Sunday, October 27, 2019

ဝိတက်အကြောင်းမေးမြန်းလာသူများသိရှိနိုင်ကြပါစေရန်နှင့်တရားထိုင်စဉ် ဉာ ဏ် ပွင့် ေ စ ဖို့ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တရားထိုင်တယ်ဆိုတာ ကိုယ့်အကြောင်းကို အမှန်အတိုင်းသိအောင် ရှာဖွေ လေ့လာ စူးစမ်းနေတဲ့ အလုပ်ဖြစ်တယ်။ ကိုယ့်အကြောင်းကို အမှန်အတိုင်း သိဖို့လိုပါတယ်။ လူတွေကတော့ ကိုယ့်အကြောင်းကို သိတယ်လို့ ထင်နေကြတယ်။ အမှန်က တကယ် မသိသေးပါဘူး။ ကိုယ့်အကြောင်းကို တကယ်သိလာရင် ကိုယ့်အပေါ်မှာ၊ သူတစ်ပါး အပေါ်မှာ ချစ်တဲ့စိတ်တွေ၊ အလိုမကျတဲ့စိတ်တွေ၊ တွေဝေတဲ့စိတ်တွေ လျှော့လာရမယ်။ ဒါမှ တကယ်သိလာတယ် ခေါ်ပါတယ်။ ကိုယ့်အကြောင်းကို တကယ်သိအောင် ကြိုးစားကြစမ်းပါ။ စိတ်, ဝေဒနာ, ရုပ်အကြောင်းကို သဘာဝ အမှန်အတိုင်း သိလာအောင် လေ့လာနေပါ။ စူးစမ်းနေပါ။ ရှာဖွေနေပါ။ နက်နက်နဲနဲ သိလာအောင် ကိုယ့်အတွင်းပိုင်းထဲကို ( ဉာဏ်နဲ့ သတိနဲ့ ) စောင့်ကြည့်ပေးပါ။ ကြည့်နေဆဲမှာ ကိုယ်အတွင်းပိုင်းထဲက အေးရှိန်ရှိန် ပူရှိန်ရှိန်၊ ထုံထုံ ကျင်ကျင်၊ ရွရွ မွမွ၊ လှပ်လှပ်,လှပ်လှပ်၊ ဒိတ်ဒိတ်,ဒိတ်ဒိတ်၊ စစ်စစ် စစ်စစ်နဲ့ ရုပ်ရဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်လာလိမ့်မယ်။ သည်းခံပြီးရှုပါ။ ထိုင်နိုင်သလောက် ငြိမ်ငြိမ်ထိုင်ပေးပါ။ အဲဒီလို ရှုရင်းကနေ ရုပ်ရဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော ငါပိုင် ငါစိုး မဟုတ်တဲ့ သဘောတွေကို ဉာဏ်နဲ့ထိုးထွင်းပြီး သိမြင်လာပါတယ်။ သွားတဲ့အခါ , ရပ်တဲ့အခါ , စားတဲ့အခါတွေမှာ.. သတိနဲ့ သွား ရပ် စားပါ။ ဘယ်အခါမှ သတိမလွတ်ကင်းပါစေနဲ့။ စိတ်ညစ်တာ မကျေနပ်တာ အမုန်းတွေပွားနေတာ ပျင်းတာ လွမ်းတာ ဆွေးတာ ငိုရှိုက်နေတာ အလိုမကျတာ ဒါတွေဟာ ဒေါသနဲ့ပတ်သက်တဲ့ စိတ်ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့ဒေါသ ပြင်းထန်ရင် ပြင်းထန်သလောက် ဒေါသဖြစ်သူမှာ ခံရပါတယ်။ ရင်ထဲမှာ အပူတွေ အလုံးလိုက် တက်လာသလိုမျိုး ခံစားရတာဟာ ဒေါသ အားကြီးလို့ပါ။ ဒေါသဖြစ်နေချိန်မှာ ဒေါသဖြစ်စေတဲ့ အကြောင်းကို မတွေးရပါဘူး။ တွေးရင် ပိုပြီး ဒေါသတွေ ပွားလာပါတယ်။ လူတွေရဲ့ သဘာဝက မကျေနပ်တာကို စမြုံ့ပြန်ပြီး