အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 27, 2019
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မဟာမြိုင်တောကြီးထဲမှာ ဟောတဲ့ တရားတော်များ ■ ကမ္ဘာလောကရဲ့ ဒုက္ခလမ်းဆုံး ■ 🌀🔥🌀💦🌀🔥💦🌀🔥💦🌀 ✿ မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည် ❝ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်တာ၊ တကယ်ပက် ပင်းကြုံရတဲ့ဒုက္ခက တစ်မတ်သားပဲ ရှိတာ။ နောက် ကြောင်းပြန်တွေးလို့ ဖြစ်တဲ့ဒုက္ခက ငါးမူးသား၊ ရှေ့ မျှော်တွေးလို့ဖြစ်တဲ့ ဒုက္ခက တစ်မတ်သား။❞ ■ သာသနာသည် ဘုရားပွင့်မှာ ပေါ်လာတာ၊ ဒီတော့ ဘုရားပွင့်တာနဲ့ ကြုံရခြင်းသည် နံပါတ်တစ် အခွင့်အရေး...။ ■ နံပါတ်နှစ် အခွင့်အရေးကတော့ သာသနာကတော့ ပွင့်နေပါတယ်။ သို့သော် ယူတတ်မှရတယ်။ မယူတတ်ရင် မရ။ ဒါ့ကြောင့် သာသနာထွန်းကားရာမှ လူဖြစ်ခွင့်ရတာသည် အထူးအခွင့်အရေးကြီး တစ်ခု၊ ■ နံပါတ်သုံး အခွင့်အရေးကတော့ သာသနာ ပွင့်ချိန်မှာ ကိုယ်က သမ္မာဒိဋ္ဌိအယူရှိသူ ဖြစ်နေဖို့လိုပါတယ်။ အခြေခံအားဖြင့် ကံ ကံ၏အကျိုးကို ယုံကြည်ရမယ်။ ကမ္မဿကထာ ဉာဏ်အခြေခံလောက်တော့ ရှိနေရမယ်။ ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ် ဆိုးတာဖြစ်မယ်ဆိုတာလောက်တော့ သိထားရမယ်။ ကောင်းတာလုပ် ကောင်းကျိုး ရဆိုတာ ဆောင်းရာသီထဲ အေးအေးချမ်းချမ်းကလေး နေရသလိုပေါ့။ ဆိုးတာလုပ် ဆိုးကျိုးရဆိုတာ နွေရာသီ နေပူခရီးထဲ နေကို ခေါင်းရွက်သွားနေရသလိုပေါ့။ ဘုရားခေတ်က သီဟစစ်သူကြီးက အလှူဒါန တွေပြုပြီး ဘုရားကို မေးလျှောက်ဖူးပါတယ်။ 'တပည့်တော်တို့ ဒီလို ကုသိုလ်ကောင်းမှုတွေပြုလုပ်တာ ဘာအကျိုးတွေရပါသလဲဘုရား'တဲ့။ ဘုရားရှင်တော်က ဒီလို အဖြေပေးခဲ့ပါတယ်။ ၁။ လူနတ်တို့ ချစ်ခင်တယ်။ ၂။ မိမိအိမ်ရာဌာနကို သူတော်ကောင်းတို့သာ ဝင်ထွက်သွားလာတယ်။ ၃။ သွားလေရာ မျက်နှာပွင့်တယ်။ ၄။ နေရာတကာ ဝင်ရဲထွက်ရဲတယ်တဲ့။ ဒီလိုသိနိုင်တာ သမ္မာဒိဋ္ဌိအယူရှိမှ၊ မရှိရင် မသိ နိုင်ဘူး။ ■ နောက်တစ်ခါ နံပါတ်လေးအခွင့်အရေးက မျက် စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အကြည်ဓာတ်အား ကောင်းနေခြင်းဟာလည်း အခွင့်အရေးကြီးတစ်ခုပဲနော်...