အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
စေတနာကောင်းလျှင် ကံကောင်းသည် <><><><><><><><><><><><><> ကိုယ့်ရှိတာကို လှူတဲ့ ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့် ဖြစ်လေရာ ဘ၀မှာ စည်းစိမ်ဥစ္စာ များပြားတယ်ဆိုတဲ့ အကျိုးကို ရတယ် … ဘာဖြစ်လို့တုန်း ဆိုတော့ ကံရဲ့သဘောတရားကို တုန့်ပြန်မှုလို့ ခေါ်တယ် … ကိုယ်လုပ်တဲ့ ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ … ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာ ဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ ဒါနကောင်းမှုသည် ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး တုန့်ပြန်ပေးတယ် … သူတစ်ပါးကို " လာပါ ၊ လှူကြရအောင် ၊ လှူပါ " တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ် … သူဟာ ကိုယ်နဲ့ မိတ်ဖက် ဖြစ်သွားတယ် … တိုက်တွန်းလို့ လှူဖြစ်သွားတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်ရဲ့ မိတ်ဆွေ အပေါင်းအသင်းဖြစ်သွားတယ် … ဒါကြောင့် သူများကို တိုက်တွန်းပေးခြင်းအားဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေ များတယ် … အဲဒီနေရာမှာ လှူရင် စည်းစိမ်ဥစ္စာကို ရတယ် တိုက်တွန်းလို့ရှိရင် အပေါင်းအသင်းတွေ ရတယ် … အဲဒီတော့ အဲဒါကို ပြောင်းပြန် ပြန်ပြီးတော့ ကြည့်လိုက်တဲ့ အခါ မလှူဘူးဆိုလို့ရှိရင် ဖြစ်လေရာ ဘ၀မှာ ပစ္စည်းဥစ္စာ ရရှိမှု မရှိဘူး … မတိုက်တွန်းဘူး ဆိုရင် မိတ်ဆွေ မရှိဘူး မိတ်ကောင်း ဆွေကောင်း မရဘူး … အဲဒီ လေးချက်ကို မြတ်စွာဘုရားက ဟောတာ … (၁) လှူသာလှူပြီး မတိုက်တွန်းဘူး ဆိုရင် ဖြစ်လေရာ ဘ၀မှာ ချမ်းသာကြွယ်၀သော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ် … (၂) တိုက်တွန်းသာ တိုက်တွန်းပြီး ကိုယ်တိုင်မလှူဘူး ဆိုရင် ဖြစ်လေရာဘ၀မှာ အပေါင်းအသင်း အခြံအရံများသော်လည်း ပစ္စည်းဥစ္စာ ရှားပါးတယ် … (၃) လှူလည်း မလှူဘူး ၊ တိုက်လည်း မတိုက်တွန်းဘူး ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာ ဘ၀မှာ ဆင်းရဲတယ် … တစ်ကိုယ်တည်းနေရတဲ့ ဘ၀မျိုး ရောက်တယ် … (၄) လှူလည်း လှူတယ် တိုက်လည်း တိုက်တွန်းတယ် ဆိုတဲ့ ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ ပုဂ္ဂိုလ်က ဖြစ်လေရာဘ၀မှာ ပစ္စည်းဥစ္စာလည်းရတယ် … မိတ်ဆွေ အပေါင်းအသင်းလည်း များတယ်ဆိုတဲ့ အကျိုးကိုရတယ် … #ပါချုပ်_ဆရာတော်_ဘုရားကြီး Credit , Original Uploaderေ ေစတနာေကာင္းလွ်င္ ကံေကာင္းသည္ <><><><><><><><><><><><><> ကိုယ့္ရိွတာကို လွဴတဲ့ ပုဂၢိဳလ္ဟာ လွဴျခင္းေၾကာင့္ ျဖစ္ေလရာ ဘ၀မွာ စည္းစိမ္ဥစၥာ မ်ားျပားတယ္ဆိုတဲ့ အက်ိဳးကို ရတယ္ … ဘာျဖစ္လို႔တုန္း ဆိုေတာ့ ကံရဲ႕သေဘာတရားကို တုန္႔ျပန္မႈလို႔ ေခၚတယ္ … ကိုယ္လုပ္တဲ့ ကံဟာ ကိုယ့္ဆီ တုန္႔ျပန္လာတာပဲ … ကိုယ္လုပ္တဲ့ကံက သူတစ္ပါးကို ရေစတာ ျဖစ္လို႔ သူတစ္ပါးကို ရေစတဲ့ ဒါနေကာင္းမႈသည္ ကိုယ့္ကို ျပန္ရေစတယ္ဆိုတဲ့ အက်ိဳး တုန္႔ျပန္ေပးတယ္ … သူတစ္ပါးကို " လာပါ ၊ လွဴၾကရေအာင္ ၊ လွဴပါ " တုိက္တြန္းတဲ့ ပုဂၢိဳလ္က်ေတာ့ ကိုယ္က တိုက္တြန္းလို႔ အျခားသူတစ္ေယာက္ ကုသိုလ္ေကာင္းမႈ လုပ္ျဖစ္သြားတယ္ … သူဟာ ကိုယ္နဲ႔ မိတ္ဖက္ ျဖစ္သြားတယ္ … တုိက္တြန္းလို႔ လွဴျဖစ္သြားေတာ့ ကုသိုလ္ေကာင္းမႈေတြ လုပ္ျဖစ္သြားတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ ကိုယ္ရဲ႕ မိတ္ေဆြ အေပါင္းအသင္းျဖစ္သြားတယ္ … ဒါေၾကာင့္ သူမ်ားကို တိုက္တြန္းေပးျခင္းအားျဖင့္ မိတ္ေဆြ အေပါင္းအသင္းေတြ မ်ားတယ္ … အဲဒီေနရာမွာ လွဴရင္ စည္းစိမ္ဥစၥာကို ရတယ္ တုိက္တြန္းလို႔ရွိရင္ အေပါင္းအသင္းေတြ ရတယ္ … အဲဒီေတာ့ အဲဒါကို ေျပာင္းျပန္ ျပန္ျပီးေတာ့ ၾကည့္လုိက္တဲ့ အခါ မလွဴဘူးဆိုလို႔ရိွရင္ ျဖစ္ေလရာ ဘ၀မွာ ပစၥည္းဥစၥာ ရရိွမႈ မရိွဘူး … မတုိက္တြန္းဘူး ဆိုရင္ မိတ္ေဆြ မရိွဘူး မိတ္ေကာင္း ေဆြေကာင္း မရဘူး … အဲဒီ ေလးခ်က္ကို ျမတ္စြာဘုရားက ေဟာတာ … (၁) လွဴသာလွဴျပီး မတိုက္တြန္းဘူး ဆိုရင္ ျဖစ္ေလရာ ဘ၀မွာ ခ်မ္းသာၾကြယ္၀ေသာ္လည္း အေပါင္းအသင္း အျခံအရံ နည္းတယ္ … (၂) တိုက္တြန္းသာ တိုက္တြန္းျပီး ကိုယ္တုိင္မလွဴဘူး ဆိုရင္ ျဖစ္ေလရာဘ၀မွာ အေပါင္းအသင္း အျခံအရံမ်ားေသာ္လည္း ပစၥည္းဥစၥာ ရွားပါးတယ္ … (၃) လွဴလည္း မလွဴဘူး ၊ တိုက္လည္း မတိုက္တြန္းဘူး ဆိုတဲ့ ပုဂၢိဳလ္ဟာ ျဖစ္ေလရာ ဘ၀မွာ ဆင္းရဲတယ္ … တစ္ကိုယ္တည္းေနရတဲ့ ဘ၀မ်ိဳး ေရာက္တယ္ … (၄) လွဴလည္း လွဴတယ္ တိုက္လည္း တိုက္တြန္းတယ္ ဆိုတဲ့ ကုသိုလ္ႏွစ္မ်ိဳးလံုး စံုေအာင္လုပ္တဲ့ ပုဂၢိဳလ္က ျဖစ္ေလရာဘ၀မွာ ပစၥည္းဥစၥာလည္းရတယ္ … မိတ္ေဆြ အေပါင္းအသင္းလည္း မ်ားတယ္ဆိုတဲ့ အက်ိဳးကိုရတယ္ … #ပါခ်ဳပ္_ဆရာေတာ္_ဘုရားၾကီး Credit , Original Uploader
via အလင္းေရာင္ ဓမၼ https://ift.tt/31wwzcs
Newer Post
Older Post
Home