တွေးနေတတ်ပါတယ်။ တွေးလေ မကျေနပ်ချက် အကုသိုလ်က ပွားလေပါပဲ။ ဒီအချိန်မှာ ငါ မကျေနပ်ချက်ကို တွေးနေပါလားလို့ အတွေးကို သတိနဲ့ ပြန်သိတဲ့ အသိမျိုး ဝင်စေချင်ပါတယ်။ ဒီလို အတွေးကို သတိနဲ့ သိပေးခြင်းဟာ တွေးအားကို လျှော့နည်းစေပါတယ်။ သိတဲ့အား ရှုတဲ့အား များလာရင် အတွေးဟာ သိလိုက်တာနဲ့ ဆက်မတွေး ဖြစ်တော့ပါဘူး။ _____________________ ဝိတက် ( ၉ )မျိုး အကြောင်းကို ပြောရဦးမယ်။ ၁။ ကာမ ဝိတက် ကာမဂုဏ်နဲ့ ပတ်သက်တဲ့ အကြံအစည်။ ၂။ ဗျာပါဒ ဝိတက် စိတ်ညစ်စရာ ထပ်ခါထပ်ခါ ကြံစည်တဲ့ အကြံအစည်။ ၃။ ဝိဟိံသ ဝိတက် သူတစ်ပါးကို ညဉ်းဆဲဖို့ ကြံစည်တဲ့ အကြံအစည်။ ၄။ ဉာတိ ဝိတက် ဆွေမျိုးတွေရဲ့ အကြောင်းကို စဉ်းစားရတဲ့ အကြံအစည်။ ၅။ ဇနပဒ ဝိတက် ရပ်ရေး ရွာရေး တိုင်းရေး ပြည်ရေးကို စဉ်းစားရတဲ့ အကြံအစည်။ ၆။ ပရာနုဒ္ဒယတာ ပဋိသံယုတ္တ ဝိတက် ဒုက္ခရောက်နေတဲ့ သနားစရာပုဂ္ဂိုလ် တစ်ယောက်ဟာ ကိုယ်နဲ့နီးစပ်နေရင် သူ့ဒုက္ခကို ကူညီ စောင့်ရှောက်ဖို့ စဉ်းစားရတဲ့ အကြံအစည်။ ၇။ လာဘသက္ကာရ သိလောက ပဋိသံယုတ္တဝိတက် လာဘ်ရဖို့ ပူဇော်ခံရဖို့ ကျော်ဇောဖို့ ဂုဏ်သတင်းထွက်ဖို့ ကြံစည်ရတဲ့ အကြံအစည်။ ၈။ အန ဝိညတ္တိ ပဋိသံယုတ္တ ဝိတက် အတင်းအဖျင်း အပြောခံရလို့ မကျေနပ်တာ။ ဒါတွေပြန်ချေပဖို့ စဉ်းစားရတဲ့ အကြံအစည်။ ၉။ အမရာ ဝိတက် အကောင်အထည် မယ်မယ်ရရ ဘာမှမရှိ ဦးတည်ရာ ရောက်တတ်ရာရာ လျှောက်ကြံတာ အတည်ကို ဘာမှမရှိတာ။ တရားအားထုတ်နေသူဟာ ဝိတက် ၉ မျိုး တစ်မျိုး မဟုတ် တစ်မျိုးတော့ ဝင်နေမှာပါ။ ဒီအခါမှာ ဝိတက် ကြံစည်မှုတွေကို သတိနဲ့ တိုက်ရိုက်သိပြီး နေပါ။ သိအား ကောင်းလာရင် ဝိတက် ကြံစည်မှုတွေဟာ လျှော့နည်း ပျောက်ကွယ် သွားပါတယ်။ ငါမှာတော့ ဒီကြံစည်မှုတွေ ဖြစ်နေတယ်။ စိတ်ပျက်လိုက်တာလို့ တွေးတောပြီး တရား အားထုတ်မှု အလုပ်ကို မရပ်လိုက် မိပါစေနဲ့။ ဒါတွေဟာလည်း အရှုခံတွေပါပဲ။ အဆိပ်ဟာ သုံးတတ်တဲ့ သမားတော် အတွက် ဆေးဖြစ်သလို မကောင်းတဲ့ အတွေးတွေဟာလည်း သုံ းတတ်ရင် ဉာဏ်ရင့်စေဖို့ အထောက်အကူ ပေးပါတယ်။ ဘာလာလာ ဘာတွေးတွေး သတိနဲ့သာ သိနေပါ။ သိနေရင် အဆိပ်ကို ဆေးဖြစ်အောင် လုပ်နေတာပါပဲလေ။ ဒီဆေးက ဉာဏ်ပွင့်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆရာတော် အရှင်ဥဇ္ဇယ ရေးသားသည်။ . Thanks; #PhyoeMayOo ဝိတက္အေၾကာင္းေမးျမန္းလာသူမ်ားသိ႐ွိႏိုင္ၾကပါေစရန္ႏွင့္ တရားထိဳင္စဥ္ ဥာ ဏ္ ပြင့္ ေ စ ဖို႔ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တရားထိုင္တယ္ဆိုတာ ကိုယ့္အေၾကာင္းကို အမွန္အတိုင္းသိေအာင္ ရွာေဖြ ေလ့လာ စူးစမ္းေနတဲ့ အလုပ္ျဖစ္တယ္။ ကိုယ့္အေၾကာင္းကို အမွန္အတိုင္း သိဖို႔လိုပါတယ္။ လူေတြကေတာ့ ကိုယ့္အေၾကာင္းကို သိတယ္လို႔ ထင္ေနၾကတယ္။ အမွန္က တကယ္ မသိေသးပါဘူး။ ကိုယ့္အေၾကာင္းကို တကယ္သိလာရင္ ကိုယ့္အေပၚမွာ၊ သူတစ္ပါး အေပၚမွာ ခ်စ္တဲ့စိတ္ေတြ၊ အလိုမက်တဲ့စိတ္ေတြ၊ ေတြေဝတဲ့စိတ္ေတြ ေလ်ွာ့လာရမယ္။ ဒါမွ တကယ္သိလာတယ္ ေခၚပါတယ္။ ကိုယ့္အေၾကာင္းကို တကယ္သိေအာင္ ႀကိဳးစားၾကစမ္းပါ။ စိတ္, ေဝဒနာ, ႐ုပ္အေၾကာင္းကို သဘာဝ အမွန္အတိုင္း သိလာေအာင္ ေလ့လာေနပါ။ စူးစမ္းေနပါ။ ရွာေဖြေနပါ။ နက္နက္နဲနဲ သိလာေအာင္ ကိုယ့္အတြင္းပိုင္းထဲကို ( ဉာဏ္နဲ႔ သတိနဲ႔ ) ေစာင့္ၾကည့္ေပးပါ။ ၾကည့္ေနဆဲမွာ ကိုယ္အတြင္းပိုင္းထဲက ေအးရိွန္ရိွန္ ပူရိွန္ရိွန္၊ ထံုထံု က်င္က်င္၊ ရြရြ မြမြ၊ လွပ္လွပ္,လွပ္လွပ္၊ ဒိတ္ဒိတ္,ဒိတ္ဒိတ္၊ စစ္စစ္ စစ္စစ္နဲ႔ ႐ုပ္ရဲ့ ေျပာင္းလဲမႈေတြကို ေတြ႔ျမင္လာလိမ့္မယ္။ သည္းခံၿပီး႐ွဳပါ။ ထိုင္ႏိုင္သေလာက္ ၿငိမ္ၿငိမ္ထိုင္ေပးပါ။ အဲဒီလို ႐ွဳရင္းကေန ႐ုပ္ရဲ့ မျမဲတဲ့သေဘာ ဆင္းရဲတဲ့သေဘာ ငါပိုင္ ငါစိုး မဟုတ္တဲ့ သေဘာေတြကို ဉာဏ္နဲ႔ထိုးထြင္းၿပီး သိျမင္လာပါတယ္။ သြားတဲ့အခါ , ရပ္တဲ့အခါ , စားတဲ့အခါေတြမွာ.. သတိနဲ႔ သြား ရပ္ စားပါ။ ဘယ္အခါမွ သတိမလြတ္ကင္းပါေစနဲ႔။ စိတ္ညစ္တာ မေက်နပ္တာ အမုန္းေတြပြားေနတာ ပ်င္းတာ လြမ္းတာ ေဆြးတာ ငို႐ိႈက္ေနတာ အလိုမက်တာ ဒါေတြဟာ ေဒါသနဲ႔ပတ္သက္တဲ့ စိတ္ျဖစ္စဥ္ေတြပဲ ျဖစ္ပါတယ္။ ကိုယ္ျဖစ္ေနတဲ့ေဒါသ ျပင္းထန္ရင္ ျပင္းထန္သေလာက္ ေဒါသျဖစ္သူမွာ ခံရပါတယ္။ ရင္ထဲမွာ အပူေတြ အလံုးလိုက္ တက္လာသလိုမ်ဳိး ခံစားရတာဟာ ေဒါသ အားႀကီးလို႔ပါ။ ေဒါသျဖစ္ေနခ်ိန္မွာ ေဒါသျဖစ္ေစတဲ့ အေၾကာင္းကို မေတြးရပါဘူး။ ေတြးရင္ ပိုၿပီး ေဒါသေတြ ပြားလာပါတယ္။ လူေတြရဲ႕ သဘာဝက မေက်နပ္တာကို စျမံဳ႕ျပန္ၿပီး ေတြးေနတတ္ပါတယ္။ ေတြးေလ မေက်နပ္ခ်က္ အကုသိုလ္က ပြားေလပါပဲ။ ဒီအခ်ိန္မွာ ငါ မေက်နပ္ခ်က္ကို ေတြးေနပါလားလို႔ အေတြးကို သတိနဲ႔ ျပန္သိတဲ့ အသိမ်ဳိး ဝင္ေစခ်င္ပါတယ္။ ဒီလို အေတြးကို သတိနဲ႔ သိေပးျခင္းဟာ ေတြးအားကို ေလွ်ာ့နည္းေစပါတယ္။ သိတဲ့အား ႐ႈတဲ့အား မ်ားလာရင္ အေတြးဟာ သိလိုက္တာနဲ႔ ဆက္မေတြး ျဖစ္ေတာ့ပါဘူး။ _____________________ ဝိတက္ ( ၉ )မ်ိဳး အေၾကာင္းကို ေျပာရဦးမယ္။ ၁။ ကာမ ဝိတက္ ကာမဂုဏ္နဲ႔ ပတ္သက္တဲ့ အႀကံအစည္။ ၂။ ဗ်ာပါဒ ဝိတက္ စိတ္ညစ္စရာ ထပ္ခါထပ္ခါ ႀကံစည္တဲ့ အႀကံအစည္။ ၃။ ဝိဟႎသ ဝိတက္ သူတစ္ပါးကို ညဥ္းဆဲဖို႔ ႀကံစည္တဲ့ အႀကံအစည္။ ၄။ ဥာတိ ဝိတက္ ေဆြမ်ိဳးေတြရဲ႕ အေၾကာင္းကို စဥ္းစားရတဲ့ အႀကံအစည္။ ၅။ ဇနပဒ ဝိတက္ ရပ္ေရး ရြာေရး တိုင္းေရး ျပည္ေရးကို စဥ္းစားရတဲ့ အႀကံအစည္။ ၆။ ပရာနုဒၵယတာ ပဋိသံယုတၱ ဝိတက္ ဒုကၡေရာက္ေနတဲ့ သနားစရာပုဂၢိဳလ္ တစ္ေယာက္ဟာ ကိုယ္နဲ႔နီးစပ္ေနရင္ သူ႔ဒုကၡကို ကူညီ ေစာင့္ေရွာက္ဖို႔ စဥ္းစားရတဲ့ အႀကံအစည္။ ၇။ လာဘသကၠာရ သိေလာက ပဋိသံယုတၱဝိတက္ လာဘ္ရဖို႔ ပူေဇာ္ခံရဖို႔ ေက်ာ္ေဇာဖို႔ ဂုဏ္သတင္းထြက္ဖို႔ ႀကံစည္ရတဲ့ အႀကံအစည္။ ၈။ အန ဝိညတၱိ ပဋိသံယုတၱ ဝိတက္ အတင္းအဖ်င္း အေျပာခံရလို႔ မေက်နပ္တာ။ ဒါေတြျပန္ေခ်ပဖို႔ စဥ္းစားရတဲ့ အႀကံအစည္။ ၉။ အမရာ ဝိတက္ အေကာင္အထည္ မယ္မယ္ရရ ဘာမွမရွိ ဦးတည္ရာ ေရာက္တတ္ရာရာ ေလ်ွာက္ႀကံတာ အတည္ကို ဘာမွမရွိတာ။ တရားအားထုတ္ေနသူဟာ ဝိတက္ ၉ မ်ဳိး တစ္မ်ဳိး မဟုတ္ တစ္မ်ဳိးေတာ့ ဝင္ေနမွာပါ။ ဒီအခါမွာ ဝိတက္ ၾကံစည္မႈေတြကို သတိနဲ႔ တိုက္႐ိုက္သိၿပီး ေနပါ။ သိအား ေကာင္းလာရင္ ဝိတက္ ၾကံစည္မႈေတြဟာ ေလွ်ာ့နည္း ေပ်ာက္ကြယ္ သြားပါတယ္။ ငါမွာေတာ့ ဒီၾကံစည္မႈေတြ ျဖစ္ေနတယ္။ စိတ္ပ်က္လိုက္တာလို႔ ေတြးေတာၿပီး တရား အားထုတ္မႈ အလုပ္ကို မရပ္လိုက္ မိပါေစနဲ႔။ ဒါေတြဟာလည္း အ႐ႈခံေတြပါပဲ။ အဆိပ္ဟာ သံုးတတ္တဲ့ သမားေတာ္ အတြက္ ေဆးျဖစ္သလို မေကာင္းတဲ့ အေတြးေတြဟာလည္း သံု းတတ္ရင္ ဉာဏ္ရင့္ေစဖို႔ အေထာက္အကူ ေပးပါတယ္။ ဘာလာလာ ဘာေတြးေတြး သတိနဲ႔သာ သိေနပါ။ သိေနရင္ အဆိပ္ကို ေဆးျဖစ္ေအာင္ လုပ္ေနတာပါပဲေလ။ ဒီေဆးက ဉာဏ္ပြင့္ေစတဲ့ ေဆးျဖစ္ပါတယ္။ ဆရာေတာ္ အရွင္ဥဇၨယ ေရးသားသည္။ . Thanks; #PhyoeMayOo


via အလင္းေရာင္ ဓမၼ https://ift.tt/36d5PRV