။ မျက်စွဲ မွဲနေ ကန်းနေရင် ဘုရားရှင်ကြွလာ တာတောင် မြင်ရပါ့မလား။ 'မမြင်ရပါဘုရား' 'နားကန်းနေရင်ကော တရားသံ ကြား တရားနာခွင့် ရပါဦးမလား' 'မရပါဘုရား' ဒီလို အခွင့်အရေးကောင်းတွေ ဘယ်မှာအသုံးချမှာလဲ။ ဝိပဿနာ သာသနာကြီးပွင့်နေချိန်မှာ ဒါန လောက်နဲ့ ပြီးကြမှာလား။ 'မပြီးပါဘုရား' ဒါနက ရိက္ခာလောက် ရမှာဗျ။ သံသရာခရီးအတွက် ရိက္ခာထောက်လောက်ပဲရမှာ။ သံသရာခရီး ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် ခရီးတိုရှည် မတူကြဘူး။ ဇီးကုန်းက မဟာမြိုင်လာရင် တစ်ရက် ခရီးဆိုတော့ ရိက္ခာနည်းနည်းနဲ့ ရတယ်။ ဒီထက်ပိုဝေးရင် ဆန်နို့ဆီဘူး နှစ်လုံးလောက်နဲ့ ရပါ့မလား။ 'မရပါဘုရား' သီလကလည်း ဘဝချမ်းသာအောင်တော့ လုပ်ပေးနိုင်ပါတယ်။ သူများအသက် မသတ်တဲ့သူ ကိုယ့်လာသတ်မှာ မပူရဘူး။ သူများပစ္စည်း မခိုးခဲ့တဲ့သူ သူခိုးဘေး သူခိုးရန် မပူရဘူး။ သီလက ဘဝအကျိုးပေးကို အေးအောင်ပဲ တတ်နိုင်တယ်။ ဒီအကျိုးပေးကို ခံစားမှာက ဒါန...။ ဒါန သီလလောက်နဲ့က သံသရာခရီးရှည်ကြီးနဲ့ နှိုင်းစာလိုက်ရင် အကျိုးပေးက ဆန်နို့ဆီဘူး နှစ်လုံးစာလောက် ရှိသေးတာ၊ ဒီလောက်ရိက္ခာလေးနဲ့ ခရီးဝေး ခရီးရှည်ကြီး ဘယ်လိုသွားနိုင်မှာလဲ။ ဒီရိက္ခာ ထုပ်လေးကိုင်ပြီး ထိုင်နေ၊ မှိုင်နေ၊ ငိုင်နေ၊ ရပ်နေလို့ ခရီးဆုံးမှာတဲ့လားဗျ။ 'မဆုံးပါဘူး ဘုရား' ဒါန၊ သီလ၊ အကျိုးပေးချမ်းသာဆိုတာရော တကယ်ချမ်းသာလို့လား။ ဒုက္ခတစ်ကျပ်သားရင်းမှ သုခတစ်မတ်သားလောက်ရတာ ချမ်းသာလို့ခေါ်မလားဗျ။ ဒုက္ခနဲ့ သုခ ဘယ်ဟာပိုများနေတုံး။ 'ဒုက္ခက ပိုများနေပါတယ်ဘုရား' တို့ တောပြော ပြောရရင် နတ်တော်ပြာသိုမှာ ချက်မယ့်ထမင်းအိုးကို ကဆုန်နယုန်ကတည်ရတာ၊ မီးမွှေးရတာ၊ သဘောပေါက်ရဲ့လား။ 'ပေါက်ပါတယ်ဘုရား' ကဆုန်နယုန် ထယ်ထိုး၊ ထွန်ထွန်၊ ကောက်စိုက်ဗျာ။ နတ်တော်ပြာသိုကျမှ စားရမှာ။ ဘယ့်နှယ့်လဲ သုခလား၊ ဒုက္ခလား။ 'ဒုက်ခပါဘုရား' ဒါ လူမှ ဒုက္ခရှိတာမဟုတ်ဘူးဗျ။ နတ်လည်း နတ်ဒုက္ခ ပိုကြီးပါလိမ့်မယ်။ နတ်ပြည်ဆိုတာ ဘာမှ မလုပ်ရတာ၊ အချိန်တွေ အားနေတော့ ရန်ဖြစ်လို့ ပိုမကောင်းဘူးလား။ တို့လူ့ပြည်မှာက ရန်ဖြစ်ချိန်မရအောင် အလုပ်များနေလိုက်ကြတာ။ ဗြဟ္မာလည်း ဗြဟ္မာဒုက္ခ ရှိမှာပဲ။ ဒီရိက္ခာထုပ်လေးနဲ့ ဘယ်သွားလို့မှ မချမ်းသာဘူး။ သွားပါ-ရှာပါ ဒီရိက္ခာထုပ်ကလေး ကိုင်ပြီး ချမ်းသာကို လိုက်ရှာနေတာ ဘယ်မှာတွေ့ မယ်ထင်သလဲ။ 'မတွေ့ပါဘုရား' မတွေ့တာ လမ်းမမှန်လို့ဗျ။ အပြင်လမ်းက သွား နေသရွေ့ ချမ်းသာစစ် ချမ်းသာမှန်ကို ရှာတွေမှာ မဟုတ်ဘူး။ ဘုရားခေတ်က စျာန်အဘိဉာဉ်ရ ရဟန်း တစ်ပါး ရှိတယ်။ သူ့တန်ခိုးနဲ့ ကမ္ဘာလောက ဘယ်မှာဆုံးမလဲဆိုတာ လိုက်ရှာသတဲ့။ ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ အသက် ၂ဝ လုံးလုံး လိုက်ရှာတာ ကမ္ဘာလောကရဲ့အဆုံးကို