Sunday, October 20, 2019

❝ "ဝ"သုံးလုံး ဆောင်ပါ ❞ 🙏🙏🙏🙏🙏🙏🙏🙏 မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အသက်(၈၀)ကျော် အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် သူမကို ဆုံးမသြဝါဒ ပေးသနားဘို့ လျှောက်တင်ပါတယ်။ ဆရာတော်ကြီးက - "ဒကာမကြီး … အသက်အရွယ်ကြီးရင့်လာပြီဆိုတော့ "ဝ"သုံးလုံး ဆောင်ထားဗျ" ၁။ ဝ ဝ စား အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့ ကိုယ်ခန္ဓာက အားအင်တွေ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။ ဝဝစားမှ အားရှိမှာ။ အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ။ ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။ ၂။ ဝေးဝေးနေ အသက်ကြီးလာပြီဆိုတော့ ချေးမနိုင် သေးမနိုင် ချောင်းတဟတ်ဟတ်ဆိုတော့ သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။ သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမယ့် သူတို့အလှည့်ကျတော့ ရွံရှာတတ်ကြတယ်။ သူတို့နှင့်ဝေးဝေးနေမှ အမုန်းမခံရမှာ။ ဒါကြောင့် ဝေးဝေးနေပါဒကာမကြီး။ ဝေးဝေးနေနိုင်ရင်တော့ ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။ ၃။ ဝင်မရှုပ်နဲ့ သားသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေး အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။ ကိုယ်က ဝင်ရှုပ်လိုက်လို့ သားသမီးတွေ မကျေမနပ်ဖြစ်ပြီး "ခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ"ဟု အပြောခံရရင်… ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။ သူတို့အရေးမှန်သမျှကို ဘာမျှ ဝင်မရှုပ်ပဲနေရင် ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။ ကဲ… ဘုန်းကြီးပေးတဲ့ "ဝ"၃လုံးသုံးကို ဆောင်ထားပေတော့ဗျာ ဟု ထိမိလှသောသြဝါဒကို မိန့်ချွေတော် မူပါသည်။ မှတ်သားစရာကောင်းလှ၏။ ဒကာ ဒကာမတွေ အားလုံး အသက်အရွယ် ကြီးရင့်လာတဲ့အခါ "ဝ"သုံးလုံးကိုဆောင်ဘို့ မမေ့ရန် လက်တို့လို့ သတိပေးလိုက်တာပါ ……။ credit - မူရင်းရေးသားသူ (ဓမ္မလက်ဆောင်) #ဓမ္မနှစ်သက်သူ ❝ "ဝ"သုံးလုံး ေဆာင္ပါ ❞ မင္းကြန္းဆရာေတာ္ႀကီး မုံ႐ြာၿမိဳ႕သို႔ ႂကြေတာ္မူေသာအခါ ဆရာေတာ္ႀကီးႏွင့္ အလြန္ရင္းႏွီးကြၽမ္းဝင္ေသာ အသက္(၈၀)ေက်ာ္ အဖြားအိုတစ္ဦးက ႀကဳံတုန္းႀကဳံခိုက္ သူမကို ဆုံးမၾသဝါဒ ေပးသနားဘို႔ ေလွ်ာက္တင္ပါတယ္။ ဆရာေတာ္ႀကီးက - "ဒကာမႀကီး … အသက္အ႐ြယ္ႀကီးရင့္လာၿပီဆိုေတာ့ "ဝ"သုံးလုံး ေဆာင္ထားဗ်" ၁။ ဝ ဝ စား အသက္အ႐ြယ္ေတြက ႀကီးရင့္လာၿပီဆိုေတာ့ ကိုယ္ခႏၶာက အားအင္ေတြ တစ္ေန႕တစ္ျခား ဆုတ္ယုတ္လာၿပီ။ ဝဝစားမွ အားရွိမွာ။ အားရွိမွ တရားဘာဝနာကို အားထုတ္နိုင္မွာ။ ဒါ့ေၾကာင့္ ဒကာမႀကီး ဝဝစားပါ။ ၂။ ေဝးေဝးေန အသက္ႀကီးလာၿပီဆိုေတာ့ ေခ်းမနိုင္ ေသးမနိုင္ ေခ်ာင္းတဟတ္ဟတ္ဆိုေတာ့ သားသမီးေတြက အနားကပ္တာ သိပ္ႀကိဳက္ၾကတာမဟုတ္ဘူး။ သူတို႔ရဲ႕ ေခ်းေသးကိစၥအဝဝကို ကိုယ္က မ႐ြံမရွာ သုတ္သင္ေပးခဲ့ေပမယ့္ သူတို႔အလွည့္က်ေတာ့ ႐ြံရွာတတ္ၾကတယ္။ သူတို႔ႏွင့္ေဝးေဝးေနမွ အမုန္းမခံရမွာ။ ဒါေၾကာင့္ ေဝးေဝးေနပါဒကာမႀကီး။ ေဝးေဝးေနနိုင္ရင္ေတာ့ ဒကာမႀကီး စိတ္ခ်မ္းသာလိမ့္မယ္။ ၃။ ဝင္မရႈပ္နဲ႕ သားသမီးေတြရဲ႕ လူမႈေရး၊ စီးပြားေရး အေရးမွန္သမွ်ကို ဝင္မရႈပ္ပါနဲ႕။ ကိုယ္က ဝင္ရႈပ္လိုက္လို႔ သားသမီးေတြ မေက်မနပ္ျဖစ္ၿပီး "ခင္ဗ်ားႀကီး ဘာသိလို႔ ဝင္ရႈပ္တာလဲ"ဟု အေျပာခံရရင္… ကိုယ္ပဲ စိတ္ဆင္းရဲရတတ္တယ္။ သူတို႔အေရးမွန္သမွ်ကို ဘာမွ် ဝင္မရႈပ္ပဲေနရင္ ဒကာမႀကီး စိတ္ခ်မ္းသာလိမ့္မယ္။ ကဲ… ဘုန္းႀကီးေပးတဲ့ "ဝ"၃လုံးသုံးကို ေဆာင္ထားေပေတာ့ဗ်ာ ဟု ထိမိလွေသာၾသဝါဒကို မိန့္ေခြၽေတာ္ မူပါသည္။ မွတ္သားစရာေကာင္းလွ၏။ ဒကာ ဒကာမေတြ အားလုံး အသက္အ႐ြယ္ ႀကီးရင့္လာတဲ့အခါ "ဝ"သုံးလုံးကိုေဆာင္ဘို႔ မေမ့ရန္ လက္တို႔လို႔ သတိေပးလိုက္တာပါ ……။ credit - မူရင္းေရးသားသူ (ဓမၼလက္ေဆာင္) #ဓမၼႏွစ္သက္သူ


via အလင္းေရာင္ ဓမၼ https://ift.tt/2Bqqvrt