အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 20, 2019
#ဝေဘူဆရာတော်ကြီးရဲ့မေတ္တာအစွမ်းအံ့မခမ်းပါ။ *********************************** ဟိုးတချိန်က ... ဝေဘူဆရာတော်ကြီး ... ကျောင်းအောက်နားမှာ ရပ်နေတုံး ကျွဲနှစ်ကောင် ခတ်လိုက်ကြတာတအားပဲ။ တကောင်နဲ့တကောင် အလွတ်မပေးပဲ လိုက်ခတ်နေတာပြေးလိုက်လွှားလိုက်နဲ့ ဆရာတော် ကျောင်းနားကိုရောက်လာပါတယ်တဲ့။ ဆရာတော်အတွက် ကပ္ပိယကြီးနဲ့ လူတစ်ချ့ူ ိကစိတ်ပူပြီး အော်ကြတယ်။ ဆရာတော်ကြီးက ခြေလှမ်းတစ်လှမ်းမရွေ့ပဲ ပါးစပ်က ဘုရားစာတွေရွတ်နေတယ်တဲ့။ ကျွဲနှစ်ကောင်လည်း ဝရုန်းသုန်းကား လိုက်ပြီး ရန်လုပ်ရင်း ဆရာတော်ကြီး အနားရောက်တော့ ရပ်သွားကြတယ်တဲ့ ...။ တစ်ကောင်နှင့်တစ်ကောင်လည်း ပွတ်သပ်ပြီး လျှာလေးတွေနဲ့တောင်အပြန်အလှန် လျှက်ပေးနေကြတယ်တဲ့။ အဲဒီ အချိန်ရောက်မှ ကပ္ပိယကြီးနဲ့ လူတစ်စုကပြေးလာပြီး ဆရာတော်ကြီး ဘယ်လိုလုပ်လိုက်တာလဲနဲ့ အံ့သြတကြီး မေးကြတယ်။ ဆရာတော်ကြီးက အေးအေးဆေးဆေးနဲ့ ပြန်ဖြေလိုက်တယ် စကားက... "နာညမညဿ ဒုက္ခမစ္ဆေယျပဲ ရွတ်နေတာပါ " တဲ့ ...။ နာညမညဿ ဒုက္ခမစ္ဆေယျဆိုတာ #မေတ္တာသုတ်ထဲကအပိုဒ်ရှစ် နောက်ဆုံးစာကြောင်းလေးပါ။ စိတ်ဝင်စားတာနဲ့ မြန်မာလို ဘာသာပြန်ကြည့်မိတယ်။ "နာညမညဿ ဒုက္ခ မစ္ဆေယျ " ဆိုတာ ... " အချင်းချင်း ...တစ်ယောက်နှင့်တစ်ယောက် ဆင်းရဲဒုက္ခကိုအလိုမရှိသင့်ပါ"တဲ့။ အဲဒီစာပိုဒ်လေးကို သဘောကျမိတယ်။ အခုဆိုရင် ... ရိုးရိုးလူအချင်းချင်းတောင်မဟုတ်ဘူး။ သံဃာအချင်းချင်းကို စိတ်ဝမ်းကွဲနေကြပြီ။ ဘယ်သူမှန်သည်၊ဘယ်သူမှားသည် မဝေဖန်ပါ။ သို့သော် ပြည်သူတွေ ကြားက မြေစာပင်ဘဝ ရောက်မှာတွေးပူနေမိပါသည်။ ထိုကြောင့် ... နာညမညဿ ဒုက္ခ မစ္ဆေယျ ကို လူတိုင်း လူတိုင်း ... အမြဲရွတ်ဆို ပူဇော်သင့်ပါသည်လို့တွေးမိရင်း။ #COCONUTCRAB #ေဝဘူဆရာေတာ္ႀကီးရဲ႕ေမတၱာအစြမ္းအံ့မခမ္းပါ။ *********************************** ဟိုးတခ်ိန္က ... ေဝဘူဆရာေတာ္ႀကီး ... ေက်ာင္းေအာက္နားမွာ ရပ္ေနတုံး ကြၽဲႏွစ္ေကာင္ ခတ္လိုက္ၾကတာတအားပဲ။ တေကာင္နဲ႕တေကာင္ အလြတ္မေပးပဲ လိုက္ခတ္ေနတာေျပးလိုက္လႊားလိုက္နဲ႕ ဆရာေတာ္ ေက်ာင္းနားကိုေရာက္လာပါတယ္တဲ့။ ဆရာေတာ္အတြက္ ကပၸိယႀကီးနဲ႕ လူတစ္ခ့်ူ ိကစိတ္ပူၿပီး ေအာ္ၾကတယ္။ ဆရာေတာ္ႀကီးက ေျခလွမ္းတစ္လွမ္းမေ႐ြ႕ပဲ ပါးစပ္က ဘုရားစာေတြ႐ြတ္ေနတယ္တဲ့။ ကြၽဲႏွစ္ေကာင္လည္း ဝ႐ုန္းသုန္းကား လိုက္ၿပီး ရန္လုပ္ရင္း ဆရာေတာ္ႀကီး အနားေရာက္ေတာ့ ရပ္သြားၾကတယ္တဲ့ ...။ တစ္ေကာင္ႏွင့္တစ္ေကာင္လည္း ပြတ္သပ္ၿပီး လွ်ာေလးေတြနဲ႕ေတာင္အျပန္အလွန္ လွ်က္ေပးေနၾကတယ္တဲ့။ အဲဒီ အခ်ိန္ေရာက္မွ ကပၸိယႀကီးနဲ႕ လူတစ္စုကေျပးလာၿပီး ဆရာေတာ္ႀကီး ဘယ္လိုလုပ္လိုက္တာလဲနဲ႕ အံ့ၾသတႀကီး ေမးၾကတယ္။ ဆရာေတာ္ႀကီးက ေအးေအးေဆးေဆးနဲ႕ ျပန္ေျဖလိုက္တယ္ စကားက... "နာညမညႆ ဒုကၡမစ္ေဆယ်ပဲ ႐ြတ္ေနတာပါ " တဲ့ ...။ နာညမညႆ ဒုကၡမစ္ေဆယ်ဆိဳတာ #ေမတၱာသုတ္ထဲကအပိုဒ္ရွစ္ ေနာက္ဆုံးစာေၾကာင္းေလးပါ။ စိတ္ဝင္စားတာနဲ႕ ျမန္မာလို ဘာသာျပန္ၾကည့္မိတယ္။ "နာညမညႆ ဒုကၡ မစ္ေဆယ် " ဆိုတာ ... " အခ်င္းခ်င္း ...တစ္ေယာက္ႏွင့္တစ္ေယာက္ ဆင္းရဲဒုကၡကိုအလိုမရွိသင့္ပါ"တဲ့။ အဲဒီစာပိုဒ္ေလးကို သေဘာက်မိတယ္။ အခုဆိုရင္ ... ရိုးရိုးလူအခ်င္းခ်င္းေတာင္မဟုတ္ဘူး။ သံဃာအခ်င္းခ်င္းကို စိတ္ဝမ္းကြဲေနၾကၿပီ။ ဘယ္သူမွန္သည္၊ဘယ္သူမွားသည္ မေဝဖန္ပါ။ သို႔ေသာ္ ျပည္သူေတြ ၾကားက ေျမစာပင္ဘဝ ေရာက္မွာေတြးပူေနမိပါသည္။ ထိုေၾကာင့္ ... နာညမညႆ ဒုကၡ မစ္ေဆယ် ကို လူတိုင္း လူတိုင္း ... အၿမဲ႐ြတ္ဆို ပူေဇာ္သင့္ပါသည္လို႔ေတြးမိရင္း။ #COCONUTCRAB
via အလင္းေရာင္ ဓမၼ https://ift.tt/2P49BHa
Newer Post
Older Post
Home