Monday, October 21, 2019

ဘုရားဂုဏ်တော်များကို ယုံကြည်သူ နိဗ္ဗာန်အကျိုးထိရ၏ 🙏🙏🙏🙏🙏🙏🙏🙏🙏 အကြင်သူသည် ဘုရားဂုဏ်၌ ယုံကြည်၏။ ထိုယုံသူ၏စိတ်ဝယ် ဗုဒ္ဓဓာတ် ကိန်းဝပ်နေမည်သာဖြစ်၏။ အယုံသည် ကံယုံမျှဖြစ်ခဲ့သော် ကံကုသိုလ်အကျိုး ထိုဂုဏ်က သယ်ပိုးပေး၏။စျာန်ယုံဖြစ်သော်ကား စျာန် အကျိုးထိ သယ်ပိုးပေး၏။အကယ်တိတိ ဉာဏ်ယုံလည်း ဖြစ်မည်၊ဘဝကိုလည်း ငြီးငွေ့နေမည်ဆိုသော်ကား လောက၏ဆုံးရာ နိဗ္ဗာန်အကျိုးထိ သယ်ပိုးပေးမည်သာဖြစ်၏။ စင်စစ် ဗုဒ္ဓဓာတ်၏ ဂုဏ်သတ္တိတော်များ ပွင့်ဆဲရှိနေခြင်းသည် ယုံသောဝေနေယျ တို့အတွက် လမ်းပြပေးရန် စောင့်ဆိုင်းတော် မူနေခြင်းမျှ သာတည်း။ ဤကား ဂုဏ်တော်များ၏ အကျိုးထူးတရားတည်း။ အနန္တကျေ းဇူးတော်ရှင် မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး ဝနဝါသီဉေယျ ဓမ္မသာမိထေရ် ဘုရားဂုဏ္ေတာ္မ်ားကို ယုံၾကည္သူ နိဗၺာန္အက်ိဳးထိရ၏ 🙏🙏🙏🙏🙏🙏🙏🙏🙏 အၾကင္သူသည္ ဘုရားဂုဏ္၌ ယုံၾကည္၏။ ထိုယုံသူ၏စိတ္ဝယ္ ဗုဒၶဓာတ္ ကိန္းဝပ္ေနမည္သာျဖစ္၏။ အယုံသည္ ကံယုံမွ်ျဖစ္ခဲ့ေသာ္ ကံကုသိုလ္အက်ိဳး ထိုဂုဏ္က သယ္ပိုးေပး၏။စ်ာန္ယုံျဖစ္ေသာ္ကား စ်ာန္ အက်ိဳးထိ သယ္ပိုးေပး၏။အကယ္တိတိ ဉာဏ္ယုံလည္း ျဖစ္မည္၊ဘဝကိုလည္း ၿငီးေငြ႕ေနမည္ဆိုေသာ္ကား ေလာက၏ဆုံးရာ နိဗၺာန္အက်ိဳးထိ သယ္ပိုးေပးမည္သာျဖစ္၏။ စင္စစ္ ဗုဒၶဓာတ္၏ ဂုဏ္သတၱိေတာ္မ်ား ပြင့္ဆဲရွိေနျခင္းသည္ ယုံေသာေဝေနယ် တို႔အတြက္ လမ္းျပေပးရန္ ေစာင့္ဆိုင္းေတာ္ မူေနျခင္းမွ် သာတည္း။ ဤကား ဂုဏ္ေတာ္မ်ား၏ အက်ိဳးထူးတရားတည္း။ အနႏၱေက် းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳ င္ဆရာေတာ္ဘုရားႀကီး ဝနဝါသီေဉယ် ဓမၼသာမိေထရ္


via အလင္းေရာင္ ဓမၼ https://ift.tt/31s7PlO