မတွေ့ဘူးတဲ့။ ဘာဖြစ် လို့ ကမ္ဘာမဆုံးရတာလဲ။ အပြင်ကလိုက်လို့၊ အပြင် လမ်းက သွားနေလို့ကတော့ စျာန်အဘိဉာဉ်နဲ့ သွား တာတောင် ဘယ်မှာမှ အဆုံးမရှိ။ ဆုံးချင်ရင် အတွင်းကလိုက်ရမှာ။ မနောက လိုက် ရမှာ။ ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားနိုင်တဲ့ စျာန်ရပုဂ္ဂိုလ်တောင် ကမ္ဘာတွေမဆုံးပါဘူးဆိုတာ နင်တို့ ဘယ်တော့ဆုံးလို့ ဘယ်တော့ပန်းတိုင်ရောက်မှာလဲ။ တို့ ဒကာ၊ ဒကာမများ ခြေတစ်လှမ်း လှမ်းရင် ဘယ်လောက်ရောက်သလဲ။ 'ခြေတစ်လှမ်းစာပဲ ရောက်ပါတယ်ဘုရား' ကဲဗျာ- ကဗျာ၊ ခရီးနဲ့ သွားနှုန်းနဲ့ ရိက္ခာနဲ့ ကမ္ဘာ တွေဆုံးပါ့မလား။ တွက်ကြည့်ကြဦးနော်။ ပြီးတော့ သွားနေတာ ဘယ်လမ်းကလဲ။ 'အပြင်လမ်းကပါ ဘုရား' အပြင်လမ်းသည် မဆုံးနိုင်သော လမ်းပန်းတိုင် မရှိသောလမ်း၊ မောပြီး ပြန်လာရမယ့်လမ်း၊ ခရီး ကြမ်း ဒီဘဝနဲ့များ မရောက်လို့ကတော့ အပါယ်လေး ဘုံဘဝတွေများ ကျရောက်သွားရင် လမ်းဘယ်မမြင်၊ လမ်းမရှိတော့ဘူး၊ လမ်းပျောက်သွားပြီ။ လူနတ် ဗြဟ္မာကမှ သုခတစ်မတ်သားလောက် ခံစားသေး တယ်။ အပါယ်လေးဘုံက ဘာတုံးဗျ။ 'လုံးလုံး ဒုက္ခဘုံပါဘုရား' လူ့ဘုံက သုဂတိဘုံဆိုပေမယ့် ဘဝရှိရင် ဒုက္ခရှိ မှာပဲ။ ဒုက္ခမသိသေးလို့ သုခမျှော်နေတာ၊ ဒုက္ခမသိတဲ့ ဖိုးသူတော်လို ဖြစ်နေဦးမယ်။ တစ်ခါတုန်းက နန်းဦး ဆရာတော် တောထွက်လာတော့ ဘုရင်က ပင့်ပြီး ဆွမ်းကပ်တယ်။ ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့ ဘယ် လောက်ကောင်းမလဲ စဉ်းစားကြည့်။ ဒါပေမဲ့ ဆရာ တော်က ဆွမ်းဘုဉ်းပေးဖို့ ဝန်လေးနေတယ်။ ဒီ လောက်ကောင်းတဲ့ ဆွမ်းဟင်းတွေကြည့်ပြီး 'ဒုက္ခ ...ဒုက္ခ'လို့ မြွက်ဟတော်မူတယ်။ ဖိုးသူတော်ကြား သွားတော့ 'ဒီဒုက္ခမျိုးတော့ ဖိုးသူတော်လည်း ခံလိုက်ချင်ပါတယ်'လို့ ပြောသတဲ့ဗျ။ ဒုက္ခမသိလို့ ဒီလိုပြောတာ တို့ဒကာ ဒကာမတွေလည်း ဖိုးသူတော်လိုဖြစ်နေ ဦးမယ်။ ဒုက္ခမသိရင် ဒုက္ခမရှိ ဒုက္ခရှာဆိုတာ ဒုက္ခကို လိုချင်နေတာ၊ ဒုက္ခသိမှ ဒုက္ခဆုံးချင်စိတ်ရှိမှာ။ ဒုက္ခ သိချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါ။ ဒီရုပ် ဒီနာမ် ဒီခန္ဓာ ဒီဘဝ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့် လိုက်စမ်းပါ။ 'ဒုက္ခဆုံးချင်၊ လောကဆုံးချင်ရင် အ တွင်းလမ်းကသွားကွ'ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန် ကြည့်ခိုင်းနေတာ၊ ဘဝဆုံးရာ ဒုက္ခဆုံးရာ သွားပါဆို တာ ရိပ်သာအတင်းဝင်ခိုင်းနေတာ မဟုတ်ပါဘူး။ တောထွက်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်ခိုင်းရုံလေးပါ။ စျေးရောင်းတဲ့သူကလည်း ရောင်းမြဲရောင်းရင်း ကိုယ့်ကိုယ်ကိုယ် ပြန် ကြည့်စမ်းပါ။ ရုံးသွားတဲ့လူ၊ လယ်ထွန်တဲ့သူ ဘယ် သူပဲဖြစ်ဖြစ်ဗျာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကိုယ့်အ ကြောင်းကိုယ်သိအောင် သတိလေးနဲ့ ကြည့်ပေးစမ်းပါ။ သညာက သူ့အလုပ်သူ လုပ်နေမှာပဲ။ လုပ်ပါစေ။ စျေးရောင်း၊ ထမင်းချက်၊ ရုံးသွားပါစေတို့က သညာ လုပ်သမျှ လိုက်မှတ်ပေးနေရမှာ။ မှတ်တာရယ် ကြည့်တာရယ် ရှုတာရယ် အခေါ်သာကွဲတာ၊ အတူတူပဲ။ သတိရဲ့အမည်တွေပဲ။ ဒီတော့ မှတ်ပါ။ အလေ့အကျင့် မရခင် ခက်ချင်ခက်နေပါလိမ့်မယ်။ မှတ်ပါများတော့ အထူးကြောင့်ကြစိုက်နေစရာ မလိုတော့ပါဘူး။ လုပ်တာနဲ့ မှတ်ပြီးသား။ အမှတ်မရှိရင် အတွေးဝင်မှာပဲ။ အဲဒီအတွေးက ဒုက္ခပေးနေတာ။ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်တာ၊ တကယ်ပက် ပင်းကြုံရတဲ့ဒုက္ခက တစ်မတ်သားပဲ ရှိတာ။ နောက်ကြောင်းပြန်တွေးလို့ ဖြစ်တဲ့ဒုက္ခက ငါးမူးသား၊ ရှေ့ မျှော်တွေးလို့ဖြစ်တဲ့ ဒုက္ခက တစ်မတ်သား။ ပက်ပင်းကြုံဒုက္ခ တစ်မတ်သားမျိုးကတော့ လူ တွေ ပုထုဇဉ်တွေမှ မဟုတ်ပါဘူး။ ဘုရား ရဟန္တာ များသော်မှခံရပါတယ်။ အဲဒါ ဘာလဲ... လောကဓံ။ ဒါပေမယ့် ဒီဒုက္ခတစ်မတ်သား ခံရတာချင်းအတူတူ ဘုရား ရဟန္တာများကျတော့ မတုန်မလှုပ် ကျော်နိုင်တော်မူကြတယ်။ ငုတ်မှန်း ခလုတ်မှန်း သိတော့ ကျော်နိုင်တာပေါ့။ လူတွေကျတော့ ငုတ်မှန်း ခလုတ်မှန်း မသိတော့ ဒုက္ခကို ဝင်တိုက်မိကြတယ်။ ဒုက္ခကို လုပ်လိုက် မိတ်ဆွေဖွဲ့လိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် ကြည့် ရှုမှတ်စိတ်ကလေးနဲ့နေတဲ့ ပုဂ္ဂိုလ်သာ ဒီဒုက္ခတစ်မတ် သား ကျော်နိုင်တယ်။ ဒုက္ခလမ်းဆုံးသွားဖို့ သတိက 'သမထ'ပိုင်းကို တာဝန်ယူပါတယ်။ သမထက ငြိမ်း တာ၊ မှတ်ပါများလာရင် သိစရာရှိတာ သိလာပါလိမ့် မယ်။ သိလာတာ ဝိပဿနာပဲ။ အသိကို ဝိပဿနာ က တာဝန်ယူပါတယ်။ ဒီတော့ တို့ ဒကာ ဒကာမများ ဒုက္ခနဲ့နေမှာလား၊ ဒုက္ခဆုံးအောင် လုပ်မှာလား။ 'ဒုက္ခဆုံးအောင် လုပ်မှာပါဘုရား' ဒုက္ခဆုံးရာပန်းတိုင်က အပြင်လမ်းက သွားမှာလား၊ အတွင်းလမ်းက သွားမှာလား။ 'အတွင်းလမ်းက သွားမှာပါဘုရား' အတွင်းလမ်းဆိုတာ မိမိကိုယ်ကို အမြဲမပြတ် ရှုမှတ်နေခြင်း၊ အမူအရာလှုပ်ရှားမှုတိုင်းရဲ့နောက်မှာ အမှတ်သတိလိုက်ပါနေခြင်းဖြင့် အတွင်းလမ်းမှသည် ကမ္ဘာလောကရဲ့ ဒုက္ခဆုံးရာဆီ ဧကန်မုချ အရောက် သွားနိုင်မည် မဟုတ်ပါလား။ (၁၃၇၁ ခု၊ တပို့တွဲလဆန်း ၁၄ ရက် ၂၈-၁-၂ဝ၁ဝ တွင် ဇီးကုန်းနှင့် သာစည်မှ တပည့်ဒကာ၊ ဒကာမများအား ဟောတော်မူသည်) #မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည် credit : မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး မဟာၿမိဳင္ေတာႀကီးထဲမွာ ေဟာတဲ့ တရားေတာ္မ်ား ■ ကမၻာေလာကရဲ႕ ဒုကၡလမ္းဆုံး ■ 🌀🔥🌀💦🌀🔥💦🌀🔥💦🌀 ✿ ေမာင္ေသြးခြၽန္ မွတ္တမ္းတင္ပူေဇာ္သည္ ❝ ဒုကၡတစ္က်ပ္သားမွာ သုံးမတ္သားက ေတြးလို႔ျဖစ္တာ၊ တကယ္ပက္ ပင္းႀကဳံရတဲ့ဒုကၡက တစ္မတ္သားပဲ ရွိတာ။ ေနာက္ ေၾကာင္းျပန္ေတြးလို႔ ျဖစ္တဲ့ဒုကၡက ငါးမူးသား၊ ေရွ႕ ေမွ်ာ္ေတြးလို႔ျဖစ္တဲ့ ဒုကၡက တစ္မတ္သား။❞ ■ သာသနာသည္ ဘုရားပြင့္မွာ ေပၚလာတာ၊ ဒီေတာ့ ဘုရားပြင့္တာနဲ႕ ႀကဳံရျခင္းသည္ နံပါတ္တစ္ အခြင့္အေရး...။ ■ နံပါတ္ႏွစ္ အခြင့္အေရးကေတာ့ သာသနာကေတာ့ ပြင့္ေနပါတယ္။ သို႔ေသာ္ ယူတတ္မွရတယ္။ မယူတတ္ရင္ မရ။ ဒါ့ေၾကာင့္ သာသနာထြန္းကားရာမွ လူျဖစ္ခြင့္ရတာသည္ အထူးအခြင့္အေရးႀကီး တစ္ခု၊ ■ နံပါတ္သုံး အခြင့္အေရးကေတာ့ သာသနာ ပြင့္ခ်ိန္မွာ ကိုယ္က သမၼာဒိ႒ိအယူရွိသူ ျဖစ္ေနဖို႔လိုပါတယ္။ အေျခခံအားျဖင့္ ကံ ကံ၏အက်ိဳးကို ယုံၾကည္ရမယ္။ ကမၼႆကထာ ဉာဏ္အေျခခံေလာက္ေတာ့ ရွိေနရမယ္။ ေကာင္းတာလုပ္ ေကာင္းတာျဖစ္မယ္။ ဆိုးတာလုပ္ ဆိုးတာျဖစ္မယ္ဆိုတာေလာက္ေတာ့ သိထားရမယ္။ ေကာင္းတာလုပ္ ေကာင္းက်ိဳး ရဆိုတာ ေဆာင္းရာသီထဲ ေအးေအးခ်မ္းခ်မ္းကေလး ေနရသလိုေပါ့။ ဆိုးတာလုပ္ ဆိုးက်ိဳးရဆိုတာ ႏြေရာသီ ေနပူခရီးထဲ ေနကို ေခါင္း႐ြက္သြားေနရသလိုေပါ့။ ဘုရားေခတ္က သီဟစစ္သူႀကီးက အလႉဒါန ေတြျပဳၿပီး ဘုရားကို ေမးေလွ်ာက္ဖူးပါတယ္။ 'တပည့္ေတာ္တို႔ ဒီလို ကုသိုလ္ေကာင္းမႈေတြျပဳလုပ္တာ ဘာအက်ိဳးေတြရပါသလဲဘုရား'တဲ့။ ဘုရားရွင္ေတာ္က ဒီလို အေျဖေပးခဲ့ပါတယ္။ ၁။ လူနတ္တို႔ ခ်စ္ခင္တယ္။ ၂။ မိမိအိမ္ရာဌာနကို သူေတာ္ေကာင္းတို႔သာ ဝင္ထြက္သြားလာတယ္။ ၃။ သြားေလရာ မ်က္ႏွာပြင့္တယ္။ ၄။ ေနရာတကာ ဝင္ရဲထြက္ရဲတယ္တဲ့။ ဒီလိုသိနိုင္တာ သမၼာဒိ႒ိအယူရွိမွ၊ မရွိရင္ မသိ နိုင္ဘူး။ ■ ေနာက္တစ္ခါ နံပါတ္ေလးအခြင့္အေရးက မ်က္ စိ၊ နား၊ ႏွာ၊ လွ်ာ၊ ကိုယ္၊ စိတ္ အၾကည္ဓာတ္အား ေကာင္းေနျခင္းဟာလည္း အခြင့္အေရးႀကီးတစ္ခုပဲေနာ္...