စြာဘုရား ကယ္လို႔မရဘူး။ မကယ္နိုင္ဘူး။ ❖“ကုသိုလ္” မပါရင္လည္း ျမတ္စြာဘုရားက မ,မစနိုင္ဘူး။ ေလာကမွာ ကိုးကြယ္ၾကတဲ့ပုဂၢိုလ္ေတြအလိုက္ တခ်ိဳ႕ပုဂၢိုလ္ေတြက မ,တဲ့ဘုရားကို ကိုးကြယ္ၾကတယ္။ ဘုရားသခင္က မ,တယ္နဲ႕ ေျပာၾကတယ္။ တကယ္ကေတာ့ ဘုရားသခင္ မ,တာ မဟုတ္ဘူး။ ကံက မ,တာ ေနာ္။ကိုယ္လုပ္ခဲ့တဲ့ကံက မ,တာ။ တလြဲသြားၿပီးေတာ့ လြဲမွားစြာ ထင္ေနမယ္ဆိုလို႔ရွိရင္ ဒါလည္း မွားယြင္းတဲ့အျမင္တစ္ခုပဲေနာ္။ ကိုယ့္ကို တကယ္ မ,တာက ဘုရားမဟုတ္ဘူး။ ကံတရားပဲ ျဖစ္တယ္။ ❖ၾကည့္ေလ - ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္က တရားဓမၼေဟာလို႔ တရားထူး၊ တရားျမတ္ ရသြားတဲ့ ပုဂၢိုလ္တစ္ေယာက္ကို “ဧဟိ ဘိကၡဳ-ခ်စ္သား ရဟန္း လာခဲ့”လို႔ သာသနာေတာ္မွာ ဖိတ္ေခၚလိုက္တဲ့အခါမွာ လူ႕အသြင္ေပ်ာက္ၿပီးေတာ့ ရဟန္းအသြင္ ေရာက္လာတယ္ဆိုတာ ပရိကၡရာရွစ္ပါး လႉၿပီးေတာ့ ဆုေတာင္းခဲ့တဲ့ ပုဂၢိုလ္မွ ရတာ။ လူတိုင္းကို လုပ္ေပးခ်င္လို႔ မရဘူး။ အကယ္၍သာ ရရင္ ျမတ္စြာဘုရားက က႐ုဏာရွင္ ျဖစ္သည့္အတြက္ေၾကာင့္ လူတိုင္းကို ခ်မ္းသာေအာင္ လုပ္ေပးမွာေပါ့။ဒါျဖစ္နိုင္ပါ့မလား။မျဖစ္နိုင္ပါဘူး။ ❖ကံမပါလို႔ရွိရင္ ဘာမွကို ကယ္တင္လို႔ မရဘူး။ ❖ပုံဝတၳဳေလးတစ္ခု ရွိတယ္။ သိပ္ဆင္းရဲေနတဲ့ လူတစ္ေယာက္ကို မ,ခ်င္တယ္။ မ,ခ်င္ေတာ့ ဘယ္လို လုပ္တုန္းဆို အဲဒီလူက ဒီလမ္းကေန အၿမဲတမ္း သြားတယ္။သြားတိုင္းသြားတိုင္ သူက အေပၚေမာ့္ၿပီး သြားေလ့ရွိတယ္။ဒါ့ေၾကာင့္မို႔ သူျမင္ေအာင္လို႔ ဆိုၿပီး အဲဒီပစၥည္းေလးကို အေပၚမွာ ခ်ိတ္ထားတယ္။အဲဒီေန႕က်ေတာ့ ဘာလုပ္သြားလဲ။ ငုံ႕သြားတယ္။ ❖ဪ ဒီေကာင္ ငုံ႕သြားတာပဲဆိုၿပီး ေနာက္ရက္က်ေတာ့ ေအာက္ခ်ထားေပးတယ္။ အဲဒီက်ေတာ့ ေမာ့သြားျပန္ေရာ။ ❖ကံမရွိတဲ့လူက်ေတာ့ ႀကံဖန္ၿပီးေတာ့ကို လြဲမွာပဲ၊ ဟုတ္လား။ကူညီခ်င္လို႔ မရဘူး။ ကံက မေပးရင္ ဘာမွ မရဘူး။ ဒါ့ေၾကာင့္ ကံေကာင္းေအာင္သာ လုပ္ေပးလို႔ ရတယ္။ ❖“မာဃလုလင္” ရဲ႕ ဝတၳဳကို ဖတ္ဖူးၾကပါလိမ့္မယ္။ မာဃလုလင္ဘဝက အငယ္ဆုံးဇနီးကို သုဇာတာလို႔ ေခၚတယ္။သုဇာတာဟာ သူ႕ကိုယ္သူ ၿဖီးလိမ္း အလွျပင္ၿပီး ေနတာ။ကုသိုလ္ေကာင္းမႈ လုံးဝမလုပ္ဘူး။ မလုပ္တဲ့အခါ ေသေတာ့ ဘာသြားျဖစ္တုန္းဆို ဗ်ိဳင္းမ သြားျဖစ္တယ္။သိၾကားမင္းႀကီးက အဲဒီဗ်ိဳင္းမကို နတ္ ျဖစ္ေအာင္ သူလုပ္မေပးနိုင္ဘူး။ ဘာလုပ္တုန္းဆိုရင္ နည္းလမ္း ေပးတယ္။ ဗ်ိဳင္းဆိုတာမ်ိဳးကလည္းပဲ ငါး သတ္စားတဲ့တိရစ္ဆာန္မ်ိဳးပဲ။ ပါဏာတိပါတကံ က်ဴးလြန္ တဲ့အေကာင္မ်ိဳး။ “ပါဏာတိပါတာ ေဝရမဏိ” သီလ ေဆာက္တည္ခိုင္းတယ္။ သိၾကားမင္းက သူ႕ဆီကို ေခၚခ်င္တာ။ ဒီအတိုင္း ေခၚလို႔မရဘူး။ဘာလုပ္ရလဲ၊ သီလက်င့္ရတယ္။ သီလကို ေဆာက္တည္တဲ့အခါ ဗ်ိဳင္းဘဝက လြတ္ၿပီး လူ႕ဘဝေရာက္လာတယ္။ လူ႕ဘဝေရာက္ေတာ့ သိၾကားမင္းက လိုက္ၿပီး ေစာင့္ေရွာက္တယ္။ နတ္ျပည္မွာျဖစ္ေအာင္ သီလကို ေဆာက္တည္ခိုင္းတာတဲ့။ သီလကို ခိုင္ခိုင္မာမာ ေဆာက္တည္လိုက္ၿပီ ဆိုေတာ့မွ သူဟာ တတိယဘဝမွာ နတ္ျပည္ေရာက္ သြားတာေလ။ အဲဒီေတာ့ ဘာလုပ္ရမတုန္းဆို “ကုသိုလ္” ပဲ လုပ္ရတယ္။ -【ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ】 Posted by► https://ift.tt/1tab2NY


via အလင္းေရာင္ ဓမၼ https://ift.tt/36oFkco