Monday, October 28, 2019

❝ တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိတယ် ❞ တာဝတိံသာ နတ်ပြည်မှာ မာလာဘာရီလို့ အမည်ရတဲ့ နတ်သား တစ်ပါးရှိတယ်။ သူ့မှာ ဇနီးမယား နတ်သမီးတစ်ထောင် ရှိတယ်။ တစ်နေ့ ဥယျာဉ်ထဲ ကစားနေတုန်း နတ်သမီး တစ်ပါးဟာ စုတိစိတ်ကျပြီး သေသွားတယ်။ သာဝတ္ထိမြို့မှာ မိန်းကလေး တစ်ယောက် သွားဖြစ်တယ်။ သူမဟာ နောက်ဘဝကို ပြန်အမှတ်ရတဲ့ ဇာတိဿရဉာဏ် ပါလာတယ်။ နတ်သမီးဘဝကို ပြန်အမှတ်ရတယ်။ ဒါကြောင့် ကုသိုလ်ပြုတိုင်း မာလာဘာရီ နတ်သား၏ မယား နတ်သမီး ဖြစ်ရပါလို၏ လို့ အမြဲဆုတောင်းတယ်။ ထုံးစံအတိုင်း အရွယ်ရောက် အိမ်ထောင်ကျ သားသမီး ငါးယောက် ရပြီးချိန်မှာ သေသွားတယ်။ သူ့ဆုတောင်းအတိုင်း … သာဝတိံသာနတ်ပြည် ပြန်ရောက်တယ်။ ဒါက အံ့သြစရာမဟုတ်သေးဘူး။ တကယ်အံ့သြစရာက - မာလာဘာရီ နတ်သားနဲ့ ဇနီးမယားတွေဟာ အခုချိန်ထိ ဥယျာဉ်ထဲမှာ ပျော်ပါးဆော့ကစားတုန်းပဲ။ ပတိပူဇိကာ နတ်သမီးကို တွေ့တော့… မာလာဘာရီ နတ်သားက မေးတယ်။ နတ်သား - သင်စောစောကဘယ်သွားလဲ ? နတ်သမီး - စောစောက မဟုတ်ဘူး။ နတ်သက်ကြွေ သေသွားပြီး သာဝတ္ထိမှာ မိန်းကလေး သွားဖြစ်တယ်။ အသင်နတ်သားကို သတိရတဲ့အတွက် ကုသိုလ်များများပြုပြီး ဒီနေရာ ပြန်ရောက်ဖို့ ဆုတောင်းခဲ့ရတယ်။ အရွယ်ရောက် အိမ်ထောင်ကျတော့ ကလေးငါးယောက်ရပြီး သေဆုံးခဲ့လို့ အခုလို နတ်ပြည်ကို ပြန်ရောက်လာတာပါ။ နတ်သားဟာ အလွန်အံ့သြသွားတယ်။ လူ့ဘဝ သက်တမ်းတစ်ခုဟာ သူတို့နတ်တွေ ဥယျာဉ်မှာ တစ်ခါပျော်ချိန်လောက်မှ မကြာဘဲကိုး။ မြစ်တွေချောင်းတွေက ရေကို မတွေ့ဖူးတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်ဟာ သူ့ခြေရာခွက်ထဲက ရေကိုသာ အများကြီးလို့ ထင်နေသလို … နတ်တွေ, ဗြဟ္မာတွေရဲ့ သက်တမ်းကို မသိကြတဲ့လူတွေဟာလည်း ကိုယ့်လူ့ဘဝ သက်တမ်းလေးတစ်ရာကို အရှည်ကြီးလို့ ထင်နေကြတာပါ။ နတ်သားက ဆက်မေးတယ် …။ နတ်သား - ဒီလောက် သက်တမ်းတိုတိုနဲ့ နေကြရတဲ့သူတွေဟာ… ရသမျှအချိန်လေးမှာ ကုသိုလ်ပါရမီများများ ဆည်းပူးကြရဲ့လား ? နတ်သမီး - ဘဝတန်ဖိုးသိပြီး