အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 27, 2019
ဘဝမှာ ဘယ်လို ရှင်သန်နေရတာက အဆင်ပြေသလဲ --------------------- ဘဝကို နေခဲ့ပြီပဲ။ ဘယ်အရာက ငါ့စိတ်ကို တကယ် ကျေနပ်စေသလဲ။ ဘယ်အရာက ငါ့စိတ်ကို အေးချမ်းစေသလဲ။ အဓိပ္ပာယ်ရှိတယ်လို့ ဘယ်အရာက ထင်စရာ ကောင်းသလဲ။ အများကြီး တွေးမယ်ဆိုလို့ရှိရင် အသိဉာဏ်အများကြီး ရနိုင်တယ်နော်။ ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ အများကြီး စဉ်းစားစရာ ကောင်းတယ်။ တရားဆိုတာ တကယ်တန်းက တကယ်ဖြစ်နေတဲ့ အနေအထားတွေရဲ့ သဘောသဘာဝတွေကို သိတာကို ပြောတာပါပဲ။ လူရယ်လို့ ဖြစ်လာတယ်။ ဘယ်လိုတွေ ဘဝကို ဖြတ်သန်းခဲ့တယ်။ စိတ်က ဘယ်လို အနေအထားမျိုးတွေကို ဘယ်လိုတွေ တုန့်ပြန်နေတယ်။ ဘာတွေကို လုပ်ရတာ ကောင်းတယ်။ ဘာတွေကို ရှာရတာ ကောင်းတယ်။ ဘဝမှာ ဘယ်လို ရှင်သန်နေရတာ အဆင်ပြေသလဲ။ ကိုယ့်ဟာကိုယ် အများကြီး နိူင်းယှဉ်စရာတွေ အများကြီး တစ်ပုံတစ်ခေါင်းကြီး ရှိတာပဲ။ တကယ်တကယ် တွေးလိုက်တဲ့အခါကျတော့ ဒီသူတော်ကောင်းတရားလေးနဲ့ အေးအေးချမ်းချမ်းလေး အသိဉာဏ်ကို ရှာဖွေရင်းနဲ့ နေသွားရတာက စစ်မှန်တဲ့ ကျေနပ်မူကို ရစရာ အကြောင်းတရားလို့ ထင်ထင်ရှားရှား သိနိုင်တယ်။ သစ္စာရွှေစည်ဆရာတော် ဘဝမွာ ဘယ္လို ရွင္သန္ေနရတာက အဆင္ေျပသလဲ --------------------- ဘဝကို ေနခဲ့ၿပီပဲ။ ဘယ္အရာက ငါ့စိတ္ကို တကယ္ ေက်နပ္ေစသလဲ။ ဘယ္အရာက ငါ့စိတ္ကို ေအးခ်မ္းေစသလဲ။ အဓိပၸာယ္ရွိတယ္လို႔ ဘယ္အရာက ထင္စရာ ေကာင္းသလဲ။ အမ်ားႀကီး ေတြးမယ္ဆိုလို႔ရွိရင္ အသိဉာဏ္အမ်ားႀကီး ရနိုင္တယ္ေနာ္။ ဒါေၾကာင့္ ကိုယ့္ဟာကိုယ္ပဲ အမ်ားႀကီး စဥ္းစားစရာ ေကာင္းတယ္။ တရားဆိုတာ တကယ္တန္းက တကယ္ျဖစ္ေနတဲ့ အေနအထားေတြရဲ႕ သေဘာသဘာဝေတြကို သိတာကို ေျပာတာပါပဲ။ လူရယ္လို႔ ျဖစ္လာတယ္။ ဘယ္လိုေတြ ဘဝကို ျဖတ္သန္းခဲ့တယ္။ စိတ္က ဘယ္လို အေနအထားမ်ိဳးေတြကို ဘယ္လိုေတြ တုန့္ျပန္ေနတယ္။ ဘာေတြကို လုပ္ရတာ ေကာင္းတယ္။ ဘာေတြကို ရွာရတာ ေကာင္းတယ္။ ဘဝမွာ ဘယ္လို ရွင္သန္ေနရတာ အဆင္ေျပသလဲ။ ကိုယ့္ဟာကိုယ္ အမ်ားႀကီး နိူင္းယွဥ္စရာေတြ အမ်ားႀကီး တစ္ပုံတစ္ေခါင္းႀကီး ရွိတာပဲ။ တကယ္တကယ္ ေတြးလိုက္တဲ့အခါက်ေတာ့ ဒီသူေတာ္ေကာင္းတရားေလးနဲ႕ ေအးေအးခ်မ္းခ်မ္းေလး အသိဉာဏ္ကို ရွာေဖြရင္းနဲ႕ ေနသြားရတာက စစ္မွန္တဲ့ ေက်နပ္မူကို ရစရာ အေၾကာင္းတရားလို႔ ထင္ထင္ရွားရွား သိနိုင္တယ္။ သစၥာေ႐ႊစည္ဆရာေတာ္
via အလင္းေရာင္ ဓမၼ https://ift.tt/2qOBzg9
Newer Post
Older Post
Home