Sunday, October 27, 2019

ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးထခြင်းများ ကြုံခဲ့လျင် ဘုရား၊ တရား၊ သံဃာ ရတနာ (၃)ပါးကို သတိရလိုကျပါ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ၁။ ဘုရားတည်းဟူသော ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ ”ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ် ငြိမ်ရာ၌ဖြစ်စေ နေကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် အကယ်၍ ဖြစ်ခဲ့မူ ထိုအခါ ငါ့ကိုသာလျှင် ”ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆို တော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ် တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ ငါ့ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက် ကင်းလိမ့်မည်။ ၂။ တရားတည်းဟူသော ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ ငါ့ကို အကယ်၍ မအောင့်မေ့မိမူ တရားတော်ကို ”တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါ မလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော် ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း” ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ တရားတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ ၃။ သံဃာတည်းဟူသော ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ တရားတော်ကို အကယ်၍ မအောင့်မေ့မိမူ သံဃာတော်ကို ”မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့် မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံ အားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော် သည် (အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ခံရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော် လှူဒါန်းသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏”ဟု အောက်မေ့ကြကုန်လော့။ အကြောင်းမူကား ရဟန်းတို့ သံဃာတော်၏ ဂုဏ်ကို အောက်မေ့ကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်းသည် ပျောက်ကင်းလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းး...??? ⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜ ရဟန်းတို့ ပူဇော်အထူးကို ခံယူတော်မူထိုက် သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည့်တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ ကင်းရကား မကြောက်သူ၊ မတုန်လှုပ်သူ၊ မထိတ်လန့်သူ၊ မပြေးတတ်သူ ဖြစ်သော ကြောင့်တည်း ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤစကားကို မိန့်တော်မူပြန်၏- ”ရဟန်းတို့ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်၌ဖြစ်စေ သင်တို့သည် မြတ်စွာဘုရားကို အောက်မေ့ကြကုန်လော့။ ထိုသို့ အောက်မေ့နိုင်ခဲ့မူ သင်တို့အား ကြောက်ခြင်းသည် မဖြစ်ရာ။ လောက၏ အကြီးဖြစ်သော၊ လူတို့ထက် မြတ်သော မြတ်စွာဘုရားကို အကယ်၍ မအောက်မေ့မိကုန်မူ ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ် သော တရားတော်ကို အောက်မေ့ကြကုန်လော့။ ထွက်မြောက်ကြောင်းဖြစ်သော၊ ကောင်းစွာ ဟောတော်မူအပ်သော တရားတော်ကို အကယ်၍ မအောက်မေ့မိကုန်မူ ကောင်းမှု၏ စိုက်ပျိုးရာ အတုမဲ့ လယ်မြေဖြစ်သော သံဃာတော်ကို အောက်မေ့ကြကုန်လော့။ ရဟန်းတို့ ဤသို့ ဘုရား တရား သံဃာတော်ကို အောက်မေ့ကြကုန်သော သင်တို့အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း မဖြစ်လတ္တံ့! ။ ”ဟု (မိန့်တော်မူ၏)။ - - - - - - 📚 ကျမ်းညွှန်းအကိုးအကား 📚 ပိဋကတ် သုံးပုံ 📚 [ သုတ္တန်ပိဋက နိကယ်ငါးရပ် (မြန်မာပြန်) { သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် } ( ၁၁ - သက္ကသံယုတ် ၊ ၁ - ပဌမဝဂ် ၊ ၃ - ဓဇဂ္ဂသုတ် ၊ ၂၄၉။ ) 📃 ဓမ္မသုတ 📃 ဝေငှသူ 📃 သီဟစိုး...✍ (Cooy) မင်းဒဿ မေတ္တာဖြင့်မျှဝေပါသည်။ 🙏🙏🙏🙏🙏🙏🙏🙏🙏 ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီးေမြးထျခင္းမ်ား ႀကဳံခဲ့လ်င္ ဘုရား၊ တရား၊ သံဃာ ရတနာ (၃)ပါးကို သတိရလိုက်ပါ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 သာဝတၳိနိဒါန္း။ ထိုအခါ ျမတ္စြာဘုရားသည္ ရဟန္းတို႔ကို “ရဟန္းတို႔”ဟူ၍ ေခၚေတာ္မူ၏၊ “အသွ်င္ဘုရား”ဟူ၍ ထိုရဟန္းတို႔သည္ ျမတ္စြာဘုရားအား ျပန္ၾကားေလွ်ာက္ထား ၾကကုန္၏၊ ျမတ္စြာဘုရားသည္ ဤစကားကို မိန႔္ေတာ္မူ၏— ၁။ ဘုရားတည္းဟူေသာ ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ ”ရဟန္းတို႔ ေတာ၌ျဖစ္ေစ၊ သစ္ပင္ရင္း၌ျဖစ္ေစ၊ ဆိတ္ ၿငိမ္ရာ၌ျဖစ္ေစ ေနၾကကုန္ေသာ သင္တို႔အား ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္းသည္ အကယ္၍ ျဖစ္ခဲ့မူ ထိုအခါ ငါ့ကိုသာလွ်င္ ”ထိုျမတ္စြာဘုရားသည္ ဤသို႔ ပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ ေသာ အေၾကာင္းေၾကာင့္လည္း ‘အရဟံ’မည္ေတာ္မူ၏၊ (အလုံးစုံေသာ တရားတို႔ကို) ကိုယ္တိုင္မွန္စြာ သိေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း ‘သမၼာသမၺဳဒၶ’ မည္ေတာ္မူ၏၊ အသိဉာဏ္ ‘ဝိဇၨာ’ အက်င့္ ‘စရဏ’ႏွင့္ ျပည့္စုံေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း ‘ဝိဇၨာစရဏသမၸႏၷ’ မည္ေတာ္မူ၏၊ ေကာင္းေသာ စကားကို ဆို ေတာ္မူတတ္ေသာ အေၾကာင္းေၾကာင့္လည္း ‘သုဂတ’မည္ေတာ္မူ၏၊ ေလာကကို သိေတာ္မူေသာ အေၾကာင္း ေၾကာင့္လည္း ‘ေလာကဝိဒူ’ မည္ေတာ္မူ၏၊ ဆုံးမထိုက္ေသာ သူကို ဆုံးမတတ္သည့္ အတုမဲ့ပုဂၢိုလ္ျဖစ္ေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း ‘အႏုတၱေရာ ပုရိသဒမၼသာရထိ’မည္ေတာ္မူ၏၊ နတ္လူတို႔၏ ဆရာျဖစ္ ေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း ‘သတၳာ ေဒဝမႏုႆာနံ’မည္ေတာ္မူ၏၊ သစၥာေလးပါးတရားတို႔ကို သိေတာ္မူေသာ အေၾကာင္းေၾကာင့္လည္း ‘ဗုဒၶ’မည္ေတာ္မူ၏၊ ဘုန္းတန္ခိုးႀကီးေတာ္မူေသာ အေၾကာင္း ေၾကာင့္လည္း ‘ဘဂဝါ’မည္ေတာ္မူ၏”ဟု ေအာက္ေမ့ၾကကုန္ေလာ့။ အေၾကာင္းမူကား ရဟန္းတို႔ ငါ့ကို ေအာက္ေမ့ကုန္ေသာ သင္တို႔အား ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္းသည္ ေပ်ာက္ ကင္းလိမ့္မည္။ ၂။ တရားတည္းဟူေသာ ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ ငါ့ကို အကယ္၍ မေအာင့္ေမ့မိမူ တရားေတာ္ကို ”တရားေတာ္သည္ ျမတ္စြာဘုရား ေကာင္းစြာ ေဟာၾကားထားေသာ တရားေတာ္ပါေပတည္း၊ ကိုယ္တိုင္ သိျမင္နိုင္ေသာ တရားေတာ္ပါေပတည္း၊ အခါ မလင့္အက်ိဳးေပးေသာ တရားေတာ္ပါေပတည္း၊ လာလွည့္ ရႈလွည့္ဟု ဖိတ္ေခၚျပထိုက္ေသာ တရားေတာ္ ပါေပတည္း၊ မိမိ၏ ကိုယ္ထဲ စိတ္ထဲ၌ ေဆာင္ယူထားထိုက္ေသာ တရားေတာ္ပါေပတည္း၊ (အရိယာ) ပညာရွိတို႔သာ ကိုယ္စီကိုယ္င သိနိုင္ခံစားနိုင္ေသာ တရားေတာ္ပါေပတည္း” ဟု ေအာက္ေမ့ၾကကုန္ေလာ့။ အေၾကာင္းမူကား ရဟန္းတို႔ တရားေတာ္၏ ဂုဏ္ကို ေအာက္ေမ့ကုန္ေသာ သင္တို႔အား ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္းသည္ ေပ်ာက္ကင္းလိမ့္မည္။ ၃။ သံဃာတည္းဟူေသာ ရတနာ ⚜➖⚜➖⚜➖⚜➖⚜➖⚜ တရားေတာ္ကို အကယ္၍ မေအာင့္ေမ့မိမူ သံဃာေတာ္ကို ”ျမတ္စြာဘုရား၏ တပည့္သား သံဃာ ေတာ္သည္ ေကာင္းေသာအက်င့္ ရွိေတာ္မူပါေပ၏၊ ျမတ္စြာဘုရား၏ တပည့္သား သံဃာေတာ္သည္ ေျဖာင့္ မတ္ေသာအက်င့္ ရွိေတာ္မူပါေပ၏၊ ျမတ္စြာဘုရား၏ တပည့္သားသံဃာေတာ္သည္ မွန္ေသာအက်င့္ ရွိေတာ္မူပါေပ၏၊ ျမတ္စြာဘုရား၏ တပည့္သားသံဃာေတာ္သည္ ေလ်ာ္ကန္ေသာအက်င့္ ရွိေတာ္မူပါေပ၏။ အစုံ အားျဖင့္ ေလးစုံ ပုဂၢိုလ္အားျဖင့္ ရွစ္ပါးအေရအတြက္ရွိေသာ ျမတ္စြာဘုရား၏ တပည့္သား သံဃာေတာ္ သည္ (အရပ္ေဝးမွ) ေဆာင္ယူလာေသာ ဝတၳဳကိုေသာ္လည္း ေပးလႉပူေဇာ္ခံရန္ ထိုက္တန္ေတာ္မူပါေပ၏၊ ဧည့္သည္တို႔အလို႔ငွါ စီမံထားေသာ ဝတၳဳကိုေသာ္လည္း ခံေတာ္မူထိုက္ပါေပ၏၊ တမလြန္အတြက္ ရည္ေမွ်ာ္ လႉဒါန္းေသာ အလႉကို ခံေတာ္မူထိုက္ပါေပ၏၊ လက္အုပ္ခ်ီျခင္းကို ခံေတာ္မူထိုက္ပါေပ၏၊ သတၱဝါအေပါင္း၏ ေကာင္းမႈျပဳရန္ အျမတ္ဆုံးလယ္ေျမ ျဖစ္ပါေပ၏”ဟု ေအာက္ေမ့ၾကကုန္ေလာ့။ အေၾကာင္းမူကား ရဟန္းတို႔ သံဃာေတာ္၏ ဂုဏ္ကို ေအာက္ေမ့ကုန္ေသာ သင္တို႔အား ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီး ေမြးညင္းထျခင္းသည္ ေပ်ာက္ကင္းလိမ့္မည္။ ထိုသို႔ ျဖစ္ျခင္းသည္ အဘယ္အေၾကာင္းေၾကာင့္နည္းး...??? ⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜➖⚜ ရဟန္းတို႔ ပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ ေသာ (အလုံးစုံေသာ တရားတို႔ကို) ကိုယ္တိုင္မွန္စြာ သိေတာ္မူေသာ ျမတ္စြာဘုရားသည့္တပ္မက္မႈ ‘ရာဂ’၊ အမ်က္ထြက္မႈ ‘ေဒါသ’၊ ေတြေဝမႈ ‘ေမာဟ’ ကင္းရကား မေၾကာက္သူ၊ မတုန္လႈပ္သူ၊ မထိတ္လန့္သူ၊ မေျပးတတ္သူ ျဖစ္ေသာ ေၾကာင့္တည္း ဟု (မိန့္ေတာ္မူ၏)။ ျမတ္စြာဘုရားသည္ ဤစကားကို မိန့္ေတာ္မူ၏၊ ေကာင္းေသာ စကားကို ဆိုေတာ္မူတတ္ေသာ ျမတ္စြာဘုရားသည္ ဤစကားကို မိန့္ေတာ္မူၿပီး၍ ထိုမွတစ္ပါး ဤစကားကို မိန့္ေတာ္မူျပန္၏- ”ရဟန္းတို႔ ေတာ၌ျဖစ္ေစ၊ သစ္ပင္ရင္း၌ျဖစ္ေစ၊ ဆိတ္ၿငိမ္ရာ အရပ္၌ျဖစ္ေစ သင္တို႔သည္ ျမတ္စြာဘုရားကို ေအာက္ေမ့ၾကကုန္ေလာ့။ ထိုသို႔ ေအာက္ေမ့နိုင္ခဲ့မူ သင္တို႔အား ေၾကာက္ျခင္းသည္ မျဖစ္ရာ။ ေလာက၏ အႀကီးျဖစ္ေသာ၊ လူတို႔ထက္ ျမတ္ေသာ ျမတ္စြာဘုရားကို အကယ္၍ မေအာက္ေမ့မိကုန္မူ ထြက္ေျမာက္ေၾကာင္းျဖစ္ေသာ၊ ေကာင္းစြာ ေဟာေတာ္မူအပ္ ေသာ တရားေတာ္ကို ေအာက္ေမ့ၾကကုန္ေလာ့။ ထြက္ေျမာက္ေၾကာင္းျဖစ္ေသာ၊ ေကာင္းစြာ ေဟာေတာ္မူအပ္ေသာ တရားေတာ္ကို အကယ္၍ မေအာက္ေမ့မိကုန္မူ ေကာင္းမႈ၏ စိုက္ပ်ိဳးရာ အတုမဲ့ လယ္ေျမျဖစ္ေသာ သံဃာေတာ္ကို ေအာက္ေမ့ၾကကုန္ေလာ့။ ရဟန္းတို႔ ဤသို႔ ဘုရား တရား သံဃာေတာ္ကို ေအာက္ေမ့ၾကကုန္ေသာ သင္တို႔အား ေၾကာက္ျခင္း၊ တုန္လႈပ္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္း မျဖစ္လတၱံ့! ။ ”ဟု (မိန့္ေတာ္မူ၏)။ - - - - - - 📚 က်မ္းၫႊန္းအကိုးအကား 📚 ပိဋကတ္ သုံးပုံ 📚 [ သုတၱန္ပိဋက နိကယ္ငါးရပ္ (ျမန္မာျပန္) { သဂါထာဝဂၢသံယုတ္ပါဠိေတာ္ ျမန္မာျပန္ } ( ၁၁ - သကၠသံယုတ္ ၊ ၁ - ပဌမဝဂ္ ၊ ၃ - ဓဇဂၢသုတ္ ၊ ၂၄၉။ ) 📃 ဓမၼသုတ 📃 ေဝငွသူ 📃 သီဟစိုး...✍ (Cooy) မင္းဒႆ ေမတၱာျဖင့္မွ်ေဝပါသည္။ 🙏🙏🙏🙏🙏🙏🙏🙏🙏


via အလင္းေရာင္ ဓမၼ https://ift.tt/2MNu41r