Monday, October 21, 2019

ကိုယ့်ဘဝ ကိုယ်ထုဆစ်ပါ။ ကိုယ့်ကိုယ်ကိုသာ ပြုပြင်ပါ။ •••••••••••••••••••••••••••••••••• • အသိဉာဏ်မတူတဲ့သူနဲ့ ပြိုင်ပြီး ကိုယ့်အသိကို တန်းလိုက်မညှိနဲ့။ သူမသိတာ သူ့အတိုင်းအတာပဲ။ ကိုယ်အရိုင်းမပါဖို့ပဲ ကိုယ်ကြိုးစားရမယ်။ • စေတနာမရှိသူနဲ့ ပြိုင်ပြီး ကိုယ့်စေတနာကို အရောင်မဆိုးမိစေနဲ့။ စေတနာဆိုတာ လူတိုင်းမှာ မရှိနိုင်ဘူး။ ကိုယ့်စေတနာ ကွက်မသွားဖို့ပဲ ကိုယ် ထိန်းရမယ်။ • နားလည်မှုမရှိသူနဲ့ ပြိုင်ပြီး အားငယ်မှုတွေ မဝင်မိစေနဲ့။ သူနားမလည်တာ သူ့အကြောင်း ကိုယ်အမှားမဝယ်မိဖို့ပဲ ကိုယ်ပြောင်းရမယ်။ • ကျေးဇူးမသိတတ်သူနဲ့ ပြိုင်ပြီး ကျေးဇူးတရားတွေ လိုက်ဖော်မနေနဲ့။ သူကျေးဇူးကန်းတာ သူ့အပိုင်း ကိုယ်သမိုင်း မရိုင်းဖို့ပဲ ကိုယ်သတိပြုရမယ်။ • အာဃာတကြီးသူနဲ့ ပြိုင်ပြီး ကိုယ့်စိတ်မှာ အနာတရ မဖြစ်မိစေနဲ့။ သူအမုန်းမပြေတာ သူ့ကိစ္စ ကိုယ်သင်ပုန်းချေနိုင်ဖို့ပဲ ကိုယ်ကြိုးစားရမယ်။ အရင်းစစ်တော့ ကိုယ့်ဘဝ ကိုယ်ထုဆစ်ဖို့ပဲလေ။ လူ့ဘဝဆိုတာ သတိမကပ်ရင် အပြစ်တွေချည်းပဲ မဟုတ်လား။ သတိရှိရင် အနှစ်ရှိတယ်။ သတိမရှိရင် အပြစ်ငြိမယ်။ မထိတထိ ကလိတာတွေနောက် လိုက်မခံစားနဲ့။ အကြံအမှားမဖက်ဖို့နဲ့ မာန်တရားမစွက်ဖို့ အမှန်တရားမပျက်ဖို့ပဲ ကြိုးစားရမှာပေါ့။ မိမိကိုယ်ကိုယ် ချစ်တယ်ဆို ကိုယ့်ကိုယ်ကိုယ်သာ ပြင်ရမှာ။ ဒုစရိုက်တရား၊ ရှောင်ကာရှား ကုသိုလ်ပွားကာ ပြင်ရမှာ။ ပြုပြောကြံမှား သတိထား၊ စိတ်ထားကောင်းအောင် ပြင်ရမှာ။ ဖြစ်ပြီးသမျှ မတွေးရ အဆွေးမရအောင် ပြင်ရမှာ။ မရောက်လာသေး ကြိုတင်တွေး မဝေးရအောင်၊ ပြင်ရမှာ။ ပစ္စုပ္ပန်မှာ၊ စူးစိုက်ကာ သတိရှိအောင် ပြင်ရမှာ။ သတိနဲ့နှင် ဉာဏ်နဲ့ယှဉ် နေ့စဉ်ပြင်ကာ နေရမှာ။ ဘယ်သူပြင်ပြင် မပြင်ပြင် ကိုယ်ကစလို့ ပြင်ရမယ်။ ဘယ်သူပြောင်းပြောင်း မပြောင်းပြောင်း ကိုယ်ကစလို့ ပြောင်းရမယ်။ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကစလို့ ကောင်းရမယ်။ မိမိကိုယ်ကို ချစ်အပ်၏ ဟု သိပါမူ ထိုမိမိ ကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ credit : Paral Lel ကိုယ့္ဘဝ ကိုယ္ထုဆစ္ပါ။ ကိုယ့္ကိုယ္ကိုသာ ျပဳျပင္ပါ။ •••••••••••••••••••••••••••••••••• • အသိဉာဏ္မတူတဲ့သူနဲ႕ ၿပိဳင္ၿပီး ကိုယ့္အသိကို တန္းလိုက္မညွိနဲ႕။ သူမသိတာ သူ႕အတိုင္းအတာပဲ။ ကိုယ္အရိုင္းမပါဖို႔ပဲ ကိုယ္ႀကိဳးစားရမယ္။ • ေစတနာမရွိသူနဲ႕ ၿပိဳင္ၿပီး ကိုယ့္ေစတနာကို အေရာင္မဆိုးမိေစနဲ႕။ ေစတနာဆိုတာ လူတိုင္းမွာ မရွိနိုင္ဘူး။ ကိုယ့္ေစတနာ ကြက္မသြားဖို႔ပဲ ကိုယ္ ထိန္းရမယ္။ • နားလည္မႈမရွိသူနဲ႕ ၿပိဳင္ၿပီး အားငယ္မႈေတြ မဝင္မိေစနဲ႕။ သူနားမလည္တာ သူ႕အေၾကာင္း ကိုယ္အမွားမဝယ္မိဖို႔ပဲ ကိုယ္ေျပာင္းရမယ္။ • ေက်းဇူးမသိတတ္သူနဲ႕ ၿပိဳင္ၿပီး ေက်းဇူးတရားေတြ လိုက္ေဖာ္မေနနဲ႕။ သူေက်းဇူးကန္းတာ သူ႕အပိုင္း ကိုယ္သမိုင္း မရိုင္းဖို႔ပဲ ကိုယ္သတိျပဳရမယ္။ • အာဃာတႀကီးသူနဲ႕ ၿပိဳင္ၿပီး ကိုယ့္စိတ္မွာ အနာတရ မျဖစ္မိေစနဲ႕။ သူအမုန္းမေျပတာ သူ႕ကိစၥ ကိုယ္သင္ပုန္းေခ်နိဳင္ဖို႔ပဲ ကိုယ္ႀကိဳးစားရမယ္။ အရင္းစစ္ေတာ့ ကိုယ့္ဘဝ ကိုယ္ထုဆစ္ဖို႔ပဲေလ။ လူ႕ဘဝဆိုတာ သတိမကပ္ရင္ အျပစ္ေတြခ်ည္းပဲ မဟုတ္လား။ သတိရွိရင္ အႏွစ္ရွိတယ္။ သတိမရွိရင္ အျပစ္ၿငိမယ္။ မထိတထိ ကလိတာေတြေနာက္ လိုက္မခံစားနဲ႕။ အႀကံအမွားမဖက္ဖို႔နဲ႕ မာန္တရားမစြက္ဖို႔ အမွန္တရားမပ်က္ဖို႔ပဲ ႀကိဳးစားရမွာေပါ့။ မိမိကိုယ္ကိုယ္ ခ်စ္တယ္ဆို ကိုယ့္ကိုယ္ကိုယ္သာ ျပင္ရမွာ။ ဒုစရိုက္တရား၊ ေရွာင္ကာရွား ကုသိုလ္ပြားကာ ျပင္ရမွာ။ ျပဳေျပာႀကံမွား သတိထား၊ စိတ္ထားေကာင္းေအာင္ ျပင္ရမွာ။ ျဖစ္ၿပီးသမွ် မေတြးရ အေဆြးမရေအာင္ ျပင္ရမွာ။ မေရာက္လာေသး ႀကိဳတင္ေတြး မေဝးရေအာင္၊ ျပင္ရမွာ။ ပစၥဳပၸန္မွာ၊ စူးစိုက္ကာ သတိရွိေအာင္ ျပင္ရမွာ။ သတိနဲ႕ႏွင္ ဉာဏ္နဲ႕ယွဥ္ ေန႕စဥ္ျပင္ကာ ေနရမွာ။ ဘယ္သူျပင္ျပင္ မျပင္ျပင္ ကိုယ္ကစလို႔ ျပင္ရမယ္။ ဘယ္သူေျပာင္းေျပာင္း မေျပာင္းေျပာင္း ကိုယ္ကစလို႔ ေျပာင္းရမယ္။ ဘယ္သူေကာင္းေကာင္း မေကာင္းေကာင္း ကိုယ္ကစလို႔ ေကာင္းရမယ္။ မိမိကိုယ္ကို ခ်စ္အပ္၏ ဟု သိပါမူ ထိုမိမိ ကိုယ္ကို ေကာင္းစြာေစာင့္ေရွာက္ျခင္းျဖင့္ ေစာင့္ေရွာက္ရာ၏။ ပညာရွိသူသည္ အ႐ြယ္သုံးပါးတို႔တြင္ တစ္ပါးပါးေသာအ႐ြယ္၌ လုံ႕လထုတ္ကာ သုတ္သင္ရာ၏။ ဆရာေတာ္ မနာပဒါယီ အရွင္ဝိစိတၱ credit : Paral Lel


via အလင္းေရာင္ ဓမၼ https://ift.tt/32tiuxX