။ မ်က္စြဲ မြဲေန ကန္းေနရင္ ဘုရားရွင္ႂကြလာ တာေတာင္ ျမင္ရပါ့မလား။ 'မျမင္ရပါဘုရား' 'နားကန္းေနရင္ေကာ တရားသံ ၾကား တရားနာခြင့္ ရပါဦးမလား' 'မရပါဘုရား' ဒီလို အခြင့္အေရးေကာင္းေတြ ဘယ္မွာအသုံးခ်မွာလဲ။ ဝိပႆနာ သာသနာႀကီးပြင့္ေနခ်ိန္မွာ ဒါန ေလာက္နဲ႕ ၿပီးၾကမွာလား။ 'မၿပီးပါဘုရား' ဒါနက ရိကၡာေလာက္ ရမွာဗ်။ သံသရာခရီးအတြက္ ရိကၡာေထာက္ေလာက္ပဲရမွာ။ သံသရာခရီး ဆိုတာလည္း တစ္ေယာက္နဲ႕တစ္ေယာက္ ခရီးတိုရွည္ မတူၾကဘူး။ ဇီးကုန္းက မဟာၿမိဳင္လာရင္ တစ္ရက္ ခရီးဆိုေတာ့ ရိကၡာနည္းနည္းနဲ႕ ရတယ္။ ဒီထက္ပိုေဝးရင္ ဆန္နို႔ဆီဘူး ႏွစ္လုံးေလာက္နဲ႕ ရပါ့မလား။ 'မရပါဘုရား' သီလကလည္း ဘဝခ်မ္းသာေအာင္ေတာ့ လုပ္ေပးနိုင္ပါတယ္။ သူမ်ားအသက္ မသတ္တဲ့သူ ကိုယ့္လာသတ္မွာ မပူရဘူး။ သူမ်ားပစၥည္း မခိုးခဲ့တဲ့သူ သူခိုးေဘး သူခိုးရန္ မပူရဘူး။ သီလက ဘဝအက်ိဳးေပးကို ေအးေအာင္ပဲ တတ္နိုင္တယ္။ ဒီအက်ိဳးေပးကို ခံစားမွာက ဒါန...။ ဒါန သီလေလာက္နဲ႕က သံသရာခရီးရွည္ႀကီးနဲ႕ ႏွိုင္းစာလိုက္ရင္ အက်ိဳးေပးက ဆန္နို႔ဆီဘူး ႏွစ္လုံးစာေလာက္ ရွိေသးတာ၊ ဒီေလာက္ရိကၡာေလးနဲ႕ ခရီးေဝး ခရီးရွည္ႀကီး ဘယ္လိုသြားနိုင္မွာလဲ။ ဒီရိကၡာ ထုပ္ေလးကိုင္ၿပီး ထိုင္ေန၊ မွိုင္ေန၊ ငိုင္ေန၊ ရပ္ေနလို႔ ခရီးဆုံးမွာတဲ့လားဗ်။ 'မဆုံးပါဘူး ဘုရား' ဒါန၊ သီလ၊ အက်ိဳးေပးခ်မ္းသာဆိုတာေရာ တကယ္ခ်မ္းသာလို႔လား။ ဒုကၡတစ္က်ပ္သားရင္းမွ သုခတစ္မတ္သားေလာက္ရတာ ခ်မ္းသာလို႔ေခၚမလားဗ်။ ဒုကၡနဲ႕ သုခ ဘယ္ဟာပိုမ်ားေနတုံး။ 'ဒုကၡက ပိုမ်ားေနပါတယ္ဘုရား' တို႔ ေတာေျပာ ေျပာရရင္ နတ္ေတာ္ျပာသိုမွာ ခ်က္မယ့္ထမင္းအိုးကို ကဆုန္နယုန္ကတည္ရတာ၊ မီးေမႊးရတာ၊ သေဘာေပါက္ရဲ႕လား။ 'ေပါက္ပါတယ္ဘုရား' ကဆုန္နယုန္ ထယ္ထိုး၊ ထြန္ထြန္၊ ေကာက္စိုက္ဗ်ာ။ နတ္ေတာ္ျပာသိုက်မွ စားရမွာ။ ဘယ့္ႏွယ့္လဲ သုခလား၊ ဒုကၡလား။ 'ဒုက္ခပါဘုရား' ဒါ လူမွ ဒုကၡရွိတာမဟုတ္ဘူးဗ်။ နတ္လည္း နတ္ဒုကၡ ပိုႀကီးပါလိမ့္မယ္။ နတ္ျပည္ဆိုတာ ဘာမွ မလုပ္ရတာ၊ အခ်ိန္ေတြ အားေနေတာ့ ရန္ျဖစ္လို႔ ပိုမေကာင္းဘူးလား။ တို႔လူ႕ျပည္မွာက ရန္ျဖစ္ခ်ိန္မရေအာင္ အလုပ္မ်ားေနလိုက္ၾကတာ။ ျဗဟၼာလည္း ျဗဟၼာဒုကၡ ရွိမွာပဲ။ ဒီရိကၡာထုပ္ေလးနဲ႕ ဘယ္သြားလို႔မွ မခ်မ္းသာဘူး။ သြားပါ-ရွာပါ ဒီရိကၡာထုပ္ကေလး ကိုင္ၿပီး ခ်မ္းသာကို လိုက္ရွာေနတာ ဘယ္မွာေတြ႕ မယ္ထင္သလဲ။ 'မေတြ႕ပါဘုရား' မေတြ႕တာ လမ္းမမွန္လို႔ဗ်။ အျပင္လမ္းက သြား ေနသေ႐ြ႕ ခ်မ္းသာစစ္ ခ်မ္းသာမွန္ကို ရွာေတြမွာ မဟုတ္ဘူး။ ဘုရားေခတ္က စ်ာန္အဘိဉာဥ္ရ ရဟန္း တစ္ပါး ရွိတယ္။ သူ႕တန္ခိုးနဲ႕ ကမၻာေလာက ဘယ္မွာဆုံးမလဲဆိုတာ လိုက္ရွာသတဲ့။ ကမၻာတစ္ခုကို ေျခတစ္လွမ္းႏႈန္းနဲ႕ အသက္ ၂ဝ လုံးလုံး လိုက္ရွာတာ ကမၻာေလာကရဲ႕အဆုံးကို မေတြ႕ဘူးတဲ့။ ဘာျဖစ္ လို႔ ကမၻာမဆုံးရတာလဲ။ အျပင္ကလိုက္လို႔၊ အျပင္ လမ္းက သြားေနလို႔ကေတာ့ စ်ာန္အဘိဉာဥ္နဲ႕ သြား တာေတာင္ ဘယ္မွာမွ အဆုံးမရွိ။ ဆုံးခ်င္ရင္ အတြင္းကလိုက္ရမွာ။ မေနာက လိုက္ ရမွာ။ ကမၻာတစ္ခုကို ေျခတစ္လွမ္းႏႈန္းနဲ႕ သြားနိုင္တဲ့ စ်ာန္ရပုဂၢိုလ္ေတာင္ ကမၻာေတြမဆုံးပါဘူးဆိုတာ နင္တို႔ ဘယ္ေတာ့ဆုံးလို႔ ဘယ္ေတာ့ပန္းတိုင္ေရာက္မွာလဲ။ တို႔ ဒကာ၊ ဒကာမမ်ား ေျခတစ္လွမ္း လွမ္းရင္ ဘယ္ေလာက္ေရာက္သလဲ။ 'ေျခတစ္လွမ္းစာပဲ ေရာက္ပါတယ္ဘုရား' ကဲဗ်ာ- ကဗ်ာ၊ ခရီးနဲ႕ သြားႏႈန္းနဲ႕ ရိကၡာနဲ႕ ကမၻာ ေတြဆုံးပါ့မလား။ တြက္ၾကည့္ၾကဦးေနာ္။ ၿပီးေတာ့ သြားေနတာ ဘယ္လမ္းကလဲ။ 'အျပင္လမ္းကပါ ဘုရား' အျပင္လမ္းသည္ မဆုံးနိုင္ေသာ လမ္းပန္းတိုင္ မရွိေသာလမ္း၊ ေမာၿပီး ျပန္လာရမယ့္လမ္း၊ ခရီး ၾကမ္း ဒီဘဝနဲ႕မ်ား မေရာက္လို႔ကေတာ့ အပါယ္ေလး ဘုံဘဝေတြမ်ား က်ေရာက္သြားရင္ လမ္းဘယ္မျမင္၊ လမ္းမရွိေတာ့ဘူး၊ လမ္းေပ်ာက္သြားၿပီ။ လူနတ္ ျဗဟၼာကမွ သုခတစ္မတ္သားေလာက္ ခံစားေသး တယ္။ အပါယ္ေလးဘုံက ဘာတုံးဗ်။ 'လုံးလုံး ဒုကၡဘုံပါဘုရား' လူ႕ဘုံက သုဂတိဘုံဆိုေပမယ့္ ဘဝရွိရင္ ဒုကၡရွိ မွာပဲ။ ဒုကၡမသိေသးလို႔ သုခေမွ်ာ္ေနတာ၊ ဒုကၡမသိတဲ့ ဖိုးသူေတာ္လို ျဖစ္ေနဦးမယ္။ တစ္ခါတုန္းက နန္းဦး ဆရာေတာ္ ေတာထြက္လာေတာ့ ဘုရင္က ပင့္ၿပီး ဆြမ္းကပ္တယ္။ ဘုရင္ကပ္တဲ့ဆြမ္းဆိုေတာ့ ဘယ္ ေလာက္ေကာင္းမလဲ စဥ္းစားၾကည့္။ ဒါေပမဲ့ ဆရာ ေတာ္က ဆြမ္းဘုဥ္းေပးဖို႔ ဝန္ေလးေနတယ္။ ဒီ ေလာက္ေကာင္းတဲ့ ဆြမ္းဟင္းေတြၾကည့္ၿပီး 'ဒုကၡ ...ဒုကၡ'လို႔ ႁမြက္ဟေတာ္မူတယ္။ ဖိုးသူေတာ္ၾကား သြားေတာ့ 'ဒီဒုကၡမ်ိဳးေတာ့ ဖိုးသူေတာ္လည္း ခံလိုက္ခ်င္ပါတယ္'လို႔ ေျပာသတဲ့ဗ်။ ဒုကၡမသိလို႔ ဒီလိုေျပာတာ တို႔ဒကာ ဒကာမေတြလည္း ဖိုးသူေတာ္လိုျဖစ္ေန ဦးမယ္။ ဒုကၡမသိရင္ ဒုကၡမရွိ ဒုကၡရွာဆိုတာ ဒုကၡကို လိုခ်င္ေနတာ၊ ဒုကၡသိမွ ဒုကၡဆုံးခ်င္စိတ္ရွိမွာ။ ဒုကၡ သိခ်င္ရင္ ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္စမ္းပါ။ ဒီ႐ုပ္ ဒီနာမ္ ဒီခႏၶာ ဒီဘဝ ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္ လိုက္စမ္းပါ။ 'ဒုကၡဆုံးခ်င္၊ ေလာကဆုံးခ်င္ရင္ အ တြင္းလမ္းကသြားကြ'ဆိုတာ ကိုယ့္ကိုယ္ကိုယ္ ျပန္ ၾကည့္ခိုင္းေနတာ၊ ဘဝဆုံးရာ ဒုကၡဆုံးရာ သြားပါဆို တာ ရိပ္သာအတင္းဝင္ခိုင္းေနတာ မဟုတ္ပါဘူး။ ေတာထြက္ခိုင္းေနတာ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ ကိုယ္ ျပန္ၾကည့္ခိုင္း႐ုံေလးပါ။ ေစ်းေရာင္းတဲ့သူကလည္း ေရာင္းၿမဲေရာင္းရင္း ကိုယ့္ကိုယ္ကိုယ္ ျပန္ ၾကည့္စမ္းပါ။ ႐ုံးသြားတဲ့လူ၊ လယ္ထြန္တဲ့သူ ဘယ္ သူပဲျဖစ္ျဖစ္ဗ်ာ ကိုယ့္အလုပ္ကိုယ္လုပ္ရင္း ကိုယ့္အ ေၾကာင္းကိုယ္သိေအာင္ သတိေလးနဲ႕ ၾကည့္ေပးစမ္းပါ။ သညာက သူ႕အလုပ္သူ လုပ္ေနမွာပဲ။ လုပ္ပါေစ။ ေစ်းေရာင္း၊ ထမင္းခ်က္၊ ႐ုံးသြားပါေစတို႔က သညာ လုပ္သမွ် လိုက္မွတ္ေပးေနရမွာ။ မွတ္တာရယ္ ၾကည့္တာရယ္ ရႈတာရယ္ အေခၚသာကြဲတာ၊ အတူတူပဲ။ သတိရဲ႕အမည္ေတြပဲ။ ဒီေတာ့ မွတ္ပါ။ အေလ့အက်င့္ မရခင္ ခက္ခ်င္ခက္ေနပါလိမ့္မယ္။ မွတ္ပါမ်ားေတာ့ အထူးေၾကာင့္ၾကစိုက္ေနစရာ မလိုေတာ့ပါဘူး။ လုပ္တာနဲ႕ မွတ္ၿပီးသား။ အမွတ္မရွိရင္ အေတြးဝင္မွာပဲ။ အဲဒီအေတြးက ဒုကၡေပးေနတာ။ ဒုကၡတစ္က်ပ္သားမွာ သုံးမတ္သားက ေတြးလို႔ျဖစ္တာ၊ တကယ္ပက္ ပင္းႀကဳံရတဲ့ဒုကၡက တစ္မတ္သားပဲ ရွိတာ။ ေနာက္ေၾကာင္းျပန္ေတြးလို႔ ျဖစ္တဲ့ဒုကၡက ငါးမူးသား၊ ေရွ႕ ေမွ်ာ္ေတြးလို႔ျဖစ္တဲ့ ဒုကၡက တစ္မတ္သား။ ပက္ပင္းႀကဳံဒုကၡ တစ္မတ္သားမ်ိဳးကေတာ့ လူ ေတြ ပုထုဇဥ္ေတြမွ မဟုတ္ပါဘူး။ ဘုရား ရဟႏၱာ မ်ားေသာ္မွခံရပါတယ္။ အဲဒါ ဘာလဲ... ေလာကဓံ။ ဒါေပမယ့္ ဒီဒုကၡတစ္မတ္သား ခံရတာခ်င္းအတူတူ ဘုရား ရဟႏၱာမ်ားက်ေတာ့ မတုန္မလႈပ္ ေက်ာ္နိုင္ေတာ္မူၾကတယ္။ ငုတ္မွန္း ခလုတ္မွန္း သိေတာ့ ေက်ာ္နိုင္တာေပါ့။ လူေတြက်ေတာ့ ငုတ္မွန္း ခလုတ္မွန္း မသိေတာ့ ဒုကၡကို ဝင္တိုက္မိၾကတယ္။ ဒုကၡကို လုပ္လိုက္ မိတ္ေဆြဖြဲ႕လိုက္နဲ႕။ ကိုယ့္ကိုယ္ကိုယ္ ၾကည့္ ရႈမွတ္စိတ္ကေလးနဲ႕ေနတဲ့ ပုဂၢိုလ္သာ ဒီဒုကၡတစ္မတ္ သား ေက်ာ္နိုင္တယ္။ ဒုကၡလမ္းဆုံးသြားဖို႔ သတိက 'သမထ'ပိုင္းကို တာဝန္ယူပါတယ္။ သမထက ၿငိမ္း တာ၊ မွတ္ပါမ်ားလာရင္ သိစရာရွိတာ သိလာပါလိမ့္ မယ္။ သိလာတာ ဝိပႆနာပဲ။ အသိကို ဝိပႆနာ က တာဝန္ယူပါတယ္။ ဒီေတာ့ တို႔ ဒကာ ဒကာမမ်ား ဒုကၡနဲ႕ေနမွာလား၊ ဒုကၡဆုံးေအာင္ လုပ္မွာလား။ 'ဒုကၡဆုံးေအာင္ လုပ္မွာပါဘုရား' ဒုကၡဆုံးရာပန္းတိုင္က အျပင္လမ္းက သြားမွာလား၊ အတြင္းလမ္းက သြားမွာလား။ 'အတြင္းလမ္းက သြားမွာပါဘုရား' အတြင္းလမ္းဆိုတာ မိမိကိုယ္ကို အၿမဲမျပတ္ ရႈမွတ္ေနျခင္း၊ အမူအရာလႈပ္ရွားမႈတိုင္းရဲ႕ေနာက္မွာ အမွတ္သတိလိုက္ပါေနျခင္းျဖင့္ အတြင္းလမ္းမွသည္ ကမၻာေလာကရဲ႕ ဒုကၡဆုံးရာဆီ ဧကန္မုခ် အေရာက္ သြားနိုင္မည္ မဟုတ္ပါလား။ (၁၃၇၁ ခု၊ တပို႔တြဲလဆန္း ၁၄ ရက္ ၂၈-၁-၂ဝ၁ဝ တြင္ ဇီးကုန္းႏွင့္ သာစည္မွ တပည့္ဒကာ၊ ဒကာမမ်ားအား ေဟာေတာ္မူသည္) #ေမာင္ေသြးခြၽန္ မွတ္တမ္းတင္ပူေဇာ္သည္ credit :
via အလင္းေရာင္ ဓမၼ https://ift.tt/31NVdWu
Newer Post
Older Post
Home