ကုသိုလ်ပါရမီ ဆည်းပူးကြတဲ့လူသားဟာ တစ်ရာမှာ တစ်ယောက်ခန့်သာ အနည်းငယ် ရှိပါတယ်။ ကျန်လူသားများကတော့ အာရုံငါးပါးကာမဂုဏ်တရားတွေကို ရှာဖွေခံစားရင်း အချိန်ကုန်ကြပါတယ်။ နတ်သားဟာ ပိုအံ့သြသွားတယ်။ လူ့သက် နှစ်တစ်ရာဟာ… နတ်သက် တစ်ရက်သာ ရှိလို့ ပထမ အံ့သြစရာပေါ့။ အချိန်တိုလှတဲ့ လူ့ဘဝလေးကို ကုသိုလ်ပါရမီ ဆည်းပူးဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့ချည်း အသုံးချတာဟာ ဒုတိယမြောက် အံ့သြစရာပေါ့။ ဒါ့ကြောင့် ဗုဒ္ဓက ဓမ္မပဒမှာ… ဟောထားတယ်။ သမင်သည် ပြည်တန်ပတ္တမြားကို မြင်သော်လည်း … တန်ဖိုး မသိသည့်အတွက် မြက်ကိုသာ စားပြီး တောထဲဝင်သကဲ့သို့… ပညာမရှိသောလူသည် အလွန်အဖိုးတန်သော ဘဝကို ရနေသော်လည်း … တန်ဖိုးမသိသည့်အတွက် ကာမဂုဏ်ကို ခံစားပြီး အပါယ်လေးပါးသို့ သွားတယ်တဲ့။ လူ့ဘဝဟာ အဖိုးအတန်ဆုံးပါ။ ဒါပေမယ့် တန်ဖိုး သိတဲ့လူအတွက်သာ တန်ဖိုး ရှိတာပါ။ တန်ဖိုး မသိတဲ့လူအတွက် တန်ဖိုးမရှိပါဘူး။ ယာသမားတစ်ယောက်ဟာ လှည်းသွားလမ်းကနေ ကျောက်စိမ်းကြီးတစ်တုံး တွေ့တယ်။ အရည်အသွေးကောင်းတာကို မသိဘူး။ ဒါကိုသိတဲ့ ကျောက်ပွဲစားက ငါးသိန်းပေးပြီး ဝယ်တယ်။ ယာသမားဟာ ငါးသိန်းရတာကို ဝမ်းသာမဆုံးဘူး။ ငါးသိန်းလောက်ပဲ တန်ဖိုးသိတော့ ငါးသိန်းပဲ ရတယ်။ ကျောက်ပွဲစားက ကျောက်တွင်းသူဌေးကို သိန်း ၅၀ နဲ့ ရောင်းတယ်။ သိန်း၅၀ တန်ဖိုးပဲသိတော့ သိန်း၅၀ ရတယ်။ ကျောက်တွင်းသူဌေးက ဝယ်ပြီး တစ်ဖက်နိုင်ငံကို သွားရောင်းတဲ့အခါ သိန်းငါးရာထိ ရသွားတယ်။ ဒီ ဥပမာအတိုင်းပဲ …… ရလာတဲ့ လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက်လောက်ပဲ တန်ဖိုးသိရင်… ကာမဂုဏ်ခံစားဖို့ အတွက်လောက်ပဲ တန်ဖိုးရှိမှာ။ လူ နတ် ချမ်းသာ ရဖို့လောက်အတွက်ပဲ တန်ဖိုးသိရင်… လူ နတ် ချမ်းသာ ရဖို့လောက်ပဲ တန်ဖိုးရှိမှာ။ အို, နာ, သေ ကင်းရာ နိဗ္ဗာန်ချမ်းသာ ရဖို့လောက် တန်ဖိုးသိရင်… အို, နာ, သေ ကင်းရာ နိဗ္ဗာန်ချမ်းသာ ရဖို့ထိ တန်ဖိုးရှိမယ်။ မေတ္တာရှင် ရွှေပြည်သာ "လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ"မှ မျှဝေပူဇော်ပါသည်။ (ဓမ္မလက်ဆောင်) ❝ တန္ဖိုးသိသူအတြက္သာ တန္ဖိုးရွိတယ္ ❞ တာဝတႎသာ နတ္ျပည္မွာ မာလာဘာရီလို႔ အမည္ရတဲ့ နတ္သား တစ္ပါးရွိတယ္။ သူ႕မွာ ဇနီးမယား နတ္သမီးတစ္ေထာင္ ရွိတယ္။ တစ္ေန႕ ဥယ်ာဥ္ထဲ ကစားေနတုန္း နတ္သမီး တစ္ပါးဟာ စုတိစိတ္က်ၿပီး ေသသြားတယ္။ သာဝတၳိၿမိဳ႕မွာ မိန္းကေလး တစ္ေယာက္ သြားျဖစ္တယ္။ သူမဟာ ေနာက္ဘဝကို ျပန္အမွတ္ရတဲ့ ဇာတိႆရဉာဏ္ ပါလာတယ္။ နတ္သမီးဘဝကို ျပန္အမွတ္ရတယ္။ ဒါေၾကာင့္ ကုသိုလ္ျပဳတိုင္း မာလာဘာရီ နတ္သား၏ မယား နတ္သမီး ျဖစ္ရပါလို၏ လို႔ အၿမဲဆုေတာင္းတယ္။ ထုံးစံအတိုင္း အ႐ြယ္ေရာက္ အိမ္ေထာင္က် သားသမီး ငါးေယာက္ ရၿပီးခ်ိန္မွာ ေသသြားတယ္။ သူ႕ဆုေတာင္းအတိုင္း … သာဝတႎသာနတ္ျပည္ ျပန္ေရာက္တယ္။ ဒါက အံ့ၾသစရာမဟုတ္ေသးဘူး။ တကယ္အံ့ၾသစရာက - မာလာဘာရီ နတ္သားနဲ႕ ဇနီးမယားေတြဟာ အခုခ်ိန္ထိ ဥယ်ာဥ္ထဲမွာ ေပ်ာ္ပါးေဆာ့ကစားတုန္းပဲ။ ပတိပူဇိကာ နတ္သမီးကို ေတြ႕ေတာ့… မာလာဘာရီ နတ္သားက ေမးတယ္။ နတ္သား - သင္ေစာေစာကဘယ္သြားလဲ ? နတ္သမီး - ေစာေစာက မဟုတ္ဘူး။ နတ္သက္ေႂကြ ေသသြားၿပီး သာဝတၳိမွာ မိန္းကေလး သြားျဖစ္တယ္။ အသင္နတ္သားကို သတိရတဲ့အတြက္ ကုသိုလ္မ်ားမ်ားျပဳၿပီး ဒီေနရာ ျပန္ေရာက္ဖို႔ ဆုေတာင္းခဲ့ရတယ္။ အ႐ြယ္ေရာက္ အိမ္ေထာင္က်ေတာ့ ကေလးငါးေယာက္ရၿပီး ေသဆုံးခဲ့လို႔ အခုလို နတ္ျပည္ကို ျပန္ေရာက္လာတာပါ။ နတ္သားဟာ အလြန္အံ့ၾသသြားတယ္။ လူ႕ဘဝ သက္တမ္းတစ္ခုဟာ သူတို႔နတ္ေတြ ဥယ်ာဥ္မွာ တစ္ခါေပ်ာ္ခ်ိန္ေလာက္မွ မၾကာဘဲကိုး။ ျမစ္ေတြေခ်ာင္းေတြက ေရကို မေတြ႕ဖူးတဲ့ ႏြားေျခရာခြက္ထဲက ဖားသူငယ္ဟာ သူ႕ေျခရာခြက္ထဲက ေရကိုသာ အမ်ားႀကီးလို႔ ထင္ေနသလို … နတ္ေတြ, ျဗဟၼာေတြရဲ႕ သက္တမ္းကို မသိၾကတဲ့လူေတြဟာလည္း ကိုယ့္လူ႕ဘဝ သက္တမ္းေလးတစ္ရာကို အရွည္ႀကီးလို႔ ထင္ေနၾကတာပါ။ နတ္သားက ဆက္ေမးတယ္ …။ နတ္သား - ဒီေလာက္ သက္တမ္းတိုတိုနဲ႕ ေနၾကရတဲ့သူေတြဟာ… ရသမွ်အခ်ိန္ေလးမွာ ကုသိုလ္ပါရမီမ်ားမ်ား ဆည္းပူးၾကရဲ႕လား ? နတ္သမီး - ဘဝတန္ဖိုးသိၿပီး ကုသိုလ္ပါရမီ ဆည္းပူးၾကတဲ့လူသားဟာ တစ္ရာမွာ တစ္ေယာက္ခန့္သာ အနည္းငယ္ ရွိပါတယ္။ က်န္လူသားမ်ားကေတာ့ အာ႐ုံငါးပါးကာမဂုဏ္တရားေတြကို ရွာေဖြခံစားရင္း အခ်ိန္ကုန္ၾကပါတယ္။ နတ္သားဟာ ပိုအံ့ၾသသြားတယ္။ လူ႕သက္ ႏွစ္တစ္ရာဟာ… နတ္သက္ တစ္ရက္သာ ရွိလို႔ ပထမ အံ့ၾသစရာေပါ့။ အခ်ိန္တိုလွတဲ့ လူ႕ဘဝေလးကို ကုသိုလ္ပါရမီ ဆည္းပူးဖို႔ အသုံးမခ်ဘဲ ကာမဂုဏ္ ခံစားဖို႔ခ်ည္း အသုံးခ်တာဟာ ဒုတိယေျမာက္ အံ့ၾသစရာေပါ့။ ဒါ့ေၾကာင့္ ဗုဒၶက ဓမၼပဒမွာ… ေဟာထားတယ္။ သမင္သည္ ျပည္တန္ပတၱျမားကို ျမင္ေသာ္လည္း … တန္ဖိုး မသိသည့္အတြက္ ျမက္ကိုသာ စားၿပီး ေတာထဲဝင္သကဲ့သို႔… ပညာမရွိေသာလူသည္ အလြန္အဖိုးတန္ေသာ ဘဝကို ရေနေသာ္လည္း … တန္ဖိုးမသိသည့္အတြက္ ကာမဂုဏ္ကို ခံစားၿပီး အပါယ္ေလးပါးသို႔ သြားတယ္တဲ့။ လူ႕ဘဝဟာ အဖိုးအတန္ဆုံးပါ။ ဒါေပမယ့္ တန္ဖိုး သိတဲ့လူအတြက္သာ တန္ဖိုး ရွိတာပါ။ တန္ဖိုး မသိတဲ့လူအတြက္ တန္ဖိုးမရွိပါဘူး။ ယာသမားတစ္ေယာက္ဟာ လွည္းသြားလမ္းကေန ေက်ာက္စိမ္းႀကီးတစ္တုံး ေတြ႕တယ္။ အရည္အေသြးေကာင္းတာကို မသိဘူး။ ဒါကိုသိတဲ့ ေက်ာက္ပြဲစားက ငါးသိန္းေပးၿပီး ဝယ္တယ္။ ယာသမားဟာ ငါးသိန္းရတာကို ဝမ္းသာမဆုံးဘူး။ ငါးသိန္းေလာက္ပဲ တန္ဖိုးသိေတာ့ ငါးသိန္းပဲ ရတယ္။ ေက်ာက္ပြဲစားက ေက်ာက္တြင္းသူေဌးကို သိန္း ၅၀ နဲ႕ ေရာင္းတယ္။ သိန္း၅၀ တန္ဖိုးပဲသိေတာ့ သိန္း၅၀ ရတယ္။ ေက်ာက္တြင္းသူေဌးက ဝယ္ၿပီး တစ္ဖက္နိုင္ငံကို သြားေရာင္းတဲ့အခါ သိန္းငါးရာထိ ရသြားတယ္။ ဒီ ဥပမာအတိုင္းပဲ …… ရလာတဲ့ လူ႕ဘဝကို ကာမဂုဏ္ ခံစားဖို႔အတြက္ေလာက္ပဲ တန္ဖိုးသိရင္… ကာမဂုဏ္ခံစားဖို႔ အတြက္ေလာက္ပဲ တန္ဖိုးရွိမွာ။ လူ နတ္ ခ်မ္းသာ ရဖို႔ေလာက္အတြက္ပဲ တန္ဖိုးသိရင္… လူ နတ္ ခ်မ္းသာ ရဖို႔ေလာက္ပဲ တန္ဖိုးရွိမွာ။ အို, နာ, ေသ ကင္းရာ နိဗၺာန္ခ်မ္းသာ ရဖို႔ေလာက္ တန္ဖိုးသိရင္… အို, နာ, ေသ ကင္းရာ နိဗၺာန္ခ်မ္းသာ ရဖို႔ထိ တန္ဖိုးရွိမယ္။ ေမတၱာရွင္ ေ႐ႊျပည္သာ "လူငယ္မ်ားအတြက္ ဂမၻီရဝိပႆနာ"မွ မွ်ေဝပူေဇာ္ပါသည္။ (ဓမၼလက္ေဆာင္)


via အလင္းေရာင္ ဓမၼ https://ift.tt/2WkzpRd