အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
အနိမ့်အမြင့်နိယာမ ***************** အထက်ကိုမော်ကြည်းပြီး စိတ်မပျက်နဲ့ စိတ်ပျက်ရုံနဲ့ ဘဝကမြင့်မလာဘူး ကိုယ့်အောက်နိမ့်ကျနေသူတွေ ဒုနဲ့ဒေးရှိနေတယ်ဆိုတာသတိရ ကိုယ်အစွမ်းရှိသလောက်အားထုတ် ထိုက်သင့်သလောက်အောင်မြင်ရင် သန္တုဋ္ဌီမင်္ဂလာကိုနှလုံးသွင်းဖြေသိမ့်ပါ အောက်ကိုငုံ့ကြည့်ပီး မာန်မတက်နဲ့ မာန်တက်ရုံနဲ့ အထင်ကြီးမခံရဘူး ကိုယ့်ထက်မြင့်နေတဲ့သူတွေ ဒုနဲ့ဒေးရှိနေတယ်ဆိုတာသတိရ ရှေ့ဆက်ပြီးကြိုးစားအားထုတ် ပိုလာရင် လိုတဲ့နေရာလှူဒါန်းပေးကမ်း အထက်ကိုပဲမော်ကြည့်နေသမျှ ဘယ်တော့မှ စိတ်မချမ်းသာဘူး အောက်ကိုပဲငုံကြည့်နေသမျှ ဘယ်တော့မှ မတိုးတက်ဘူး အထက်အောက်မျှကြည့်တတ်ရမယ် ကိုယ့်ကမြင့်နေလို့ နိမ့်နေသူကို မနှိမ်လေနဲ့ အမြင့်ရောက်လေ ပြုတ်မကျအောင်ဂရုစိုက်ဖို့ ပိုပြီးလိုအပ်တယ်ဆိုတာအမြဲသတိရပါ.... ကိုယ်ကနိမ့်နေလို့ မြင့်နေသူကို မနာလိုမဖြစ်နဲ့ သူလိုမြင့်အောင် သူလိုကြိုးစားအားထုတ်ရမယ် ကံ-ဉာဏ်-ဝီရိယကို အစွမ်းကုန်အသုံးချရမယ် ဘဝကို ဘယ်တော့မှ ပုံသေမတွက်နဲ့ လူဆိုတာ မမြင်နိုင်တဲ့ကံကိုထမ်းလာတာ အသက်ရှင်စဉ်မှာ ဘာမဆိုဖြစ်သွားနိုင်တယ် ဖြစ်လာသမျှကို လက်ခံတတ်အောင် စိတ်ကိုကြိုတင်လေ့ကျင့်ထားရမယ် ဒါမှသာ အနိမ့်အမြင့်လောကဓံကြားမှာ စိတ်အေးချမ်းသာစွာဘဝခရီးဆက်နိုင်မယ် ဒေါက်တာအရှင်ကုမုဒ(ဗောဓိတထောင်) 🌹☘🍀☘🍀☘🍀☘🍀☘🍀🌹 🐯KAK🐯မျှဝေပူဇော်ပါသည်။🙏🌷🙏 အနိမ့္အျမင့္နိယာမ ***************** အထက္ကိုေမာ္ၾကည္းၿပီး စိတ္မပ်က္နဲ႕ စိတ္ပ်က္႐ုံနဲ႕ ဘဝကျမင့္မလာဘူး ကိုယ့္ေအာက္နိမ့္က်ေနသူေတြ ဒုနဲ႕ေဒးရွိေနတယ္ဆိုတာသတိရ ကိုယ္အစြမ္းရွိသေလာက္အားထုတ္ ထိုက္သင့္သေလာက္ေအာင္ျမင္ရင္ သႏၱဳ႒ီမဂၤလာကိုႏွလုံးသြင္းေျဖသိမ့္ပါ ေအာက္ကိုငုံ႕ၾကည့္ပီး မာန္မတက္နဲ႕ မာန္တက္႐ုံနဲ႕ အထင္ႀကီးမခံရဘူး ကိုယ့္ထက္ျမင့္ေနတဲ့သူေတြ ဒုနဲ႕ေဒးရွိေနတယ္ဆိုတာသတိရ ေရွ႕ဆက္ၿပီးႀကိဳးစားအားထုတ္ ပိုလာရင္ လိုတဲ့ေနရာလႉဒါန္းေပးကမ္း အထက္ကိုပဲေမာ္ၾကည့္ေနသမွ် ဘယ္ေတာ့မွ စိတ္မခ်မ္းသာဘူး ေအာက္ကိုပဲငုံၾကည့္ေနသမွ် ဘယ္ေတာ့မွ မတိုးတက္ဘူး အထက္ေအာက္မွ်ၾကည့္တတ္ရမယ္ ကိုယ့္ကျမင့္ေနလို႔ နိမ့္ေနသူကို မႏွိမ္ေလနဲ႕ အျမင့္ေရာက္ေလ ျပဳတ္မက်ေအာင္ဂ႐ုစိုက္ဖို႔ ပိုၿပီးလိုအပ္တယ္ဆိုတာအၿမဲသတိရပါ.... ကိုယ္ကနိမ့္ေနလို႔ ျမင့္ေနသူကို မနာလိုမျဖစ္နဲ႕ သူလိုျမင့္ေအာင္ သူလိုႀကိဳးစားအားထုတ္ရမယ္ ကံ-ဉာဏ္-ဝီရိယကို အစြမ္းကုန္အသုံးခ်ရမယ္ ဘဝကို ဘယ္ေတာ့မွ ပုံေသမတြက္နဲ႕ လူဆိုတာ မျမင္နိုင္တဲ့ကံကိုထမ္းလာတာ အသက္ရွင္စဥ္မွာ ဘာမဆိုျဖစ္သြားနိုင္တယ္ ျဖစ္လာသမွ်ကို လက္ခံတတ္ေအာင္ စိတ္ကိုႀကိဳတင္ေလ့က်င့္ထားရမယ္ ဒါမွသာ အနိမ့္အျမင့္ေလာကဓံၾကားမွာ စိတ္ေအးခ်မ္းသာစြာဘဝခရီးဆက္နိုင္မယ္ ေဒါက္တာအရွင္ကုမုဒ(ေဗာဓိတေထာင္) 🌹☘🍀☘🍀☘🍀☘🍀☘🍀🌹 🐯KAK🐯မွ်ေဝပူေဇာ္ပါသည္။🙏🌷🙏
via အလင္းေရာင္ ဓမၼ https://ift.tt/31u9szA
Newer Post
Older Post
Home